အခ်စ္ေရး

ချစ်သူကောင်လေးကို အရမ်းချစ်တဲ့ မိန်းကလေးတွေရဲ့ ပေါက်ပေါက်ရှာရှာ အတွေးများ…

ချစ်သူကောင်လေးကို အရမ်းချစ်တဲ့ မိန်းကလေးတွေရဲ့ ပေါက်ပေါက်ရှာရှာ အတွေးများ… မိန်းကလေးတွေဟာ နဂိုကတည်းက အရမ်းကို အသေးစိတ်ပြီး တွေးခေါ်ပုံ၊ စဉ်းစားပုံကအစ အသေးစိတ်ကျပါတယ်။ ဒီလိုမိန်းကလေးတွေက အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ကိုရထားတဲ့အခါမှာတော့ ဘယ်သူမှတောင် စဉ်းစာမိမှာ မဟုတ်တဲ့ ပေါက်ပေါက်ရှာရှာ အတွေးတွေကို တွေးလာတတ်ကြပါတယ် …။ ဒီလိုအတွေးတွေကပဲ သူတို့ကို ပျော်စေသလို တစ်ခါတလေ ဒီလိုအတွေးတွေကပဲ သူတို့ကို စိတ်ညစ်စေပြန်ပါတယ်။ တကယ်လို့ သင့်ကောင်မလေးဟာ ခုဖော်ပြမယ့် အချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင့်ကို အရမ်းချစ်လို့ပါပဲနော် …။ (၁) ဖုန်းမကိုင်တဲ့အခါ… ချစ်သူဖုန်းမကိုင်တဲ့အခါ မိန်းကလေးတွေအတွက်တော့ ကမ္ဘာပျက်သလိုပါပဲ။ အကြိမ်ကြိမ်ဆက်ပေမယ့် လုံးဝမကိုင်တာ၊ ဒါမှမဟုတ် စက်ပိတ်ထားတဲ့အခါ၊ ဆက်သွယ်မှုဧရိယာပြင်ပရောက်တဲ့အခါတွေမှာ မိန်းကလေးတွေက ပေါက်ပေါက်ရှာရှာအတွေးတွေကို စတွေးပါတော့တယ်။ ချစ်သူကို လူဆိုးတွေကများဖမ်းသွားသလား၊ ဒါမှမဟုတ် သေများသေသွားတာလားလို့တွေးပြီး အရူးမီးဝိုင်းဖြစ်နေတတ်ပါတယ်။ […]

ၾကားသိရသမွ်

လတ်တလောလူ ကြိုက်များနေတဲ့ ဘိုးဘိုးဘွားဘွားများအကတိုက်နေတဲ့ ရုပ်သံဖိုင်လေး

လတ်တလောလူ ကြိုက်များနေတဲ့ ဘိုးဘိုးဘွားဘွားများအကတိုက်နေတဲ့ ရုပ်သံဖိုင်လေး Vedioအောက်ဆုံးတွင်ပါဝင်သည်။ ပရိတ်သတ်ကြီးရေ ဒီတစ်ခါ တင်ဆက်ပေးမယ့် သတင်း လေးကတော့ စိတ်နှလုံးအေးမြစေတဲ့ သတင်းလေးပဲဖြစ်ပါတယ်။ ဒါကတော့ မွန်ပြည်နယ် မုဒုံမြို့မှာ ရှိတဲ့ မေတ္တာစံအိမ် ဘိုးဘွားနေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာက ဗီဒီယိုဖိုင်လေးပါပဲ။ အဆိုပါ ဗီဒီယိုလေးနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ လူမှုကွန်ယက်မှာတော်တော်လေးကို ပျံ့နှံ့လျက်ရှိပါတယ်။ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲမှာ ဖျော်ဖြေဖို့ အကတိုက်နေတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုလေးနဲ့ပတ်သတ်ပြီး လူတချို့ကတော့ ဖိုးဖိုးဖွားဖွားတို့ကို အခုလို မကစေဘဲ တရားကျင့်ကြံစေတယ်လို့ မှတ်ချက်ပြောသလို၊ လူပေါင်း ၂၀၀၀ နီးပါးကတော့ အဘိုးအဘွားတို့အတွက် ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ မှတ်ချက်ပြုကြပါတယ်။ အဆိုပါ ဗီဒီယိုကိုတော့ ကြည့်ရှုသူ သိန်း ၂၀ နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ဒီဗီဒီယိုမှာတော့ ဘွားဘွားတို့က မမ […]

