အခ်စ္နွင့္ဘဝ

ဖောက်ပြန်တတ်တဲ့သူတွေမှာတွေ့ရတတ်တဲ့ ကြန်အင်လက္ခဏာများ

လူတစ်ယောက်ဟာ သစ္စာရှိမယ့်သူလား၊ သစ္စာမရှိလိမ်ညာတတ်တဲ့သူလားဆိုတာ သူ့ရဲ့ အပြုအမူ၊ အပြောအဆိုတွေကို ကြည့်ရုံနဲ့ ခန့်မှန်းလို့ရပါတယ်။သစ္စာမရှိတဲ့သူအများစုမှာ အခုလို လက္ခဏာတွေကို သိသိသာသာတွေ့မြင်နိုင်ပါတယ် (၁) ကိုယ့်ဖို့ပဲကြည့်တတ်တဲ့အတ္တသမားဖြစ်နေခြင်း သစ္စာမရှိတဲ့သူအများစုဟာ ကိုယ်တစ်ယောက်အတွက်ပဲကြည့်တတ်ပြီး သူများဘက်ကိုလုံးဝထည့်မစဉ်းစားတတ်တဲ့ အတ္တကြီးသူတွေဖြစ်ပါတယ်။ကိုယ့်ဖို့ပဲကြည့်လွန်းပြီး သူများဘက်ကိုမကြည့်ပေး၊မတွေးပေးတတ်တော့ သစ္စာဖောက်ဖို့လည်း ဝန်မလေးတော့ပါဘူး (၂) ကိုယ့်ချစ်သူ၊ လက်တွဲဖော်ကို မလေးစားတတ်ခြင်း ချစ်သူတွေ၊လက်တွဲဖော်တွေအချင်းချင်း အပြန်အလှန်လေးစားတတ်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် ချစ်သူ၊ အိမ်ထောင်ဖက်ကို မလေးစားတဲ့သူတွေဟာ သစ္စာဖောက်ဖို့ဝန်မလေးသူတွေဖြစ်ပါတယ် (၃) လျှို့ဝှက်ချက်တွေများလွန်းခြင်း လက်တွဲဖော်တွေဟာတစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်တွေထားလွန်းတာဟာ မကောင်းတဲ့အကျိုးဆက်ကိုပဲဖြစ်စေပါတယ် ကိုယ်ပိုင်လွတ်လပ်ခွင့်အရ မဖြစ်မနေလျှို့ဝှက်ထားတဲ့အရာတချို့ကလွဲပြီး မိသားစုနဲ့ပတ်သက်တာ နှစ်ယောက်လုံးနဲ့ပတ်သက်တာတွေကို အချင်းချင်းပွင့်လင်းဖို့လိုပါတယ် စိတ်ပညာရှင်တွေရဲ့ သုတေသနတွေအရ လျှို့ဝှက်ချက်တွေများလွန်းတဲ့သူတွေဟာ ဖောက်ပြန်သူဖြစ်ဖို့ အခွင့်အလမ်းများတဲ့သူတွေဖြစ်တယ်ဆိုတာ သိနိုင်ပါတယ် (၄) သဝန်ကြောင်လွန်းခြင်း ချစ်သူအပေါ်သဝန်တိုတာကတော့ လူတိုင်းလိုလိုပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုပြီး သဝန်ကြောင်တဲ့အဆင့်ထိရောက်ပြီး နေရာတကာချုပ်ချယ်လွန်းတာမျိုးကတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းခြင်း၊အငုံ့စိတ်ရှိနေခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒီလိုလူမျိုးတွေက တခြားသူတွေထက် […]

အချစ်နှင့်ဘဝ

“ မိန်းမဆိုတာ” မယားကြီးလိုလည်း နေတတ်ရမယ်၊မယားငယ်လိုလည်း နေတတ်ရမယ်..

