News

ဗဟိုဘဏ်က ဒေါ်လာသန်းနဲ့ချီ ထုတ်ရောင်းလာတဲ့နောက် ပြင်ပဒေါ်လာဈေး ကျ

စက်တင်ဘာလမှာ ဗဟိုဘဏ်က ဒေါ်လာ ၁၃ သန်းကျော်အထိ ရောင်းချလာပြီး အရင်လက ရောင်းချဲ့တာ အပါအဝင်

စုစုပေါင်း ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ထုတ်ရောင်းလာတဲ့နောက် ပြင်ပဒေါ်လာဈေး ဆက်တိုက် ပြန်ကျလာတာ တွေ့ရပါတယ်။

အရင်လက စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမယ်လို့ ကြေညာခဲ့တဲ့နောက်ပိုင်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ဒေါ်လာတွေ ဆက်တိုက် ရောင်းချပေးလာပြီး အရင်လတုန်းက တစ်ဒေါ်လာ ၃၄၀၀ ကျပ်ဝန်းကျင်၊ ဒီလထဲမှာတော့ ၃၅၀၀ ကျပ်ခန့်နဲ့ ထုတ်ရောင်းလာပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လလယ်က ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ခုန်တက်ပြီးတော့ တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ ရောက်ရှိခဲ့တဲ့နောက်

ဗဟိုဘဏ်က ဒေါ်လာ သန်းနဲ့ချီ ရောင်းချလာခဲ့ပြီး အခု စက်တင်ဘာပထမပတ်မှာတော့ တစ်ဒေါ်လာ ကျပ် ၅၃၀၀ ဝန်းကျင်အထိ ပြန်ကျလာပါတယ်။

ဒေါ်လာဈေး ပြန်အကျမှာ အရင်လက တစ်ကျပ်သားကို ကျပ် ၈၅ သိန်းကျော်အထိ အမြင့်ဆုံးစံချိန် တင်ခဲ့တဲ့ အခေါက်ရွှေဈေးကလည်း ဒီရက်ပိုင်းမှာ နေ့စဉ် ပြန်ကျလာပြီး အခုဆိုရင် ကျပ် ၆၉ သိန်းအောက်အထိ ပြန် ဆင်းနေပြီလို့ သိရပါတယ်။

အခုလို ဒေါ်လာဈေး ၊ ရွှေဈေးတွေ သိသိသာသာ ပြန်ကျလာပေမဲ့ ဈေးတွေ တက်တုန်းက စွတ်တင်ခဲ့ကြတဲ့ ကုန်ဈေးနှုန်းတွေကတော့ ပြန်မကျလာသေးဘဲ ဆက်တင်ထားဆဲ ဖြစ်နေတာ တွေ့ရပါတယ်။

နောက်ဆုံးသတင်းတွေအရ ဗဟိုဘဏ်က စက်သုံးဆီနဲ့ စားသုံးဆီ တင်သွင်းမှုအတွက် လိုအပ်တဲ့ ဒေါ်လာငွေ ရောင်းချပေးရေးကို ပို့ကုန်ရငွေ လုံလုံလောက်လောက် ရတဲ့ကာလအထိ ဆက်လက် လုပ်ဆောင်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ရှေ့ဆက် ရွှေဈေး၊ ငွေဈေးတွေ ဆက်ကျမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ Ref: Local Sources စာရေးသူ – ငွေကြယ်

Leave a Reply

Your email address will not be published. Required fields are marked *