ဗိုက်ဆာလို့ ကျောင်းမှာ လာတောင်းစားတဲ့ သူတောင်းစားကို ဘုန်းကြီးက အုတ်ခဲပုံ ရွှေ့ခိုင်းလိုက်သောအခါ… တစ်နေ့မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းကို လက်တစ်ဖက်တည်းရှိတဲ့ သူတောင်းစားတစ်ယောက် ရောက်လာပြီး… စားစရာလာတောင်း စားတယ်…အဲ့မှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင်ဆရာတော် ဆီမှာ စားစရာတောင်းတယ်။ ဆရာတော်က ဆွမ်းစားဆောင်ရှေ့ က အုတ်ပုံကို လက်ညိုး ထိုးပြ ပြီး ဒကာတော် အဲ့ဒီအုတ်ပုံကို… ဆွမ်းစားဆောင်နောက် အရင် ရွေ့ပေးပါအုန်းလို့ မိန့်တော်မူတယ်။အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောတယ်။ အရှင်ဘုရား။တပည့်တော်မှာ လက်တစ်ဖက်တည်းရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ… အရှင်ဘုရား ဆွမ်းကျန် ဟင်းကျန်လေးတောင် မစွန့် ပေးချင်လဲနေပါ။တပည့်တော် တစ်ခြားမှာပဲ သွားတောင်းစားတော့မယ်လို့ပြောရော။ ဘုန်းကြီးက ဘာမှ ပြန်မပြောဘူး။ အုတ်ပုံဆီ လျှောက်သွားပြီး […]
ဗဟုသုတ
မြန်မာတွေရွှေထီးဆောင်းခဲ့စဥ်ကဘယ်နိုင်ငံမှာမှမရှိခဲ့တဲ့ကမ္ဘာ့အထူးဆန်းဆုံးတစ်ချိန်ကမြန်မာငွေစက္ကူများ
ဘယ်နိုင်ငံမှာမှမရှိခဲ့တဲ့ကမ္ဘာ့အထူးဆန်းဆုံးတစ်ချိန်ကမြန်မာငွေစက္ကူများအကြောင်းဦးနေဝင်းခေတ်မှာထုတ်လုပ်သုံးစွဲခဲ့တဲ့မြန်မာ့ငွေစက္ကူတွေဖြစ်တဲ့၁၅ကျပ်တန်၊၄၅ကျပ်တန်၊၇၅ ကျပ်တန်၊၉၀တန်တွေဟာကမ္ဘာမှာမရှိထူးဆန်းဆုံးငွေစက္ကူ များအကြောင်းကိုခုလိုပြောပြထားပါတယ်တိုကျိုမြို့၏နံနက်ခင်းတွင်နိုင်ငံခြားရက်တိုခရီးတစ်ခုမှပြန်လာပြီးပထမဆုံး စာသင်ခန်းပြန်ဝင်လာသောပါမောက္ခကြီးအိုနိုစိတ်အားထက်သန်ရွှင်ပြလျက်ရှိ၏။နှစ်ပတ်ခန့်မတွေ့ရသောကျောင်းသူ ကျောင်းသားများကိုအကြောင်းအရာသစ်များသင်ပြပေးရန်သူ့မှာစိတ်ဝင်စားစရာပစ္စည်းများရရှိလာခဲ့သည်။ဆရာကြီးကစာသင်ခန်းထိပ်ရှိပရိုဂျက်တာပေါ်တွင်ပုံတစ်ပုံကိုပထမဆုံးထိုပြလိုက်ပြီးဒါဘာလဲသိကြသလားဟုမေးလိုက်၏ အများသိသောပုံမို့အားလုံးပြုံးစိစိဖြစ်ကာကောင်မလေးတစ်ယောက်မှာခစ်ကနဲရယ်သံထွက်သွားသည်ဂျပန်နိုင်ငံတွင်လူတိုင်းသိသောယန်း၂၀၀၀တန်ငွေစက္ကူ၏ပုံဖြစ်သဖြင့်အလွန်စာသင်ကောင်းသောပါမောက္ခကြီးအိုနိုကအကြောင်းရှိ၍သာ မေးမြန်းမှန်းသိကြ၏ထို့ကြောင့်နှုတ်သွက်လျှာသွက်ကျောင်း သူလေးတာမူရကဝန်ကြီးချုပ်အိုဘုချိလက်ထက်မှာစတင်ထု တ်ဝေခဲ့တဲ့ယန်း၂၀၀၀တန်ငွေစက္ကူဖြစ်ပါတယ်။ထုတ်ဝေတာ နှစ်သိပ်မကြာသေးပဲလူကြိုက်လည်းမများဘူး။ အမေရိကန်ပြည်ထောင်စုမှာလူတွေအသုံးပြုတာအများဆုံးကဒေါ်လာ၂၀တန်ဖြစ်သလိုဂျပန်နိုင်ငံမှာလည်းတန်ဖိုးချင်းမဘတိမ်းမယိမ်းယန်း၂၀၀၀တန်ကိုတွင်တွင်ကျယ်ကျယ်သုံးကြလိမ့်မယ်လို့ဝန်ကြီးချုပ်အိုဘုချိကမျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့ သူထင်သလိုဖြစ်မလာခဲ့ပါဘူးဟုအတော်ပြည့်ပြည့်စုံစုံဖြေ ကြားလိုက်၏။ကျေးဇူးပဲတာမူရ။မင်းရဲ့အဖြေမှန်ပါတယ်ဝန်ကြီးချုပ်အိုဘုချိတွေးထင်သလိုဟောဒီယန်း၂၀၀၀တန်ကို ဂျပန်မှာလူတွေသိပ်မသုံးကြဘူး။ဒါပေမဲ့ယန်း၂၀၀၀တန် ငွေစက္ကူထုတ်ဝေတဲ့အတွက်တိုင်းပြည်ရဲ့စီးပွားရေးနဲ့ ငွေကြေလည်ပတ်မှုအပေါ် သိသာတဲ့ထိခိုက်နစ်နာမှုဘာမှမရှိခဲ့ဘူးဟု ပါမောက္ခအိုနိုကရှင်းပြ၏။ပြီးတော့မင်းတို့သတိပြုသင့်တက ဟောဒီယန်း၂၀၀၀တန်ငွေစက္ကူကိုစတင်ထုတ်ဝေခဲ့တဲ့အချိန် ကာလပဲဟေ့ဟုဆရာကြီး၏စကားအဆုံးတွင်သိပြီဆရာ၊သက္ကရာဇ်၂၀၀၀မှာယန်း၂၀၀၀တန်ထုတ်ဝေတာမဟုတ်လားဟု ကျောင်းသားတစ်ယောက်ကဝင်ပြောလိုက်သည်သိပ်ဟုတ်တ ာပေါ့ကွာ၊ရာစုနှစ်အသစ်ပြောင်းတော့မယ့်သက္ကရာဇ်၂၀၀၀ မှာတစ်ကမ္ဘာလုံးစိတ်အားထက်သန်နေတဲ့အချိန်၊အိုကီနာဝါကျွန်းမှာကျင်းပမယ့်G-8ဖွံ့ဖြိုးတိုးတက်သောရှစ်နိုင်ငံအုပ်စုရဲ့ထိပ်သီးအစည်းအဝေးနဲ့တိုက်ဆိုင်ထုတ်ဝေလိုက်တာမို့ငါတို့နိုင်ငံသမိုင်းမှာတော့မှတ်တိုင်ကြီးတစ်ခုပါပဲဟုပါမောက္ခကြီး ကပြောပြပါသည်ဒီနေ့ပြောမယ့်အကြောင်းအရာနဲ့မင်းတို့တွေဆက်စပ်စဉ်းစားနိုင်အောင်ယန်း၂၀၀၀ငွေစက္ကူအကြောင်းနိဒါန်းပျိုးတာပါ၊ကဲဟောဒီငွေစက္ကူတွေကိုရောမင်းတို့သိကြသလားဟုဆရာကြီးကပရိုဂျက်တာပေါ်တွင်ပုံများထိုးပြလိုက်၏ အတန်းတစ်ခုလုံးအပ်ကျသံမကြားအောင်တိတ်ဆိတ်သွာတေ ာ့သည်။မိနစ်အတော်ကြာအောင်တိတ်ဆိတ်ငြိမ်သက်နေပြီးမှတာမူရကအဲဒါတွေဟာတကယ်ငွေစက္ကူအစစ်တွဟုတ်ရဲ့လာ းဆရာကြီးဟုမဝံ့မရဲမေးလေ၏။ပရိုဂျက်တာပိတ်ကား ပေါ်ဝယ်၁၅ကျပ်၊၃၅ကျပ်၊၄၅ကျပ်၊၇၅ကျပ်၊၉၀ကျပ်စသောငွေစက္ကူများကိုဂျပန်ကျောင်းသားများတစ်သက်မှာတစ်ခါမျှမမြင်မတွေ့ဖူးကြပါမိုနိုပိုလီကဲ့သို့ဂိမ်းများကစားသည့်ငွေတွေလားဟုတွေးကြသည်။တကယ့်ငွေစက္ကူအစစ်တွေပေါ့။ မယုံရင်ဟောဒီမှာမင်းတို့လက်နဲ့ကိုယ်တိုင်ကိုင်ကြည့်ကြဟုဆရာကြီးအိုနိုကပြောရင်းသူ့လက်ဆွဲအိတ်ထဲမှာတယုတထည့်လာသောငွေစက္ကူများကိုထုတ်ပေးလေ၏ကျောင်းသူကျောင်းသားများမှာလည်းငွေစက္ကူများကိုလက်ဆင့်ကမ်းကိုင် ကြည့်ရင်းဟွန်တိုဒါ(တကယ်ကြီးဟ)ဟုအချင်းချင်းတအံ့တဩပြောကြသည်။အေးအဲဒီငွေစက္ကူတွေဟာလူဦးရေသန်း၃၀ ကျော်သုံးစွဲခဲ့ရတဲ့တကယ့်အစစ်တွေ၊အခုမီယမ်မာ(မြန်မာ)လို့မင်းတို့သိကြတဲ့အရှေ့တောင်အာရှနိုင်ငံဟာအဲဒီအချိန် တုန်းကပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံဆိုတာပဲ။ ဘိရုမာနော့တာတဲဂိုတို(မြန်မာ့စောင်း)ရုပ်ရှင်ထဲက ဘိရုမာဆိုတဲ့တိုင်းပြည်ပေါ့အဲဒီအချိန်ဆိုရှယ်လစ်အစိုးရခေါင်းဆောင်ကအာဏာရှင်ကြီးဦးနေဝင်းတဲ့။စစ်ကြီးမတိုင်ခင်ငါတို့ဂျပန် ပြည်မှာစစ်ပညာလာသင်သွားတဲ့မြန်မာလူငယ်အဖွဲ့ထဲမှာသူလည်းပါဝင်ခဲ့တယ်။သူဗိုလ်ချုပ်ကြီးဖြစ်တဲ့အခါမြန်မာပြည်ကိုအာဏာသိမ်းပြီးအုပ်ချုပ်ရင်းသူထုတ်ဝေခဲ့တဲ့ငွေစက္ကူတွေပဲဟုပါမောက္ခအိုနိုကပြောပြသည်။ဂျပန်နိုင်ငံ၏ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုမှဘွဲ့လွန်ကျောင်းသားများသည်လည်း ခေသူမဟုတ်ပါသူတို့ပါမောက္ခပြောချင်သည့်ပြဿနာ၏ဆိုလိုရင်းကိုတွေးမြင်ကြည့်နိုင်ကြပါသည်။နိုင်ငံတော်အစိုးရကငွေစက္ကူတွေထုတ်ဝေတဲ့အခါပြည်သူတွေတွက်ချက်သုံးစွဲရ လွယ်ကူအောင်သတ်မှတ်ရပါတယ်မြန်မာငွေစက္ကူတွေရဲ့ငွေ ကြေးသတ်မှတ်ချက်ဟာအလွန်ပဲထူးဆန်းနေပါတယ်။ဆရာ ကြီးပြောချင်တာဒီအချက်ပဲလို့ထင်ပါတယ်ဟုကျောင်းသားတစ်ယောက်ပြောသည်ကိုအားလုံးဝိုင်း၍ထောက်ခံကြ၏ ပါမောက္ခကြီးအိုနိုကပြုံးလိုက်သည်။နိုင်ငံတစ်ခု၊စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုကိုစီမံခန့်ခွဲရာမှာမင်းတို့သင်ကြားခဲ့သမျှသီအိုရီတွေ၊လုပ်ထုံးလုပ်နည်းတွေနဲ့လုံးဝမဆိုင်တဲ့ အုပ် ချုပ်ရေးနည်းလမ်းကိုဆရာပြောပြမယ်၊သေသေချာချာနား ထောင်ကြပေတော့ဟုဆရာကြီးကနိဒါန်းပျိုးလိုက်သည်။အဲဒါကတော့မြန်မာလူမျိုအတော်များများယုံကြည်ကြတဲ့ယတြာဆိုတာပဲဖြစ်ပါတယ်ယတြာရဲ့သဘောကိုအတိုချုပ်ပြောရရင်နက္ခတ်တာရာဂြိုဟ်အသွားအလာတွေကိုကြည့်ပြီးကိုယ် ဖြစ်စေချင်တဲ့အကောင်းအဆိုးကိုအဆောင်လက်ဖွဲ့တွေနဲ့စီမံကြတဲ့ရိုးရာယုံကြည်မှုပဲ။ဥပမာဆိုရင်၊တို့ဂျပန်တွေရဲ့တဲရူတဲရုဘိုဇိုလိုပေါ့။ဂျပန်နိုင်ငံတွင်နေ့တိုင်းမိုးရွာနေလျှင်မိုးစဲ၍နေသာအောင်တဲရုတဲရုဘိုဇိုခေါ်အဝတ်ရုပ်လေးလုပ်၍ချိတ်ဆွဲသော ဂျပန်ရှေးရိုးအယူရှိသည်။အဆောင်လက်ဖွဲ့၊ယတြာသဘောမျိုးပင်ဖြစ်ပါသည်။မြန်မာအာဏာရှင်ဗိုလ်ချုပ်ကြီးကတော့ တရားလွန်အယူသည်းပါတယ်။၁၉၈၆ခုနှစ်မှာသူအသက်၇၅ နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့တစ်ခါမှမရှိဖူးသေးတဲ့ ၇၅ကျပ်တန်ကိုထုတ်ဝေလိုက်တယ်သူက၉ဂဏန်းကိုလည်း အလွန်နှစ်သက်လေတော့နောက်ထပ်၉၀ကျပ်တန်၊၄၅ကျပ်တန်တွေလည်းထုတ်ဝေတယ်။ဟု ပါမောက္ခအိုနိုကဆက်လက် ရှင်းပြသည်။ကျောင်းသားများကပြန်လှန်မေးခွန်းထုတ်ကြ သည်။ဒါဖြင့်၁၅ကျပ်တန်၊၃၅ကျပ်တန်နဲ့၇၅ကျပ်တန်တွေကရောဆရာကြီးဟုမေးကြရာသူက၅ဂဏန်းနဲ့အဆုံးသတ်တာလည်းကြိုက်သတဲ့။ပြီးတော့သူ့ဗေဒင်ဆရာတွေအကြံပေးတဲ့ဂဏန်းတွေကိုရွေးတာလို့သိရတယ် ဟူသောဆရာကြီး၏အဖြေကြောင့်ဂျပန်ကျောင်းသားများဆက်၍စဉ်းစားကြံဆကြ၏။အဲဒီလိုထူးဆန်းတဲ့ငွေစက္ကူတွေရိုက်နှိပ်ထုတ်ဝေတော့မြန်မာနိုင်ငံရဲအခြေအနေဟာဘယ်လိုထူး ခြားကောင်းမွန်လာပါသလဲဟုစိတ်ဝင်တစား […]
မြန်မာပြည်ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ ရွှေထွက်ရှိရာ ရွှေကြောနေရာဒေသများ