“ မိန်းမဆိုတာ ” မယားကြီးလိုလည်း နေတတ်ရမယ်၊မယားငယ်လိုလည်း နေတတ်ရမယ် ဒါကိုမြင်ပြီးလန့်မသွားနဲ့ဦးမယားကြီးလိုနေတတ်ရမယ်ဆိုတာက မယားကြီးတွေဟာ အိမ်ထောင့်တာဝန် ချက်ရေးပြုတ်ရေး၊လျှော်ရေးဖွတ်ရေးကအစ ကလေးတာဝန်နောက်ဆုံး နှစ်ဖက်မိဘ ဆွေမျိုးယောက္ခမတွေအတွက်ပါ သိတတ် လိမ္မာတတ်နဲ့လင်ယောက်ျား စီးပွားရှာချိန်မှာ နောက်ဆံမတင်းရလေအောင် သိပ်ကိုတော်ကြတဲ့ အမျိုးသမီးတွေဖြစ်တယ် အဲ့လို ယောက်ျားပေါ်အလိုက်သိလွန်းပြီး အိမ်ထောင့်တာဝန် ကလေးတာဝန် မိဘတာဝန်တွေကျေပွန်လွန်းတဲ့အခါ“အော်… ငါ့အပေါ် သူသိတတ်လွန်းပါလား ငါ့ကြောင့်ပင်ပန်းလွန်းပါလား သူ့ကြောင့်သာ ငါစိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်ပါလား” လို့တွေးပြီး ကျေးဇူးတင်တတ်တဲ့ယောက်ျားမျိုးရှိပေမယ့် ရှားတယ် အများစုက သူ့ကြောင့်ကိုယ်အေးဆေးစီးပွားရှာနိုင်တာကို မတွေးပဲအိမ်ထောင့်တာဝန်ပိပြီး အလှမပြင်နိုင် သာမာန်ထက် ဆယ်ဆလောက်အိုမင်းနေတဲ့ အိမ်သူသက်ထားကို ပိုက်ဆံအပ်ရတာသူတို့အတွက် မဟာနစ်နာမှုကြီးလို ထင်မြင်တတ်ကြတာပဲ အဲ့အခါ အိမ်အပြင်ထွက်ပြီး အပျော်ရှာတယ်အငယ်အနှောင်းထားတယ်ပေါ့။ အမှောင်ထဲတိုးဝင်စမှာ မသိကြပေမယ့် တဖြည်းဖြည်းနဲ့ အိမ်ကမိန်းမလောက် အနွံတာမခံဘူး မိန်းမမပီသဘူးဆိုတာတွေ သိလာကြပေမယ့်မှားပြီးသားအခြေအနေကနေ ရုန်းထွက်ဖို့ ခက်ခဲတဲ့အနေအထားတွေကြောင့် […]

ဗဟုသုတ

ပိုက်ဆံချေးပြီး ဆုံးမလိုဖြစ်နေလျှင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်သောက ရောက်နေလျှင် ယတြာ

ပိုက်ဆံချေးပြီး ဆုံးမလိုဖြစ်နေလျှင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်သောက ရောက်နေလျှင် ရစရာရှိသူ ငွေချေးထားသည့် ငွေရှင်သည် တနင်္ဂနွေသားသမီး ဖြစ်ပါက မွေးနေ့ နေ့လည် (၁၂)နာရီ မှ (၁)ခွဲအတွင်း အိမ်ဘုရား၌ ကံကော် ၂ ညွန့် အမွေးတိုင် (၃) တိုင် ဖယောင်းတိုင် (၃) တိုင် လှူ ပါ။ ထိုနောက် လက်ဝါးတွင် ငွေချေးသူ၏အမည်ကိုရေးပါ။ နှမ်းဆီ တစ်စက်လက်ဖဝါးတွင်ပွတ်ပါ။ ငွေ တစ်ထောင်တန် တစ်ရွက် လက်ဝါးထဲထည့်လက်နှစ်ဖက်နှင့်ရိုက်ပြီး “(နေ့သမီး…..မ …….) ငါ့ငွေ ငါ့ထံလာပေးစေ” ပြောရမည် ။ ပြီးလျှင် လက်ဝါးနှစ်ဘက်ကို မီးပူဇော်ထားသည့် ဖယောင်းတိုင်မီးနှင့် နွေးနွေးကင်ပြီးလက်ခုပ် (၆)ချပ်တီး လိုရာဆန္ဒများအသေအချာတောင်းပါ။ ထွန်းထားသည့် အမွေးတိုင်တိုင် ဒုတ်ချောင်းတစ်ချောင်းကို ဘယ်လက်ညိုးနှင့်တိုင်း တစ်ဆစ်ချိုး ဘယ်ဘက်မှကိုင် […]

ကြားသိရသမျှ

Facebook ကို VPN နဲ့သုံးတဲ့သူတွေမဖြစ်မနေသတိထားသင့်တဲ့အချက်များ

မြန်မာမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို ပိတ်ဆို့မှုခံထားရပြီး VPN လို့ခေါ်တဲ့ Virtual Private Network (သီးသန့်ကွန်ရက်တု) စနစ်တွေကို သုံးနေရတယ်ဆိုရင် ဒီအချက်တွေကို သင်မဖြစ်မနေ သတိထားဖို့လိုပါလိမ့်မယ်။ ကောင်းပြီ ဒီတော့ ကျနော်တို့ ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင် -၁) VPN သုံးတာကြောင့် အင်တာနက်သုံးစွဲမှု နှေးကွေးနိုင်ပါတယ်။ ဒါ့အပြင် bandwidth တွေကို ကန့်သတ်ခံရပြီး မိမိကိုယ်ပိုင်ထဲက ပိုနေတာတွေကို ပြန်ရောင်းစားတာ ခံရနိုင်ပါတယ်။ ၂) VPN ဆာဗာတွေက မိမိတို့ အသုံးပြုနေတာတွေကို ခြေရာခံနိုင်ပါတယ်။ ဘာတွေသုံးစွဲနေတယ်၊ ဘာတွေပို့နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာမျိုးတွေပါ။ ၃) Vpn သုံးထားရင် ဖေ့စ်ဘုတ်က လွှဲလို့ ကျန်တဲ့ app တွေကို ခံမသုံးပါနဲ့။ (ဒါက အရေးအကြီးဆုံးအချက်ပါ) […]

