လူစိတ်မရှိပဲ ကလေးတယောက်နဲ့ထားခဲ့ရတဲ့ခင်ပွန်းဟောင်းကို ကလေးအဖေဘယ်သူလဲ မေးလို့သာဖြေနေရပေမယ့် အမုန်းဆုံးနဲ့ အရွံဆုံးပဲလို့ဆို
Crd
Unicode
လူစိတ်မရှိပဲ ကလေးတယောက်နဲ့ထားခဲ့ရတဲ့ခင်ပွန်းဟောင်းကို အမုန်းဆုံးနဲ့ အရွံဆုံးပဲလို့ဆိုလာတဲ့ ရေမွန်ညီမလေး လပြည့်ကဗျာ…
အဆိုတော်ရေမွန်ရဲ့ညီမလေးလပြည့်ကဗျာက ငါ့မိုက်မဲမူတစ်ခုကြောင့်ကလေးတစ်ယောက်မွေးလာတယ်ဆိုပြီးပရိတ်သတ်တွေကိုအခုလိုရင်ဖွင့်ပြောပြလာခဲ့ပါတယ်
နော်။လပြည့်ကဗျာကကလေး တယောက်လူလောကထဲကိုဝင်လာတဲ့အခါအဖေအမေ ဘယ်သူလဲဆိုတာအရေးပါလာတယ်၊Celeလို့သတ်မှတ်ထားတဲ့သူဆိုပိုပီး
တောင် စိတ်ဝင်စားကြသေးတယ်၊အမေးရှိရင်အဖြေလဲရှိရမယ်လေ ဘယ်သူ့ကလေးလဲလို့မေးခဲ့တဲ့အခါပြောပြရမယ့်တာဝန်ငါ့မှာရှိတယ်၊ပြောတဲ့စကားတွေထဲလဲတ
ခွန်းမှကလိမ်ကကျစ်ပြောမထားဘူး။
ငါ့မိုက်မဲမူတခုကြောင့်ကလေးတယောက်ကို ၆နှစ်ကျော်တာဝန်ယူပီးမွေးလာတယ်ဆက်ပြီးလဲ လူတလုံးသူတလုံးဖြစ်အောင်ပြုစုပျိုးထောင်ပီးမွေးဦးမှာ၊ကိုယ်လူစိတ်
မရှိခဲ့လို့ဖြစ်ခဲ့တဲ့ကိစ္စမှာအကုန်လုံးက ဝိုင်းဆဲတော့မှအရှက်ကွဲသလိုလာမလုပ်နဲ့၊ပြောသွားတဲ့အထဲလဲနာမည်အပြည့်အစုံတလုံးမှပြောမထားဘူး။
လူစိတ်မရှိနှမချင်းသားချင်း ကိုယ်ချင်းမစာတဲ့လုပ်ရပ်လုပ်ထားပီအဆဲခံရတော့မှစပ်မနေနဲ့၊နင့်အကြောင်းကော၊နင့်မိသားစုအကြောင်းကော၊ရွံလွန်းလို့နာမည်တောင်
ထည့်သုံးမထားဘူး၊အရင်လိုပဲနော်၊ရုံးချိန်းနီးရင်သူငယ်ချင်းနဲ့ပုံတွေတင်၊ကလေးအမေတယောက်ကိုအရှက်လိုက်ခွဲပီးယုတ်မာတတ်တုန်းပဲ။
တရားရုံးမှာသာနင်တို့နိုင်မယ်၊သံသရာမှာကော၊ လူ့လောကအသိုင်းဝိုင်းမှာကောနင်တို့ဟာအရှုံးသမားပဲ၊အဲ့တာမြဲမြဲမှတ်ထား၊နင်နဲ့ပတ်သက်ပီး ပြောတဲ့စကားကဒီစာ
နောက်ဆုံးပဲ၊ငါ့ဘဝမှာအမုန်းဆုံး၊အရွံဆုံးလို့သတ်မှတ်ထားတဲ့လူတယောက်အကြောင်းကိုအဖက်လုပ်ပီးပြောမနေဘူးဆိုပြီးရေးသားထားပါတယ်၊စာဖတ်ပရိတ်သတ်
ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Crd