အလုပ်ခွင်မှာ ဖြစ်စေ အိမ်မှာနေရင်းဖြစ်စေ စိတ်ဖိစီးမှုဆိုတာ ကြုံတွေ့ရနိုင်ပါတယ်။ အချိန်နေရာမရွေး ဝင်လာနိုင်တဲ့ စိတ်ဖိစီးမှုတွေ တားဆီးဖို့ဆိုတာ မလွယ်ကူပေမယ့် စိတ်ဖိစီးမှုတွေလျော့ကျ သက်သာသွားအောင်တော့ သင်ကိုယ်တိုင်ပြုလုပ်လို့ရနိုင်ပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမယ့် အကြောင်းအရာကတော့ အချိန်တိုအတွင်းမှာ စိတ်ဖိစီးမှုလျော့ကျစေမယ့် အထိရောက်ဆုံး နည်းလမ်းကောင်းလေးတွေပါ
(၁) လှုပ်ရှားမှုတစ်စုံတစ်ရာပြုလုပ်ပါ
စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်ရှားမှုပြုလုပ်ပေးရုံနဲ့ စိတ်ဖိစီးမှုတွေအတော်အသင့် လျော့ကျသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ခဏတဖြုတ်လမ်းလျောက်ထွက်လိုက်တာမျိုး နေရာမှာတင် ထိုင်ထလေ့ကျင့်ခန်းပြုလုပ်တာမျိုးနဲ့ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုခု လုပ်ဆောင်ပေးလိုက်ပါ။ စိတ်ဖိစီးမှုတွေလျော့ကျသွားတာကို ခံစားရပါလိမ့်မယ်။
(၂) တိတ်ဆိတ်တဲ့နေရာကိုသွားပါ

(၃) အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
အသက်ရှုသွင်းရှုထုတ်လုပ်ပေးရုံနဲ့ သင်လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုဝေဒနာတွေကို မိနစ်ပိုင်းအတွင်းမှာတင် လျော့ကျစေနိုင်ပါတယ်။ လေကို နှာခေါင်းထိပ်ဖျားကနေတဆင့် ဝမ်းဗိုက်အထိရောက်အောင် ဖြည်းဖြည်းချင်းအာရုံစိုက်ပြီး ရှုသွင်းပါ။ထို့နောက် ရှုသွင်းထားတဲ့လေကို ပါးစပ်ကနေ ဖြည်းဖြည်းချင်းပြန် ရှုထုတ်ပေးပါ။ တခဏအချိန်အတွင်းမှာတင် သိသိသာသာ စိတ်ဖိစီးမှုတွေလျော့ကျလာပါလိမ့်မယ်။
(၄) သီချင်းနားထောင်ပါ
တေးဂီတက နာကျင်မှုတွေကိုသက်သာစေနိုင်တယ် တင်းမာမှုတွေကိုပြေလျော့စေနိုင်တဲ့အကောင်းဆုံး ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်လာပြီး စိတ်ထဲမှာတင်းကျပ်နေတယ်ဆိုရင် နားကျပ်တပ် မျက်လုံးမှိတ်ထားပြီး သင့်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖွင့်ကာ စီးမျောကြည့်လိုက်ပါ။ သီချင်းတစ်ပုဒ်မဆုံးခင်မှာပဲ စိတ်ဖိစီးမှုနှင့် တင်းကျပ်မှုတွေပြေလျော့သွားပါလိမ့်မယ်။
Unicode
