ခ်စ္သူခ်င္း အဆင္မေျပလို႔ ကြဲၾက၊ ကြာၾကတာဟာ ဓမၼတာပါပဲ။ ဒါေပမဲ့ လမ္းခြဲျပတ္စဲခဲ့တဲ့ ခ်စ္သူေတြ အခ်ိန္ အေတာ္ၾကာ အဆက္အသြယ္လည္း မလုပ္ၾကဘဲ ေနာက္မွ ျပန္တြဲၾကတဲ့အခါ ႏွစ္ေယာက္ ၾကားက အခ်စ္ေရးမ်ာ ေကာင္းက်ိဳးေလးေတြ ရွိလာတတ္ပါတယ္။ အဲဒါေလးေတြ ကေတာ့
(၁) သံေယာဇဥ္ပိုတိုးလာတယ္
ဒါကေတာ့ ဒီလို ျပန္တြဲ ခဲ့ၾကတဲ့ ခ်စ္သူေတြမွာ အျဖစ္အမ်ားဆုံး ကိစၥပါပဲ။ ေဝးၿပီးတဲ့ေနာက္ တစ္ေယာက္ အေပၚတစ္ေယာက္ ထားရွိတဲ့ စိတ္ခံစားခ်က္ေတြ ပိုေသခ်ာ သြားတာေၾကာင့္ သူနဲ႔လည္း အတူျပန္ရွိေရာ သံေယာဇဥ္ေတြ အရင္ကထက္ ပိုတိုး လာတာပါ။
(၂) ပိုရင့္က်က္လာၾကတယ္
ျပႆနာျဖစ္တိုင္း အရင္လို ေဒါနဲ႔ေမာနဲ႔ ျေဖရွင္းမယ္၊ ဘာမဟုတ္ တာေလးနဲ႔ ျပတ္မယ္ေျပာတယ္ဆိုတဲ့ အက်င့္ေတြေၾကာင့္ ေဝးသြားခဲ့ ၾကတဲ့ အတြက္ ေနာက္ပိုင္း ျပႆနာအႀကီးႀကီးႀကဳံလာ ရင္ေတာင္ ႏွစ္ေယာက္သား ေအးေအးေဆးေဆးပဲ စကားေျပာေျဖရွင္းၾကေတာ့မွာပါ။ မွတ္သြားၿပီေလ။
(၃) နားလည္မႈပိုရွိလာတယ္
ပထမ တစ္ေခါက္ တြဲတုန္းက သူ႔အက်င့္၊ ကိုယ့္အက်င့္ေတြကို နားမလည္ ႏိုင္ခဲ့ေပမယ့္ ဒုတိယ တစ္ေခါက္လည္း ျပန္လက္တြဲေရာ စိတ္ထဲက သူ႔ကို ကိုယ္ခ်စ္တယ္ ဆိုတာ ေသခ်ာေနတဲ့ အတြက္ေၾကာင့္ တစ္ေယာက္ေပၚ တစ္ေယာက္ နားလည္မႈေတြ ပိုရွိ လာမွာပါ။
(၄) ပိုယုံၾကည္လာၾကတယ္
အရင္လို သဝန္တို တာေတြ၊ သူနဲ႔ကိုယ္နဲ႔ရဲ႕ အနာဂတ္ လမ္းေၾကာင္းေတြကို စမ္းတဝါးဝါးျဖစ္တာမ်ိဳးေတြ မရွိေတာ့ ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ ဒုတိယ အႀကိမ္ျပန္ တြဲမယ္ ဆိုတုန္းက ကိုယ့္အေနနဲ႔ ဒီလူနဲ႔ ပတ္သက္ၿပီး ေကာင္းေမြ၊ဆိုးေမြ အကုန္လုံး ခံႏိုင္ၿပီ လားလို႔ ကိုယ့္ကိုယ္ကို ေသခ်ာေအာင္ ျပန္ေမးၿပီးမွ ျပန္လက္တြဲတာေၾကာင့္ အရင္က ထက္ေတာ့ ကိုယ့္ကိုယ္ ကိုကိုေရာ သူ႔အေပၚမွာပါ ယုံၾကည္ မႈေတြ ပိုတိုးလာမွာပါ။
(၅) ေတာ္႐ုံမျပတ္ေတာ့ဘူး
သူနဲ႔ျပတ္တုန္းက ဘယ္လို ခံစားခဲ့ ရတယ္ ဆိုတာလည္း ကိုယ္ ေကာင္းေကာင္းႀကီးသိၿပီ၊ သူနဲ႔ကိုယ့္ၾကား မွာလည္း သံေယာဇဥ္ေတြ ပိုတိုးၿပီး နားလည္မႈေတြ ရွိေနၿပီ ဆိုေတာ့ ျပတ္ၿပီး အၾကာႀကီးေနမွ ျပန္တြဲတဲ့ စုံတြဲေတြဟာ ေတာ္႐ုံနဲ႔ မျပတ္ေတာ့ ပါဘူး။
Penny
Credit
Unicode
