ဆုတောင်းတိုင်းပြည့်ဖို့ အရေးကြီးဆုံး အင်္ဂါ (၅)ချက် ဆုတောင်း တိုင်း ပြည့်စုံနိုင်ကြပါစေ…။ ဆုတောင်းတွေက…ဆုတောင်းတိုင်း မပြည့်ပါဘူး။မြတ်စွာဘုရား ဟောကြားထားတဲ့ အင်္ဂ ါ(၅)ချက်နဲ့ပြည့်စုံမှသာ ဆုတောင်းပြည့်တာပါ။ တကယ်လို့ ဘဝမှာ လိုအပ််ချက် တစ်ခုခုရှိလို့ ဆုတောင်းတော့မယ်ဆိုရင်အင်္ဂ ါ(၅) ချက်ကို ပြည့်စုံအောင် လုပ်ရပါမယ်။ မြတ်စွာဘုရားရှင်က…သဒ္ဓါ သီလ သုတ စာဂ ပညာထိုအင်္ဂ ါ (၅)ချက်နဲ့ ပြည့်စုံရင် နောက်ဘဝအတွက်လိုချင်တာ ဆုတောင်းရင်ပြည့်စုံပါတယ်လို့ ဟောကြားခဲ့ပါတယ်။ အင်္ဂ ါ (၅)ချက်ကတော့ ၁။ သဒ္ဓါဆိုတာက=ရတနာသုံးပါးရယ် ကံရယ် ကံရဲ့အကျိုးရယ်ကို ယုံကြည်တာပါ။ ၂။ သီလဆိုတာက=အောက်ထစ်ဆုံး ငါးပါး သီလဆို အဆင်ပြေပါတယ်။ ၃။ သုတဆိုတာက=အကြားအမြင် ဗဟုသုတပါ။စာတွေ ဖတ်လို့ပဲ ဖြစ်ဖြစ် တရားတွေ နာလို့ပဲ ဖြစ်ဖြစ်အချင်းချင်း ပြောပြလို့ပဲ […]
Author: Achawlaymyar
ဂုဏ်ယူစရာလေးစားစရာကောင်းတဲ့ အမျိုးသမီး ပြန်လာရင် ပိုချစ်ကြရမယ်
နိုင်ငံကျော် အကယ်ဒမီ အနုပညာရှင် နှစ်ဦးဖြစ်တဲ့ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ၂ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆို ခံခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ကို မနေ့ညနေ ဗဟန်းမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးလိုက်ကြောင်း MRTV မီဒီယာမှ ထုတ်လွှင့်ကြေညာသွားပါတယ် ဒီအမျိုးသမီးဟာ ဘဝမှာ ဘာမှမလိုချင်တော့အောင်ပြည့်စုံနေတဲ့ အမျိုးသ မီးတစ်ယောက်ပေါ့ ။ မျိုးရိုးဂုဏ်သိမ် ပြည့်စုံကြွယ်ဝတဲ့အမျိုးသမီးရုပ်ဆင်းအင်္ဂါမှာ ကုံလုံလှပတဲ့အမျိုးသမီး အနုပညာ ၊ အတတ်ပညာမှာ အရည်အချင်းရှိတဲ့အမျိုးသမီး အရည်အချင်းရှိတဲ့အမျိုးသားကို ပေါင်းဖက်နိုင်တဲ့အမျိုးသမီး ချမ်းသာကြွယ်ဝမှုမှာ လူတန်းစေ့နေနိုင်ပြီဖြစ်တဲ့အမျိုးသမီး ပေါင်းသင်းဆက်ဆံရေးမှာ ကောင်းဂုဏ်သတင်းကျော်ဇောတဲ့အမျိုးသမီးအလွှာအသီးသီးက ချစ်ခင်အားကျခံရတဲ့အမျိုးသမီး ဒီလိုအစစ အရာရာပြည့်စုံနေတဲ့အမျိုးသမီးကပြည်သူပေးတဲ့အားနဲ့ ပြည်သူကျွေးတဲ့ထမင်းစားပြီး ရပ်တည်မှုရလာတဲ့သူမဟာ ပြည်သူအတွက် ရှေ့ထွက်လာခဲ့တယ် ။ သွေးဆိုတာ […]
ဘဝဆက်တိုင်း ကင်းမြီးကောက်နဲ့ တူတဲ့ သားသမီးတွေ မဖြစ်ကြပါစေနဲ့,,,
