သတင္း
တစ်ဒေါ်လာ ငွေလဲနှုန်း ၂၁၀၀ ကျပ်မှ ၂၅၀၀ ကျပ် (သို့) ၂၇၀၀ ကျပ်ထိ တိုးမြှင့်သတ်မှတ်ရန် ဗဟိုဘဏ်စီစဉ်နေ
ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ စစ်ကောင်စီ၏ ဗဟိုဘဏ်က သတ်မှတ်ထားသော အမေရိကန်ဒေါ်လာ တန်ဖိုးကို ပြောင်းလဲရန် (သို့မ ဟုတ်) စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်ထားရန် UMFCCI နှင့် စက်သုံးဆီ လုပ်ငန်းရှင်များက စစ်ကောင်စီကို အကြံပြုထားကြောင်း သိရှိရသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄၀၀ ကျပ်အထိ ထိုးတက်ပြီးနောက် စစ်ကောင်စီ၏ ဗဟိုဘဏ်၊ UMFCCI ၊ ပုဂ္ဂလိကဘဏ်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိရာ စီးပွားရေးသမားများက ငွေလဲနှုန်းကို စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်လည် ထားရှိရန် (သို့မဟုတ်) စျေးကွက်ပေါက်စျေးနှင့်နီး စပ်သော ရည်ညွှန်းစျေးနှုန်း ပြောင်းလဲရန် အကြံပြုကြကြောင်း သိရှိရသည်။ ” ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကွက်ပေါက်စျေးနဲ့ သတ်မှတ်စျေးနှုန်းဟနေတယ်။ အဲဒါကြောင့် အလုပ်လုပ်လို့မရဘူး။ […]
သတင္း
ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်ခံရ
ဝိန့်ဆန်းရွှေဆိုင် ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်ခံရ သြဂုတ်၂၈ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီး တောင်ဘက်မှာရှိတဲ့ ဝိန့်ဆန်း ရွှေရတနာဆိုင်ဟာ ယမန်နေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၃ ထောင်ကျော်ဖိုး ပါသွားတယ်လို့ မြင်းခြံမြို့တွေဆီက သိရပါတယ်။ ” မျက်နှာဖုံးနဲ့လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ကိုရောက်လာတယ်၊ ဆိုင်က လုံခြုံရေးဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ ဓားမြှောင် အသုံးပြုပြီး လက်မြှောက်ထိုင်ခိုင်းထားတယ် ၊ နောက်ပြီး ရွှေရတနာတွေ ခင်းထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး ရွှေအလေးအချိန် ၁ ပိသာကျော် […]
သတင္း
၄၈ နာရီ အတွင်း USD အများကြီး ဖြစ်နေလို့ ပျော်နေတဲ့ ကိုထိန်လင်း(ပျော်နေရှာပြီပေါ့)
၄၈ နာရီ အတွင်း USD အများကြီး ဖြစ်နေလို့ ပျော်နေတဲ့ ကိုထိန်လင်း(ပျော်နေရှာပြီပေါ့) 48 Hours အတွင်း Ticket အစောင်ရေ ၃၅၀၀၊ USD 350,000 Fund Raise လုပ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းကို ကိုထိန်လင်း ကြားသိပြီး အရမ်းကို အံ့ဩဝမ်းသာနေကြောင်း ကြားသိရပါတယ်။ ကိုထိန်လင်းအနေနဲ့ ဒီကာလဟာ သူ့အတွက် အင်မတန်ခက်ခဲပင်ပန်းတဲ့ ကာလဖြစ်ပါလိမ့်မယ်။ နိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင် ကမ္ဘာသိခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဖယ်ထားလိုက်ဦး၊ ကိုထိန်လင်းအတွက်တော့ အသက်ရှစ်ဆယ်နီးနီး သူ့ရဲ့အမေဟာ စစ်ဘီလူးတွေလက်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန် ဖြစ်ပါတယ်။ ကိုထိန်လင်းအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ်ခံစားချက် မဟုတ်ပါဘူး။ သူ့ငယ်ဘဝကတည်းကနေ အခုအချိန်အထိ အကြိမ်ကြိမ် ခံစားခဲ့ရတဲ့ ခံစားချက် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့အမေဟာ အရင်လို ပျိုရွယ်တဲ့အချိန်မဟုတ်ဘဲ […]
သတင္း
အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ Latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ)
အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ) အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ) အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ) အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ) အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ) အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ) အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား မပေးမလားကိုဇော်မဲလုံးဖြေကြားချက်(ရုပ်သံ) အုပ်ချုပ်ရေးမှူး ရာအိမ်မှူးတွေကို ကာကွယ်ဖို့ latt နက်များ ပေးမလား […]
သတင္း
မအလ ထုတ်လိုက်တဲ့ ဖေ့စ်ဘုတ်ကို အစားထိုးမည့် လူမှု့ကွန်ယက်အသစ် App
စတင်မိတ်ဆက်လိုက်တဲ့ မအလ အဖွဲ့ ရဲ့ fb အစားထိုး APP တစ်ခု မအလ ထုတ်လိုက်တဲ့ ဖေ့စ်ဘုတ်ကို အစားထိုးမည့် လူမှု့ကွန်ယက်အသစ်…… အားလုံးပဲ မဂ်လာပါ အခုပြောပြပေးမှာကတော့ မင်းအောင်လှိုင် အဖွဲ့ သားတွေ ထုတ်လုပ်လိုက်တဲ့ ဆော့ဝဲတစ်ခုပဲဖြစ်ပါတယ် Play store မှာ Ok par ဆိုပြီး ရိုက်ရှာကြည့်နိုင်ပါပြီ ကြိုက်သိဖြစ်စေ မကြိုက်သိဖြစ်စေ ကျွန်တော် ရှာကြည့်လိုက်တာ Rating 1.1 ပဲရှိပါတယ် မကြာပါဘူး ဒါဆို Play store ဖြုတ်ချတော့မှာ rating ကို 1ပဲ ပေးကြပါ https://play.google.com/store/apps/details?id=org.okpar crd pl Unicode စတင်မိတ်ဆက်လိုက်တဲ့ မအလ အဖွဲ့ ရဲ့ fb အစားထိုး APP […]
သတင္း
ကုန်ဈေးနှုန်းတွေတတ်ပြီး ကြပ်တည်းလာတဲ့အပေါ် ပွင့်လင်းစွာပြောလာတဲ့ ပန်ဆယ်လို
Zawgyi) ကုန်ဈေးနှုန်းတွေတတ်ပြီး ကြပ်တည်းလာတဲ့အပေါ် ပွင့်လင်းစွာပြောလာတဲ့ ပန်ဆယ်လို ဒေါ်လာဈေးတွေတက်၊ ဆီဈေးတွေတက်၊ လူထုက ကြပ်တည်းလာတဲ့အခါ ချွေတာရေးအတွက် ပိုစ့်လေးတွေ တင်လာကြတာ တွေ့ရပါတယ်။သတိရမိတယ်။ ကိုယ်တွေငယ်ငယ်တုန်းက ထမင်းစားရင် အသားတုံးလေးတစ်တုံးနှစ်လုံးနဲ့ လောက်အောင် စားနိုင်ရင် လိမ္မာလိုက်တာလို့ ချီးကျူးခံရတဲ့ခေတ်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ အကျိုးဆက်ကတော့ ဘူဖေးတွေဘာတွေ စားတဲ့အခါ မစားတတ်တော့ဘူး။ ဟင်းတွေအများကြီး မစားတတ်တော့ဘူး။ အသားတွေ အများကြီး မစားတတ်တော့ဘူး။ အမှန်တကယ်က ကိုယ်တွေဆို ငယ်ငယ်တုန်းက နယ်အနေအထားနဲ့ နေနိုင်စားနိုင် အဆင်ပြေတဲ့ လူတန်းစားထဲမှာ ပါခဲ့တယ်။ ဘာလို့ အသားနည်းနည်းနဲ့ စားတတ်အောင် လူကြီးတွေက လေ့ကျင့်ပေးခဲ့လဲဆိုတော့ သူတို့ဖြတ်သန်းခဲ့တဲ့ ရှားပါးတဲ့ နိုင်ငံအခြေအနေကနေ အကျင့်ပါလာတဲ့ အခြေအနေပဲ။ အရွယ်လေးရောက်လာတဲ့အခါ ထမင်းတစ်ပန်းကန်ကြီးနဲ့ အသားဟင်းလေး တစ်တုံးနှစ်တုံးနဲ့စားတာဟာ မှားနေတယ်ဆိုတာ သိလာရတယ်။ […]
သတင်း
မင်းအောင်လှိုင်ကို “ဂုဏ်သရေရှိ ဝန်ကြီးချုပ်” ဟု အမည်တပ် စာပေးပို့သည့် HRW မြန်မာပြည်သူများကို​seemore
မင်းအောင်လှိုင်ကို “ဂုဏ်သရေရှိ ဝန်ကြီးချုပ်” ဟု အမည်တပ် စာပေးပို့သည့် HRW မြန်မာပြည်သူများကိုတောင်းပန် ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာမင်းအောင်လှိုင် သို့… လိပ်မူပြီးရေးတဲ့ စာက အစစ်လို့ HRW Myanmar က သူတို့ twitter ကနေ ပြီးခဲ့တဲ့ တစ်နာရီခန့်က ကြေညာပါတယ်။ ဒါကြောင့် စာကို အစစ်/အတု အငြင်းပွားနေစရာ မလိုတော့ဘဲ အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။ . မင်းအောင်လှိုင်ကို HRW (Human Rights Watch Myanmar) က စာပေးပို့တာမှာ တခြားအဖွဲ့တွေရဲ့ သဘောတူညီမှု မရယူခဲ့ဘဲ ‘ကံမကောင်းစွာနဲ့ လိပ်မူ’ ပေးပို့လိုက်မိတာလို့ HRW Myanmar က ဝန်ခံထားပါတယ်။ ဒါကြောင့် စာကလည်း အစစ်ဖြစ်ပြီး ပေးပို့တာကလည်း အစစ်ဖြစ်ပါတယ်။ […]
သတင္း
ကမ္ဘာပေါ်ပြန်ပြုတ်ကျလာနေတဲ့ China ရဲ့ Rocket တစ်ခုဟာ ​ပြီးဆုံးသွားခဲ့ပြီseemore
Non Weather ….. Long March 5B Update : (မနက် ၁း၀၀ နာရီ ၃၁/၇/၂၀၂၂) (ပုံ-၁) SPACEX MISSIONS’S YouTube ၊page သည် မနက် ၀ဝး၂၀ နာရီ ၊ အိန္ဒိယ သမုဒ္ဒရာပေါ်တွင်ကောင့်ဒေါင်း ပြီးဆုံးခဲ့ပါသည်။ (စာ-၂) U.S. Space Command ည ၁၁း၁၅ နာရီ (၃၀/၇/၂၀၂၂) မြန်မာစံတော်ချိန် | ( 10:45 am MDT on 7/30 ) တွင် အိန္ဒိယသမုဒ္ဒရာ ပေါ်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း အတည်ပြုပါသည် ။ မည်သို့ပြန်လည်ဝင်ရောက်လာပုံ ၊ ကျန်အပျက်အစီး အစိတ်အပိုင်းများ စသည်တို့နှင့်ပါတ်သက်၍ တရုတ်အာဏာပိုင်များဖက်မှ ထုတ်ပြန်ချက်များ […]
သတင္း
မနေ့ကလို တစ်တိုင်းပြည်လုံးဝမ်းနည်းပူဆွေးနေချိန်မှာ နေသာသလို ပျော်သလိုနေခဲ့ကြတဲ့ အနုပညာရှင်စာရင်းများ ပေါ်ထွက်လာ
သတင္း
အလှဓါတ်ပုံတွေ၊ တိရိစ္ဆာန်ပုံတွေ တင်ဖို့လောက်နဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတာ မတန်လိုက်တာ