မေ ၂၁ ၊ ၂၀၂၄ (အင်္ဂါနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 4030 – 4080
ဥရောပယူရို 4390 – 4490
ဗြိတိသျှစတာလင်ပေါင် 4990 – 5110
သြစတြေးလျဒေါ်လာ 2680 – 2740
ဂျပန်ယန်း 25.50 – 26.10
တောင်ကိုရီးယားဝမ် 2.90 – 2.99
အိန္ဒိယရူပီး 47.75 – 48.85
စင်ကာပူဒေါ်လာ 2950 – 3020
မလေးရှားရင်းဂစ် 845 – 870
တရုတ်ယွမ် 550 – 565
ထိုင်းဘတ် 109.90 – 112.30
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 5090,000 – 5110,000 ဝန်းကျင် နှင့် ဈေးဖွင့်ခဲ့ပြီး ယခု 5114,000 မှ 5118,000 ကျပ်သို့ ဆက်တက်လာသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 4810,000 ခန့် ဖြစ်သည်။
ယမန်နေ့ (တနင်္လာနေ့) က ပြင်ပရွှေဈေးသည် ကျပ် 5060,000 – 5080,000 ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် 5095,000 သို့ မြင့်တက်ကာ ညနေပိုင်းတွင် 5090,000 – 5010,000 ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 3999,900 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2410 ဒေါ်လာခန့် ဖြစ်သည်။