လမ်းခွဲပြီး အချိန်ကြာသွားမှ ပြန်လက်တွဲ သွားကြတဲ့ စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်
ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန် အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက် ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေ ကတော့
(၁) သံယောဇဉ်ပိုတိုးလာတယ်
ဒါကတော့ ဒီလို ပြန်တွဲ ခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံး ကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက် အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာ သွားတာကြောင့် သူနဲ့လည်း အတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက် ပိုတိုး လာတာပါ။
(၂) ပိုရင့်ကျက်လာကြတယ်
ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ် တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ ကြတဲ့ အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာ ရင်တောင် နှစ်ယောက်သား အေးအေးဆေးဆေးပဲ စကားပြောဖြေရှင်းကြတော့မှာပါ။ မှတ်သွားပြီလေ။
(၃) နားလည်မှုပိုရှိလာတယ်
ပထမ တစ်ခေါက် တွဲတုန်းက သူ့အကျင့်၊ ကိုယ့်အကျင့်တွေကို နားမလည် နိုင်ခဲ့ပေမယ့် ဒုတိယ တစ်ခေါက်လည်း ပြန်လက်တွဲရော စိတ်ထဲက သူ့ကို ကိုယ်ချစ်တယ် ဆိုတာ သေချာနေတဲ့ အတွက်ကြောင့် တစ်ယောက်ပေါ် တစ်ယောက် နားလည်မှုတွေ ပိုရှိ လာမှာပါ။
(၄) ပိုယုံကြည်လာကြတယ်
အရင်လို သဝန်တို တာတွေ၊ သူနဲ့ကိုယ်နဲ့ရဲ့ အနာဂတ် လမ်းကြောင်းတွေကို စမ်းတဝါးဝါးဖြစ်တာမျိုးတွေ မရှိတော့ ပါဘူး။ ဘာကြောင့်လဲ ဆိုတော ဒုတိယ အကြိမ်ပြန် တွဲမယ် ဆိုတုန်းက ကိုယ့်အနေနဲ့ ဒီလူနဲ့ ပတ်သက်ပြီး ကောင်းမွေ၊
ဆိုးမွေ အကုန်လုံး ခံနိုင်ပြီ လားလို့ ကိုယ့်ကိုယ်ကို သေချာအောင် ပြန်မေးပြီးမှ ပြန်လက်တွဲတာကြောင့် အရင်က ထက်တော့ ကိုယ့်ကိုယ် ကိုကိုရော သူ့အပေါ်မှာပါ ယုံကြည် မှုတွေ ပိုတိုးလာမှာပါ။
(၅) တော်ရုံမပြတ်တော့ဘူး
သူနဲ့ပြတ်တုန်းက ဘယ်လို ခံစားခဲ့ ရတယ် ဆိုတာလည်း ကိုယ် ကောင်းကောင်းကြီးသိပြီ၊ သူနဲ့ကိုယ့်ကြား မှာလည်း သံယောဇဉ်တွေ ပိုတိုးပြီး နားလည်မှုတွေ ရှိနေပြီ ဆိုတော့ ပြတ်ပြီး အကြာကြီးနေမှ ပြန်တွဲတဲ့ စုံတွဲတွေဟာ တော်ရုံနဲ့ မပြတ်တော့ ပါဘူး။
Penny