ကြားသိရသမျှ

ထမင်းနဲ့ ငရုတ်သီးကို စားပြီး မောင်လေးအတွက် ဆေးဖိုးရှာခဲ့သူလေးရဲ့ ဖြစ်ရပ်

ထမင်းနဲ့ ငရုတ်သီးကို ၅ နှစ်လုံးလုံးစားပြီးတော့ မောင်လေးအတွက် ဆေးဖိုးရှာခဲ့သူလေး ကွယ်လွန်သွားရှာပြီ အမကြီး အမိရာဆိုတဲ့ စကားပုံဟာ ဒီဖြစ်ရပ်လေးမှာ မှန်နေခဲ့တာကို သက်သေပြခဲ့တာပါ။ ပြီးခဲ့တဲ့ (၅နှစ်မှာ တစ်နေ့ကို (၂)ယွမ်(မန်မာငွေ ၄၃၂ ကျပ်)ပဲ သုံးပြီးတော့ ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့ပြီး အာဟာရပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့သော တရုတ်ကျောင်းသူ ကွယ်လွန်သွားပြီလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြခဲ့တာပါ။ အသက်(၂၄နှစ်အရွယ်ရှိပေမဲ့လည်း ခန္ဓာကိုယ်အလေးချိန် (၄၃) ပေါင်ကျော်ပဲရှိသော ဝူဟွာယန်(Wu Huayan)ရဲ့ဓာတ်ပုံတွေဟာ ထွက်ပေါ်လာချိန်မှာ တရုတ်တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့တာပါ။သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက အသက်ရှူကျပ်တဲ့ဝေဒနာကြောင့်ဘဲ ဆေးရုံရောက်လာခဲ့တာပါနော်။ ဝူဟွာယန် ကျန်းမာလာဖို့ ကူညီနိုင်ဖို့ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ မောင်ဖြစ်သူက ပြောခဲ့တာပါ။တတိယနှစ် တက္ကသိုလ်ကျောင်းသူလေး ဝူဟွာယန်(Wu […]

ၾကားသိရသမွ်

သမိုင်းအစဉ်အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ မြေးမလေး..ဘမျိုးဘိုးတူ အိန္ဒြာကျော်ဇင်

သမိုင်းအစဉ်အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ မြေးမလေး..ဘမျိုးဘိုးတူ အိန္ဒြာကျော်ဇင် ၂၀၀၁ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ Pan-Asia Film Festival မှာ ထိုင်းရုပ်ရှင် ဒါ ရို က် တာ ရို က်တဲ့ ထိုင်း သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကားတစ်ကားပြပါတယ်။ ၁၈ ရာစုမှာ ဗမာဘုရင်တွေ ယိုးဒယားကို စစ်ချီတဲ့ ပြကွက်တွေ ပိုပိုသာသာ ရို က်ပြထားတဲ့ ဇာတ်ကားပါ။.. ဇာတ်ကားပြနေတုန်း မပြီးခင် သိပ်လှတဲ့ မင်းသမီးတစ်ယောက်က ရုပ်ရှင်ပြခန်းထဲက ထ ထွက်သွားပါတယ်။အဲဒီ ထိုင်း ဒါရို က်တာဟာ ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့ပြီး ထိုင်းနိုင်ငံပြန်ရောက်တဲ့အခါ ထိုင်းမီဒီယာတွေမှာ ပြင်သစ်ရုပ်ရှင်ပွဲတော် အကြောင်း ဖြေကြားတဲ့အခါ သူ့ရုပ်ရှင် မပြီးခင် ထ […]

ဗဟုသုတ

မိန်းကလေးတိုင်းသိထားသင့်တဲ့ ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား(၁၀)ခွန်း

