သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသများနှင့် နေ့စဉ်မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို အများသိရှိနိုင်စေဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်။ ၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။ ရွာသွန်းမြဲမိုးရေချိန်ထက် ၃ဆ ပိုမိုရွာသွန်းနိုင်တဲ့အတွက် မေခမြစ်၊ မလိခမြစ်၊ သံလွင်မြစ်၊ ဧရာဝတီမြစ်တို့ရဲ့ စိုးရိမ်ရေမှတ်များကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် ရေကြီးရေလျှံသတိပြုကြရန်နှင့် လာမည့် အောက်တိုဘာလတွင် လာနီညာ တစ်ကြော့ပြန်လာမှာဖြစ်တဲ့အတွက် မုတ္တမပင်လယ်ကွေ့ ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်တာမို့ သီးနှံစိုက်ပျိုးတောင်သူများ ကြိုတင်ပြင်ထားကြပါ ဆိုပြီး ခန့်မှန်းလိုက်တိုင်းမှန်တဲ့ မိုးလေဝသ စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားပါတယ်။ […]
မိုးေလ၀သ
နေရာအနှံ့အပြား မိုးရွာနိုင်ပြီး မိုးကြီးနိုင်သော ဒေသများ
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကျောက်ဖြူမြို့တွင် (၇.၆၄)လက်မ၊ အမ်းမြို့တွင် (၇.၄၄)လက်မ၊ သံတွဲမြို့တွင် (၅.၅၉)လက်မ၊ တောင်ကုတ်မြို့တွင် (၃.၈၆)လက်မ၊ သရက်မြို့နှင့် စစ်တွေမြို့တို့တွင် (၃.၇၄)လက်မစီ၊ အောင်လံမြို့တွင် (၃.၆၂) လက်မ၊ မောင်တောမြို့တွင် (၃.၁၁)လက်မ၊ ကလေးမြို့၊ ဂွမြို့နှင့် မာန်အောင်မြို့တို့တွင် (၂.၅၆)လက်မစီ၊ လောင်းလုံးမြို့တွင် (၂.၂၈)လက်မ၊ သပိတ်ကျင်းမြို့နှင့် ကျိုက်ဒုံမြို့တို့တွင် (၂.၂၄)လက်မစီ၊ ဆောမြို့တွင် (၂.၂၃)လက်မနှင့် ဟိုင်းကြီးကျွန်းမြို့တွင် (၂.၂၀)လက်မတို့ ဖြစ်ကြပါသည်။ ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား […]
အားကောင်းလာနေတဲ့ မုတ်သုန်လေကြောင့် မိုးကြီးနိုင်သော ဒေသများ
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား […]
နောက်၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သော တိုင်းနှင့်ပြည်နယ် ဒေသကြီးများ
နောက်၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သော တိုင်းနှင့်ပြည်နယ် ဒေသကြီးများ သြဂုတ်လ ၁ ရက်နေ့ မိုးလေဝသထုတ်ပြန်ချက် များအရ နောက်၂၄နာရီမှ ၄၈နာရီ အတွင်းမိုးများစွာရွာသွန်းနိုင်တဲ့ ဒေသတွေကေတာ့မန္တလေးပုသိမ်ကြီး မေမြို့ အုန်းချော မတ္တရာ ဟံလင်း ဝက်လက် လှတော အရာတော် ဒီပဲယင်း ဘုတလင် ညောင်ကန် ကနီယာ ကြီး မင်းကင်း ကလေးဝ ကလေး ဟားခါး ဂန့်ဂေါ ကျော ပုံတောင်ပုံညာ ယင်းမာပင် ဆားလင်းကြီး မုံရွာ မတူပီ မင်းတပ် ကန်ပက်လက် ဆောကျောက်ထု ထီးလင်း ချပ်သင်း ချပ်ကြီး ကောလင်း မိုးများစွာရွာသွန်းနိုင်ပြီး နောက် ၄၈နာရီအတွင်း ပဲခူးတိုင်းအေရှ့ပိုင်း စစ်တောင်းမြစ်ဝှမ်းဒေသ နေပြည်တော် မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တောင်ပိုင်းမိုးရွာသွန်းနိင်ပြီး […]
မုတ်သုန်လေအားကောင်းနေပြီး နောက်(၂)ရက်အတွက် မိုးကြီးနိုင်သော ဒေသများ
မုတ်သုန်လေအားကောင်းနေပြီး နောက်(၂)ရက်အတွက် မိုးကြီးနိုင်သော ဒေသများ ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန် မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မုတ်သုံလေ အားအသင့်အတင့်မှ […]
