ျခင္ေတြက သင့္ကိုပဲေ႐ြးကိုက္ေနတာ ဘာေၾကာင့္လဲ..?
သူေတြပါတဲ့။ သင္ေရာ အဲဒီ ၂၀ ရာခိုင္ႏႈန္းေသာလူေတြထဲမွာပါေနၿပီလား။ ဒါဆိုရင္ေတာ့ ျခင္ေတြက လူေတြအမ်ားႀကီးရွိတဲ့အထဲကမွ သင့္ကိုပဲ ေ႐ြးၿပီးကိုက္ရတဲ့ အေၾကာင္းအရင္းကို သိဖို႔လိုအပ္ေနပါၿပီ။ ဘာအေၾကာင္းရင္းေတြေၾကာင့္ အၿမဲ ျခင္ေတြရဲ႕ သားေကာင္ျဖစ္ေနရလဲဆိုတာ ၾကည့္လိုက္ပါဦးေနာ္။
အဝတ္အစား
ျခင္ေတြကေတာ့ သူတို႔ရဲ႕ သားေကာင္ကို အျမင္နဲ႔ပဲ ရွာေဖြေလ့ရွိပါတယ္။ျခင္ေတြကေတာ့ အျမင္အာ႐ုံေကာင္းၾကၿပီး ညေနပိုင္းအခ်ိန္မွာ အျမင္အာ႐ုံနဲ႔ပဲ လူေတြကို ရွာေဖြပါတယ္။ ခ်က္ျခင္းျမင္ေတြ႕လြယ္တဲ့ အေရာင္ေတြျဖစ္တဲ့ အနီ၊အနက္နဲ႔ နက္ျပာေရာင္ ဝတ္ထားတဲ့ သူေတြကေတာ့ အမ်ားဆုံး အကိုက္ခံရပါတယ္။
ေသြးအမ်ိဳးအစား
အ႐ြယ္ရာက္ၿပီးျဖစ္တဲ့ ျခင္ထီးေတြကေတာ့ ဝတ္မႈန္ေတြကို စားသုံးၾကေပမဲ့ ျခင္မေတြကေတာ့ ဥဥဖို႔အတြက္ ေသြးကို သူတို႔ရဲ႕ အာဟာရအျဖစ္ ေသာက္သုံးရပါတယ္။
O ေသြး အမ်ိဳးအစားေတြကေတာ့ A နဲ႔ B အမ်ိဳးအစားေတြထက္ ျခင္ေတြကို ညိဳ႕ယူႏိုင္ပါတယ္။ ၈၅ ရာခိုင္ႏႈန္းေသာလူေတြက သူတို႔ရဲ႕ ေသြးအမ်ိဳးအစားအလိုက္ သူတို႔ရဲ႕ ဆဲလ္ကေန အခ်က္ျပတဲ့အရာေလးေတြ ထုတ္လႊတ္ႏိုင္ပါတယ္။
ဂတ္စ္
ျခင္ေတြကေတာ့ ေပ ၁၆၀အကြာကေနေတာင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို အနံ႔ခံႏိုင္ပါတယ္။ အဒါေၾကာင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို မ်ားမ်ားရႈထုတ္တဲ့ေနရာေတြကို ျခင္ေတြပိုလာၾကပါတယ္။
လူေတြက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ႏွာေခါင္းနဲ႔ပါးစပ္ကေန ရႈထုတ္တာေၾကာင့္ ျခင္ေတြက ေခါင္းနားမွာ တဝီဝီလာလုပ္ၾကတာျဖစ္ပါတယ္။ အဒါေၾကာင့္လည္း ညက်ရင္ နားေတြညီးရတာေပါ့။
အပူနဲ႔ေခြၽး
ေခြၽးမွာပါတဲ့ လက္တစ္အက္ဆစ္၊ယူရစ္ အက္ဆစ္နဲ႔ အမိုးနီးယားတို႔ကို ျခင္ေတြ အနံ႔ခံႏိုင္ပါတယ္။ ေခြၽးစိုေနၿပီး ခႏၶာကိုယ္ေႏြးေနတဲ့သူေတြကို ျခင္ေတြက သေဘာက်ၾကပါတယ္။
အသားအေရ
ျခင္ေတြကေတာ့ ဘတ္တီးရီးယားေတြမ်ားတဲ့ အသားအေရေတြကို ပိုၿပီးေတာ့ ကိုက္ေလ့ရွိပါတယ္။ တံေတာင္၊ေျခေထာက္ေနရာကို ျခင္အကိုက္မ်ားရတဲ့ အေၾကာင္းအရင္းကလည္း ဒါေၾကာင့္ပါပဲ။
