လူေတာ္ေတာ္မ်ားမ်ားက အားကစားလုပ္ေနစဥ္အတြင္း နဲ႔ အားကစားလုပ္ၿပီးခ်ိန္မွာ ေရမ်ားမ်ားေသာက္ျခင္းဟာ မေကာင္းဘူးလို႔ယူဆထားၾကတယ္။ ကၽြင္းက်င္သူေတြကေတာ့ ခႏၶာကိုယ္အေနနဲ႔ လုံေလာက္တဲ့ ေရပမာဏ မရရွိခဲ့ရင္ ဆိုးက်ိဳးေတြရရွိနိုင္တယ္လို႔ေျပာထားၾကပါတယ္။
ဒီေန႔ေဆြးေႏြးေပးသြားမွာကေတာ့ အားကစားလုပ္ၿပီး ေရလုံေလာက္စြာမေသာက္သုံးရင္ ခႏၶာကိုယ္မွာျဖစ္လာနိုင္တဲ့ အက်ိဳးဆက္ေတြအေၾကာင္းပါ။
အသားအေရေတြ ေျခာက္ကပ္လာမယ္
အားကစားလုပ္ျခင္းက အသားအေရ ႏုပ်ိဳျခင္းနဲ႔အိုမင္ျခင္း အေပၚမွာ သက္ေရာက္မႈရွိပါတယ္။ အားကစားလုပ္ျခင္းက ေသြးလည္ပက္မႈကိုေကာင္းမြန္ေစၿပီး ေကာ္လဂ်င္ မ်ားမ်ားထုတ္ေပးျခင္းျဖင့္ အသားအေရ တြန႔္ျခင္းကို ေလၽွာ့က်ေစပါတယ္။
အဆီမက်ပဲေရဓာတ္ဆုံးရႈံးမယ္
တစ္ခ်ိဳ႕လူေတြက အားကစားလုပ္ေနစဥ္အတြင္းမွာ ေရမေသာက္ဘူးဆိုရင္ ဝိတ္ျမန္ျမန္က်တယ္လို႔ ယူဆထားၾကတယ္။ အားကစားလုပ္ၿပီးၿပီးခ်င္းမွာ ဝိတ္ခ်ိန္ၾကည့္လိုက္ရင္ ဝိတ္နည္းနည္းက်ေနတာကို ေတြ႕ပါလိမ့္မယ္။ ဒါေပမယ့္ အဆီပိုေတြ ေလာင္ကၽြမ္းသြားတာမဟုတ္ပါဘူး။ ခႏၶာကိုယ္အတြင္းမွာ ရွိတဲ့ ေရဓာတ္ေတြ ဆုံးရႈံးသြားတာပါ။ ေရဓာတ္မလုံေလာက္ျခင္းက အဆီပိုေတြေလာင္ကၽြမ္းမႈကို ေႏွးေကြးေစပါတယ္။ ေသြးလည္ပတ္မႈကိုလည္း အေႏွာက္အယွက္ျဖစ္ေစတာေၾကာင့္ အသားအေရေတြ ေျခာက္ကပ္လာပါလိမ့္မယ္။
အဆိပ္အေတာက္ေတြ ခႏၶာကိုယ္ထဲမွာ က်န္ေနမယ္
အားကစားလုပ္တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ရဲ့ ခႏၶာကိုယ္ဟာ ေခၽြးေတြကေနတဆင့္ အဆိပ္အေတာက္ေတြကို အေရျပားကေနျဖတ္ၿပီး စစ္ထုတ္ေပးပါတယ္။ တကယ္လို႔ ေရကိုလုံေလာက္စြာမေသာက္ဘူးဆိုရင္ အဆိပ္အေတာက္ေတြကို စစ္ထုတ္ဖို႔ ေခၽြးပမာဏ မလုံေလာက္တာေၾကာင့္ အဆိပ္အေသာက္ေတြက ခႏၶာကိုယ္ထဲမွာ က်န္ေနခဲ့မွာပါ
ႂကြက္သားေတြ နာလာမယ္
အားကစားလုပ္ၿပီးရင္ ႂကြက္သားနာတာက ပုံမွန္ပါပဲ။ ဒါေပမယ့္ ေရလုံလုံေလာက္ေလာက္မေသာက္ရင္ေတာ့ ႂကြက္သားနာတာဟာ ရက္ေပါင္းမ်ားစြာၾကာနိုင္ပါတယ္။
အာ႐ုံစူးစိုက္နိုင္မႈ ေလၽွာ့က်လာမယ္
ခႏၶာကိုယ္အတြင္း ေရဓာတ္ (၁) သို႔ (၂) ရာခိုင္ႏႈန္းေလာက္ ဆုံးရႈံးသြားရင္ေတာင္ တခုခုကို အာ႐ုံစူးစိုက္နိုင္စြမ္း ေလၽွာ့က်လာတတ္ပါတယ္။ ၿပီးေတာ့ စိတ္ပင္ပန္းၿပီး ေမာပန္းျခင္းကို ခံစားရနိုင္ပါတယ္။
