တတိယလူ . . . .အရမ်းကို သင့်မြတ်ပါတယ်ဆိုတဲ့မောင်နှမတွေ အရမ်းကို ချစ်ပါတယ်ဆိုတဲ့ သမီးရည်းစားလင်မယားတွေ စည်းလုံးပါတယ်ဆိုတဲ့ မိသားစုတွေကြား တတိယလူ ၀င်လာတဲ့အခါ အလိုလို ပြိုပျက် ပျက်စီးရပါတယ် တတိယလူတဲ့ စကားလုံးလေး ရိုးရှင်းသလို အဓိပ္ပါယ်လဲ ထင်သလောက် မနက်နဲပါဘူး ချစ်သူနှစ်ဦးကြား၀င်လာတတတ်တဲ့ တတိယလူတွေကတော့ အများကြီးပဲပေါ့ သူငယ်ချင်းတွေ မိသားစုတွေ ပြီးတော့ ကြောင်တောင်နိုက်ချင်တဲ့ တစ်လုံးချိုင့်တွေ အများကြီးပါ တတိယ လူ၀င်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းဖို့နဲ့ ယုံကြည်ဖို့ အရမ်းကို အရေးကြီးပါတယ် မပွင့်မလင်းနဲ့ မရိုးမသား လုပ်နေရင် အဲ့ဒီ ဆက်ဆံရေးတွေက ပျက်ဆီးမှာပဲ မယုံကြည်မှုတွေကနေ တဖြေးဖြေး သံသယတွေ ဖြစ်လာပြီး နောက်ဆုံး လမ်းခွဲခြင်းတွေ အမုန်းတွေနဲ့သာ အဆုံးသတ်ပါတယ်နား နှစ်ဖက် မျက်လုံးနှစ်ဖက်ရှိတာ မျှမျှတတ […]
ဗဟုသုတ
ကောင်မလေးက ဘာပြောလိုက်လဲဆိုတော့… “ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့
ကောင်မလေးက ဘာပြောလိုက်လဲဆိုတော့… “ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့ အရမ်းသဘောကျလို့ ကူးယူလာတာပါ။ တစ်ခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို အင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ်။ ဒီတော့ ကျနော်တို့က “ကို” တပ်ပြီး ခေါ်ပေမယ့် သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်လေ စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ ဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့ ရိုရိုသေသေဆက်ဆံရတာပေါ့လေ ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲ သဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်. တခါတလေ ကိုယ်ကတောင် ကြားထဲကနေ ဝင်အားနာရတယ်.. ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်.. ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား…? ဒီလိုနဲ့ တစ်နေ့ သူငယ်ချင်းက ဒေါကန်နေပါတယ် ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာ ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့ ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး […]
ဆန်တွေ ဝယ်ထားတာ ကြာလာလို့ မည်းလာတာ ပိုးထိုးလာလျှင်
အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာလို့ မည်းလာတာ ပိုးထိုးတာ မဖြစ်ရအောင် အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာရင် ပိုးကောင်တွေ တက်တာ၊ ဆန်တွေ မည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီရန်တွေကနေ ဘယ်လို ကာကွယ်မလဲဆိုတဲ့ အချက်က ၅ ချက်ပဲ ရှိပါတယ်။ ရိုးရှင်းပြီး လွယ်ကူပါတယ်။ ၁။ ငရုတ်သီးခြောက် ထည့်ထားပါ လေလုံတဲ့ ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီး အနီခြောက် တချို့ကိုပါ ရောပြီး ထည့်ထားပေးပါ။ ငရုတ်သီးရဲ့ အနံ့ကို ပိုးမွှားတွေက မကြိုက်ပါဘူး။ ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။ ၂။ နေရောင်ခံပေးပါ သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် အနက်ရောင် ပိုးလေးတွေ အများကြီး တက်နေပြီဆိုရင်တော့ နေရောင်ထဲမှာ […]
ဘဝဆက်တိုင်း ကင်းမြီးကောက်နဲ့ တူတဲ့ သားသမီးတွေ မဖြစ်ကြပါစေနဲ့,,,
Zaw Gyi အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် ကင်းမြီးကောက်ပမာ သားသမီးတွေ မဖြစ်ပါစေနဲ့ ကင်းမြီးကောက် မိခင်တွေရဲ့ သဘော သဘာဝ က ကလေးပေါက်ဖွားပြီးတဲ့နောက်မှာ မိမိ ကလေးတွေကို မိမိ ခန္ဓာကိုယ်မှာ တက်ခိုင်းထားတာပါပဲ…. ကင်းမြီးကောက် အပေါက်လေးတွေဟာ ကင်းမြီးကောက် မိခင်ကြီးရဲ့ ကိုယ်မှာ နေရင်းနဲ့ ကင်းမြီးကောက်မိခင်ရဲ့ ကိုယ်က အသားတွေကိုပါ တဖြေးဖြေး စားလိုက် ကြတယ်.. သူတို့ အမေလည်းသေရော သူတို့လေးတွေ လည်း ကြီးလာရောပေါ့.. သူတို့ကိုယ်တိုင် လည်း သွားနိုင် လာနိုင်ရုံမက ရှာဖွေ စားသောက် နိုင်နေပြီပေါ့… ဘယ်လောက်ထိ ကင်းမြီးကောက်မကြီးရဲ့ ကိုယ်က အသားတွေကို စားလည်းဆိုရင် ကင်းမြီးကောက်မကြီး သေဆုံးသွားတဲ့ အထိပေါ့.. ယနေ့ ကျွန်တော်တို့ရဲ့ […]
နောင်တချိန်မှ နောင်တမရချင်ရင် ဖတ်ကြည့်နော် (သွေးထွက်အောင်မှန်တယ်)
ဒီစာလေးကိုဖတ်ကြည့်ပြီး အတွေးတစ်ခုခုရသွားမယ်၊ အသိတရားတစ်ခုခု ရသွားမယ်ဆို ကျေနပ်နေပါမယ်။ ၁။အိမ်သန့်ရှင်းရေး၊ ထမင်းချက်၊ အဝတ်လျှော် နှင့် လိုအပ်သော ကိစ္စမှန်သမျှလုပ်ဆောင်ရမည်။ ၂။တစ်နေ့လျှင် ၁၂ နာရီအနည်းဆုံးလုပ်ဆောင်ရမည်။ ၃။အလုပ်ချိန်ဟူ၍မရှိပါ။မနက်မှ ညအထိ လိုအပ်သလို အလုပ်ဆင်းရပါမည်။ညအိပ်ချိန်၌လည်း လိုအပ်ရင်နိူးပြီးခိုင်းပါမည်။ ၄။အနည်းဆုံး ၁၅ နှစ် ဆက်တိုက်လုပ်ဆောင်ရပါမည်။ ၅။လုပ်ခလစာ မရှိပါ။ ၆။အလုပ်လုပ်ပေးရတဲ့ အတွက် ကျွန်တော်တို့ကို ပြန်လည်ပြီးလိုအပ်သော ငွေကြေးများကိုလည်းထောက်ပံ့ပေးရပါမည်။ ဒီလို အလုပ်ခေါ်စာနဲ့အလုပ်ခန့်လျှင် မိတ်ဆွေ အနေနဲ့ပျော်ရွှင်စွာ လုပ်ငန်းခွင်ကို ဝင်နိုင်မလား? သေချာပါတယ်။ဘယ်နည်းနဲ့မှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဒီအလုပ်တွေကိုပျော်ရွှင်စွာလုပ်ဆောင်နိုင်တဲ့လူနှစ်ယောက်ရှိတယ်ဆိုတာ မိတ်ဆွေသတိထားမိပါလား။မိတ်ဆွေမွေးဖွားချိန်ကစတင်ပြီး ယခုအချိန်အထိ မိတ်ဆွေရဲ့လိုအပ်သော ကိစ္စမှန်သမျှ လုပ်ခ လစာ မရပဲလုပ်ဆောင်နေတဲ့လူနှစ်ယောက်က ဘယ်သူလဲ ဆိုတာကတော့ သင့်ရဲ့မိဘနှစ်ပါးပါ။ သူတို့အတွက် မိတ်ဆွေ ပြန်စဉ်းစားပြီးပြီလား။သူတို့ရဲ့လုပ်အား ငွေကြေး အချိန်အားလုံး […]
စကားတွေ မပြောခင်ကတည်းက ဆင်ခြင်ပါ စကားလုံးတွေနဲ့ တစ်ဖက်သားကို နာကျင်သွားစေတာမျိုး မဖြစ်စေနဲ့
