သူ့ကို သိပ်ချစ်လွန်းလို့ကျွန်မ ရူးမိုက်နေမိတာတော့ ဝန်ခံပါတယ် သူ့ကို ချစ်တယ်ဆိုတာထက်ပိုတဲ့ ချစ်ခြင်းမျိုးနဲ့ချစ်ခဲ့တာပါ .. ဘယ်လောက်ထိချစ်လဲလို့မေးရင် ဘာနဲ့မှတော့ နှိုင်းပြလို့မရဘူး သိပ်ချစ်တာပေါ့လို့ပဲဖြေတတ်တယ် … ဘာကြောင့်ချစ်မိခဲ့လဲဆိုတဲ့ အဖြေတွေမရှိဘူး ဘယ်လောက်ထိ ချစ်မှာလဲဆိုတာတွေ မသိဘူး .. ကျွန်မသိတာ သူ့ကို သိပ်ချစ်လွန်းခဲ့တာတော့သိတယ် လိမ်နေမှန်းမသိအောင် ကျွန်မ မတုံးအခဲ့ပါဘူး .. ဒါပေမယ့် သူလိမ်နေတဲ့အခါ ကျွန်မ ငြိမ်ငြိမ်လေးပဲ နားထောင်ဖြစ်တယ် .. ဘာကြောင့်လဲလို့မေးရင် ကျွန်မမှာ အဖြေမရှိဘူး လိမ်နေမှန်းသိသိရဲ့နဲ့တောင် ငြိမ်ပြီးခံနေတဲ့အထိ ကျွန်မ ကန်းနေမိတယ် ထင်တယ် သူ့နေရာမှာ တခြားတစ်ယောက်သာဆိုရင် ကျွန်မ ဒီလိုနားထောင်ဖြစ်မှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ် အမှားတွေရှိလာတဲ့အခါ ခွင့်လွှတ်နေမိတုန်းပဲ လူပဲလေ အမှားနဲ့မကင်းပါဘူးဆိုတဲ့အတွေးနဲ့ အမှားတွေကို တစ်ကြိမ်မက နှစ်ကြိမ်မက ကျွန်မ ခွင့်လွှတ်နေခဲ့မိတာ […]
အချစ်ရေး
ဒီလိုချစ်သူေကာင်မေလး ရထားပြီဆိုရင် ဘယ်ေတာ့မွလက်လွတ်မခံပါနဲ႔
ဒီလိုချစ်သူကောင်မလေး ရထားပြီဆိုရင် ဘယ်တော့မှလက်လွတ်မခံပါနဲ့ ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ပြီဆိုတာနဲ့ သူဟာ ဘဝတစ်ခုလုံးစာနီးပါး အရေးကြီးသွားပါပြီ။ဒါပေမယ့် ကိုယ့်ရွေးချယ်မှုမှာ လိုအပ်ချက် ရှိမရှိပေါ်မူတည်ပြီး အနည်းနဲ့အများတော့ ဒုက္ခခံရ တတ်ပါတယ် သိပ်ဆိုးလွန်းတဲ့ ချစ်သူကို ရွေးထားမိရင်လည်း အကြောက်တရားကြီးပြီး မိန်းမတွေကို စိတ်နာသွားတတ်သလို၊သိပ်ကောင်းလွန်းတဲ့ မိန်းမမျိုးကို ရွေးမိထားရင်လည်း ကိုယ်မကောင်းခဲ့တာတွေအတွက် ပူပန်ရ တတ်ပါတယ်။ အောက်ပါ အချက်တွေ သင့် ကောင်မလေးမှာ ရှိရင်တော့ သူမကို သင့်ဘဝလက်တွဲဖော်အဖြစ် မြတ်မြတ်နိုးနိုး တွဲသင့်ပါတယ်နော် … (၁) သူမက သင်နဲ့ အကြိုက်တူတယ် သမီးရည်းစားဘ၀ လက်တွဲခိုင်မြဲဖို့အတွက် ဝါသနာတူ၊ အကြိုက်တူ ဖြစ်ချင်းဟာ သိပ်ကို အရေးပါ လွန်းပါတယ် ဒါကို အများကြီးရှင်းပြနေစရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိသွားတဲ့အခါ တစ်ယောက်အကြိုက်ကို တစ်ယောက်က လိုက်ပြီး […]
ကိုယ့်ကို တကယ်ချစ်မချစ် ဘယ်လိုသိနိုင်သလဲ?
