ဗဟုသုတ
“ပိုက်ဆံ မရှိလျှင် ဘာလုပ်မလဲ” (မြန်မာလူမျိုးတွေရဲ့ အဖြေနှင့် ဂျပန်လူမျိုးတွေရဲ့ အမြင်)
ပိုက်ဆံ မရှိလျှင် ဘာလုပ်မလဲ.. လွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းက မြန်မာပြည်က ဂျပန်စာသင်တန်းတခုမှာ ကျမ ဂျပန်စာ သင်ယူခဲ့စဉ်ကပေါ့။ ဆရာမက ဂျပန်လူမျိုး။ သင်ခန်းစာထဲမှာ “ရင် (လျှင်)” ဆိုတဲ့ စကားစပ်သဒ္ဒါကို ဆရာမက ဥပမာတခုနဲ့ ရှင်းပြဖို့ လုပ်တယ်။ သူက ဥပမာတခုအနေနဲ့ မေးတယ် “ဥပမာ ပိုက်ဆံမရှိရင်ရင်(လျှင်) ၊ ပိုက်ဆံလိုတယ်ဆိုရင် (လျှင်) ဘာလုပ်မလဲ” တဲ့။ ကျွန်ုပ်အပါအဝင် အားလုံးသော မြန်မာသင်တန်းသားများက ပိုက်ဆံမရှိလျှင် ပိုက်ဆံချေးမယ်၊ ပိုက်ဆံလိုရင် ဆွဲကြိုးပေါင်မယ်၊ ပိုက်ဆံမရှိလျှင် အမေ့ဆီက တောင်းမယ်၊ ပိုက်ဆံလိုရင် အိမ်က တီဗီရောင်းမယ်.. စသဖြင့် တစ်ယောက်တစ်မျိုး ကြိုးစားပမ်းစား ဂျပန်လို ဝါကျတည်ဆောက်ပြီး ဖြေကြတယ်။ ဒီမှာတင် ဂျပန်လူမျိုး ဆရာမလေးက တချက်ငြိမ်သွားတယ်။ […]
ဗဟုသုတ
ဒီည ဒီစာကို မဖြစ်မနေ ဖတ် လိုက်ပါ မင်းဘဝအတွက် အရမ်းကောင်းလွန်းလို့ပါ ကောင်းလိုက်တဲ့စကား သင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်းခြောက်ထောင့်လေးရာ(၈၆, ၄၀၀) ရှိတယ်။ လူတစ်ယောက်ကသင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်။ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက်သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀)လုံးကို ပုံပြီးသုံးမလား။ ဒါမှမဟုတ်မေ့မေ့ပျောက်ပျောက်နေမလား။အဖြေ ကတော့ ရှင်းပါတယ်။စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။ ၁၀၀လောက်လျော့သွားတာ အတွက်ဘာကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်နေမလဲ။ ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွနု်ပ်တို့ရဲ့တနေ့တာမှာစက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။ အဲဒီထဲက တစုံတယောက်ကြောင့်စိတ် အနှောင့်အယှက်ဖြစ်ရတဲ့အချိန် တစ်မိနစ်ကျော်ကျော်(စက္ကန့် ၁၀၀လောက်) အတွက်နဲ့ဘာကြောင့်များစိတ်ဆိုးဒေါသတွေ ထွက်ပြီးကျန်တဲ့ တနေ့တာရဲ့လက်ကျန်၈၆, ၃၀၀စက္ကန့် လုံးလုံးကိုအဆင်မပြေဖြစ်အောင် လုပ်မလဲ။ဘဝဟာ ကျယ်ပြန့်ပါတယ်။ အသေးအမွှားကိစ္စလေးတွေကြောင့်အနှောင့်အယှက် အဖြစ်မခံပါနဲ့ Crd zawgyi, ဒီည […]
ၾကားသိရသမွ်
“အ‌မေအိုနှင့် စစ်ပြေးခြင်း . . .”