ကိုယ္ဝန္
ေလ့လာမႈေတြအရေတာ့ ငွက္ဖ်ားျဖစ္ေစတဲ့ျခင္ေတြဟာ ကိုယ္ဝန္မရွိတဲ့ အမ်ိဳးသမီးေတြထက္ ကိုယ္ဝန္ေဆာင္ေတြကို ပိုၿပီးေတာ့ ကိုက္ေလ့ရွိပါတယ္။ ကိုယ္ဝန္အရင့္အမာနဲ႔ အမ်ိဳးသမီးတစ္ေယာက္ရႈထုတ္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ပမာဏက ကိုယ္ဝန္မရွိတဲ့သူထက္ ၂၁ရာခိုင္ႏႈန္းပိုမ်ားပါတယ္။
ကိုယ္ဝန္ရွိတဲ့သူေတြက ခႏၶာကိုယ္မွာ အပူလည္းပိုမ်ားတာေၾကာင့္ ေသြးေႏြးသက္ရွိေတြကို ႀကိဳက္တဲ့ ျခင္ေတြရဲ႕ သားေကာင္ျဖစ္ေနရတာလည္းျဖစ္ပါတယ္။
ဘီယာ
ေလ့လာမႈေတြအရေတာ့ လူတစ္ေယာက္ကို ဘီယည ၁၂ ေအာင္စ ေသာက္ခိုင္းၿပီးတဲ့ေနာက္မွာ မေသာက္ခင္ကထက္ ခႏၶာကိုယ္ေပၚကို ျခင္ေတြပိုၿပီးေတာ့ ေရာက္လာၾကပါတယ္။
ဘီယာေသာက္လိုက္တာေၾကာင့္ ေခြၽးနဲ႔ အေရျပားထဲမွာ ethanol ပါဝင္မႈျမင့္တက္လာခဲ့တယ္လို႔ သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ပါတယ္။ ျခင္ေတြနဲ႔ ဘီယာရဲ႕ ၾကားက တိက်ဆက္စပ္မႈကိုေတာ့ အခုအထိ ရွာမေတြ႕ေသးပါဘူး။
Credit : Aunty may
————————–
ခြင်တွေက သင့်ကိုပဲရွေးကိုက်နေတာ ဘာကြောင့်လဲ..?
သူတွေပါတဲ့။ သင်ရော အဲဒီ ၂၀ ရာခိုင်နှုန်းသောလူတွေထဲမှာပါနေပြီလား။ ဒါဆိုရင်တော့ ခြင်တွေက လူတွေအများကြီးရှိတဲ့အထဲကမှ သင့်ကိုပဲ ရွေးပြီးကိုက်ရတဲ့ အကြောင်းအရင်းကို သိဖို့လိုအပ်နေပါပြီ။ ဘာအကြောင်းရင်းတွေကြောင့် အမြဲ ခြင်တွေရဲ့ သားကောင်ဖြစ်နေရလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
အဝတ်အစား
ခြင်တွေကတော့ သူတို့ရဲ့ သားကောင်ကို အမြင်နဲ့ပဲ ရှာဖွေလေ့ရှိပါတယ်။ခြင်တွေကတော့ အမြင်အာရုံကောင်းကြပြီး ညနေပိုင်းအချိန်မှာ အမြင်အာရုံနဲ့ပဲ လူတွေကို ရှာဖွေပါတယ်။ ချက်ခြင်းမြင်တွေ့လွယ်တဲ့ အရောင်တွေဖြစ်တဲ့ အနီ၊အနက်နဲ့ နက်ပြာရောင် ဝတ်ထားတဲ့ သူတွေကတော့ အများဆုံး အကိုက်ခံရပါတယ်။
သွေးအမျိုးအစား
အရွယ်ရာက်ပြီးဖြစ်တဲ့ ခြင်ထီးတွေကတော့ ဝတ်မှုန်တွေကို စားသုံးကြပေမဲ့ ခြင်မတွေကတော့ ဥဥဖို့အတွက် သွေးကို သူတို့ရဲ့ အာဟာရအဖြစ် သောက်သုံးရပါတယ်။