၁။ အိမ်တွင်းမီး အပြင်မထုတ်နဲ့။ (အိမ်တွင်းရေးပြဿနာတွေကို အပြင်မှာဖောက်သည် မချနဲ့) ၂။အိမ်ပြင်မီး အတွင်းမသွင်းနဲ့။ (အပြင်က ပြဿနာတွေကို အိမ်တွင်းထဲ သယ်မလာနဲ့) ၃။ပြန်ပေးမယ့်သူကိုသာ ပေးပါ။ (ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့ရမယ့်သူကိုသာ ချေးငှားပါ) ၄။ပြန်မပေးမယ့်သူကို မပေးနဲ့။ (ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့မရမယ့်သူကို မချေးငှားနဲ့) ၅။ပေးသင့်သူကိုလည်း ပေးပါ။ (ဆွေမျိုးအသိုင်းအဝိုင်းမှာ ဘဝပေးအရမပြည့်စုံတဲ့သူတွေကို ဘာမှမမျှော်လင့်ဘဲ ထောက်ပံ့လိုက်ပါ) ၆။ကောင်းကောင်း ထိုင်ပါ။ (မိဘ၊ယောက္ခမ၊ခင်ပွန်းရဲ့ အထက်အရပ်၊ လေညာအရပ်စသော အပြစ်မလွတ်သောနေရာတွင် မထိုင်ဘဲ အပြစ်ကင်းသောနေရာမှာ ထိုင်ပါ) ၇။ ကောင်းကောင်း စားပါ။ (မိဘ၊ယောက္ခမ၊ခင်ပွန်းကို ရှေးဦးစွာကျွေးပြီးနောက်မှ စားပါ) ၈။ကောင်းကောင်း အိပ်ပါ။ (မိဘ၊ယောက္ခမ၊ခင်ပွန်းတို့ကို သင့်တင့်သောဝေယျာဝစ္စ ပြုလုပ်ပေးပြီးမှ အိပ်ပါ) ၉။မီးကို ရိုသေစွာလုပ်ကျွေးပါ။ (ယောက္ခမတွေကို မိဘကဲ့သို့ ကောင်းစွာစောင့်ရှောက် ရိုသေပါ) ၁၀။အိမ်ဦးနတ်ကို ရှိခိုးပူဇော်ပါ။ […]

ၾကားသိရသမွ်


အသက်ကြီးသည့်တိုင် သစ္စာမပျက် မောင်တထမ်းမယ်တရွက် ပဲပြုတ်တူတူ‌ရောင်းတဲ့ အဖိုးနဲ့အဖွား အသက်ကြီးပေမယ့် တစ်ဦးအပေါ်တစ်ဦးသစ္စာမပျက်ဘဲ မောင်တထမ်းမယ်တရွက် လုပ်ကိုင်စားသောက်နေတဲ့ အဖိုးနဲ့ အဖွားအကြောင်းလေးပါ..သစ္စာရှိရှိချစ်တဲ့ အဖိုးအဖွား ကျန်းမာပါစေ..’ “ချမ်းသာမှု မရှိကြပေမယ့် အိမ်ထောင်ဖက်တစ်ဦးထက် ပိုတဲ့ ဘဝအဖော်မွန်ကောင်း တစ်ဦးရဲ့ ဖေးကူမမှုတွေနဲ့ အပေးအယူမျှပြီး စိတ်ချမ်းသာနေတဲ့ဒီ အဖိုးနဲ့ အဖွားရဲ့ အိမ်လေးဟာဖြင့်သေးငယ်ပြီး မထည်ဝါသည့်တိုင်မေတ္တာတွေ လွှမ်းခြုံတဲ့ အိမ်… နှလုံးသားတွေ နွေးထွေးလုံခြုံစေတဲ့ အိမ်ဖြစ်နေမှာ ဧကန်မလွဲ ပါပဲ… မနက်ဆို မိန်းမ ပဲပြုတ်သည် အသံတွေကြားမှာ ပဲပြုတ် နံပြား…ဆိုတဲ့ အဘ အသံကြားပြီဆို ပြေး ပြေးဝယ်ရတာ အမော… အရင်ကတော့ အဖွားက အော်ပေးတာပါ …အခုနောက်ပိုင်း အဘ ကိုယ်တိုင် အော်နေပြီလေ …သူတို့လင်မယားကိုသဘောကျတယ် … မလှိုင်နားရွာတစ်ရွာက ဇာတိတဲ့ […]

