တစ္ေယာက္ေယာက္ကို အခ်စ္စစ္နဲ႔ ခ်စ္မိတဲ့အခါ ျဖစ္လာမယ့္ လကၡဏာရပ္မ်ား
ဘဝမွာ တစ္ႀကိမ္ေလာက္ေတာ့ အခ်စ္ကို ၾကံဳဖူးရတတ္ပါတယ္။ နက္နက္ရိႈင္းရိႈင္းကို ခ်စ္မိၿပီး ကိုယ့္ရဲ႕ ေန႔ရက္ေတြမွာ သူ႔ရဲ႕ အေၾကာင္း မေတြးျဖစ္တဲ့ေန႔ဆိုတာ မရွိတာမ်ိဳးေပါ့။
စိတ္ကစားဖို႔၊ ရင္ခုန္ဖို႔ဆိုတာ အေၾကာင္းတိုက္ဆိုင္ရင္ ျဖစ္လာႏိုင္တဲ့ အရာေတြ ဆုိေပမယ့္ အခ်စ္စစ္နဲ႔ ခ်စ္မိဖို႔ဆိုတာေတာ့ မလြယ္ကူပါဘူး။ ကိုယ္ ခ်စ္မိတဲ့သူက ကိုယ့္ကို ျပန္ခ်စ္သည္ ျဖစ္ေစ၊ ျပန္မခ်စ္သည္ ျဖစ္ေစ အခ်စ္စစ္နဲ႔ ခ်စ္မိတဲ့အခါ ဒီလကၡဏာရပ္ေလးေတြ ျဖစ္ေနတတ္ပါတယ္။
(၁) စိတ္မပ်က္ႏိုင္ဘူး
တကယ့္ အခ်စ္စိတ္ ပီပီသသနဲ႔ ခ်စ္မိတဲ့အခါမွာ ကိုယ္ ခ်စ္ရသူက ဆိုးသည္ျဖစ္ေစ၊ ေကာင္းသည္ ျဖစ္ေစ စိတ္ပ်က္လို႔ မရဘူးဆိုတာေတြ ျဖစ္လာတတ္ပါတယ္။
သူ႔မွာ ကိုယ္မႀကိဳက္တဲ့အခ်က္ေတြ ရွိေနလည္း၊ သူ႔မွာ ကိုယ္နဲ႔ မကိုက္ညီတဲ့ အရာေတြ ရွိေနလည္း၊ ကိုယ့္ကို ခါးခါးသီးသီး ဆက္ဆံေနလည္း မုန္းလို႔ မရ၊ စိတ္ပ်က္လို႔ မရဘဲ ခ်စ္မိေနတာမ်ိဳး ျဖစ္ပါတယ္။
(၂) ရင္ထဲက သိတယ္
အခ်စ္စစ္နဲ႔ ခ်စ္မိတဲ့အခါ ကိုယ့္ကိုယ္ကို မသိေတာင္ ရင္ထဲက ဒီခံစားမႈကို သိေနပါတယ္။ ရင္ဘတ္အထဲက ခပ္ေအာင့္ေအာင့္ နာက်င္ေနတာမ်ိဳးေပါ့။
သူ ေနမေကာင္းတဲ့အခါ စိတ္မေကာင္းျဖစ္ၿပီး သူ ကိုယ့္ကို မခ်စ္ဘူးလို႔ သိရတဲ့အခါမွာ ရင္ဘတ္ထဲကပါ နာက်င္ရတာမ်ိဳးေပါ့။ ဒီခံစားခ်က္ကို ခ်စ္မိတဲ့အခါမွ သိၾကပါလိမ့္မယ္။
(၃) သူ႔ သေဘာအတုိင္းပဲ
ခ်စ္မိတဲ့ အခါ အရံႈးခ်ည္းပဲလို႔ ေျပာတာ ဒီအခ်က္ေၾကာင့္ပါ။ ကိုယ္က တစ္ေယာက္ေယာက္ကို ခ်စ္မိေနတဲ့အခါ သူ႔ရဲ႕ သေဘာ၊ သူ႔ရဲ႕ အလိုအတိုင္းသာ လိုက္ေလ်ာခ်င္ေနမိတတ္ပါတယ္။
အရာရာ သူ႔ရဲ႕ဆႏၵက ပထမျဖစ္ၿပီး ကိုယ့္ဆႏၵက ဒုတိယ ျဖစ္သြားတာမ်ိဳးကို ခ်စ္မိလာတဲ့အခါ သိလာရပါတယ္။
