News

မြန်မာရွှေစျေးကွက်မှာ စျေးကောင်းအရဆုံးက အကယ်ဒမီရွှေဖြစ်နေရခြင်း အကြောင်းရင်း

မြန်မာနိုင်ငံမှာ အကယ်ဒမီကလွဲလို့ အခြားတံဆိပ်အခေါက်ရွှေ အများစုကို သူ့မူရင်းဆိုင် မဟုတ်ပဲ အခြားရွှေဆိုင်များမှာ ပြန်ရောင်းတဲ့အခါ ရွှေရည်ပြည့်မပြည့် စက်စမ်းပြီးမှ

ပြန်ဝယ်ပေးကြတာများပါတယ်။

စက်ပွိုင့်စမ်းလို့ မအောင်ရင် ပြန်မဝယ်ပေးတာမျိုး စျေးလျော့ခံရတာမျိုး ရှိပါတယ်။

လက်ရှိကာလမှာ သူ့မူရင်းဆိုင်မှာ ပြန်ရောင်းရ အဆင်မပြေလို့ အခြားဆိုင်တွေရောင်းကြတဲ့အခါ အပေါ်ကလိုအဖြစ်အပျက်များ ကြုံရတာတွေ များလာကြပါတယ်။ ရွှေဝယ်သူအများစုက အခေါက်ရွှေအတုံးဝယ်တဲ့အခါ ရွှေရည်စမ်းဝယ်လို့ရတာ မဟုတ်ပါ။

ဒါကြောင့် အခေါက်ရွှေအတုံးဝယ်တဲ့အခါ အရည်အသွေးအာမခံနိုင်တဲ့ဆိုင် တခြားဆိုင်သွားရောင်းလို့ စက်စမ်းတဲ့အခါ မအောင်ရင် ပြန်လဲပေးပါမယ် အာမခံနိုင်တဲ့ ဆိုင်မျိုးမှာဝယ်ကြဖို့ အကြံပြုလိုပါတယ်။

အကယ်ဒမီမဟုတ်တဲ့ အခြားကြားအခေါက်ရွှေအားလုံးဟာ စက်စမ်းရင် စက်ပွိုင့် 19.20 အနည်းဆုံးရှိမှ ဝယ်ကြပါတယ်။ အကယ်ဒမီ စက်ပွိုင့်ကတော့ 19.22/ 19.23 /19.24/ ထိရှိပါတယ်။

အကယ်ဒမီနဲ့ အခြားတံဆိပ်ဟာလည်း စျေးလုံးဝမတူပါ။ လက်ရှိ မြန်မာရွှေစျေးကွက်မှာ အကယ်ဒမီဟာ အခြားတံဆိပ်အားလုံးထက်စျေးပိုပါတယ်။ လက်ရှိတစ်ကျပ်သား ၃ သောင်းဝန်းကျင်ပိုပါတယ်။ အခြားတံဆိပ်ဝယ်မယ်ဆို အကယ်ဒမီစျေးထက် နည်းရပါမယ်။

ရွှေဝယ်သူ အပြင်လူအများစု သတိမပြုမိ မသိကြတဲ့ကိစ္စမလို့ ရှင်းပြရခြင်းဖြစ်ပါတယ်။

ကျော်ကြီး (MDY) – မြန်မာချမ်းသာ

Leave a Reply

Your email address will not be published. Required fields are marked *