ဗဟုသုတ

ကံကောင်းစေမည့် ရှေ့ပြေးနိမိတ်တွေအကြောင်း…

ကံကောင်းစေမည့် ရှေ့ပြေးနိမိတ်တွေအကြောင်း… လူတစ်ယောက် ကံကောင်းလာတော့ မယ်ဆိုတာကို ရှေ့ပြေးနိမိတ်တွေ ကြည့်ပြီး သိရှိနိုင်ပါတယ် … နိုင်ငံတိုင်း မှာတော့ ကံကောင်းခြင်းရဲ့ နိမိတ်တွေနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိနေတတ်ပါတယ် …။ အယူအဆ အမျိုးမျိုးထဲကမှ လူအများစု နားလည် လက်ခံ ယုံကြည် ထားတဲ့ ကံကောင်းခြင်းရဲ့ နိမိတ် သ င်္ကေတ တွေလည်း ရှိပါတယ် ။ သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင် ရောက်ရှိ လာတော့မယ် ဆိုရင် ဒီလို ရှေ့ ပြေးနိမိတ် သင်္ကေတ တွေ ကို မြင်တွေ့၊ ဖြစ်ပေါ် ရတတ်ပါတယ်နော်။ ငှက်တွေ အသိုက်လာဖွဲ့တာ – ငှက်တွေက သင့်ရဲ့ နေအိမ်၊ တိုက်ခန်း (သို့) […]

ၾကားသိရသမွ်

အသုဘ ရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှ ထုတ်ယူလာပြီး သေဆုံးသူရဲ့အိမ်သို့ ပို့လိုက်သောအခါ

အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။ အိမ်ရှေ့ကိုနာရေးကားရောက်လာတော့ မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်… အိမ်ရှေ့ကိုနာရေးကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်းမပြင်ဘူးနော် အိမ်ရှေ့မှာပဲအလောင်းပြင်ပေးပါနော်တဲ့ ” အမဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေးလိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ဘာတော်လဲ လို့မေးလိုက်တော့ “ဆရာ အခုဆုံးသွားတဲ့သူက ကျွန်မအဖေ ပါတဲ့. အော်…ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲအလောင်းမပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ ဟုတ်လားအမ… […]

ကြားသိရသမျှ

ဟား၅ကောင်မှအသစ်စက်စက် ရုပ်ရှင် ဥက္ကဌ ခန့်စည်သူ ထံသို့ ပေးစာ..

မဂ်လာပါ ပရိတ်သတ်ကြီးရေ ဟား၅ကောင်မှအသစ်စက်စက် ရုပ်ရှင် ဥက္ကဌ ခန့်စည်သူ ထံသို့ ပေးစာ မနေ့က အားလုံးအံ့သြခဲ့ရတဲ့ ရုပ်ရှင် ဥက္ကဌသစ် အဖြစ် ခန့် စည်သူကိုခန့်အပ်ခဲ့ခြင်းအပေါ်ပရိတ်သတ်တွေသာမက ရုပ်ရှင်လောကသား အားလုံးနီးပါးက ပါ မကျေနပ်ချက် တွေ ထွက်ပေါ်လာပြီးရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ကြတဲ့ အထိပါဖြစ်ခဲ့တာပဲ ဖြစ် ပါ တယ်။ ယခုလည်း ဝရမ်း ထုတ် ခံထားရလို့ တိမ်းရှောင်ပြီး နေ နေရ တဲ့ ဟား၅ကောင်အဖွဲ့ မှပိုးလေး ယခု လို ခန့်စည်သူ ထံ သို့ပေးစာ ပုံစံမျိုးရေးပြီးပြောကြားထားတာပဲ ဖြစ်ပါတယ်။ သို့ မြန်မာ နိုင်ငံ အစည်းအရုံး ဥက္ကဌ ဦးခန့်စည်သူခင်ဗျာကျွန်တော် လူရွှင်တော် ပိုးလေးသည် တကြိမ်တခါ မှ […]