(၄) ကိုယ့္ကို မခ်စ္လည္း ျဖစ္ပါတယ္
တကယ္တမ္း ခ်စ္မိသြားတဲ့အခါ သူက ကိုယ့္ကို ခ်စ္ခ်စ္၊ မခ်စ္ခ်စ္ ခ်စ္မိေနေတာ့တာပါပဲ။ သူက ကိုယ့္ကို မခ်စ္ဘူးလို႔ ျငင္းရင္ေတာင္မွ ကိုယ္က အျပစ္မျမင္ႏိုင္ဘဲ ဆက္ခ်စ္ေနမိတာမ်ိဳးပါ။
ကိုယ့္ကို မခ်စ္လည္း ကိုယ္က ခ်စ္ေနမိတယ္ဆိုတာမ်ိဳးကို အခ်စ္စစ္နဲ႔ ခ်စ္မိသြားတဲ့အခါ သိလာတတ္ပါတယ္။
(၅) ၾကည့္ေနရံုနဲ႔ သိတယ္
တစ္ေယာက္ေယာက္ ခ်စ္ေနလားဆိုတာကို ကိုယ္ခ်စ္ေနတယ္ဆိုတဲ့ သူကို ၾကည့္ရင္ သိႏိုင္ပါတယ္။ သူ႔မ်က္ႏွာေလး ျမင္ရံုနဲ႔ ရင္ထဲက တမ်ိဳးတမည္ ခံစားေနရၿပီး ၾကည္ႏူးတာ၊ ဝမ္းနည္းတာ စသျဖင့္ ခံစားမိေနရတာမ်ိဳးပါ။
ဒါေၾကာင့္ တကယ္ခ်စ္ေနလား သိခ်င္ရင္ သူ႔မ်က္ႏွာေလး ျမင္ရံုနဲ႔ ခံစားသိရွိပါတယ္ေနာ္။
Kham
Unicode
တစ်ယောက်ယောက်ကို အချစ်စစ်နဲ့ ချစ်မိတဲ့အခါ ဖြစ်လာမယ့် လက္ခဏာရပ်များ
ဘဝမှာ တစ်ကြိမ်လောက်တော့ အချစ်ကို ကြုံဖူးရတတ်ပါတယ်။ နက်နက်ရှိုင်းရှိုင်းကို ချစ်မိပြီး ကိုယ့်ရဲ့ နေ့ရက်တွေမှာ သူ့ရဲ့ အကြောင်း မတွေးဖြစ်တဲ့နေ့ဆိုတာ မရှိတာမျိုးပေါ့။
စိတ်ကစားဖို့၊ ရင်ခုန်ဖို့ဆိုတာ အကြောင်းတိုက်ဆိုင်ရင် ဖြစ်လာနိုင်တဲ့ အရာတွေ ဆိုပေမယ့် အချစ်စစ်နဲ့ ချစ်မိဖို့ဆိုတာတော့ မလွယ်ကူပါဘူး။ ကိုယ် ချစ်မိတဲ့သူက ကိုယ့်ကို ပြန်ချစ်သည် ဖြစ်စေ၊ ပြန်မချစ်သည် ဖြစ်စေ အချစ်စစ်နဲ့ ချစ်မိတဲ့အခါ ဒီလက္ခဏာရပ်လေးတွေ ဖြစ်နေတတ်ပါတယ်။
(၁) စိတ်မပျက်နိုင်ဘူး
တကယ့် အချစ်စိတ် ပီပီသသနဲ့ ချစ်မိတဲ့အခါမှာ ကိုယ် ချစ်ရသူက ဆိုးသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ စိတ်ပျက်လို့ မရဘူးဆိုတာတွေ ဖြစ်လာတတ်ပါတယ်။
