ၾကားသိရသမွ်

ရင်ဘတ်ပေါ်တွင်သူမပုံကိုတက်တူးထိုးကာဂုဏ်ပြုခဲ့တဲ့ပရိသတ်ကိုဖုန်းတစ်လုံးဝယ်ပေးပြီးအသိအမှတ်ပြုတွေ့ဆုံခဲ့တဲ့ ဖြူဖြူထွေး






ထန်းညက်ခဲ(ပဲခူးဆား)

photo crd Cele Gabar

Unicode

တောင်ဒဂုံက ကိုဇော်လွင်ဦးက ပြီးခဲ့တဲ့ရက်က ဖြူဖြူထွေးရဲ့ ရိုးသားကြိုးစားမှုကိုလေးစားအားပေးတဲ့အနေနဲ့ ရင်ဘတ်မှာ ပုံတူတက်တူးထိုးပြီး ဂုဏ်ပြုလိုက်တာပါ။

ကိုဇော်လွင်ဦးက ကိုယ်ပိုင်ဖုန်းမရှိဘဲ သူ့ဘကြီးကဖုန်းပေးကိုင်တဲ့အချိန်မှာ ဖြူဖြူထွေးကို တွေ့ဖူးမြင်ဖူးပီး သဘောကျလွန်းလို့ ရင်ဘက်ပေါ်မှာတက်တူးထိုးလိုက်တာပါ။

တက်တူးထိုးတဲ့ရည်ရွယ်ချက်ကတော့ ဘကြီးကဖုန်းမပေးရင်လည်း ရင်ဘတ်မှာ တက်တူးထိုးထားတော့ ကိုယ်သဘောကျအားပေးတဲ့ အနုပညာရှင်ပုံကို နေ့တိုင်းမြင်နေရတယ်ဆိုပါတယ်။

ဟောအခု ဖြူဖြူထွေးလေးက အဲဒီဗီဒီယိုကိုမြင်ပီး သူ့ကိုCrazy ဖြစ်တဲ့ဖန် ကိုဇော်လွင်ဦးကို ဖုန်း၊အလှူငွေနဲ့ ပစ္စည်းများလှူဒါန်းလိုက်ပီဗျာ။ ဒီလိုလှူဖို့ဆိုတာက လှူချင်စိတ်လည်းရှိမှ၊ လှူဖို့လည်းတတ်နိုင်မှ၊ သူ့ပရိတ်သတ်အပေါ်လည်းလေးစားချစ်ခင်မှ ဖြစ်နိုင်မှာပါ။

ဒါကိုကြည့်ခြင်းဖြင့် ဖြူဖြူထွေးရဲ့ လှူဒါန်းချင်တဲ့သဒ္ဒါတရားကို လေးစားဖွယ်တွေ့မြင်ရပါတယ်။ စေတနာရှင်မလေး ဖြူဖြူထွေး ဆတက်တပိုးအောင်မြင်ပြီး လှူဒါန်းပေးကမ်းစွန့်ကျဲနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ထန်းညက်ခဲ(ပဲခူးဆား)

photo crd Cele Gabar