Zaw Gyi အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် ကင်းမြီးကောက်ပမာ သားသမီးတွေ မဖြစ်ပါစေနဲ့ ကင်းမြီးကောက် မိခင်တွေရဲ့ သဘော သဘာဝ က ကလေးပေါက်ဖွားပြီးတဲ့နောက်မှာ မိမိ ကလေးတွေကို မိမိ ခန္ဓာကိုယ်မှာ တက်ခိုင်းထားတာပါပဲ…. ကင်းမြီးကောက် အပေါက်လေးတွေဟာ ကင်းမြီးကောက် မိခင်ကြီးရဲ့ ကိုယ်မှာ နေရင်းနဲ့ ကင်းမြီးကောက်မိခင်ရဲ့ ကိုယ်က အသားတွေကိုပါ တဖြေးဖြေး စားလိုက် ကြတယ်.. သူတို့ အမေလည်းသေရော သူတို့လေးတွေ လည်း ကြီးလာရောပေါ့.. သူတို့ကိုယ်တိုင် လည်း သွားနိုင် လာနိုင်ရုံမက ရှာဖွေ စားသောက် နိုင်နေပြီပေါ့… ဘယ်လောက်ထိ ကင်းမြီးကောက်မကြီးရဲ့ ကိုယ်က အသားတွေကို စားလည်းဆိုရင် ကင်းမြီးကောက်မကြီး သေဆုံးသွားတဲ့ အထိပေါ့.. ယနေ့ ကျွန်တော်တို့ရဲ့ […]
လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား..?
ဒီရဲ့သင်္ကေတဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ I need your help အကူအညီလိုအပ်နေပါတယ် လို့ရည်ညွှန်းပါတယ် ဘီးပေါက်တဲ့အခါမျိုး၊စက်ချို့ယွင်းတဲ့အချိန်၊ ဆီကုန်တဲ့အချိန်၊ Accident ဖြစ်တဲ့အချိန် အစရှိတဲ့ အခါမျိုးတွေမှာ အကူအညီတောင်းခံလို့ရပါတယ် တစ်လှေတည်းစီးနေတဲ့ ဆိုင်ကယ်ခရီးသွား မိတ်ဆွေအချင်းအချင်း လမ်းမပေါ်မှာ ဆိုင်ကယ်ဦးထုပ် (Helmet) လေးမြင်ပါကရပ်ပြီးတော့ အကူအညီပေးကြပါခင်ဗျာ။ တစ်နေ့မဟုတ်တစ်နေ့ ကိုယ်လည်း အကူအညီ လိုအပ်တဲ့သူဖြစ်လာနိုင်ပါတယ်။ (Ko Ngal) Unicode လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား..? ဒီရဲ့သင်္ကေတဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ I need your help […]
အွန်လိုင်းမှာပျံ့နေတဲ့ မေလ ၁၅ ရက်နေ့ အင်တာနက်လိုင်းများ အကုန်ပိတ်မည်ဆိုသည့်သတင်း
အားလုံးသိချင်နေကျတဲ့ မေလ ၁၅ရက် နေ့ အင်တာနက် Wifi fiber လိုင်း များ ပြန် ပိတ် မပိတ် ဆိုတာကိုအားလုံး စိတ်ရှင်း သွားအောင်စေတနာ အပြည့်နဲ့ တင်ပေးလိုက်ပါတယ် “မေလ ၁၅ ရက်နေ့ အင်တာနက် လိုင်းများ အကုန်ပိတ် မည်ဆိုသည့်သတင်းတတ် လာတာအားလုံး သိပြီးတွေ့ပြီးပြီလို့ ထင်ပါတယ်” အွန်လိုင်းမှာပျံ့နေတဲ့ မေလ ၁၅ ရက်နေ့အင်တာနက်လိုင်းများ အကုန်ပိတ်မည်ဆိုသည့်သတင်းမှာ အတည် မပြုနိုင်သည့် ကောလ ဟာလ သတင်းတစ်ခုသာသာ ဖြစ်ပါတယ်။အဆိုပါ သတင်းနဲ့ ပတ် သက် ပြီး အတည် ပြု နိုင် သည့် မည် သည့် စာ မှ မထွက် ထားသေးသလို၊ISP တွေ ထံမှ လည်း […]
ရန်ကုန်-မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ မပေါက်သင့်သောနေရာများ…
ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင် ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင် စမ်းကြည့်လိုက်လေ။ ကားကိုအနားပေးချင်လို့ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေမပါပါစေနှင့် ။ အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။ 259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အခန့်မသင့်လျင် နွားခလောက်သံ ခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေရှိပါတယ် ။တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။တချို့က အိမ်ကထည့်လာတဲ့ထမင်းဟင်းကို အမြန်လမ်းဘေးကသစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။ နေ့နေ့ညည ပရလောကသားတွေ ဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။ လူဟာ သူတို့ထက်မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။ မယုံရင်စမ်းကြည့်လိုက် သင်ကံနိမ့်နေပြီဆိုရင်တော့…ဟုတ်ကဲ့ အမြန်လမ်းမှာ […]
သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ်
သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ် ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။သူ့ ချစ်သူ ကောင်မလေး အပေါ်မှာသိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင်ဝင်တားရတာမျိုး အထိ။ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။သူ့ ဘက်က စိတ်တွေ အရင်ဆိုး ၊စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတယ် ။ စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ။ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကိုဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ ။ အရမ်းသည်းခံတယ် ။ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေရှာတာမျိုး။ ဒါပေမဲ့ပေါ့ ။တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်းထက်တူညီ တုန့်ပြန်မှုတွေ […]
ဆန်ဆေးရေနဲ့ ခေါင်းလျှော်ဖြစ်အောင် လျှော်ကြည့်ပါ…
ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ် ဆန်ဆေးရေ ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားတဲ့ဆန်ကို ထမင်းအဖြစ် မချက်ခင်မှာ ရေနဲ့ ဆန်ကို ဆေးရာကနေ ရတဲ့ ရေပါ။ ကျွန်တော်တို့ အတော်များများကတော့ ဆန်ဆေးရေကို သွန်ပစ်ကြလေ့ရှိပါတယ်။ သို့သော် ရှေးယခင်ကတည်းက ဆန်ဆေးရေရဲ့ အကျိုးအာနိသင်ကိုသိပြီး ဆန်ဆေးရေကို အလှအပအတွက်သုံးခဲ့တဲ့ လူတွေလည်းရှိပါ တယ်။ သုတေသနပညာရှင်များရဲ့ အဆိုအရ ဂျပန်နိုင်ငံရဲ့ H e i a n ခေတ် (794 AD – 1185) မှာ ဂျပန် အမျိုးသမီးတွေရဲ့ ဆံပင်အရှည်ဟာ ခေါင်းကနေ ခြေဖျားထိရှိပြီး ဆံသားကလည်းးကောင်းတယ်လို့ ဆိုပါတယ်။ အဲ့လိုဆံပင်ရှည်ပြီး ဆံသားကောင်းဖို့ကို ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခဲ့ကြတယ်လို့ သုတေသန ပညာရှင်များက ဆိုပါတယ်။အဲ့ခေတ်ကာလက တော်တော်ကြာခဲ့ပြီဆိုတော့ […]
နောင်တချိန်မှ နောင်တမရချင်ရင် ဖတ်ကြည့်နော် (သွေးထွက်အောင်မှန်တယ်)