O သွေး အမျိုးအစားတွေကတော့ A နဲ့ B အမျိုးအစားတွေထက် ခြင်တွေကို ညို့ယူနိုင်ပါတယ်။ ၈၅ ရာခိုင်နှုန်းသောလူတွေက သူတို့ရဲ့ သွေးအမျိုးအစားအလိုက် သူတို့ရဲ့ ဆဲလ်ကနေ အချက်ပြတဲ့အရာလေးတွေ ထုတ်လွှတ်နိုင်ပါတယ်။
ဂတ်စ်
ခြင်တွေကတော့ ပေ ၁၆၀အကွာကနေတောင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အနံ့ခံနိုင်ပါတယ်။ အဒါကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို များများရှုထုတ်တဲ့နေရာတွေကို ခြင်တွေပိုလာကြပါတယ်။
လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို နှာခေါင်းနဲ့ပါးစပ်ကနေ ရှုထုတ်တာကြောင့် ခြင်တွေက ခေါင်းနားမှာ တဝီဝီလာလုပ်ကြတာဖြစ်ပါတယ်။ အဒါကြောင့်လည်း ညကျရင် နားတွေညီးရတာပေါ့။
အပူနဲ့ချွေး
ချွေးမှာပါတဲ့ လက်တစ်အက်ဆစ်၊ယူရစ် အက်ဆစ်နဲ့ အမိုးနီးယားတို့ကို ခြင်တွေ အနံ့ခံနိုင်ပါတယ်။ ချွေးစိုနေပြီး ခန္ဓာကိုယ်နွေးနေတဲ့သူတွေကို ခြင်တွေက သဘောကျကြပါတယ်။
အသားအရေ
ခြင်တွေကတော့ ဘတ်တီးရီးယားတွေများတဲ့ အသားအရေတွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်။ တံတောင်၊ခြေထောက်နေရာကို ခြင်အကိုက်များရတဲ့ အကြောင်းအရင်းကလည်း ဒါကြောင့်ပါပဲ။
ကိုယ်ဝန်
လေ့လာမှုတွေအရတော့ ငှက်ဖျားဖြစ်စေတဲ့ခြင်တွေဟာ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက်ရှုထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏက ကိုယ်ဝန်မရှိတဲ့သူထက် ၂၁ရာခိုင်နှုန်းပိုများပါတယ်။
ကိုယ်ဝန်ရှိတဲ့သူတွေက ခန္ဓာကိုယ်မှာ အပူလည်းပိုများတာကြောင့် သွေးနွေးသက်ရှိတွေကို ကြိုက်တဲ့ ခြင်တွေရဲ့ သားကောင်ဖြစ်နေရတာလည်းဖြစ်ပါတယ်။
ဘီယာ
လေ့လာမှုတွေအရတော့ လူတစ်ယောက်ကို ဘီယည ၁၂ အောင်စ သောက်ခိုင်းပြီးတဲ့နောက်မှာ မသောက်ခင်ကထက် ခန္ဓာကိုယ်ပေါ်ကို ခြင်တွေပိုပြီးတော့ ရောက်လာကြပါတယ်။
ဘီယာသောက်လိုက်တာကြောင့် ချွေးနဲ့ အရေပြားထဲမှာ ethanol ပါဝင်မှုမြင့်တက်လာခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ခြင်တွေနဲ့ ဘီယာရဲ့ ကြားက တိကျဆက်စပ်မှုကိုတော့ အခုအထိ ရှာမတွေ့သေးပါဘူး။
Credit : Aunty may