ဗဟုသုတ

ခြောက်လအတွင်း ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲလာအောင် ဘယ်လိုလုပ်မလဲ …

ခြောက်လအတွင်း ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲလာအောင် ဘယ်လိုလုပ်မလဲ … ကိုယ်လက်ရှိဖြတ်သန်းနေတဲ့ဘဝက ဘာမှထူးခြားမှုမရှိဘူး၊ တိုးတက်မှုမရှိဘူးလို့ ခံစားနေရပြီး ကိုယ့်ကိုယ်ကိုပြောင်းလဲတိုးတက်ချင်စိတ်အရမ်းပြင်းပြနေတဲ့သူတွေ ရှိမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ဘဝကိုပြောင်းလဲဖို့ ကိုယ့်ကိုယ်ကိုဘယ်ကစပြီးပြောင်းလဲရမှန်းမသိဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့သူလေးတွေအတွက် ခြောက်လအတွင်း ကိုယ့်ကိုယ်ကိုတိုးတက်ပြောင်းလဲအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်… (၁) ပန်းတိုင်သတ်မှတ်ပါ ကိုယ့်ကိုယ်ကိုပြောင်းလဲချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် အရင်ဆုံး ကိုယ်ဖြစ်ချင်တာဘာလဲ၊ ကိုယ်သွားချင်တဲ့ပန်းတိုင်ကဘာလဲဆိုတာသိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်အဖြစ်ချင်ဆုံးအရာတစ်ခုကိုစဉ်းစားပြီး အဲ့ဒါကို ပန်းတိုင်အဖြစ်သတ်မှတ်လိုက်ပါ။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ မစဉ်းစားပါနဲ့အုံး …။ (၂) ကိုယ့်ရဲ့လက်ရှိအခြေအနေကိုပြန်သုံးသပ်ပါ ပန်းတိုင်သတ်မှတ်ပြီးမှ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်သုံးသပ်ပါ။ ကိုယ်ဖြစ်ချင်တာက အောင်မြင်တဲ့ သူတစ်ယောက်လား၊ အခုလက်ရှိထက် ပိုပြီးလှချင်တော်ချင်တာလား ။ ဒါဆို လက်ရှိအခြေအနေနဲ့ ဘယ်လောက်ကွာဟနေလဲဆိုတာ မြင်အောင်ကြည့်ပါ။ ပြီးမှ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့်ရဲ့လက်ရှိအနေအထားနဲ့ ပြန်ချိန်ညှိပါ …။ (၃) […]

ၾကားသိရသမွ်

ပူအိုက်သောအချိန်များတွင် အပြင်ထွက်ရသူများအတွက် အတုယူသင့်သည့် အမျိုးသမီးတစ်ဦး၏ အပူဒဏ်ကို ကာကွယ်ပေးမည့် ဖက်ရှင်ဒီဇိုင်း

မိမိတို့နိုင်ငံသည် ပူပြင်းလွန်းလှသော နေရောင်ခြည်ဒဏ်ကို အံတုရင်းဖြင့် သွားလာလုပ်ကိုင်နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။အချို့သည် အလုပ်လုပ်နေသည့်အချိန်မျိုးတွင် နေပူဒဏ်ကို ဂရုမစိုက်နိုင်ဘဲ အကာအကွယ်များကို ယူဆောင်ရန် အဆင်မပြေဖြစ်ကြရသည်။ အမျိုးသမီးးတစ်ဦးကတော့ နေပူဒဏ်ကို ကာကွယ်နိုင်ရန် အပေါင်းဆုံးသော အကြံညဏ်ကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ထိုအမျိုးသမီးဟာ နေပူထဲတွင် ဆိုင်ကယ်စီးရန် လိုအပ်လာသည့်အတွက် သစ်ပင်မှ အရွက်များကို ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ပြီး အပူဒဏ်ကို ရှောင်ရှားခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်လျှင် အမျိုးသမီး၏လုပ်ပုံကိုကြည့်ပြီး မေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်စေမှာသေချာပါတယ်။သို့သော်လည်း အမျိုးသမီး၏ အကြံညဏ်ကတော့ မိမိတို့နိုင်ငံမှ လူအတော်များများဟာ အတုယူသင့်တယ်ဟု ယူဆမိပါတယ်။ Shoon (Cele Daily) Unicode ပူအိုက်သောအချိန်များတွင် အပြင်ထွက်ရသူများအတွက် အတုယူသင့်သည့် အမျိုးသမီးတစ်ဦး၏ အပူဒဏ်ကို ကာကွယ်ပေးမည့် ဖက်ရှင်ဒီဇိုင်း မိမိတို့နိုင်ငံသည် ပူပြင်းလွန်းလှသော နေရောင်ခြည်ဒဏ်ကို အံတုရင်းဖြင့် သွားလာလုပ်ကိုင်နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။အချို့သည် အလုပ်လုပ်နေသည့်အချိန်မျိုးတွင် […]

ကျမ္မာရေး ဗဟုသုတ


ညတိုင်းခြေဆေးအိပ်ခြင်း၏ ကောင်းကျိုးများ ယနေ့ မှစ၍ ညအိပ်ရာ ဝင်တိုင်း ခြေထောက်ဆေးအိပ်ဖို့ မမေ့ရန်သတိပေး ပါ့မယ်…ဘာ့ကြောင့်လဲ….. ညအိပ်ရာ ဝင်ချိန်ခြေထောက် ရေဆေးခြင်း ၁။ တစ်နေကုန်အောင်းနေသောအပူများ အောက်သို့လှည့်ပြီးခြေဖဝါးမှထွက်သွားနိုင်သည် ၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည် ၃။ ရင်ညွှန့်သို့တက်သောလေဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည် ၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီးအိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည် ၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည် ၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်းမျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည် ၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည် ၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည် ၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ် ပြောင်ခြင်းမှ သက်သာစေသည် […]

အေထြအေထြဗဟုသုတ

ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ

ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ လူတော်တော်များများ အများဆုံးဖြစ်လေ့ ရှိတဲ့ဝေဒနာ ကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်း ပါပဲ။ ခါးနာကြ တယ်။ ကျောနာကြတယ် စတဲ့ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့် သက်သာ မရှိပဲ ပင်ပန်း ပါတယ်။ ဒီလိုဝေဒနာတွေ ခံစား လာရပြီ ဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ်ကြည့် သင့်ပါတယ်။ ဘယ်လို နည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေ လဲဆိုရင်… ကျောရိုးကိုအနားပေးခြင်း အိမ်မှာရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့်သင့် ပါတယ်။ ပထမဆုံး ကြမ်းပြင်မှာ ထိုင်လိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ချောင်းကိုဖြောင့်တန်းစွာ ထားလိုက်ပါ။ ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက် ခြားထားပါ ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင် လိပ်ပြီး […]

ဗဟုသုတ

မီးနေသည် မှိုနဲ့မျှစ်မစားရဘူး ရှေးလူကြီးတွေထည့်ခဲ့တဲ့ဂျင်း

ဒေါက်လင်း မေမေတို့ မီးနေသည် မှိုနဲ့မျှစ် မစားရဘူး၊ လင်ပစ်တတ်တယ်၊ မီးယပ်ကျိုးတယ်၊ မှိုသုံးနှစ်၊ မျှစ်သုံးလ ရှောင်ရတယ်။ အဲ့ဒါ တွေ ကြားဖူးကြလားဗျ? ဒါ ရှေးလူကြီးတွေ ထည့်ခဲ့တဲ့ဂျင်း ပဲ။ အရင်တုန်းက မှိုတို့၊ မျှစ်တို့စားချင်ရင် ဈေးကဝယ်မရလို့ ကိုယ်တိုင် သွားခူး၊ သွားချိုးရတာ. မှို၊ မျှစ်တို့က တောင်ပို့တွေ မှာ ပေါက်တတ်သလို……အဆိပ်ရှိတဲ့မြွေတွေလဲ လာတတ်တယ်။ အဲ့အတွက် သွားခူးရမှာ ယောကျာ်းဖြစ်နေတော့ မတော်အပေါက်ခံရရင်၊ သေသွားရင်…ပစ်သွားသလို ဖြစ်မှာ။ အဲ့ဒါ ကြောင့် လင်ပစ်မယ် လို့ ပြောတာ။ ယောကျာ်းသေမှတော့ အဲ့မိန်းမရဲ့ မီးယပ်ကျိုး (မိန်းမဘဝ) ပျက်ပြီလေ။ ဘာလို့ မှို ၃နှစ်၊ မျှစ် ၃လ လို့ ပြောသလဲ သိလား? ကလေး […]

