လူငယ်တွေကြား မှာ အောင်မြင် ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အ ဆိုတော် G fatt ကတော့ အမိုက်စား Rap တွေနဲ့ ပရိသတ်တွေကို ဖမ်းစားတဲ့အပြင် ခံစားချက်တွေနဲ့ သက်ဆိုင်တဲ့သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး သီဆိုလေ့ရှိတဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ နိုင်ငံကျော် အဆိုတော် G fatt ကတော့ မကြာသေးမီကမှ ရွက်လှေ ဆိုတဲ့ သီချင်းသစ်လေးထွက်ရှိထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိထားပါတသေးတယ်။ ယနေ့မှာ လူမှုကွန်ရက် မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း ပရိသတ်တွေရဲ့ အားပေးမှု တစ်ခဲနက် အားပေးမှုရရှိထားတဲ့ လူရွှင်တော် ဒိုးပတ်ကတော့ G Fatt ရဲ့ ရွက်လှေ သီချင်း ကို ဟာသသဘော နဲ့ သရုပ်ဖော်ထားတဲ့ ဗီဒီယိုလေးကို တင်ထားပြီး ကြည့်ရှူသူကတော့ (၂)သိန်းကျော်သွားပြီလည်း ဖြစ်ပါတယ်။ […]
Author: Achawlaymyar
လူမပါဘဲ ကိုယ်တိုင်ထွန်နေကြတဲ့ အံ့ဖွယ်နွားလိမ္မာတစ်ရှဉ်းရဲ့ ရုပ်သံ
ပိုင်ရှင်မပါဘဲ ကိုယ်တိုင်ထွန်နေတဲ့ နွားလိမ္မာတစ်ရှဉ်း ကြည့်စမ်းပါအုံးဗျာ ဖေ့သားကြီးတို့လိမ္မာချက်က လူတောင်လိုက်စရာမလိုဘူးနော်။ ညာဏ်ရည်တု AI နည်းပညာတွေထည့်ထားတာမဟုတ်ဘူးနော် ဒါကသက်ရှိအမှန်အကန်။ သူတို့ဘာသာထွန်နေကြတာ ဒီလိုနွားတစ်ရှဉ်းလောက် မလိုချင်ကြဘူးလား။ သူတို့ကထွန် ကိုယ်က ဖုန်းလေးနဲ့ ဖေ့ဘုတ်ပွတ်နေရုံဘဲ။ ထွန်သွားကြတာများ ထွန်ကြောင်းကိုဖြောင့်လို့…လူပါတာကမှ လွဲချင်လွဲအုံးမယ်၊ သူတို့ကတော့မလွဲဘူး။ တိရိစ္ဆာန်ဆိုပေမယ့် သူတို့အသိညာဏ်က ကိုယ့်တာဝန်ကိုသိတယ် မခိုမကပ်ကျေပွန်အောင်ထမ်းတယ်၊ တစ်ချို့လူတွေထက်တောင်သာသေးတယ်နော်။ နွားတွေဆိုတာ မြန်မာပြည်တောင်သူလယ်သမားတွေအတွက်တော့ ရဲဘော်ရဲဘက်၊ ကျေးဇူးရှင်ဆိုလည်းမမှားပါဘူး။ နွားကောင်းကောင်းလေးများရထားရင် ပျော်လို့မဆုံးတစ်ပြုံးပြုံး၊ သူ့နွားကိုယ့်နွားအပြိုင် ကြွားရသေးတယ်။#ထန်းညက်ခဲ နွားအကြောင်းနဲ့ပတ်သက်ပြီးတော့ ရှေးဆိုရိုးမှတ်သားစရာလေးကို ဖော်ပြပေးလိုက်ပါတယ်… (နွားအကြောင်း သိကောင်းစရာ) ၁။ နွားနီ ကွမ်းသွေး ရိုက်နိင်မှပြေး ။ ၂။ နွားပြာနီ တုတ်မွှေး ရိုက်နိင်မှပြေး ။ ၃။ နွားပြာ ချိုတုတ် ထမ်းပိုးနှုတ် ။ ၄။နွားပြာနီ […]
မိန်းကလေးတစ်ယောက် စိတ်နာ သွားပြီဆိုရင်။
အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားက အမှန်တကယ်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိန်းမသားတွေအတွက် ပိုမှန်နိုင်ပါတယ်။ ဘာလို့ဆို အချစ်ကြီးတဲ့မိန််းမသားတွေဟာ သူတို့ချစ်မိတဲ့သူအတွက် ဘာမဆိုပေးဆပ်ဖို့ဝန်မလေးသလို၊ သူတို့အချစ်ကိုတန်ဖိုးမထားဘဲ နာကျင်အောင်လုပ်ရင်တော့ လုံးဝလှည့်မကြည့်တော့ဘဲကျောခိုင်းသွားတတ်လို့ပါ။ အချစ်ကြီးတဲ့ မိန်းမတစ်ယောက်ဟာ….. အရှုံးပေးရတယ်လိို့မတွေးဘူး ချစ်မိသွားပြီဆိုရင် ကိုယ်ချစ်တဲ့သူကရော ကိုယ်ချစ်သလောက်ကိုယ့်ကိုချစ်ရဲ့လား ၊ တကယ်ရောချစ်ရဲ့လားဆိုတာကို သံသယဖြစ်တတ်ကြပြီး ကိုယ်ချစ်သလောက်ကိုယ့်ကိုမချစ်ဘူးလို့ထင်တဲ့အခါ အရှုံးသမားလိုခံစားရပါတယ််။ အချစ်ကြီးတဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့ဘက်က ကိုယ့်လောက်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ်က အကောင်းဆုံးချစ်သွားပြီး ပေးဆပ်တတ်ပါတယ်။ ဒါကို ရှုံးတယ်လို့လည်းမတွေးပါဘူး။ မျှော်လင့်ချက်အနည်းဆုံးထားတယ် ကိုယ့်ဘက်ကအကောင်းဆုံးတွေကိုပဲပေးလို့ သူ့ဆီက ဘာတွေပြန်ရရမယ်ဆိုတဲ့စိတ်မျိုးမထားဘူး။ ဒီချစ်ခြင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်ကိုအနည်းဆုံးပဲထားထားတယ်။ အကြိမ်ကြိမ်ခွင့်လွှတ်နိုင်တယ် အမှားတွေခဏခဏလုပ်ပေမယ့် ၊ ကိုယ့်ကိုစိတ်ပျက်စေမယ့်အပြုအမူတွေလုပ်ပေမယ့် အကြိမ်ကြိမ်ခွင့်လွှတ်ပေး၊ နားလည်ပေးနိုင်တာလည်း အချစ်ကြီးချစ်ကြသူတွေပါပဲ။ အကောင်းဆုံးတွေကိုသာပေးချင်တယ် သူနဲ့ချစ်နေတဲ့အချိန်မှာ အရှုံးအမြတ်တွက်တာတွေမရှိဘဲ ကိုယ့်ဘက်ကအကောင်းဆုံးဘာတွေပေးနိုင်မလဲဆိုတာကိုပဲ တွေးတယ်။ ကိုယ်တတ်နိုင်တာတွေရဲ့ အကောင်းဆုံးတွေကိုပဲပေးတယ်။ စိတ်နာသွားရင်တော့ဘာကြီးပဲဖြစ်နေနေလှည့်မကြည့်တော့ဘူး […]
အိမ်ထောင်သက်ကြာလာတဲ့အခါ အမျိုးသမီးတချို့သူတို့ခင်ပွန်းကိုမုန်းသွားရတဲ့အကြောင်းရင်း
လက်ထပ်ထားတာကြာလာတဲ့အခါ တချို့သူတွေက အရင်အတိုင်းချစ်မြဲချစ်ဆဲဆိုပေမယ့် တချို့တွေကျတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေလျော့သွားသလို၊ စိမ်းသွားသလိုဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမှာ ဒီအချက်တွေဖြစ်နေရင် အမျိုးသမီးတွေက သူတို့ခင်ပွန်းကို မုန်းတဲ့အထိတောင်ဖြစ်သွားတတ်ပါတယ်။ (၁) မိသားစုအတွက်အချိန်မပေးတာ အိမ်ထောင်သည်တစ်ယောက်အတွက် မိသားစုကပထမဦးစားပေးရမယ့်အရာဖြစ်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်ဇနီးမယားကို အချိန်မပေးဘဲ အလုပ်များတာကိုအကြောင်းပြပြီး အပေါင်းအသင်းတွေနဲ့ပဲအချိန်ကုန်နေတာ၊ အိမ်မှာထက်အပြင်မှာပဲ ပျော်မွေ့နေတာက ဇနီးတစ်ယောက်ရဲ့ စိတ်ထဲမှာ နာကျင်စေပါတယ်။ ကိုယ့်မိသားစုကိုအချိန်မပေးဘဲ အပြင်မှာပဲပျော်မွေ့နေတာမျိုးကို မိန်းမတွေက စိတ်ပျက်၊မုန်းတီးတတ်ပါတယ်။ (၂) ဆုံးဖြတ်ချက်ချဖို့မတိုင်ပင်တာ မိသားစုဆိုတာက တစ်ခုခုအတွက်ဆုံးဖြတ်ချက်ချတဲ့အခါ အားလုံးတိုင်ပင်ပြီး အတူတကွဆုံးဖြတ်ကြရမှာပါ။ တစ်ယောက်တည်းသဘောနဲ့ ဆုံးဖြတ်ချက်ချတာက တစ်ကိုယ်ကောင်းဆန်တာဖြစ်ပြီး မိသားစုကိုစိတ်ဝမ်းကွဲစေပါတယ်။ မတိုင်ပင်ဘဲ တစ်ယောက်တည်းသဘောနဲ့ဆုံးဖြတ်တာမျိုးက ဇနီးတွေကို စိတ်ပျက်စေပါတယ်။ (၃) ကတိမတည်တာ စကားတစ်ခွန်းကိုအလွယ်ပြောပြီး ကတိတွေကို လွယ်လွယ်ပေးပြီးမတည်တာကလည်း တစ်ဖက်လူကိုစိတ်ပျက်စေပါတယ်။ ကတိပျက်တာများတဲ့ယောကျာ်းကို မိန်းမဖြစ်သူက တဖြည်းဖြည်းစိတ်ပျက်၊စိတ်ကုန်လာတာ မဆန်းပါဘူး။ (၄) […]
ခရီးသွားရင်းကားမူးတတ်သူများအတွက် ဖယောင်တိုင်းရဲ့ထိရောက်တဲ့အစွမ်း
ကျတော်ငယ်ငယ် ကားစီးရတာကြိုက်ပေမဲ့ အသက်20 လောက်မှာ ကားစီးရင် ကားမူးလာပါတယ်။ ကားမူးတက်တဲ့ ကျတော့သောက်ကျင့်ကို ကျတော်လွန်စွာမှမုန်းပါတယ်။ ကားစီးရင်ကားမူးပျောက် ဆေးသောက်ရပါတယ်။ မသောက်ဘဲကားစီးမိရင် လူကမူးမော့နေတာ။ တစ်နေ့ ကျတော်မန်းလေးသွားတော့ ကားမူးသောက်ဆေးသောက်တာ မသက်သာဘဲ ဖြစ်နေတာ မူးချက်ကတော့ လက်ကုန်ပါဘဲ။ ဖြစ်ချင်တော့ ကျတော့ဘေးက ကျတော်ဆရာမ ဒေါ်သန့်သန့်ဝင်းက လိုက်လာတာပါ ဆရာမကပြောတယ်။ ကားမူးရင် ဖယောင်းတိုင် ရင်ဘက်ထဲ ထည့်ထားတဲ့ လုံးဝကောင်းတယ်။ လက်တွေ့တဲ့ ဆရာမပြောပြောချင်းတုန်းက နည်းနည်းကြောင်သွားတယ် ကားမူးတာနဲ့ ဖယောင်းတိုင်နဲ့ ဘာဆိုင်လည်းပေါ့… ဆရာမစကားဆိုတော့လည်း နားထောင်ရတာပေါ့။ အဲလိုနဲ့ ကျတော် ရွှေတောင်ဦးနားကားရပ်တော့ စတိုးဆိုင်မှာ ဖယောင်းတိုင်ဆင်းဝယ်ပြီး ရင်ဘက်ထဲ တစ်ဖက် သုံးချောင်းဆီကို ထိုးထည့်လိုက်ပါတယ်။ ဆိုင်ကကောင်မလေးက အမ ဘာဖြစ်လို့လည်းတဲ့ မေးပါလေရော ကျတော်ကလည်း အေး ငါလည်းမလုပ်ဖူးဘူး။ […]