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ မြန်မာပြည်ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ ရွှေထွက်လို့ ရွှေမြန်မာလို့ ခေါ်မယ်ဆိုလည်း ခေါ်လို့ရပါတယ်။ မြန်မာပြည်မှ ရွှေထွက်ရှိရာ ဒေသများမှာ … ကချင်ပြည်နယ် = ကာမိုင်း၊ ခေါင်လန်ဖူး၊ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ တနိုင်းဒေသ၊ နောင်မွန်၊ ပူတာအို၊ မချမ်းဘော၊ ဖားကန့် ၊ ဗန်းမော်၊ မိုးကောင်း၊ မံစီ၊ မိုးညှင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေကူ၊ ဟိုပင်။ ကရင်ပြည်နယ် = ကြာအင်းဆိပ်ကြီး၊ သံတောင် စစ်ကိုင်းတိုင်း = ကနီ၊ ကသာ၊ ကလေးဝ၊ကောလင်း၊ ကန့်ဘလူ၊ ကွန်းလှ၊ ခန္ဏီး၊ တမူး၊ တန့်ဆည်၊ ထီးချိုင့်၊ ပင်လယ်ဗူး၊ ဗန်းမောက်၊ မုံရွာ၊ မင်းကင်း၊ယင်းမာပင်၊ […]
ဖန်ပုလင်းခွံတွေကနေ အိမ်မှာ အလှဆင်လို့ရမယ့် မီးသီးတွေရအောင် ပြုလုပ်နည်း (၅) နည်း
ပုလင်းလေးတွေက အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်ရင် နေ့စဉ်ဘဝအတွက် အများကြီး အသုံးဝင်ပါတယ်။ အဲဒါကြောင့် ရေပုလင်းလေးတွေကနေ မီးသီးလေးတွေအဖြစ် ဘယ်လိုပြောင်းလဲနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။ ဖန်ပုလင်းနဲ့ ပြုလုပ်နိုင်သော နည်းလမ်းများ နည်းလမ်း ၁ လိုအပ်သောပစ္စည်းများ – ဖန်ပုလင်းအလွတ်တစ်လုံး – Lamp kit တစ်ခု – မီးအုပ်ဆောင်းတစ်ခု – မီးသီးတစ်လုံး Lamp kit ကို ပုလင်းထဲကို ထည့်လိုက်ပါ။ မီးအုပ်ဆောင်းကို ဖန်ပုလင်းပေါ်မှာ တင်လိုက်ပါ။ မီးသီးကို မီးအုပ်ဆောင်းအောက်မှာ ထည့်ပြီး Lamp kit နဲ့ သွယ်တန်းလိုက်ရုံပါပဲ။ နည်းလမ်း ၂ လိုအပ်သောပစ္စည်းများ – ဖန်ပုလင်းအလွတ်တစ်လုံး – ခရစ်စမတ်မီးကြိုးတစ်ကြိုး ပုလင်းကို ရေဆေးပြီး […]
လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ်
လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ် စွန်းလွန်းဆရာတော်သည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်လေသည်။ ရဟန္တာဟူသော ပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာများကို သိမြင်နိုင်စွမ်းရှိသလို ပညာဉာဏ် တန်ခိုးများလည်း ပြည်စုံ၏။ ဟုတ်တိုင်း မှန်ရာသာလျှင် မိန့်လေသည်။ ၁၉၄၈ မှ ၁၉၆၂ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သောဦးနုသည် ထိုအချိန်ကကျော်ကြားနေသော(မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည့် တဘောင်)အားဆရာတော်ထံ မေးလျှောက်လေသည်။ ဦးနု အမေး။ ။ အရှင်မြတ်ဘုရား ဒီတဘောင်ဟာမြန်မာပြည်မှာ မင်းလေးပါး ပေါ်မှာလား( ဒါမှမဟုတ် )အာဏာလုပွဲ ဖြစ်မှာလား(ဒါမှမဟုတ် )တခြားတိုင်းပြည်ကမင်းလေးပါး လာဆုံမှာလားဘုရား။ ဆရာတော်အဖြေ။ ။ ဒကာတော်ကြီးဦးနု ထင်သလိုမဟုတ်ပါ။ မစိုးရိမ်ပါနဲ့။ ဒီတဘောင်ဟာ ဆန်းကြယ် နက်နဲလှပါတယ်။ ဒီတဘောင်ရဲ့ ရှေ့ဆက်ဖြစ်လာမယ့် […]
“စွန့်ပစ်ပလပ်စတစ်မှ ဒီဇယ်ထုတ်လုပ်နိုင်တဲ့နည်းပညာကို လက်တွေ့ပြသပေးလိုက်တဲ့ အညာသားလေး”
Unicode စစ်ကိုင်တိုင်းဒေသကြီး၊ ဘုတလင်မြို့က BE(Chemical) ဘွဲ့ရ ကိုသန့်ဇင်ထွန်း ဆိုသူဟာ၂၀၁၅ ခုနှစ်မှာ စွန့်ပစ် ဂျွတ်ဂျွတ်အိတ်၊ ပီနံအိတ် နဲ ့ အခြားစွန့်ပစ်ပလပ်စတစ်တွေကနေ ဒီဇယ်ဆီ တစ်နေ့ ဂါလံ ၂၀ ထုတ်လုပ်ထဲ့ Pilot Plant လေးကိုတည်ဆောက်ပြီး သူ့ရဲ့ထုတ်လုပ်မှုကို သရုပ်ပြခဲ့ရာမှာ သူ့ရဲ့ ဒီဇယ်ဆီ Product တွေထည့်ပြီး လယ်ယာသုံးစက်များကို မောင်းနှင်ပြခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရကိုလည်း သူ့ရဲ့ Plan ကိုရှင်းပြကာ စက်ရုံအကြီးတည်ဆောက်နိုင်ရေး Investment အတွက် SME ချေးငွေ သိန်း ၅ထောင်လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။ အဲဒီတုန်းက စည်ပင်ကလည်း ပလပ်စတစ် စွန့်ပစ်အမှိုက်ကိစ္စ ဖြေရှင်းနိုင်မယ့်နည်းလမ်းဖြစ်လို့ အတော်စိတ်ဝင်စားကာ သူကို ချေးငွေ သိန်းငါးရာ ချေးပေးဖို့ အစီအစဉ်ရှိခဲ့သော်လည်း နောက်တော့အစီအစဉ်က ပျက်သွားခဲ့တယ်လို့ […]
သင့်ချစ်သူက သင့်ကို တကယ်ဂရုစိုက်ပေးတာလား၊ ချုပ်ချယ်နေတာလားဆိုတာကို ခွဲခြားသိနိုင်မယ့်အချက် (၈) ချက်