လူတော်တော်များများက အားကစားလုပ်နေစဉ်အတွင်း နဲ့ အားကစားလုပ်ပြီးချိန်မှာ ရေများများသောက်ခြင်းဟာ မကောင်းဘူးလို့ယူဆထားကြတယ်။ ကျွင်းကျင်သူတွေကတော့ ခန္ဓာကိုယ်အနေနဲ့ လုံလောက်တဲ့ ရေပမာဏ မရရှိခဲ့ရင် ဆိုးကျိုးတွေရရှိနိုင်တယ်လို့ပြောထားကြပါတယ်။
ဒီနေ့ဆွေးနွေးပေးသွားမှာကတော့ အားကစားလုပ်ပြီး ရေလုံလောက်စွာမသောက်သုံးရင် ခန္ဓာကိုယ်မှာဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအကြောင်းပါ။
အသားအရေတွေ ခြောက်ကပ်လာမယ်
အားကစားလုပ်ခြင်းက အသားအရေ နုပျိုခြင်းနဲ့အိုမင်ခြင်း အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အားကစားလုပ်ခြင်းက သွေးလည်ပက်မှုကိုကောင်းမွန်စေပြီး ကော်လဂျင် များများထုတ်ပေးခြင်းဖြင့် အသားအရေ တွန့်ခြင်းကို လျှော့ကျစေပါတယ်။
အဆီမကျပဲရေဓာတ်ဆုံးရှုံးမယ်
တစ်ချို့လူတွေက အားကစားလုပ်နေစဉ်အတွင်းမှာ ရေမသောက်ဘူးဆိုရင် ဝိတ်မြန်မြန်ကျတယ်လို့ ယူဆထားကြတယ်။ အားကစားလုပ်ပြီးပြီးချင်းမှာ ဝိတ်ချိန်ကြည့်လိုက်ရင် ဝိတ်နည်းနည်းကျနေတာကို တွေ့ပါလိမ့်မယ်။ ဒါပေမယ့် အဆီပိုတွေ လောင်ကျွမ်းသွားတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးသွားတာပါ။ ရေဓာတ်မလုံလောက်ခြင်းက အဆီပိုတွေလောင်ကျွမ်းမှုကို နှေးကွေးစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း အနှောက်အယှက်ဖြစ်စေတာကြောင့် အသားအရေတွေ ခြောက်ကပ်လာပါလိမ့်မယ်။
အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲမှာ ကျန်နေမယ်
အားကစားလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ချွေးတွေကနေတဆင့် အဆိပ်အတောက်တွေကို အရေပြားကနေဖြတ်ပြီး စစ်ထုတ်ပေးပါတယ်။ တကယ်လို့ ရေကိုလုံလောက်စွာမသောက်ဘူးဆိုရင် အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့ ချွေးပမာဏ မလုံလောက်တာကြောင့် အဆိပ်အသောက်တွေက ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့မှာပါ။
ကြွက်သားတွေ နာလာမယ်
အားကစားလုပ်ပြီးရင် ကြွက်သားနာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ရေလုံလုံလောက်လောက်မသောက်ရင်တော့ ကြွက်သားနာတာဟာ ရက်ပေါင်းများစွာကြာနိုင်ပါတယ်။
အာရုံစူးစိုက်နိုင်မှု လျှော့ကျလာမယ်
ခန္ဓာကိုယ်အတွင်း ရေဓာတ် (၁) သို့ (၂) ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားရင်တောင် တခုခုကို အာရုံစူးစိုက်နိုင်စွမ်း လျှော့ကျလာတတ်ပါတယ်။ ပြီးတော့ စိတ်ပင်ပန်းပြီး မောပန်းခြင်းကို ခံစားရနိုင်ပါတယ်။
credit kwee