News

ကမ္ဘာ့ရွှေဈေး ၂၅၀၀ ဈေးတန်းနားအထိ ကျဆင်းနေ

သြဂုတ် ၂၈ မှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၂၅၀၀ အပေါ်လေးမှာ ဝဲလည်နေပြီး အမေရိကန် ရွှေကြိုပွိုင့်ဈေးကလည်း ၂၅၄၂ ဒေါ်လာဝန်းကျင်ကို ကျနေပါတယ်။

တချိန်တည်းမှာ ရွှေနဲ့ ဆန့်ကျင်ဘက် သွားနေတဲ့ အမေရိကန်ဒေါ်လာတန်ဖိုး (ညွှန်းကိန်း) က ပြန်တက်လာပြီး ဒေါ်လာအတက်မှာ ရွှေကို ဝယ်လိုအား ပြန်နည်းသွားတယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကမ္ဘာ့ရွှေဈေး အရင် အမြင့်ဆုံးစံချိန် ၂၅၃၂ ဒေါ်လာအထက် ဆက်တက်နိုင်မလား ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေပြီး

ရေတိုမှာတော့ ရွှေဈေးက အတက်ပဲ သွားနိုင်တယ်လို့ ဈေးကွက် လေ့လာသူတွေက ဆိုပါတယ်။

လတ်တလော ကမ္ဘာ့ရွှေဈေးက အမာခံ ကြမ်းခင်း ဖြစ်တဲ့ ဒေါ်လာ ၂၅၀၀ နားမှာ လည်နေချိန်မှာ ပြည်တွင်းက အခေါက်ရွှေဈေးကလည်း တစ်ကျပ်သားကို သိန်း ၇၀ ဝန်းကျင်အထိ ပြန်ကျနေပါတယ်။

အရင်ရက်တွေက ကျပ် ၇၄ – ၇၅ သိန်းပတ်လည်မှာ အတော်လေး ငြိမ်နေခဲ့ပေမဲ့ ဒီရက်ပိုင်းမှာ ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထပ်ရောင်းလာတဲ့နောက် ဒေါ်လာဈေးရော ရွှေဈေးပါ ကျလာတာ ဖြစ်ပါတယ်။ Ref: MSN စာရေးသူ – ငွေကြယ်

Leave a Reply

Your email address will not be published. Required fields are marked *