အလုပ္ခြင္မွာ ျဖစ္ေစ အိမ္မွာေနရင္းျဖစ္ေစ စိတ္ဖိစီးမႈဆိုတာ ၾကဳံေတြ႕ရနိုင္ပါတယ္။ အခ်ိန္ေနရာမေရြး ဝင္လာနိုင္တဲ့ စိတ္ဖိစီးမႈေတြ တားဆီးဖို႔ဆိုတာ မလြယ္ကူေပမယ့္ စိတ္ဖိစီးမႈေတြေလ်ာ့က် သက္သာသြားေအာင္ေတာ့ သင္ကိုယ္တိုင္ျပဳလုပ္လို႔ရနိုင္ပါတယ္။ ဒီတစ္ေခါက္ေျပာျပေပးမယ့္ အေၾကာင္းအရာကေတာ့ အခ်ိန္တိုအတြင္းမွာ စိတ္ဖိစီးမႈေလ်ာ့က်ေစမယ့္ အထိေရာက္ဆုံး နည္းလမ္းေကာင္းေလးေတြပါ။
(၁) လႈပ္ရွားမႈတစ္စုံတစ္ရာျပဳလုပ္ပါ
စိတ္ဖိစီးမႈခံစားေနရခ်ိန္မွာ ခႏၶာကိုယ္ကိုအနည္းငယ္လႈပ္ရွားမႈျပဳလုပ္ေပး႐ုံနဲ႔ စိတ္ဖိစီးမႈေတြအေတာ္အသင့္ ေလ်ာ့က်သြားေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ ခဏတျဖဳတ္လမ္းေလ်ာက္ထြက္လိုက္တာမ်ိဳး ေနရာမွာတင္ ထိုင္ထေလ့က်င့္ခန္းျပဳလုပ္တာမ်ိဳးနဲ႔ ခႏၶာကိုယ္ကို ေပါ့ေပါ့ပါးပါး လႈပ္ရွားမႈတစ္ခုခု လုပ္ေဆာင္ေပးလိုက္ပါ။ စိတ္ဖိစီးမႈေတြေလ်ာ့က်သြားတာကို ခံစားရပါလိမ့္မယ္။
(၂) တိတ္ဆိတ္တဲ့ေနရာကိုသြားပါ
ပတ္ဝန္းက်င္ဆူညံ့သံေတြကင္းၿပီး တိတ္ဆိတ္ၿငိမ္သက္မႈရွိတဲ့ ေနရာ (သို႔) ဆူညံ့မႈကင္းတဲ့ အခန္းတစ္ခန္းထဲမွာ ၃ မိနစ္ေလာက္ၿငိမ္ၿငိမ္ေလး သြားေနလိုက္ပါ။ သင့္စိတ္ေတြ အေတြးေတြကို တက္နိုင္သေလာက္ရပ္တန႔္ထားပါ။ တိတ္ဆိတ္္ၿငိမ္သက္မႈရွိတဲ့ ပတ္ဝန္းက်င္က သင့္ရဲ့စိတ္ကိုအျမန္ဆုံး ျပန္လည္တည္ၿငိမ္လာေစၿပီး စိတ္ဖိစီးမႈေတြေလ်ာ့က် သက္သာေစမွာျဖစ္ပါတယ္။
(၃) အသက္ရႈေလ့က်င့္ခန္းလုပ္ပါ
အသက္ရႈသြင္းရႈထုတ္လုပ္ေပး႐ုံနဲ႔ သင္လက္ရွိခံစားေနရတဲ့ စိတ္ဖိစီးမႈေဝဒနာေတြကို မိနစ္ပိုင္းအတြင္းမွာတင္ ေလ်ာ့က်ေစနိုင္ပါတယ္။ ေလကို ႏွာေခါင္းထိပ္ဖ်ားကေနတဆင့္ ဝမ္းဗိုက္အထိေရာက္ေအာင္ ျဖည္းျဖည္းခ်င္းအာ႐ုံစိုက္ၿပီး ရႈသြင္းပါ။ထို႔ေနာက္ ရႈသြင္းထားတဲ့ေလကို ပါးစပ္ကေန ျဖည္းျဖည္းခ်င္းျပန္ ရႈထုတ္ေပးပါ။ တခဏအခ်ိန္အတြင္းမွာတင္ သိသိသာသာ စိတ္ဖိစီးမႈေတြေလ်ာ့က်လာပါလိမ့္မယ္။
(၄) သီခ်င္းနားေထာင္ပါ
ေတးဂီတက နာက်င္မႈေတြကိုသက္သာေစနိုင္တယ္ တင္းမာမႈေတြကိုေျပေလ်ာ့ေစနိုင္တဲ့အေကာင္းဆုံး ေဆးစြမ္းေကာင္းတစ္လက္ျဖစ္ပါတယ္။ စိတ္ဖိစီးမႈေတြျဖစ္လာၿပီး စိတ္ထဲမွာတင္းက်ပ္ေနတယ္ဆိုရင္ နားက်ပ္တပ္ မ်က္လုံးမွိတ္ထားၿပီး သင့္အႀကိဳက္ဆုံးသီခ်င္းတစ္ပုဒ္ဖြင့္ကာ စီးေမ်ာၾကည့္လိုက္ပါ။ သီခ်င္းတစ္ပုဒ္မဆုံးခင္မွာပဲ စိတ္ဖိစီးမႈႏွင့္ တင္းက်ပ္မႈေတြေျပေလ်ာ့သြားပါလိမ့္မယ္။