ပြည်တွင်းမှာ ရွှေစျေးတွေဟာ ကြည့်ကောင်းရုံလောက် သောင်းဂဏန်း အတက်အကျ ပြနေပြီး ၆၃ သိန်း ပတ်လည်မှာပဲ စျေးတန်းရှိနေဆဲပါ။ ရွှေဆိုင်တွေမှာ အခေါက်မီးလင်းတုံးတွေ လိုသလောက် မရပေမယ့် အထည်တွေကို ရောင်းစျေး ဝယ်စျေး ၈၀၀၀၀ ဝန်းကျင်စျေးခွာပြီး ပြင်ပစျေးနဲ့ ဝယ်ရောင်းလုပ်လို့ ရနေပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေးများ (အောက်တိုဘာ ၈ ရက်)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၀၅၉၉၄ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၄၀၀၀၀ ကျပ်