ၾကားသိရသမွ်

ကလေးက Super Glue ဖွင့်မိပြီး ပါးစပ်ထဲထည့်မိသွားတယ်ဆိုတာမျိုးကြုံခဲ့မိရင်

အစ်မရေ … အထူးအဆန်း Case တခု ရောက်လာပြန်ပြီ။ ဟေ … ဘာများလဲ။ ကလေးက တနှှစ်ကျော်။ လမ်းလျှောက်ခါစ။ အမေက ထိန်းနေရာက ခဏထပြီး ရေသောက်တာ။ အဲဒီအချိန် ဘေးနားက ဘီဒိုအံဆွဲထဲက Super glue ကို ဖွင့်ပြီး ပါးစပ်ထဲထည့်လို့။ ချက်ချင်းဆွဲလိုက်ပေမယ့် မမီလိုက်ဘူးတဲ့ ။ ခု ကြည့်လိုက်တော့ … အာခေါင်မှာရယ် လျှာပေါ်ရယ် ခြောက်ပြီးကပ်နေတယ်။ အင်း … ဖြစ်ရမယ်။ ကဲ ကဲ … ခုချက်ချင်း စာရှာဖတ်ကြဦး။ ဘယ်လို Toxicity (အဆိပ်သင့်ခြင်း) ရနိုင်သလဲ။ ဘယ်လို ကုသမှုပေးရမလဲ ဆိုတာ။ Super Glue မှာ Cyanoacrylates ဆိုတဲ့ ဓာတုပစ္စည်း အဓိက […]

Life Style

သင့်မှာဒီလိုအချက်တွေရှိနေရင် ချစ်သူမရှာပဲတစ်ယောက်တည်းနေတာပိုကောင်းတယ်

တစ်ယောက်တည်းနေရမယ့်သူဆိုတာ နဖူးမှာ စာရေးထားတာမျိုးမဟုတ်ပေမယ့် တချို့တွေအတွက်တော့ သိသာတဲ့အချက်တွေရှိပါတယ်။ လူတချို့က တစ်ယောက်တည်းနေရဖို့ မွေးဖွားလာကြသလိုပဲ။ သူတို့အတွက်တော့ RS တွေ၊ သူငယ်ချင်းတွေဆိုတာ သိပ်ပြီး အရေးမကြီးသလို ဘဝအတွက် လိုအပ်တယ်လို့ မထင်တတ်ကြဘူး။ အဲ…တချို့တွေကျတော့လည်း သူတို့ရဲ့ စရိုက်တွေ၊ အကျင့်တွေနဲ့ စိတ်ခံစားမှုတွေကိုက တစ်ယောက်တည်းနေရတာ ပိုပြီး သင့်တော်တဲ့ပုံမျိုး။ အဲဒီလို လူမျိုးက ချစ်သူရှာမိပြီဆိုရင် အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ ပြတ်ပြီး နောက်ဆုံးကျ တစ်ယောက်တည်းပဲ ပြန်ဖြစ်ရတော့တာပဲ။ ကဲ….ချစ်သူမရှာပဲ တစ်ယောက်တည်းနေတာ ပိုကောင်းတယ်ဆိုတဲ့သူတွေမှာ ဘယ်လိုအကျင့်မျိုးတွေ ရှိကြလဲ။ ဖတ်ကြည့်လိုက်ကြရအောင်…။ (၁)။ အတ္တကြီးတဲ့သူမျိုး ကိုယ်တိုင်က တစ်ခုခုဆို ကိုယ်ပဲ ပိုင်ဆိုင်ချင်တယ်၊ သူများကို ခွဲဝေပေးရတာ သဘောမကျဘူး၊ နေရာတကာ ကိုယ့်စိတ်တိုင်းကျပဲ လုပ်ချင်တာ၊ လုံးဝကို အတ္တကြီးတဲ့ ပုံစံမျိုးဆိုရင် […]