ၾကားသိရသမွ်

ဇွန်လ (၁၀) ရက်နေ့မှာ နေမီးကွင်းကြတ်မည်

မြောက်ဝင်ရိုးစွန်းတွင် နေမီးကွင်းကြတ်မည် လာမည့် ကဆုန်လကွယ်ရက်ဖြစ်တဲ့ ၂၀၂၁ ဇွန်လ (၁၀) ရက်နေ့မှာတော့.. နေ နဲ့ ကမ္ဘာအကြားကို လ က ဝင်ရောက်မှာဖြစ်ပြီး.. နေ (မီးကွင်း) ကြတ်ခြင်းဖြစ်စဉ်ကို မြောက်ဝင်ရိုးစွန်း နဲ့ အာတိတ်ရပ်ဝန်းဒေသများမှာ တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှ မမြင်ရနိုင်ပါ။) နေကြတ်ခြင်း၊ လကြတ်ခြင်း တို့ဟာ နေ-လ-ကမ္ဘာ တို့ တတန်းတည်းကျရောက်တဲ့ လပြည့်-လကွယ် ရက်များမှာ ဖြစ်ပေါ်တတ်ပါတယ်။ နေကြတ်ခြင်းဖြစ်စဉ်မှာ နေ နဲ့ ကမ္ဘာအကြား လ ဝင်ရောက်သွားတဲ့အတွက် လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်သို့ ဖြတ်သန်းကျရောက်ပြီး အဆိုပါ အရိပ်ကျရောက်တဲ့ ဒေသများမှာ နေကို လက ရုတ်တရက် ဖုံးကွယ်သွားကာ မှောင်သွားတတ်ပါတယ်။ ယခုတကြိမ်မှာ လ ဖြတ်သန်းမှာကတော့.. မြောက်ဝင်ရိုးစွန်းအနီးက […]

အချစ်ရေး

မေးခွန်းလေးတွေ ပျော်ပျော်ဖြေပြီး ဖူးစာရှင်ရဲ့နာမည်အစ စကားလုံးကို ရှာဖွေကြည့်ရအောင်

မေးခွန်းလေးတွေ ပျော်ပျော်ဖြေပြီး ဖူးစာရှင်ရဲ့ နာမည်အစ စကားလုံးကို ရှာဖွေကြည့်ရအောင် ဖူးစာရှင်ရဲ့ နာမည်အစ စကားလုံးကို ရှာဖွေကြည့်ရအောင် (က) = ၁ မှတ်၊ (ခ) =၂ မှတ်၊ (ဂ) = ၃ မှတ် မေးခွန်း (၁) အိမ်မှာတစ်ယောက်တည်းရှိနေတဲ့အချိန် ဘယ်နေရာတွေမှာ အချိန်ဖြုန်းရတာကြိုက်လဲ (က) ဧည့်ခန်းထဲအေးအေးလူလူနေရတာ (ခ) ခြံထဲ သို့မဟုတ် ပန်းပင်လေးတွေထားထားတဲ့နေရာ (ဂ) မီးဖိုချောင်ထဲ မေးခွန်း (၂) အိမ်ထောင်ကျရင် ကလေးဘယ်နယောက်လိုချင်လဲ။ (က) တစ်ယောက်မှမယူဘူး (ခ) ၁ ယောက် သို့မဟုတ် ၂ ယောက် (ဂ) ၃ ယောက်နဲ့အထက် မေးခွန်း (၃) ဘယ်လိုအိမ်မွေးတိရိစ္ဆာန်မွေးရတာကြိုက်လဲ။ (က) ဘာမွမေမြးခ်င္ဘူး (ခ) […]

အထွေအထွေဗဟုသုတ

“အရမ်းစားလို့ ကောင်းတဲ့ မြစ်သား ကြက်သွန်နီဥသုပ် ပြုလုပ်နည်း”

မြစ်သားကြက်သွန်နီဥသုပ် ကြက်သွန်ဥသုပ်ကလည်း ကျွန်တော်တို့အိမ်မှာ အမြဲသုပ်စားလေ့ရှိပါတယ်။ ပဲဟင်းချို၊ ငါးပိကြော်လေးနဲ့ဆို အရမ်း လိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ အသုပ်လည်းဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ • ကြက်သွန်နီဥအသေး – ၆၀ဝ ဂရမ်(အခွံနွှာထားပါ) • မန်ကျည်းမှည့်အနှစ် – စားပွဲဇွန်း ၇ ဇွန်း • ရေ – ၆၀ဝ မီလီလီတာ • ဆီ – စားပွဲဇွန်း ၃ ဇွန်း • ကြက်သွန်နီဥအကြီး – ၁၀ဝ ဂရမ် (ပါးပါးလှီးထားပါ) • မြေပဲလှော် – စားပွဲဇွန်း ၂ ဇွန်း • ဆား – အနည်းငယ် ပြုလုပ်နည်းအဆင့်ဆင့် ၁။ ကြက်သွန်နီဥအသေးကို အခွံနွှာထားပါ။ ၂။ ပြီးလျှင် […]