ရင်ဘတ်ပေါ်တွင်သူမပုံကိုတက်တူးထိုးကာဂုဏ်ပြုခဲ့တဲ့ပရိသတ်ကိုဖုန်းတစ်လုံးဝယ်ပေးပြီးအသိအမှတ်ပြုတွေ့ဆုံခဲ့တဲ့ ဖြူဖြူထွေး
တောင်ဒဂုံက ကိုဇော်လွင်ဦးက ပြီးခဲ့တဲ့ရက်က ဖြူဖြူထွေးရဲ့ ရိုးသားကြိုးစားမှုကိုလေးစားအားပေးတဲ့အနေနဲ့ ရင်ဘတ်မှာ ပုံတူတက်တူးထိုးပြီး ဂုဏ်ပြုလိုက်တာပါ။ ကိုဇော်လွင်ဦးက ကိုယ်ပိုင်ဖုန်းမရှိဘဲ သူ့ဘကြီးကဖုန်းပေးကိုင်တဲ့အချိန်မှာ ဖြူဖြူထွေးကို တွေ့ဖူးမြင်ဖူးပီး သဘောကျလွန်းလို့ ရင်ဘက်ပေါ်မှာတက်တူးထိုးလိုက်တာပါ။ တက်တူးထိုးတဲ့ရည်ရွယ်ချက်ကတော့ ဘကြီးကဖုန်းမပေးရင်လည်း ရင်ဘတ်မှာ တက်တူးထိုးထားတော့ ကိုယ်သဘောကျအားပေးတဲ့ အနုပညာရှင်ပုံကို နေ့တိုင်းမြင်နေရတယ်ဆိုပါတယ်။ ဟောအခု ဖြူဖြူထွေးလေးက အဲဒီဗီဒီယိုကိုမြင်ပီး သူ့ကိုCrazy ဖြစ်တဲ့ဖန် ကိုဇော်လွင်ဦးကို ဖုန်း၊အလှူငွေနဲ့ ပစ္စည်းများလှူဒါန်းလိုက်ပီဗျာ။ ဒီလိုလှူဖို့ဆိုတာက လှူချင်စိတ်လည်းရှိမှ၊ လှူဖို့လည်းတတ်နိုင်မှ၊ သူ့ပရိတ်သတ်အပေါ်လည်းလေးစားချစ်ခင်မှ ဖြစ်နိုင်မှာပါ။ ဒါကိုကြည့်ခြင်းဖြင့် ဖြူဖြူထွေးရဲ့ လှူဒါန်းချင်တဲ့သဒ္ဒါတရားကို လေးစားဖွယ်တွေ့မြင်ရပါတယ်။ စေတနာရှင်မလေး ဖြူဖြူထွေး ဆတက်တပိုးအောင်မြင်ပြီး လှူဒါန်းပေးကမ်းစွန့်ကျဲနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ထန်းညက်ခဲ(ပဲခူးဆား) photo crd Cele Gabar Unicode တောင်ဒဂုံက ကိုဇော်လွင်ဦးက ပြီးခဲ့တဲ့ရက်က ဖြူဖြူထွေးရဲ့ ရိုးသားကြိုးစားမှုကိုလေးစားအားပေးတဲ့အနေနဲ့ […]
ဒေါက်ဖိနပ်ဖြင့် စက်ဘီးကို လက်လွှတ်စီးပြပြီး မြန်မာအကကို ကပြတင်ဆက်သွားတဲ့ အကောင်းဆုံး Talent ဆုရှင် အိမ်ထောင်ရှင်အလှမယ် Mrs. ပပဌေး(ရုပ်သံ)
ယခုဗီဒိယိုမှာပါဝင်တဲ့ မြန်မာအမျိုးသမီးကတော့ Mrs Myanmar (Online Competition S-1) ရဲ့ အကောင်းဆုံး Talent ဆုရှင် အိမ်ထောင်ရှင်အလှမယ် Mrs. ပပဌေး ပါ သူမက အဆိုပါပြိုင်ပွဲမှာ ဒေါက်ဖိနပ်ဖြင့် စက်ဘီးကို လက်လွှတ်စီးပြပြီး မြန်မာအကကို ကျွမ်းကျင်စွာ ကပြတင်ဆက်သွားပါတယ်။ ကိုယ်တွေဆို ကပြပီး စက်ဘီးစီးဖို့ရာမဆိုနဲ့ ရိုးရိုးလက်နှစ်ဖက်လွှတ်ပီးကို မစီးနိုင်ပါဘူးနော်။ သူမ ဘာ့ကြောင့် Skill ကောင်းလဲဆိုတော့ မပပဌေးက ငယ်စဉ်ကတည်းက စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်သလို မြန်မာ့ယဉ်ကျေးမှုအကကိုလည်း အလွန်ပင် ၀ါသနာပါသူတစ်ယောက်ဖြစ်ပါတယ်တဲ့။ ပရိတ်သတ်ကြီးရော မပပဌေးက အကောင်းဆုံးစွမ်းရည်တင်ဆက်မှု ဆုကိုဆွတ်ခူးရရှိသွားတာ တကယ်ကိုထိုက်တန်တယ်လို့မြင်လား၊ မြင်တယ်ဆို ကောမန့်မှာ Congratulations လုပ်သွားကြပါအုံးနော်။ ကြည့်ရှုသဘောကျနှစ်သက်တယ်ဆို Like and Share လေးလုပ်သွားပါအုံးနော်… ထန်းညက်ခဲ(ပဲခူးဆား) […]
ဆရာမင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)၏ ၂၀၂၀ ဇူလိုင်လ (၂၄)ရက်မှ ၊ (၃၁)ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ယတြာပြုရန်ဟောစာတမ်း..
ဆရာမင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)၏ ၂၀၂၀ ဇူလိုင်လ (၂၄)ရက်မှ ၊ (၃၁)ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ယတြာပြုရန်ဟောစာတမ်း အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ အေးမြစိုစွတ်သော မိုးစက်မိုးပေါက်များကြောင့် ဆွတ်ပျံ့လွမ်းမောဖွယ်ရာကောင်းလှသော မိုးရာသီ ဇူလိုင်လ၏နေ့ရက်များ မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း) Hony . Doctor of (Ph.d) Astrology . India တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ
ယောက်ျားပီသသူတွေမှာသာ တွေ့နိုင်တဲ့ စိတ်ဓာတ်နဲ့ အကျင့်စရိုက်လေးတွေ
ယာက်ျားလေးဆိုတာနဲ့ပဲ ယောကျာ်းပီသပြီလို့ မထင်လိုက်ကြနဲ့နော်။ ယောက်ျားဖြစ်နေပေမယ့် သူတို့ရဲ့ စိတ်ဓာတ်တွေက အရမ်းကို ယောကျာ်းမပီသတဲ့၊ နေရာတကာမှာ သူများကို အားကိုးတတ်တဲ့ ယောကျာ်းမပီသတဲ့ သူတွေလည်း အများကြီးပါ ယောကျာ်းပီသတဲ့ သူတွေမှာတော့ ဒီလိုမျိုး စိတ်ဓာတ်လေးတွေ၊ အကျင့်စရိုက်လေးတွေ ရှိလို့နေပါတယ်။ (1) Confidence ယုံကြည်မှုဆိုတာကတော့ ယောက်ျား၊ မိန်းမ အကုန်လုံးမှာ ရှိသင့်တဲ့ အရာတစ်ခုပါ။ ယောက်ျားလေးတွေမှာတော့ ပိုပြီးရှိသင့်တာပေါ့ ။ ယောက်ျားလေးဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အခါ ဟိုမသွားရဲ၊ ဒီမသွားရဲဖြစ်နေရင်တော့ ဘယ်လိုမှ ကြည့်မကောင်း နိုင်ပါဘူး။ ယောကျာ်းပီသတဲ့ သူတွေကတော့ ဘယ်အရာမဆို မကြောက်ရွံ့တတ်တဲ့စိတ်မျိုး၊ အရာရာကို ရင်ဆိုင်ရဲတဲ့ ယုံကြည်မှု ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ (2) အလုပ်ကြိုးစားတယ် ယောက်ျားပီသတာနဲ့ အလုပ်ကြိုးစားတာနဲ့ သိပ်မဆိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။ ယောကျာ်းလေးဖြစ်ပြီး […]