အခ်စ္ေရး

နေတတ်အောင်ထားခဲ့ပြီးမှ တစိမ်းဆန်တယ်လို့မပြောပါနဲ့

တစ်ယောက်ထဲပျော်တတ်အောင်နေစေခဲ့ပြီးမှ ကိုယ်မရှိလည်းပျော်နေတာပဲလို့ မခနဲ့ပါနဲ့။ ဒီလိုနေတတ်သွားဖို့ ခုလိုပျော်တတ်လာဖို့ အလွမ်းတွေ၊မျက်ရည်တွေ အိပ်စက်ခြင်းကင်းတဲ့ညတွေ တစ်ယောက်ထဲပဲကျော်ဖြတ်လာတာပါ။ မချစ်တော့တာမဟုတ်ဘူး မချစ်ရဲတော့တာပါ။ ရင်ထဲမှာမရှိတော့မဟုတ်ဘူး နှလုံးသားထဲ မထည့်ရဲတော့တာပါ။ အတူမရှိချင်တော့တာမဟုတ်ဘူး မနီးချင်တော့တာပါ။ မခေါ်ချင်တော့တာမဟုတ်ဘူး မပျော်ချင်တော့တာပါ။ အကြောင်းပြချက်မရှိခဲ့တဲ့ချစ်ခြင်းတွေနဲ့ ကိုယ်ကမင်းအနားမှာအကြိမ်များစွာ ပြိုလဲခဲ့ဘူးတယ်။ ဘောင်မဝင်တဲ့မင်းရဲ့သတ်မှတ်ချက်တွေနဲ့ ကိုယ်ကခဏခဏ ပျောက်ကွယ်ရဖူးတယ်။ ခုတော့ကိုယ်ကနေသားကျနေပြီ။ ကိုယ်ပျော်နေနိုင်ပြီ။ ပျောက်သွားခဲ့တဲ့ ကိုယ်ကိုကိုယ်လည်း ပြန်ရှာတွေခဲ့ပြီ။ ကိုယ်တကယ်ကိုပဲ နေတတ်သွားပါပြီ။ မီမို Credit Unicode နေတတ်အောင်ထားခဲ့ပြီးမှ တစိမ်းဆန်တယ်လို့မပြောပါနဲ့ တစ်ယောက်ထဲပျော်တတ်အောင်နေစေခဲ့ပြီးမှ ကိုယ်မရှိလည်းပျော်နေတာပဲလို့ မခနဲ့ပါနဲ့။ ဒီလိုနေတတ်သွားဖို့ ခုလိုပျော်တတ်လာဖို့ အလွမ်းတွေ၊မျက်ရည်တွေ အိပ်စက်ခြင်းကင်းတဲ့ညတွေ တစ်ယောက်ထဲပဲကျော်ဖြတ်လာတာပါ။ မချစ်တော့တာမဟုတ်ဘူး မချစ်ရဲတော့တာပါ။ ရင်ထဲမှာမရှိတော့မဟုတ်ဘူး နှလုံးသားထဲ မထည့်ရဲတော့တာပါ။ အတူမရှိချင်တော့တာမဟုတ်ဘူး မနီးချင်တော့တာပါ။ မခေါ်ချင်တော့တာမဟုတ်ဘူး မပျော်ချင်တော့တာပါ။ အကြောင်းပြချက်မရှိခဲ့တဲ့ချစ်ခြင်းတွေနဲ့ ကိုယ်ကမင်းအနားမှာအကြိမ်များစွာ ပြိုလဲခဲ့ဘူးတယ်။ […]

က်မၼာေရး ဗဟုသုတ

ဓမ္မတာ လာချိန်မှာ ဘယ်လိုအစားအစာတွေကိုရှောင်ပြီး၊ ဘာတွေကိုတော့ စားပေးနိုင်သလဲ

အမျိုးသမီးများရဲ့ အာဟာရလိုအပ်ချက်တွေဟာ ရာသီလာချိန်တစ်လျှောက်လုံး ပြောင်းလဲနေပြီးတော့ ဒါဟာ ဟော်မုန်းအတက်အကျဖြစ်ခြင်း အကြောင်းအရင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် သွေးဆင်းချိန်မှာ ပဓာနကျတဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်တွေကိုလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ အခုလိုဆုံးရှုံးမှုကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်များက အမျိုးသမီးများရဲ့ ရာသီချိန်မှာ အာဟာရမျှတစွာ စားသုံးပေးဖို့ကို အမြဲတိုက်တွန်းနေရတာဖြစ်ပါတယ်။ ရာသီလာချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ဗိုက်အောင့်ခြင်း၊ ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို တိုက်ထုတ်ဖို့အတွက် တစ်ချို့သောအစားအစာများက သင့်ကို ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် အမျိုးသမီးတွေအတွက် အင်မတန်အရေးကြီးတဲ့ ရာသီချိန်မှာ ဘယ်လိုအစားအစာတွေကို စားသင့်ပြီး၊ ဘယ်လိုအစားအသောက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာကို အခုပဲပြောပြပေးချင်ပါတယ်။ ရာသီချိန်မှာ စားပေးသင့်တဲ့ အစားအစာများ ပန်းဂေါ်ဖီစိမ်း ဓမ္မတာချိန်မှာ ဆုံးရှုံးမှုအများဆုံးသတ္တုဓာတ်ကတော့ သံဓာတ်ဖြစ်တာကြောင့် ကုန်ဆုံးသွားတဲ့ပမာဏကို ပြန်လည်ဖြည့်တင်းဖို့အတွက် ပန်းဂေါ်ဖီစိမ်းက ကူညီပေးပါလိမ့်မယ်။ သံဓာတ်အပြင်၊ မဂ္ဂနီဆီယမ်နဲ့ […]