ဂရုစိုက်တာနဲ့ ချုပ်ချယ်တာရဲ့ကြားမှာ အလွှာပါးပါးလေးပဲ ခြားပါတယ်။ တစ်ခါတရံမှာ သင့်ချစ်သူက သင့်ကို တကယ်ပဲ ဂရုစိုက်ပေးနေတာလား၊ ချုပ်ချယ်နေတာလားဆိုတာ ခွဲခြားရခက်ပါတယ်။ သင်က ဂရုစိုက်ခံနေရတာလား၊ ချုပ်ချယ်ခံနေရတာလားဆိုတာကို ဒီအချက်လေးတွေကနေ သိနိုင်ပါတယ်။ ၁။ တစ်ဖက်သတ်ဆုံးဖြတ်ခြင်း စုံတွဲတွေကြားမှာ အဆင်ပြေဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတာ၊ သဘောတူညီချက်တွေထားတာ စသဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။ သင့်ကို တကယ်ဂရုစိုက်သူဆိုရင် နှစ်ယောက်စလုံးအတွက် အဆင်အပြေဆုံးဖြစ်မယ့်အရာကို ရွေးချယ်မှာပါ။ အဲဒီလိုမဟုတ်ဘဲ သင့်ရဲ့ခံစားချက်တွေကို ထည့်သွင်းမစဉ်းစားဘဲ သူ့အမြင်သူ့သဘောနဲ့ပဲ ဆုံးဖြတ်ရင်တော့ သင့်ကို ချုပ်ချယ်နေတာပါ။ ၂။ မမျှတခြင်း စုံတွဲတွေကြားမှာ အချင်းချင်းသဘောတူညီထားတဲ့ ကတိတွေ၊ စည်းမျဉ်းတွေ ရှိကြပါတယ်။ ဒါပေမယ့် သင့်ချစ်သူက အဲဒီကတိတွေ၊ စည်းမျဉ်းတွေကို အရင်စဖောက်ပြီး သင့်ကိုတော့ ကတိတွေတည်ရမယ်၊ စည်းမျဉ်းတွေ လိုက်နာရမယ်လို့ ပြောနေရင်တော့ တကယ်ထိန်းချုပ်ချင်နေတာပါ။ […]
ပြောဆိုရခက်တဲ့ကလေးတွေကို နားဝင်လွယ်အောင် လမ်းညွှန်ဆုံးမပေးနည်း (၉) ခု
ကလေးတွေအတွက် ယုံကြည်မှုရှိရှိ ကြီးပြင်းလာစေဖို့က မိဘတိုင်းရဲ့ဆန္ဒပါပဲ။ ဒါပေမယ့် တစ်ခါတရံမှာ မိဘတွေရဲ့ အပြုအမူအချို့ကြောင့် ကလေးတွေမှာ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ရှာမတွေ့နိုင်ကြတော့ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမပျက်စေဘဲ ဘယ်လိုဆုံးမနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ သူတို့ရဲ့အကြောင်းပြချက်တွေကို နားထောင်ပေးပါ။ ကလေးတွေကို “ဘာမှလာမပြောနဲ့” ဆိုတဲ့စကားနဲ့ စတင်ဆူလိုက်တာက သူတို့ရှင်းပြချင်တဲ့အကြောင်းအရာတွေကို ပိတ်ပင်လိုက်သလိုပါပဲ။ ကလေးတွေကို သူတို့ရဲ့အမှားကို သေချာရှင်းပြပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို သတိပေးလိုက်တာက နောက်ထပ်အမှားတွေကို မလုပ်မိအောင် ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။ ၂။ အားပေးပါ။ အမှားတစ်ခုလုပ်ပြီးတဲ့အခါ အရှေ့ကလုပ်ခဲ့တဲ့ အမှားတွေကိုပါ ထည့်ပေါင်းပြီး ဆူတာက ဘာမှအကျိုးရှိတဲ့အရာမဟုတ်ပါဘူး။ အဲဒါကြောင့် ကလေးတွေ အမှားလုပ်ပြီးတဲ့အခါ ရှေ့ဆက်ပြီး ဘယ်လိုပြုမူနေထိုင်သင့်ကြောင်း လမ်းကြောင်းပေးတာက […]