“အ‌မေအိုနှင့် စစ်ပြေးခြင်း . . .” ညနေဆည်းဆာချိန်၊ ရွာနဲ့ တဖြေးဖြေး ပိုပိုနီးလာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်း။ အင်အားက ရာဂဏန်း။ ဒင်းတို့ စစ်လမ်းကြောင်းပေါ် တွေ့သမျှ ရွာအားလုံးကိုလည်း မီးတင်ရှို့လာသတဲ့။ အခုလည်း ဒင်းတို့က အရပ်လေးမျက်နှာကို လက်နက်ကြီးတွေနဲ့ တွေ့ကရ ရမ်းပစ်‌နေတယ်။ ဒီရွာလေးချုပ်စပ်ထိ လက်နက်ကြီး‌တွေ ကျလာပြီ။ အင်း၊ ပြေးရပြန်ပေါ့ တခါ။ “ဟဲ့၊ အမေတို့က ဒီဒုက္ခတွေနဲ့ အသားကျနေပါပြီ၊ ရွာပြာကျသွားလည်း ကျစမ်းပါ‌အေ။ ငါ့သားတို့ရယ်၊ ဒီကောင်တွေကိုသာ အမျိုးပြုတ်အောင် လုပ်လိုက်ကြစမ်းပါ” တဲ့။ ရွာအတွက် လုံခြုံရေးယူပေး၊ စစ်ဘေးရှောင်ဖို့၊ တိမ်းဖို့ ကူညီပေးနေတဲ့ PDF, ပကဖ၊ ပအဖရဲဘော်တွေကို စစ်ပြေးအမေအိုက ဆိုင်ကယ်ပေါ်ကနေ အော်ပြောသွားတဲ့ စကား။ ကျနော်တို့ ဆိုင်ကယ်က […]
ကြားသိရသမျှ
အိမ်ထောင်သက်(၂၅)နှစ်အတွင်းမှာ တစ်ခါမှရန်မဖြစ်လို့ မေးကြည့်လိုက်သောအခါ…
အိမ်ထောင်သက်(၂၅)နှစ်အတွင်းမှာ တစ်ခါမှရန်မဖြစ်လို့ မေးကြည့်လိုက်သောအခါ… လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တစ်ခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် …နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာက…”ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ကြပါသလဲ ခင်ဗျာ?” ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်း ပြောပါတယ်…”ကျတော်တို့တွေ Honeymoon မှာတောဖက်ကို သွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ””အဲဒီမှာ ကျတော့်မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျတော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ” “လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျတော့်မိန်းမ ဒယိမ်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော” […]
ဗဟုသုတ
ကွမ်းယာဆိုင်များ အတွက် အရမ်းစားကောင်းပါတယ် ဆိုတဲ့ ထုံးဖောက်နည်းလေး ထုံးဖောက်နည်း အသစ်လေးပါ ထုံးကြမ်းကို အချိန်၁ဝ ဝယ်ပါ ပြီးရင် ရေထည့်ပါ ကျောက်ချဉ် ၁ဝသားထည့်ပါ ထုံးမခဲစေရန်ဇာပွင့်ပြုတ်ရည်ထည့်ပေးပါ အဖတ်မထည့်ရပါဘူး စဉ်အိုးကို မြေထဲမြှပ့်ပြီးဖောက်ထားပါတယ်မြေကြီးရဲ့ အပူဓာတ်ကြောင့် ထုံးသားနူးညံ့ပြီး အရမ်းစားကောင်းပါတယ်ရှင် သူငယ်ချင်း တွေအတွက် ကျွန်မအကိုရဲ့ ဖောက်နည်းလေးမျှဝေပေးလိုက်ပါတယ်ရှင်။ Credit – YadiKyaw အများပြည်သူ သိရှိနိုင်ရန် ထပ်ဆင့် Share ပေးဖို့ တောင်းဆိုပါရစေ… မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘယကင်းဝေးကြပါစေ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေ Zawgyi ကွမ်းယာဆိုင်များ အတွက် အရမ်းစားကောင်းပါတယ် ဆိုတဲ့ ထုံးဖောက်နည်းလေး ထုံးဖောက်နည်း အသစ်လေးပါ ထုံးကြမ်းကို အချိန်၁ဝ ဝယ်ပါ ပြီးရင် ရေထည့်ပါ ကျောက်ချဉ် ၁ဝသားထည့်ပါ ထုံးမခဲစေရန်ဇာပွင့်ပြုတ်ရည်ထည့်ပေးပါ အဖတ်မထည့်ရပါဘူး […]
ကြားသိရသမျှ
ယနေ့ည (၁၀)နာရီ (၂၅)မိနစ်မှာ ဖြစ်ပေါ်လာမယ့် ထူးခြားဖြစ်စဉ်
၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်မှာတော့.. အင်္ဂါဂြိုဟ် (ခ) မားစ်ဂြိုဟ်ကို လခြမ်းမှ ခေတ္တခဏ ဖုံးကွယ်သွားမှာဖြစ်ပါတယ်။ လကို ဂြိုဟ်ဖောက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ လ ဟာ ကမ္ဘာဂြိဟ်ရဲ့ ဂြိုဟ်ရံလ တစ်ခုဖြစ်ပြီး အနီရောင် အင်္ဂါဂြိုဟ်ထက် ပိုမိုနီးကပ်သော နေရာမှာ တည်ရှိတဲ့အတွက် (မျက်မြင်)အရွယ်အစားအားဖြင့် နှိုင်းယှဉ်ကြည့်လျှင် အဆပေါင်းများစွာ ပိုမိုကြီးမားပါတယ်။ အဲ့ဒါကြောင့် သူတို့နှစ်ခု ရာသီတစ်ခုတည်းမှာ ပူးထပ် (နီးကပ်) တဲ့အခါ လဟာ အင်္ဂါဂြိုဟ်ကို မြင်ကွင်းမှ ဖုံးကွယ်သွားရခြင်း ဖြစ်ပါတယ်။ မိဿရာသီ ကြယ်စုအတွင်းမှာ ဖြစ်ပေါ်မည့် အဆိုပါ ဖုံးကွယ်ခြင်းဖြစ်စဉ်ကို အစ-အဆုံး မြင်တွေ့ရမည့် ဒေသကတော့ မြေပုံမှာပြထားသလို အမေရိက နဲ့ […]
ၾကားသိရသမွ်
တက္ကသိုလ်ကျောင်းသူ(၂)ဦး တပြိုင်တည်းယူကာ သားသမီး(၅)ယောက်မွေးပြီး အလှူကြီးပေးပြီးတဲ့သူ🥶😱❤
တက္ကသိုလ်ကျောင်းသူ(၂)ဦး တပြိုင်တည်းယူကာ သားသမီး(၅)ယောက်မွေးပြီး အလှူကြီးပေးပြီးတဲ့သူ🥶😱❤ လုံးဝမျက်စိမမြင်ပေမဲ့ တက္ကသိုလ်ကျောင်းသူ ၂ ဦး တပြိုင်တည်းယူ… ကလေး ၅ ယောက်မွေး အခုအလှုကြီးပေးပြီးသူ…! မျက်စိမမြင်ဘူး။ တက္ကသိုလ်ကျောင်းသူ ၂ဦး တပြိုင်တည်းယူတယ်။ ကလေး ၅ ယောက်မွေးတယ်။ အခု အလှုကြီးပေးတယ်။စွမ်းစွမ်းစိန်ပါကွယ်။ ပြောမယုံကြုံမှသိဆိုတာဒါမျိုး မွေးရာပါအမြင်အာရုံပျောက်ဆုံးနေတဲ့ စစ်ကိုင်းမြို့နယ် နတ်ခရိုင်ရွာသား ကိုမောင်ကို တစ်ယောက် တက္ကသိုလ်ကျောင်းသူအချောအလှညီအမနှစ်ယောက်နဲ့မင်္ဂလာဆောင်တုန်းက ကိုယ်တေကလေးဘဝ အံ့သြဘနန်းဖြစ်ခဲ့ရတာ အခုတော့အဲ့အမျိုးသမီးနှစ်ယောက်နဲ့ကလေးငါးယောက်ရပြီးသကာလ အလှူကြီးအတန်းကြီးပေးနေတာ ကိုယ်တိုင်မြင်ခဲ့ရတော့ အမေးဇင်းတေဖြစ်တာပေါ့ကွယ် crd Unicode တက္ကသိုလ်ကျောင်းသူ(၂)ဦး တပြိုင်တည်းယူကာ သားသမီး(၅)ယောက်မွေးပြီး အလှူကြီးပေးပြီးတဲ့သူ🥶😱❤ လုံးဝမျက်စိမမြင်ပေမဲ့ တက္ကသိုလ်ကျောင်းသူ ၂ ဦး တပြိုင်တည်းယူ… ကလေး ၅ ယောက်မွေး အခုအလှုကြီးပေးပြီးသူ…! မျက်စိမမြင်ဘူး။ တက္ကသိုလ်ကျောင်းသူ ၂ဦး တပြိုင်တည်းယူတယ်။ ကလေး […]
ၾကားသိရသမွ်
မြန်မာဂေါက်သီးသမားအနေဖြင့်ရွေးချယ်ခံရတဲ့ သားဖြစ်သူကိုဝေဖန်နေကြတဲ့အပေါ် ဒဲ့ရှင်းလာခဲ့တဲ့ထွန်းအိန္ဒြာဗိုလ်
ကြားသိရသမျှ
အွန်လိုင်းမှာလူကြည့်အများဆုံး မသန်စွမ်းတီးဆိုအဖွဲ့ရဲ့အင်းလေးမှာ ရွာတဲ့မိုး ဆိုသွားတာ
အွန်လိုင်းမှာလူကြည့်အများဆုံး မသန်စွမ်းတီးဆိုအဖွဲ့ရဲ့အင်းလေးမှာ ရွာတဲ့မိုး ဆိုသွားတာ အဆိုရောတီးရော အရမ်းကောင်းပါတယ်။ သူတို့ခများများမှာတော့ မျက်စိမမြင်ရတဲ့ မသန်ပေမယ့် စွမ်းတဲ့ မသန်စွမ်းလေးတေပါ။ ဘယ်လိုချို့တဲ့မှုတွေဖြစ်နေပေမယ့် ဘဝကို လက်မြှောက်အရှုံးမပေးပဲ ရပ်တည်ကြိုးစားနေကြတာပါ။ တစ်ကယ်တော့ လူ့ဘဝဆိုတာ ဘယ်လိုလူမှ ပီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ အားနည်းချက်တစ်ခုခုတော့ လူတိုင်းလူတိုင်းမှာ ရှိနေကြတာ သဘာဝပါပဲ။ အဲဒီအားနည်းချက်ကြောင့် ငါလုပ်လို့မဖြစ်ပါဘူးဆိုတဲ့ စိတ်မွေးထားရင်သာ တကယ့်ဒုက္ခိတအစစ်ပါ။ ယုံကြည်မှုအပြည့်နဲ့အောင်မြင်မှုမရမခြင်း မှန်မှန်ကြိုးစားနေမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ အရမ်းရှားသွားပါလိမ့်မယ်။ သို့သော်လည်းပဲ အောင်မြင်မှု့ဆိုတာ အပြောလွယ်သလောက် လက်တွေ့အောင်မြင်အောင်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ မခက်ခဲရင်လည်း လူတိုင်းအောင်မြင်နေကြမှာပေါ့ဗျာ။ ဒါပေမယ့်လည်း ပြောသလောက်ခက်ခဲတာမျိုးလည်းမဟုတ်ပြန်ပါဘူး။ ကိုယ့်ဘက်က သတိ ဝီရိယ ဇွဲ နဲ့ ပညာဉာဏ်တွေပေါင်းစပ်ပီး မှန်မှန်လေးကြိုးစားမယ်ဆိုရင်တော့ သင်ဖြစ်ချင်တဲ့အရာတွေ တစ်နေ့သေချာပေါက်ဖြစ်မှာပါလေ။ ဒါပေမယ့် ဘဝမှာ စိတ်ဓာတ်မကျပဲ ကိုယ်တတ်စွမ်းတဲ့ ဂီတလေးနဲ့ ပရိတ်သတ်ကို […]
တရားတော်
ပါချုပ်ဆရာတော်ဘုရားကြီးက လူဖြစ်ကျိုးနပ်ချင်ရင် အတွေးသုံးမျိုးမတွေးပါနဲ့တဲ့….
Unicode မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် အတွေးသုံးမျိုးကိုမတွေးနဲ့တဲ့။ တွေးလို့ရှိရင် လူဖြစ်ကျိုးမနပ်ဖြစ်လိမ့်မယ်။ အဘိဇ္ဈာ = မကောင်းတဲ့အတွေးဟာဘာလဲဆိုရင် သူများပစ္စည်းကိုယ့်ပစ္စည်းဖြစ်ချင်တဲ့အတွေး၊ “အဘိဇ္ဈာ” လို့ခေါ်တယ်။ “အဘိ” ဆိုတာသူများပစ္စည်းကိုဦးတည်ပြီး “ဇ္ဈာ” ရချင်တဲ့စိတ်နဲ့စိတ်ကူးတာနော်။ သူများပစ္စည်းကို ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကိုဖြစ်စေတတ်တဲ့အတွေးလဲ။ သူခိုးဓားပြဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။ အေး… အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊ အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ခေါ်တယ်။ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှုဆိုတဲ့အတွေး တွေးမိလို့ရှိရင် ဒီအတွေးဟာမှားတယ်။ ဒီအတွေးမျိုး မတွေးသင့်ဘူး၊ ဒီအတွေးကိုရှောင်ရမယ်။ ဗျာပါဒ = ဘာလဲဆိုရင် ကိုယ်နဲ့မတည့်တဲ့လူတစ်ယောက် စိတ်ထဲပေါ်လာတယ်။ ဟာ… ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ ဒီကောင်စီးပွားတွေပျက်သွားရင်ကောင်းမှာပဲ။ ဒီကောင်ဒုက္ခရောက်သွားရင်၊ ထောင်ကျသွားရင် ကောင်းမှာပဲဆိုတဲ့အတွေးတွေ တချို့မတွေးကြဘူးလား။ အဲဒီအတွေးက ဗျာပါဒအတွေးလို့ခေါ်တယ်။ အဲဒီအတွေးမျိုးကို ရှောင်ရှားဖို့လိုတယ်။ လူဖြစ်ကျိုးနပ်ဖို့အတွက် အဲဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့။ မိစ္ဆာဒိဋ္ဌိ = နောက်တစ်ခုက […]