“နောက်(၃)ရက်အတွင်း မိုးကြီးပြီး မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်နိုင်တဲ့ ဒေသများ သတိပေးချက်”
နောက်(၃)ရက်အတွင်း မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်နိုင်တဲ့ ဒေသများ
နောက်(၃)ရက်အတွင်း မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်နိုင်တဲ့ ဒေသများ (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၂၅.၇.၂၀၂၁)မှ (၂၈.၇.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။ အကြံပြုချက် ၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ […]
မုတ်သုံလေ အားအလွန်ကောင်းပြီး (၄၈) နာရီအတွင်း မိုးကြီးနိုင်မည့် ဒေသများ
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။ မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ […]
နောက် ၃၆နာရီအတွင်း မိုးကြီးမည့်ဒေသမျာ
နောက် ၃၆နာရီအတွင်း မိုးကြီးမည့်ဒေသများ နောက် ၃၆နာရီအတွင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်း တွေမှာ မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်ပါတယ် မုဒုံ ကျိုက်ခမီ သံဖြူဇရပ် ကြာအင်းဆိပ်ကြီး ရေး ရေဖြူ ကန်ဘောက် ထားဝယ် နောက် ၃၆နာရီအတွင်း မီုးကြီးရေလျှံ ဖြစ်နိုင်ပါတယ် ဟင်္သတ သာရဝေါလက်ပံတန်း သာယာဝတီ အုတ်ဖို ကြိုပင်ကောက် ဇီးကုန်းနတ္တလင်း ပေါင်တည် အင်းမ ရွှေတောင် ပြည် ပေါက်ခေါင်း ပေါင်းတလည် မြန်အောင်ထိန်တောမိုးညို ကနောင် မိုးတွေရွာနိုက်ပါတယ် ဖားကန့် ကသာ ဗန်းမောက် မော်လူး မော်ဟန် နန့်စီအောင် မိုးညှင်း credit-su […]
တရုတ်နဂါးကြီးဆီကို အရှိန်နဲ့ အရောက်သွားတော့မယ့် Fabian တိုင်ဖုန်းမုန်တိုင်း
မြန်မာနိုင်ငံတောင်ပိုင်း ဒေသအချို့တွေကို သဘာဝဘေးအန္တရာယ် ထိ ဆွဲခေါ်နိုင်တဲ့ အနောက်တောင်မုတ်သုန် အားကောင်စေတဲ့ မုန်တိုင်း ဖိလစ်ပိုင်ပင်လယ်အရှေ့ဘက်ပင်လယ်မှာ ဖြစ်ပေါ်နေသေ းလေဖိအားနည်းရပ်ဝန် း98w သည် အားကောင်းလာပြီးယနေ့ 17.7.2021ရောက်ရှိလာသောအခါ အားကောင်းသေ ာမုန်တိုင်းငယ်09w Fabian အဖြစ်နဲ့လေတိုက်နှုန်း 35mphမြင့်တတ်လာပြီး လေထုဖိအားလည်း 1000mbသို့ ကျဆင်းလာပါတယ် တွဲခိုနေသော တိမ်အထပ်များတွေလည်းများပြားလာပါပြီး 18,19,20,21,22ရက်တွေမှာ ပိုမိုအားကောင်းလာနိုင်ပြီး အဆင့်ဆင့်ပြောင်းလည်းကာ တိုင်ဖုန်းမုန်တိုင်း အဆင့်နဲ့တရုတ်ပြည်ထဲကို ဝင်နိုင်ပါတယ် ဒီမုန်တိုင်း အားကောင်းလာတဲ့အချိန်အနောက်တောင်မုတ်သုန်လည် း ပိုမို အားကောင်းလာနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သေ ာမွန်ပြည်နယ်ကရင်ပြည်နယ်နှင့် တနင်္သာရီဒေသ အချို့တို့တွင် မိုးသည်းထန်လာနိုင်ပါတယ် တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်မှု့တွေလည်းရှိလာနိုင်ပါတယ် ခန့်မှန်း 19,20,21,22နေ့များအတွင်း မိုးသည်းထန်စွာ ရက်ဆက်ရွာနိုင်သဖြစ် သဘာဝဘးများနှင့်ဆက်စပ်သော အန္တရာယ်များကြုံတွေ့ လာနိုင်ပါတယ်သို့ဖြစ်ပါသေားကြောင့် အထူး သတိရှိကြရန်ထပ်မံပြီး သတိပေးလိုက်ပါတယ် Htay Aung […]