News

ကမ္ဘာ့ရွှေစျေး မြင့်တက်နေပြီး ကြောက်ရောင်း ကြောက်ဝယ် ပြည်တွင်းရွှေစျေး ဆက်လက် ကျဆင်း

ကမ္ဘာ့ရွှေစျေးကတော့ ပြန်တက်လာနေပြီး ၁ အောင်စကို ၂၅၀၀ ဒေါ်လာ အထက်မှာ ရှိနေပါတယ်။

အမေရိကန်ရဲ့ အလုပ်အကိုင် ဒေတာအချက်အလက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း လျော့ချရေးအပေါ် စျေးကွက်တွင်း ဆွေးနွေးမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။

အမေရိကန်ရဲ့ စီးပွားရေး အခြေအနေ မျှော်မှန်းထားသလို တိုးတက်လာခြင်း မရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း လျော့ကျလာပြီး

စီးပွားရေး မငြိမ်သက်ဖြစ်နေခြင်းဟာ စျေးကွက်အပေါ် ဖိအားတွေ ရှိနေစေပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့ အလုပ်သမားစျေးကွက် အခြေအနေအပေါ် မူတည်ပြီး နယူးယော့ခ် ဗဟိုဘဏ် ဥက္ကဋ္ဌကတော့ ဘဏ်အတိုးနှုန်းတွေကို လျော့ချလိုနေပါတယ်။ ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတွေက ကမ္ဘာ့ရွှေစျေးအပေါ် ဘယ်လို သက်ရောက်မလဲ စောင့်ကြည့်နေကြတာပါ။

ကမ္ဘာ့ရွှေဈေး ၂၅၀၀ တန်းနဲ့ အမြင့်ပိုင်းမှာ ဆက်ရှိနေချိန် ပြည်တွင်းရွှေစျေးကတော့ ကြောက်ရောင်းကြောက်ဝယ်သမားတွေဖြင့် ပွဲဖြစ်နေပါတယ်။ ပြင်ပရွှေစျေး တောက်လျှောက် ကျဆင်းလာရာ ဒီကနေ့ညပိုင်းမှာ ကျပ် ၆၄ သိန်းအောက်ထိ ရောက်ခဲ့တာမို့ ရွှေအသင်းစျေးနဲ့ ၁၀ သိန်းကျော်ပဲ ကွာဟတော့တာပါ။

ဗဟိုဘဏ်ပြင်ပ ဒေါ်လာစျေးတွေဟာဆိုရင် ၁ ဒေါ်လာ ကျပ် ၅၀၀၀ အောက်ကို သိသိသာသာ ဆင်းသွားခဲ့ပြီဖြစ်ကာ ယနေ့ ညပိုင်းမှာ ၄၈၀၀-၄၉၀၀ နှုန်းထားကို ရောက်လို့နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *