ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အောင်မြင်နေကြတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မတွေကလည်း အပါအဝင်ပါပဲနော်..
သရုပ်ဆောင်ကောင်းကြသလို စကားပြောပွင့်လင်းကြတဲ့ သူမတို့ ညီအစ်မနှစ်ယောက်ကတော့ လတ်တလောမှာ ဝေဖန်တိုက်ခိုက်မှုတွေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။
အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့လည်း ဘေဘီမောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက Live လွှင့်ပြီး သူမရဲ့ fb စာမျက်နှာကနေ ကာယကံရှင်ကို သတိပေးစကားလေးဆိုခဲ့ပါသေးတယ်နော်..။
သံစဉ်မောင်ကတော့ သူမကြောင့် ပူပင်သောကတွေ ရောက်နေရတဲ့ အစ်မဖြစ်သူဘေဘီမောင်ကို ကျေးဇူးတင်စကားလေးနဲ့ တောင်းပန်စကားတွေ စိတ်မကောင်းစွာ ဆိုလိုက်ပါတယ်နော်..။
“သမီးကြောင့် ဖြစ်ရတဲ့ ပူလောင်မှုတွေအတွက် တောင်းပန်ပါတယ် မကြီးနာ
အစစအရာရာအတွက်လည်း ကျေးဇူးပါ
ချစ်တယ် အားပေးကြတဲ့သူ တယောက်ချင်း
ချစ်ပေးကြတဲ့သူတယောက်ချင်းတိုင်းကို
ကျေးဇူးပါ အနည်ထိုင်စ အချိန်မှာ ပြန်ဖြစ်တဲ့အတွက် ပြန်ပြီး အထိနာရပါတယ်ရှင့်
ကျမတယောက်ထဲ မဟုတ်ပဲ တစ်မိသားစုလုံးပေါ့ အားတင်းနေပါတယ် မိသားစုအတွက်ရော ချစ်ပေးတဲ့သူတွေ ရှိပေးတာအတွက်ရော..” ဆိုပြီး သံစဉ်မောင်က ရေးသားထားတာပဲ ဖြစ်ပါတယ်နော်..
အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ခင်မင်ရင်းနှီးကြတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း အားပေးစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။
Photo Credit – Than Sin Maung’s Fb Acc