ၾကားသိရသမွ်

ကိုရီးယားရောက် မြန်မာတစ်ဦး၏ ထူးခြားဖြစ်စဉ်တခု

ကိုအောင်မျိုးဟိန်းက ကိုးရီးယားနိုင်ငံ အောက်ပိုင်း ဂျင်ဂျူမြို့မှာ နေထိုင်သူပါ။ ချူဆော့ပိတ်ရက်က မဲပေးဖို့ ရောက်လာပေမယ့် လူများလို့ မပေးဖြစ်လိုက်ပါဘူး။

နောက်ရက် အလုပ်ပြန်လုပ်နေစဉ်မှာ မတော်တဆ ထိခိုက်မိပြီး ဆေးရုံတက်နေရပါတယ်။ ပေါင်ရင်းမှာ အချက် ၄၀ ကျော် ချုပ်ထားရပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆိုးလ်မြို့က ဆေးရုံတက်နေသူတဦးကို သံရုံးကနေ မဲသွားယူပေးတဲ့ ထူးခြားဖြစ်စဉ် (၁) သတင်းကို မြင်တော့ သူ့ကိုလည်း ကူညီပေးလို့ရနိုင်မလားလို့ ပြောပါတယ်။

နောက်တော့ ဟန်းဂုရွာကနေတဆင့် ကူညီပေးဖို့ ပြောပါတယ်။ သူနေတဲ့ ဂျင်ဂျူမြို့ဟာ အသွားအပြန် ၇ နာရီလောက် ကြာမှာမို့ ဆေးရုံသို့ မဲသွားယူပေးဖို့ အဆင်မပြေပါဘူး။

ဒါပေမယ့် ဒီနေ့မှာတော့ ကိုအောင်မျိုးဟိန်း လူကိုယ်တိုင် လာရောက် မဲပေးသွားပါတယ်။ မနေ့က ဆေးရုံဆင်းတယ်တဲ့။ KTX စီးပြီး မဲလာပေးတာပါ။

ခြေထောက် ပတ်တီးနဲ့မို့ အပေါ်ထပ်တက်ဖို့ ခက်တာကြောင့် အောက်ထပ်မှာပဲ မဲပေးဖို့ စီစဉ်ပေးကြပါတယ်။ သံအမတ်ကြီးက သူ့ရဲ့ ဒဏ်ရာအကြောင်း မေးမြန်း အားပေးပြီး၊ နိုင်ငံသားတယောက်ရဲ့ တာဝန်ကို အခုလို ခက်ခက်ခဲခဲ လေးလေးစားစား ထမ်းဆောင်တဲ့အတွက် လေးစားပါကြောင်း ဂုဏ်ပြုစကား ဆိုပါတယ်။

လမ်းကောင်းကောင်း မလျှောက်နိုင်သေးပေမယ့် မဲရုံရောက်အောက် တယောက်တည်း လာပြီး မဲတမဲကို ရအောင်ပေးသွားတဲ့ ကိုအောင်မျိုးဟိန်းကို လေးစားပါကြောင်း မှတ်တမ်းတင်ပါတယ်။

Via. Moe Thu Soe

Unicode ဖြင့်ဖတ်ရန်