သူ့မှာ ကိုယ်မကြိုက်တဲ့အချက်တွေ ရှိနေလည်း၊ သူ့မှာ ကိုယ်နဲ့ မကိုက်ညီတဲ့ အရာတွေ ရှိနေလည်း၊ ကိုယ့်ကို ခါးခါးသီးသီး ဆက်ဆံနေလည်း မုန်းလို့ မရ၊ စိတ်ပျက်လို့ မရဘဲ ချစ်မိနေတာမျိုး ဖြစ်ပါတယ်။
(၂) ရင်ထဲက သိတယ်
အချစ်စစ်နဲ့ ချစ်မိတဲ့အခါ ကိုယ့်ကိုယ်ကို မသိတောင် ရင်ထဲက ဒီခံစားမှုကို သိနေပါတယ်။ ရင်ဘတ်အထဲက ခပ်အောင့်အောင့် နာကျင်နေတာမျိုးပေါ့။
သူ နေမကောင်းတဲ့အခါ စိတ်မကောင်းဖြစ်ပြီး သူ ကိုယ့်ကို မချစ်ဘူးလို့ သိရတဲ့အခါမှာ ရင်ဘတ်ထဲကပါ နာကျင်ရတာမျိုးပေါ့။ ဒီခံစားချက်ကို ချစ်မိတဲ့အခါမှ သိကြပါလိမ့်မယ်။
(၃) သူ့ သဘောအတိုင်းပဲ
ချစ်မိတဲ့ အခါ အရှုံးချည်းပဲလို့ ပြောတာ ဒီအချက်ကြောင့်ပါ။ ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိနေတဲ့အခါ သူ့ရဲ့ သဘော၊ သူ့ရဲ့ အလိုအတိုင်းသာ လိုက်လျောချင်နေမိတတ်ပါတယ်။
အရာရာ သူ့ရဲ့ဆန္ဒက ပထမဖြစ်ပြီး ကိုယ့်ဆန္ဒက ဒုတိယ ဖြစ်သွားတာမျိုးကို ချစ်မိလာတဲ့အခါ သိလာရပါတယ်။
(၄) ကိုယ့်ကို မချစ်လည်း ဖြစ်ပါတယ်
တကယ်တမ်း ချစ်မိသွားတဲ့အခါ သူက ကိုယ့်ကို ချစ်ချစ်၊ မချစ်ချစ် ချစ်မိနေတော့တာပါပဲ။ သူက ကိုယ့်ကို မချစ်ဘူးလို့ ငြင်းရင်တောင်မှ ကိုယ်က အပြစ်မမြင်နိုင်ဘဲ ဆက်ချစ်နေမိတာမျိုးပါ။
ကိုယ့်ကို မချစ်လည်း ကိုယ်က ချစ်နေမိတယ်ဆိုတာမျိုးကို အချစ်စစ်နဲ့ ချစ်မိသွားတဲ့အခါ သိလာတတ်ပါတယ်။
(၅) ကြည့်နေရုံနဲ့ သိတယ်
တစ်ယောက်ယောက် ချစ်နေလားဆိုတာကို ကိုယ်ချစ်နေတယ်ဆိုတဲ့ သူကို ကြည့်ရင် သိနိုင်ပါတယ်။ သူ့မျက်နှာလေး မြင်ရုံနဲ့ ရင်ထဲက တမျိုးတမည် ခံစားနေရပြီး ကြည်နူးတာ၊ ဝမ်းနည်းတာ စသဖြင့် ခံစားမိနေရတာမျိုးပါ။
ဒါကြောင့် တကယ်ချစ်နေလား သိချင်ရင် သူ့မျက်နှာလေး မြင်ရုံနဲ့ ခံစားသိရှိပါတယ်နော်။
Kham