ၾကားသိရသမွ်

ဇွန် ၉ ရက်မှ ၁၂ ရက်အတွင်း တစ်နိုင်ငံလုံး မိုးရွာသွန်းပေးမယ့် မုန်တိုင်း

ဇွန် ၉ ရက်မှ ၁၂ ရက်အတွင်း တစ်နိုင်ငံလုံး မိုးရွာသွန်းပေးမယ့်မုန်တိုင်း ၂၀၂၁ ဇွန်လ ၉ရက်နေ့မှ ၁၂ရက်နေ့အတွင်း ဘင်္ဂလားပင် လယ်အော် မြောက်ပိုင်းတွင် Depression အဆင့် မုန်တိုင်ငယ်တစ်ခု ဖြစ်ေ ပ်ါနိုင်ပြီး မုတ်သုန်လေအား အလွန်ကောင်းလာကာ တနင်္သါရီတိုင်း မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ ကရင် ပြည်နယ်နှင့် ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တို့တွင် မိုးများစွာရွာ သွန်းနိုင်ပြီး ကျန်တစ်နိုင်ငံလုံးမှာလည်း မိုးရွာသွန်းဖွယ် ရှိပါတယ်။ ပင်လယ်ပြင် ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက်(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊အ ရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အား နည်းနေပြီး၊ ကျန်ဘင်္ဂလားင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ […]

ပြည်တွင်းသတင်း

ဥက္ကဋ္ဌ ခန့်စည်သူကိုကြိုဆိုသည့်အနေဖြင့် ယနေ့ထပ်မံနှုတ်ထွက်ခဲ့ကြသည့်အနုပညာရှင်များ

ဥက္ကဋ္ဌ ခန့်စည်သူကိုကြိုဆိုသည့်အနေဖြင့် အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်များ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌအဖြစ် သရုပ်ဆောင်ခန့်စည်သူက တာဝန်ယူဆောက်ရွက်မယ့်အကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဒီကနေ့ ဇွန်လ (၄)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်   သရုပ်ဆောင်ခန့်စည်သူကို မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာတော့ အနုပညာရှင်အချို့ဟာ အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတာ တွေ့ရပါတယ် ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နှုတ်ထွက်ပြီးနောက် ဥက္ကဋ္ဌ နေရာမှာလစ်လပ်နေခဲ့တာဖြစ်ပြီး အဆိုပါ ဥက္ကဋ္ဌနေရာမှာ ခန့်စည်သူက တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်   ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး သရုပ်ဆောင်ခန့်စည်သူကို အခုလိုခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ် အဆိုပါသတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ အနုပညာရှင်အချို့ဟာ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်ကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ ထုတ်ဖော်ပြောကြားလာပါတယ် သရုပ်ဆောင်တွေအပြင် ဒါရိုက်တာတွေနဲ့ အခြားသော အနုပညာရှင်တွေက အသီးသီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်..။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်မှ […]

ဗဟုသုတ

ချမ်းသာချင်ရင် ငွေမစုပါနှဲ့(ချမ်းသာချင်သူတိုင်းဖတ်ဖြစ်အောင်ဖတ်ပါ)

