ေရႊ တိဂံုေစတီေတာ္ ဘုရားရွိခိုး
ေအာင္ေၾကာင္းမဂၤလာ ၊ ေအာင္ေဇယ်တည့္၊မဟာမုနိ ၊ တုမရွိလ်ွင္ ၊ ေဗာဓိေညာင္ေရႊ၊
ပလႅင္ေျမမွ ၊ လွည့္ေျခြစုိးစံ ၊ သတ္ဌာနံတြင္၊ခက္လ်ွံညြန္႔ေဝ ၊ လင္းလြန္းေျမဝယ္၊ ေနစဥ္အခါ ၊ ဥကၠလာမွ ၊ သမာၻထူးလွ၊
တပုႆနွင့္ ၊ ဘလိႅကေမာင္ ၊ ညီနွင့္ေနာင္တို႔၊ဘုန္းေခါင္ထံပါး ၊ ေရာက္လာျငား၍၊ နွစ္ပါးေမႊးထုံ၊ သရဏဂုဏ္နွင့္ ၊ ရွစ္စုံဆံျမတ္၊
သရီဓာတ္ကို ၊ ရလတ္ေသာခါ ၊ မင္းျမတ္စြာနွင့္ ၊ ေဒဝါအမ်ား ၊ မိုးသိၾကားတို႔ ၊ ၾကိဳးစားမယုတ္ ၊ လြန္အားထုတ္၍ ၊ သိဂၤုတ္ေတာင္တြင္၊တိဂံုရွင္ကို ၊ ဖူးျမင္ေစဌာ ၊ ဌာပနာ၏၊
ေရွး ခါရိပ္ျမံဳ ၊ စံၾကတုံသည္ ၊ သံ; ဂံု; ပ; ရွင္၊ထြတ္သခင္တို႔ ၊ ေနာင္လ်ွင္ ေမ်ွာ္ဆ၊ေကာင္းက်ိဳးရဖို႔ ၊ ဓမၼကရိုဏ္ ၊ေျခာက္ေရာင္ဆိုင္နွင့္ ၊ သင္းပိုင္; ေရသနုပ္၊
ဆန္းစြာ လုပ္သည့္ ၊ လက္ဆုပ္ေတာင္ေဝွး၊ဂုဏ္ေရာင္ေျပးလ်က္ ၊ ၾကိဳင္ေမႊး ပ်ံ႕သင္း၊ ဤေတာင္မင္း၌ ၊ သီတင္းသုံးရာ ၊ မွန္ခ့ဲပါ၏၊
ေလးျဖာစုံပုံ ၊ ေလးဓာ တ္စုံသား ၊ တိဂံုဆံရွင္၊ ျမတ္သခင္ကို ၊အိပ္လ်ွင္ ရွိခိုး၊နိုးလ်ွင္ ဓိ႒ာန္ ၊ ျပည္နိဗၺာန္ကို ၊ အမွန္ေရာက္ရပါလိုေသာ္ ျမတ္ရွင္ေစာၾသကာသ……ၾသကာသ……ၾသကာသ။
ဇမၺဴဒီပ ဘုရားရွိခိုးအမ်ိဳး မ်ိဳးနွင့္ ဝတ္ရြတ္စဥ္ပရိတ္ေတာ္
Unicode
ရွှေ တိဂုံစေတီတော် ဘုရားရှိခိုး
အောင်ကြောင်းမင်္ဂလာ ၊ အောင်ဇေယျတည့်၊မဟာမုနိ ၊ တုမရှိလျှင် ၊ ဗောဓိညောင်ရွှေ၊
ပလ္လင်မြေမှ ၊ လှည့်ခြွေစိုးစံ ၊ သတ်ဌာနံတွင်၊ခက်လျှံညွန့်ဝေ ၊ လင်းလွန်းမြေဝယ်၊ နေစဉ်အခါ ၊ ဥက္ကလာမှ ၊ သမ္ဘာထူးလှ၊
တပုဿနှင့် ၊ ဘလ္လိကမောင် ၊ ညီနှင့်နောင်တို့၊ဘုန်းခေါင်ထံပါး ၊ ရောက်လာငြား၍၊ နှစ်ပါးမွှေးထုံ၊ သရဏဂုဏ်နှင့် ၊ ရှစ်စုံဆံမြတ်၊
သရီဓာတ်ကို ၊ ရလတ်သောခါ ၊ မင်းမြတ်စွာနှင့် ၊ ဒေဝါအများ ၊ မိုးသိကြားတို့ ၊ ကြိုးစားမယုတ် ၊ လွန်အားထုတ်၍ ၊ သိင်္ဂုတ်တောင်တွင်၊တိဂုံရှင်ကို ၊ ဖူးမြင်စေဌာ ၊ ဌာပနာ၏၊
ရှေး ခါရိပ်မြုံ ၊ စံကြတုံသည် ၊ သံ; ဂုံ; ပ; ရှင်၊ထွတ်သခင်တို့ ၊ နောင်လျှင် မျှော်ဆ၊ကောင်းကျိုးရဖို့ ၊ ဓမ္မကရိုဏ် ၊ခြောက်ရောင်ဆိုင်နှင့် ၊ သင်းပိုင်; ရေသနုပ်၊
ဆန်းစွာ လုပ်သည့် ၊ လက်ဆုပ်တောင်ဝှေး၊ဂုဏ်ရောင်ပြေးလျက် ၊ ကြိုင်မွှေး ပျံ့သင်း၊ ဤတောင်မင်း၌ ၊ သီတင်းသုံးရာ ၊ မှန်ခဲ့ပါ၏၊
လေးဖြာစုံပုံ ၊ လေးဓာ တ်စုံသား ၊ တိဂုံဆံရှင်၊ မြတ်သခင်ကို ၊အိပ်လျှင် ရှိခိုး၊နိုးလျှင် ဓိဋ္ဌာန် ၊ ပြည်နိဗ္ဗာန်ကို ၊ အမှန်ရောက်ရပါလိုသော် မြတ်ရှင်စောသြကာသ……သြကာသ……သြကာသ။
ဇမ္ဗူဒီပ ဘုရားရှိခိုးအမျိုး မျိုးနှင့် ဝတ်ရွတ်စဉ်ပရိတ်တော်