မိုးလေ၀သ
ဇူလိုင်လ (၁၈) ရက်နေ့အတွက် မိုးလေ၀သအခြေအနေ ခန့်မှန်းချက်…
ဘင်္ဂလားပင်လယ်အော် အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ယနေ့ညနေအထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၈) ပေခန့် ရှိနိုင်ပါသည်။ နောက် (၂) ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် […]
မုတ်သုံလေ အားကောင်းနေသောကြောင့် နောက်နှစ်ရက် အတွင်း တိုင်းနှင့်ပြည်နယ် ၆ ခု မိုးကြီးမည်
မုတ်သုံလေ အားကောင်းနေသောကြောင့် နောက်နှစ်ရက် အတွင်း တိုင်းနှင့်ပြည်နယ် ၆ ခု မိုးကြီးမည် နေ့စဉ်မိုးလေဝ သသတင်း (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလား ပင်လယ်အော် အခြေအနေ ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အား အသင့်အတင့် မှ အားကောင်းနေ ပါသည်။မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် […]
ယနေ့ နေ့စဉ် မိုးလေဝသ သတင်းထုတ်ပြန်ချက် . .
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၃)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် … နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ […]
ယနေ့မိုးလေဝသသတင်း ထုတ်ပြန်ချက်…မုတ်သုံလေ အားကောင်းလာမှုကြောင့် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး… ရခိုင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် […]
၆ လပိုင်းမှာ မိုးများမည့် ဒေသ ၊ မိုးခေါင်မည့် ဒေသများ စာရင်း
၂၀၂၀ ဂျွန်လ ၆လပိုင်း June/2020 အတွက်ရာသီဥတုအခြေအနေ ခန့်မှန်းချက်… ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းမှ ကလေး ကလေးဝ မော်လိုက် ခမ်းပတ် တမူး ဖောင်းပြင် မင်းကင်း ပင်လယ်ဘူး ဝန်းသို ကောလင်းထီးချိုင့် ဟုမ္မလင်း ထမံသီ… နန်းယွန်း ခန္တီး လဟယ် နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ်တွေမှာ ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမိုရွာသွန်းဖွယ်ရှိပါတယ် မေခ မလိခ ချင်းတွင်းမြစ်ဖျားပိုင်းကုလားတန်မြစ် မေယုမြစ်တွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်သဖြင့် ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်းအနောက်ဖက်ပိုင်း (ချင်းတွင်းမြစ်) မြစ်ကြီးနား ဝိုင်းမော် (ဧရာဝတီမြစ်) တွေမှာစိုးရိမ်ရေမှတ်များအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ် ပင်လယ်ဘူး ဝန်သို ကောလင်း ဒေသများတွင် မိုးအားကောင်းနိုင်သည့်အတွက်မူးမြစ် (သဖန်းဆိပ်ဆည် + ကင်းတပ်ဆည် + ကာဘိုးဆည်) တွေလည်း စိုက်ပျိုးရေ ပေးဝေနိုင်တဲ့အဆင့်ကို ရောက်ရှိလာနိုင်ပါတယ် […]
ဧပြီနဲ့မေလတွင် မိုးကြိုးကြောင့် လူ (၂၅) ဦးသေဆုံးပြီင်္း မိုးခြိမ်းစဉ် ဖုန်းမသုံးရန် သတိပေး…
ဧပြီနဲ့မေလထဲတွင် မြန်မာပြည်မှာ မိုးကြိုးကြောင့် လူ (၂၅) ဦးသေဆုံး…. မိုးခြိမ်းစဉ် ဖုန်းမသုံးရန် အစိုးရ သတိပေး… မိုးကြိုကာလဖြစ်တဲ့ ဧပြီနဲ့မေလထဲ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် (၁၀)ခုမှာ မိုးကြိုးကြောင့် လူ (၂၅) ယောက်သေဆုံးခဲ့ပြီး (၉) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့် လျှပ်စီးလက်၊ မိုးခြိမ်းတာတွေဖြစ်နေတဲ့အချိန် ဖုန်း၊ တီဗွီ၊ ရေဒီယိုတွေ အသုံးမပြုကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒီနေ့ဇွန်လ (၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီချိန်တွေမှာ ဖုန်း၊ တီဗွီ၊ ရေဒီယိုတွေအပြင် လျှပ်စစ်ထမင်းအိုး၊ မီးပူ၊ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုကြဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါအပြင် သစ်ပင်၊ ဓါတ်တိုင်၊ သံ၊ သတ္ထုပစ္စည်းတွေနားမှာ မနေကြဖို့နဲ့ အိမ်ပြင်ဘက်မှာ လူစုလူဝေးမနေကြဖို့လည်း […]
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့ အတွက် မိုးလေဝသအခြေအနေ ခန့်မှန်းချက်
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့ အတွက် မိုးလေဝသအခြေအနေ ခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော် အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့ တွင် မုတ်သုံလေ အားနည်းနေပါသည်။ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိ ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် […]
မုန်တိုင်းကြီး ကုန်းပေါ်တက်တော့မည် ဘေးအန္တရာယ်ကင်းကြပါစေ/
မုန်တိုင်းကြီး ကုန်းပေါ်တက်တော့မည်… ယနေ့ နေ့လည် – ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ် Chuksar Island Jambu Dweep Sugar Island တို့သို့ရောက်ရှိနိုင်ကာ ညပိုင်းတွင် Hooghly မြစ်ဝကျွန်းပေါ်ဒေသ (အနောက်ဘင်ဂေါ) မှ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ် …. ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်စဉ် တစ်နာရီလေတိုက်ခတ်နှုန်း ၁၀၀မိုင် လေပြင်းတိုက်ချိန် ၁၁၅မိုင်နှုန်းရှိနိုင်ပါတယ် ရေလှိုင်းအမြင့် ဗဟိုတွင် ၄၂ပေအထိရှိနိုင်ပါတယ်…. ဘေးအန္တရာယ်ကင်းကြပါစေ အဆိုပါမုန်တိုင်းကြီးကြောင်း ရခိုင်ကမ်းရိုးတန်းတွင်မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်……မြန်မာ့ရေပိုင်နက်အတွင်း ကမ်းနီး ၁၂ပေ ကမ်းဝေး ၁၅ပေအထိ ရေလှိုင်းများဖြစ်ပေါ်နိုင်ပါတယ်…. မြန်မာတစ်နိုင်ငံလုံးတွင်မိုးရွာသွန်းနိုင်ပြီး မွန်ပြည်နယ် ရခိုင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်းတစ်ခုလုံးနှင့် ကချင်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပါတယ်…..။ (MMT) SU SU SAN unicode မုန်တိုင်းကြီး ကုန်းပေါ်တက်တော့မည်.. ယနေ့ နေ့လည် […]