မိုးလေ၀သ

မုန်တိုင်းကြီး ကုန်းပေါ်တက်တော့မည် ဘေးအန္တရာယ်ကင်းကြပါစေ/







(MMT) SU SU SAN

unicode

မုန်တိုင်းကြီး ကုန်းပေါ်တက်တော့မည်..

ယနေ့ နေ့လည် – ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ် Chuksar Island Jambu Dweep Sugar Island တို့သို့ရောက်ရှိနိုင်ကာ ညပိုင်းတွင် Hooghly မြစ်ဝကျွန်းပေါ်ဒေသ (အနောက်ဘင်ဂေါ) မှ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ် ….

ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်စဉ် တစ်နာရီလေတိုက်ခတ်နှုန်း ၁၀၀မိုင် လေပြင်းတိုက်ချိန် ၁၁၅မိုင်နှုန်းရှိနိုင်ပါတယ် ရေလှိုင်းအမြင့် ဗဟိုတွင် ၄၂ပေအထိရှိနိုင်ပါတယ်….

ဘေးအန္တရာယ်ကင်းကြပါစေ

အဆိုပါမုန်တိုင်းကြီးကြောင်း ရခိုင်ကမ်းရိုးတန်းတွင်မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်……

မြန်မာ့ရေပိုင်နက်အတွင်း ကမ်းနီး ၁၂ပေ ကမ်းဝေး ၁၅ပေအထိ ရေလှိုင်းများဖြစ်ပေါ်နိုင်ပါတယ်….

မြန်မာတစ်နိုင်ငံလုံးတွင်မိုးရွာသွန်းနိုင်ပြီး မွန်ပြည်နယ် ရခိုင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်းတစ်ခုလုံးနှင့် ကချင်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပါတယ်…..။

(MMT) SU SU SAN