ချမ်းသာချင်ရင် ငွေမစုပါနှဲ့(ချမ်းသာချင်သူတိုင်းဖတ်ဖြစ်အောင်ဖတ်ပါ) ပိုက်ဆံစုရင်ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ် ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့အသေအလဲစုဘဏ်မှာပဲစုစု လက်ထဲမှာပဲစုစုအချိန်တန် အဲ့စုထားတဲ့ငွေတန်ဖိုးက လျော့ကျလာမှာပါ ကုန်စျေးနှုန်းတွေကလဲမြင့်တက်လာနေအုံးမှာပဲမိတ်ဆွေ ငယ်ငယ်က ငွေ ၁သောင်းဟာ သိပ်တန်ဖိုးကြီးပါတယ် ခုချိန်မှာတော့ ငွေ ၁သောင်းဟာ ဘာမှမပြောပလောက်တဲ့အနေအထားဖြစ်နေပါပြီကျနော်တို့ငယ်ငယ်တုံးက ဇီးထုပ်တထုပ်မှ ၁ကျပ် ငွေ၁၀ရှိရင် ဗိုက်ကားအောင်စားလို့ရတဲ့အထိ အဖိုးတန်ခဲ့တဲ့ ၁၀တန်ဟာလဲ ခုဆို ဘယ်သူမှမယူတော့တဲ့ပိုက်ဆံဖြစ်နေပါပြီသီလရှင်ကိုတောင်လောင်းလို့မရတော့ပါဘူးတန်ဖိုးတွေလဲလျော့ကျသွားပါပြီမိတ်ဆွေတို့ ကလေးနောင်ရေး အတွက် ဘဏ်မှာ တလ၃သောင်းစီဖြစ်ဖြစ် ပုံမှန်စုထားတဲ့ငွေဟာလည်း တချိန်ငွေကြေးဖောင်းပွလာမှု ကုန်စျေးနှုန်းမြင့်တက်လာမှုတွေရဲ့ မိုးကြိုးပစ်မှုကို ဘဏ်မှာစုတာအတိုးရတယ်ကွဆိုတဲ့ ထန်းလက်သေးသေးလေးနဲ့ ကာနိုင်မယ်ထင်ပါသလား? အမှန်တကယ်က ချမ်းသာချင်ရင် ပိုက်ဆံကိုသုံးရမှာပါ ငွေကိုအသေမထားပဲ ငွေနဲ့ငွေ မိတ်ဆွေဖွဲ့ခိုင်းရပါလိမ့်မယ် ဒါမှသာ တိုးပွားမှုရှိလာနိုင်မှာပါ ပိုက်ဆံသုံးတဲ့နေရာမှာ ဦးနှောက်လေးပါ တွဲသုံးရင် ပိုမြန်ဆန်ပါလိမ့်မယ်ဥပမာတစ်ခုအနေနဲ့ ပြောရရင် အဝတ်အစားတွေဝယ်ဖို့ […]

အေထြအေထြဗဟုသုတ

“ အသက်ရှည်ချင်လျှင် အိမ် ထောင် ပြုပါ ”

“ အသက်ရှည်ချင်လျှင် အိမ် ထောင် ပြုပါ ” အသက်ရှည်ချင်လျှင် အိမ် ထောင် ပြုပါ သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည်။အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည် Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည် ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့ […]

ဗေဒင်

“ လက်ကြားယိုသူတွေအတွက် လက္ခဏာ ဗေဒင်အဟော ”

လက်ကြားယိုသူတွေအတွက် လက္ခဏာ ဗေဒင်အဟော ” လက္ခဏာပညာ ကျမ်းစာအုပ်တွေ ဖတ်ဖူးသူ၊ ကြားဖူးနားဝ ရှိသူဆိုရင် လက်ကြားယိုတယ်ဆိုတာ သိကြမှာပါ။ လက်ဖဝါးကို စေ့လိုက်လို့မှလက်ချောင်းလေးတွေ ပူးကပ်မနေဘဲ လက်ချောင်းတွေကြားမှာ လက်ကြားယိုတာ၊ တနည်း ပြောရရင် လက်ချောင်းတွေကြားမှာ ကွာဟနေသူတွေကို“ငွေမမြဲသူ၊ အသုံးအဖြုန်းကြမ်းသူတွေ” အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။ အခုပဲ ခင်ဗျားတို့ လက်ဖဝါးကို သက်တောင့်သက်သာလေး ဖြေလျှော့ပြီးတော့ လက်ချောင်းလေးတွေကို စုစည်းကြည့်ပါ။ လက်ချောင်းတွေကြားမှာလက်ကြားယိုနေတာတွေ ရှိသလား၊ လက်ကြားမယိုဘဲ လက်ကြားလေးတွေ စေ့နေသလား ဆိုတဲ့အပေါ် မူတည်ပြီး အောက်ပါ ဟောချက်တွေကို ဖတ်ကြည့်နိုင်ပါပြီ။ တကယ်လို့ ခင်ဗျားလက်ဖဝါးကြားမှာ ဘယ်လို ယိုပေါက်မှ မရှိဘဲ လက်ချောင်းတွေအချင်းချင်း ပူးကပ်နေမယ် ဆိုရင် ခင်ဗျားဟာ စေ့စပ် သေချာသူ၊လက်တွေ့သမား၊ ခေါင်းမာသူ၊ အလိုက်သင့် မနေတတ်သူ၊ […]