စကားမပြောတတ်ရင် ဆဲသလိုပဲတဲ့ ။ ရိုးသားပါ ပွင့်လင်းပါ ဒါပေမယ့် အချိန်အခါလေး သိရတယ် ။ ငါမှန်တာပဲဆိုပြီး တစ်ဖက်သားကို ထိခိုက်စေမယ့် စကားလုံးတွေကို အာဘောင်အာရင်းသန်သန် ပြောနေတာကျ ရိုးသားပွင့်လင်းတာ မဟုတ်တော့ဘူး သိက္ခာချတာ ဖြစ်သွားပြီ ။ ဘယ်သူအတွက်မှ အကျိုးမရှိရင် အဲ့ဒီ အမှန်တရားကြီးကို မြိုချပစ်လိုက်ပါ အစာအိမ်နာမသွားပါဘူး ။ ဒေါသထွက်တဲ့အခါ စကားတွေ မပြောတာ အကောင်းဆုံးပဲ ဒေါသနဲ့ပြောတဲ့စကားမှာ အမှားတွေ အများကြီးပါသွားတတ်တယ်လေ ဒေါသဆိုတာ အသိကို အမှောင်ဖုံးပစ်တတ်တယ် ကိုယ်နိုင်ရင် ပြီးရောဆိုတဲ့ စိတ်က ဒေါသထွက်တဲ့အချိန် ပိုပြီး ထုထည်ကြီးမားလာတတ်တယ် ပြီးတော့မှ ငါ ပြောမိလေခြင်းဆိုတဲ့ နောင်တတွေနဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ပြန်မနိုင်တော့တဲ့အထိ ဆုံးရှုံးသွားရတတ်တယ်လေ နောင်တတွေ မရချင်ရင် ဒေါသတွေထွက်တဲ့အခါ စကားတွေ မပြောမိအောင်နေတာ […]
မနက် စောစော အိပ်ရာမထတတ်တဲ့သူတွေ ဒီစာစောင်လေးကို ဖတ်ကြည့်ပါ
“စောစောထတဲ့ငှက်က အစာပိုဝတယ်” တဲ့။ အဲဒီလိုပဲ လူသားတွေမှာလည်း ဝီရိယရှိရှိနဲ့ စောစောထ၊ ဘဝအစီအစဉ်တွေအတွက် မနက်ခင်းတွေကို အကောင်းဆုံး အသုံးချနိုင်တဲ့သူတွေက အောင်မြင်မှုရဖို့ ပိုမို လွယ်ကူတာကို တွေ့ရပါတယ်။ မနက်စောစောဆိုတာ အရုဏ်တက်ချိန် ၄-၅နာရီကို ဆိုလိုတာ မဟုတ်ပါဘူး။ မနက် ၆နာရီလောက်ထရင်ကို တစ်နေ့တာအတွက် ကောင်းကောင်းလုံလောက်နေပါပြီ။ မနက် ၆နာရီ အိပ်ရာထသင့်တဲ့ အကြောင်းရင်းတွေကတော့ ၁။ ကိုယ်စွမ်းကိုယ်စတွေကို ထုတ်ဖော်နိုင်ဖို့ အချိန်ပိုရလို့ ၂။ တစ်နေ့တာအတွက် အချိန်ဇယားဆွဲဖို့ အချိန်ရလို့ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ ၃။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့အတွက် မနက်ခင်းက အကောင်းဆုံးအချိန်ဖြစ်နေလို့ ၄။ အလုပ်သွားဖို့ ပြင်ဆင်ချိန်ပိုရတဲ့အတွက် မနက်စာကို အေးအေးဆေးဆေးစားနိုင်လို့ ၅။ မနက်စောစောထတဲ့သူတွေက သူများတွေထက် ခြေတစ်လှမ်းပိုသာနေတတ်လို့ ပဲဖြစ်ပါတယ်။ မနက်အိပ်ရာစောစောထခြင်းက […]
နေ့ရက်တိုင်းမှာ သင့်ကို စိတ်ချမ်းသာနေစေမယ့် ပျော်ရွှင်ရေး သော့ချက်လေးများ
နေ့တိုင်းမှာ ပျော်နေဖို့ဆိုတာ မလွယ်ဘူးလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ပျော်ရွှင်မှုဆိုတာ ကိုယ့်အပေါ်ကိုလည်း မူတည်နေပါသေးတယ်။ ဒါကြောင့် ပျော်ပျော်နေတတ်တာပဲ ဆိုတဲ့ စကားမျိုး ရှိနေတာ ဖြစ်ပါတယ်။ နေ့တိုင်း ပျော်ရွှင်ဖို့ဆိုတာ မလွယ်ကူပေမယ့် နေ့တိုင်း ပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့ သော့ချက်လေးတွေကတော့ အခုလိုပဲ ရှိနေပါတယ်။ ပူပင်သောကကို လျှော့ချပါ ပူပင်သောကတွေဆိုတာ အပူတွေပါ။ အပူတွေက ရင်ထဲမှာ များလေလေ ကိုယ့်ကို ပူလောင်စေလေ ဖြစ်ပြီး သင့်ကို ပျော်ရွှင်မှုတွေ နည်းသထက် နည်းသွားစေမှာပါ။ ဒီအတွက် ပူပင်သောကတွေကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။ ပူပင်သောကတွေကို လျှော့ချတဲ့အခါ ဖြေရှင်းသင့်တာကို ဖြေရှင်းလိုက်တာမျိုးနဲ့ စိတ်ကို နှစ်သိမ့်မှု ပေးတာမျိုးနဲ့ လုပ်လို့ ရပါတယ်။ ပျော်စရာတွေကို ပိုတွေးကြည့်ပါ ပျော်ရွှင်တဲ့အချိန်မှာ ထွက်တဲ့ […]
ကိုယ့်ရဲ့ဖူးစာဖက်လေးနဲ့ တွေ့ဆုံနိုင်ခြေရှိတဲ့ နေရာလေးတချို့
အားလုံးပဲ မင်္ဂလာပါ။ ငယ်စဉ်အရွယ် ကျောင်းသားဘဝတုန်းက ချစ်သူရည်းစားထားတာ၊ အချစ်ရေး အချစ်ရာတွေဟာ ပျော်စရာကိစ္စတစ်ခုအနေနဲ့ မြင်တွေ့နိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဘဝပေးအကြောင်းအရင်းအမျိုးမျိုးကြောင့် အချစ်ရေးကိစ္စတွေကျဲသွားပြီး ကိုယ့်အတွက်သင့်တော်မယ့် ဖူးစာဖက်ကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲလာပါတယ်။ ဘားတွေကိုသွားမှ ကိုယ့်အတွက်အဆင်ပြေမယ့် ဖူးစာဖက်ကို ရှာတွေ့နိုင်တာမဟုတ်ပါဘူး။ အခုဖော်ပြပေးသွားမယ့် နေရာလေးတွေမှာလည်း အချစ်စစ်ကို ရှာတွေ့နိုင်ပါသေးတယ်။ သူငယ်ချင်းတွေကနေတဆင့် ရည်းစားရဖို့အတွက် အားမထုတ်နိုင်သူတစ်ဦးဆိုရင်တော့ သူငယ်ချင်းတွေကိုပြောပြပြီး သင့်တော်မယ့်လူရှိရင် မိတ်ဆက်ခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းက ကိုယ့်အတွက် သင့်တော်မယ့် ချစ်သူတစ်ဦးကို ရရှိနိုင်သလို ထိုချစ်သူဟာလည်း သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့လူဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်သူငယ်ချင်းဖြစ်တဲ့အတွက်ကြောင့် မတော်တရော်တွေနဲ့ ပေးတွေ့မှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။ ကော်ဖီဆိုင် ပိတ်ရက်တွေမှာ စာအုပ်လေးတစ်အုပ်၊ လပ်ပ်တော့၊ တစ်မျိုးမျိုးကိုသယ်ပြီး ကော်ဖီဆိုင်လေးမှာသွားထိုင်းရင်း အတွေးလေးတွေကို ဖြန့်ကျက်ရတာ တကယ်ကို အရသာရှိလှပါတယ်။ ပိတ်ရက်ဆိုရင် […]
လွဲမှားတွေ အယူဆတွေ ပါ သမီး မွေးတိုင်းလည်း မိန်းမယုတ် မဟုတ်သလို သား မွေးတိုင်း မိန်မမြတ် မဟုတ်ပါဘူး
လွဲမှားတွေ အယူဆတွေ ပါ သမီး မွေးတိုင်းလည်း မိန်းမယုတ် မဟုတ်သလို သား မွေးတိုင်း မိန်မမြတ် မဟုတ်ပါဘူး လွဲမှားတွေ အယူဆတွေ ပါ သမီး မွေးတိုင်းလည်း မိန်းမယုတ် မဟုတ်သလို သား မွေးတိုင်း မိန်မမြတ် မဟုတ်ပါဘူးသား မွေးတိုင်း မိန်မမြတ် မဟုတ်သလို သမီး မွေးတိုင်းလည်း မိန်းမယုတ် မဟုတ် ပါဘူး တချို့က ပြောကြတယ် ဘုန်းကံ မရှိလို့ သမီး မိန်းခလေး မွေးတာတဲ့ကျွန်မ တော့ အဲ့ဒါကို လက်မခံ ပါဘူးပေတေေ လလွင့်ပြီး ဆိုးသွမ်း နေတဲ့ သားတွေကို မွေးထားမိတဲ့ မိခင် တွေဆို ငါဟာ မိန်းမမြတ်လို့ ဂုဏ်ယူနိုင်မယ် မထင်ပါဘူး။ သား ယောကျ်ားလေး မွေးရင် […]