မြန်မာပြည်တွင် သာမက ကမ္ဘာမှာပါ ဂင်းနစ်စံချိန် တင် တော့မဲ့ သံနောက်ရွာမှာ တည်ရှိတဲ့ လက်ပံပင်ကြီး
Unicode ကျောက်ဆည် မြို့နယ် သံရွာအုပ်စု သံနောက်ရွာမှာ တည်ရှိတဲ့ လက်ပံပင် ကြီးကို လာရော က်တိုင်းထွာ သွားပါတယ်။ ရန်ကုန်မှ တည်ရှိတဲ့သစ်ပုတ်ပင်ကြီးရဲ့ပင်စည်ဟာ ၅၆ ပေပဲ တည်ရှိပြီး၊ ကျွန်တော်တို့သံရွာနယ်မှ ရှိတဲ့လက်ပံပင်ကြီး ကတော့၇၉ ပေနဲ့၁၀လက်မ ရှိပါတယ်။ လက်ရှိအမြင့်ပေ၂၉၀ရှိပါတယ်။ အရင်တချိန်တုန်းကယခုလက်ပံပင်ကြီးကို ကမ္ဘာလှည့် ခရီးသည်တွေ တအံ့တသြနဲ့ ဓာတ်ပုံတွေ ရိုက်ကြ တာရှိ ပါတယ်။ ကျွန်တော်တို့ နယ်သူ/သား တွေက တော့ မထူးဆန်း ဒီလိုအပင်တွေ နယ်မှာ များစွာ ရှိတာကိုး နောက်ပြီး အခုပင်ဟာ တောင်ကြီးမြို့ တတ်ရာ လမ်းဘေးမှာ တည်ရှိ နေလေ တော့ ပိုပြီး တင့်တယ် သွားတာ ပေါ့ဗျာ။ လာလည် ကြပါ မိတ်ဆွေ တို့ရေ […]
အစဉ်ရှောင်ကြဉ်ကြရမည့် ဘုန်းကံနိမ့်စေ လာဘ်ပိတ်စေသော အလေ့ဆိုးများ
အစဉ်ရှောင်ကြဉ်ကြရမည့် ဘုန်းကံနိမ့်စေ လာဘ်ပိတ်စေသော အလေ့ဆိုးများ ၁။ ဘုရားခန်းတွင် လင်မယားနှစ်ယောက်မအိပ်ရ ၂။ ယောင်္ကျား၏ညာဘက်တွင်မိန်းမ မအိပ်ရ ၃။ နံနက် ၄ခွဲမှ၆နာရီအတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီးလေးပါးသည်လူအများ၏ ကောင်းမှု မကောင်းမှုကိုကြည့်ရှုသောအချိန်ဖြစ်သည်။ ထိုအချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည်။ ၄။ မိမိအိပ်သော ခုတင်ထက် သို့မဟုတ်အိပ်ရာထက်မြင့်သောနေရာတွင် ထဘီတန်းမပြုလုပ်ရ။ သား သမီး ခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ ၅။ မိမိအိပ်ရာခင်းနှင့်ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ ၆။ မိမိနေထိုင်ရာထက်မြင့်သော နေရာတွင်ဖျာ မွေ့ရာ စောင်များ လှမ်းခြင်းမပြုလုပ်ရ ၇။ မိမိအိမ်ရှေ့အပေါက်ဝတွင် မေးကို လက်ထောက်ပြီးမထိုင်ရ မမှိုင်ရ ၈။ မိမိအိမ်ရှေ့တံခါးအပေါက်ဝတွင် ဆံပင်ဖားရားချ၍ သန်းဥ မဆွဲရ ၉။ မိမိအိမ်ရှေ့ တံခါးပေါက်ဝတွင် […]