ဒီစာလေးကိုဖတ်ကြည့်ပြီး အတွေးတစ်ခုခုရသွားမယ်၊ အသိတရားတစ်ခုခု ရသွားမယ်ဆို ကျေနပ်နေပါမယ်။ ၁။အိမ်သန့်ရှင်းရေး၊ ထမင်းချက်၊ အဝတ်လျှော် နှင့် လိုအပ်သော ကိစ္စမှန်သမျှလုပ်ဆောင်ရမည်။ ၂။တစ်နေ့လျှင် ၁၂ နာရီအနည်းဆုံးလုပ်ဆောင်ရမည်။ ၃။အလုပ်ချိန်ဟူ၍မရှိပါ။မနက်မှ ညအထိ လိုအပ်သလို အလုပ်ဆင်းရပါမည်။ညအိပ်ချိန်၌လည်း လိုအပ်ရင်နိူးပြီးခိုင်းပါမည်။ ၄။အနည်းဆုံး ၁၅ နှစ် ဆက်တိုက်လုပ်ဆောင်ရပါမည်။ ၅။လုပ်ခလစာ မရှိပါ။ ၆။အလုပ်လုပ်ပေးရတဲ့ အတွက် ကျွန်တော်တို့ကို ပြန်လည်ပြီးလိုအပ်သော ငွေကြေးများကိုလည်းထောက်ပံ့ပေးရပါမည်။ ဒီလို အလုပ်ခေါ်စာနဲ့အလုပ်ခန့်လျှင် မိတ်ဆွေ အနေနဲ့ပျော်ရွှင်စွာ လုပ်ငန်းခွင်ကို ဝင်နိုင်မလား? သေချာပါတယ်။ဘယ်နည်းနဲ့မှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဒီအလုပ်တွေကိုပျော်ရွှင်စွာလုပ်ဆောင်နိုင်တဲ့လူနှစ်ယောက်ရှိတယ်ဆိုတာ မိတ်ဆွေသတိထားမိပါလား။မိတ်ဆွေမွေးဖွားချိန်ကစတင်ပြီး ယခုအချိန်အထိ မိတ်ဆွေရဲ့လိုအပ်သော ကိစ္စမှန်သမျှ လုပ်ခ လစာ မရပဲလုပ်ဆောင်နေတဲ့လူနှစ်ယောက်က ဘယ်သူလဲ ဆိုတာကတော့ သင့်ရဲ့မိဘနှစ်ပါးပါ။ သူတို့အတွက် မိတ်ဆွေ ပြန်စဉ်းစားပြီးပြီလား။သူတို့ရဲ့လုပ်အား ငွေကြေး အချိန်အားလုံး […]
ဝေးသွားးပြီးမှ ပြန်လိုချင်နေလို့မရဘူး
နာကျင်လွန်းလို့ ကျွန်မ ငိုကောင်း ငိုနိုင်ပါတယ် ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းလဲ ဒေါသထွက်ကောင်းထွက်နေနိုင်တယ် အချိန်တွေ ဖြုန်းခဲ့မိလို့ နောင်တတွေ ရနေတာလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မယ် ဘာပဲ ဖြစ်ဖြစ်ပါ လမ်းခွဲမယ်လို့ ဆုံးဖြတ်ပြီးသွားရင် နောက်ပြန်လုံး၀ ငဲ့မကြည့်နဲ့ ကျွန်မ သေချင်သေသွားပါစေ လုံး၀နောက်ပြန်လှည့်မလာနဲ့ကျွန်မဆိုတာ အသနားခံ သတ္တဝါတစ်ကောင် မဟုတ်ဘူး မိန်းကလေးတစ်ယောက်မှာ မာနဆိုတာရှိတယ် သိပ်ချစ်မိတဲ့အခါ အဲ့ဒီမာနတွေက မရှိသလောက်ဖြစ်နေပေမယ့် သိပ်မုန်းမိသွားတဲ့ အဲ့ဒီမရှိတဲ့မာနတွေကပဲ မိုးထိုးတဲ့အထိ ဖြစ်သွားတတ်တယ် ဒါသဘာ၀ပါ သိပ်ချစ်လွန်းလို့ နှလုံးသားက တောင့်တနေရင်တောင် ဦးဏှောက်က ဘယ်လိုနည်းနဲ့မှ လက်သင့်ခံတော့မှာ မဟုတ်ဘူး တိုက်ဆိုင်မှုတွေရှိလာလို့ သတိရချင်တဲ့အခါ ရမယ် ဒါပေမယ့် ပြန်လိုချင်တာမျိုးမဟုတ်ဘူး ဘယ်လောက်ပဲ ချစ်ချစ်ပါ ကိုယ့်ကို မလိုချင်တော့တဲ့လူမျိုးတစ်ယောက်ကို ပြန်ပြီးလက်သင့်ခံဖို့ဆိုတာ ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့် ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့အရာလေ ဒါကြောင့် […]