ကိုယ့်ကို တကယ်ချစ်မချစ် ဘယ်လိုသိနိုင်သလဲ? လူတစ်ယောက်ရဲ့အချစ်ကို လက်ဆောင်ပေးတာတွေ၊ surprise လုပ်ပေးတာတွေ၊ သူများအားကျအောင် Social Media ပေါ်တွေမှာ တင်တာတို့နဲ့ သတ်မှတ်လို့မရပါဖူး။ ကိုယ့်ချစ်သူ က ကိုယ့်ကို တကယ်ချစ်မချစ်ဆိုတာ သိနိုင်တဲ့ နည်းလမ်းတွေတော့ရှိပါတယ်။ အလုံးစုံမဟုတ်ပင်မဲ့ ဒီအချက်တွေရှိနေရင်တော့ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ သေချာနေပါပြီနော်။ (1) ကွယ်ရာမှာ စိတ်ချနိုင်မှုရှိတယ်။ ကိုယ် မမြင်ရတဲ့နေရာ ၊ လိုက်မသွားနိုင်တဲ့ နေရာတွေမှာ စိတ်ပူမှုရှိပင်မဲ့ တခြား မယုံကြည်မှုတွေ မဖြစ်စေတဲ့ သူမျိုးဖြစ်ပါတယ်။ ကိုယ့်ရှေ့မှာလည်း ယုံကြည်မှုနဲ့ နေပြတဲ့သူဖြစ်တဲ့အတွက် ကွယ်ရာမှာ ရပ်ဝေးမှာလည်း သူ့အပေါ် ယုံကြည်မှု ရှိစေနိုင်တဲ့ သူက ကိုယ့်ကို တကယ်ချစ်ပါတယ်။ (2) တာဝန်ယူမှုရှိတယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ အလုပ်တွေသာမက သူနေထိုင်နေတဲ့ […]
ယောကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ
ယောကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှ လက်ခံနားလည် ပေးရမှာပဲ ချစ်သူ၊ ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်သိက္ခာကို တစ်ယောက်က ကာကွယ်ပေးရမယ်။အပုပ်မချ သင့်ပါဘူး … လူတိုင်းဟာ အတ္တသမားချည်းပါပဲ။သူ့အတ္တကို ထိပါးလာတာ လူတိုင်း မကြိုက်ကြဘူး … ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ် ဆိုပါတော့….ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင် ဘာပြန်ပြောမယ်ထင်လဲ … “တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ” “တရားသူကြီးက လာဒ်စားလို့ပါ”“ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ် လူ ၁၀၀ မှာ ၈၀ လောက်က ဝန်ခံရဲကြမှာ မဟုတ်ပါဘူး ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ် ရှိလို့ပဲပေါ့ … ချစ်သူ၊ ရည်းစား […]
ပျော်ရွှင်တဲ့ အချစ်ရေးလေးတည်ဆောက်ဖို့ ကိုယ့်ချစ်သူနဲ့အတူ လုပ်သင့်တဲ့ အရာလေးတွေ..
ပျော်ရွှင်တဲ့ အချစ်ရေးလေးတည်ဆောက်ဖို့ ကိုယ့်ချစ်သူနဲ့အတူ လုပ်သင့်တဲ့ အရာလေးတွေ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ကြည်နူးပျော်ရွှင်မှုကို ခံစားရတတ်ပါတယ် ဒါဟာ အချစ်ပါ။ ဒါပေမယ့် အချစ်ရေးတိုင်းက ပျော်စရာတွေနဲ့ ပြည့်နှက်မနေပါဘူး။ တစ်ခါတစ်လေ စိတ်မခန့််မသင့်မှုတွေကြောင့် စကားများရန်ဖြစ်မယ်၊ တစ်ခါတစ်လေ သဝန်တိုစိတ်မလိုမကျမှုတွေကြောင့် စိတ်ဆိုးစိတ်ကောက်ကြမယ်၊ အရမ်းဆိုးဝါးတဲ့ အခြေအနေတွေဆိုရင်တော့ လမ်းခွဲပြတ်စဲတဲ့အထိ ဖြစ်လာကြမယ်။ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေးလေးကို ဘယ်သူကမှ ပြိုပျက်သွားတာမျိုးတော့ မလိုချင်ကြဘူး ဟုတ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့အချစ်ရေးလေးကို ကြည်နူးပျော်ရွှင်စရာတွေနဲ့ ပြည့်နေတဲ့ အချစ်ရေးလေးဖြစ်လာအောင် လွယ်လွယ်နဲ့ မပြိုကွဲကောင် ချစ်ရသူနဲ့ ဒီအချက်လေးတွေ လုပ်ဆောင်ကြည့်ပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လုပ်ပါ shutterstock/ Look Studio ချစ်သူအဖြစ် ရွေးချယ်ထားပြီဆိုရင်တော့ ကိုယ်ရွေးချယ်လိုက်တဲ့ သူအကြောင်းကို အနည်းအကျဉ်းလောက်တော့ သိထားလောက်ပါပြီ ဒါပေမယ့် အတွင်းကျကျတော့ […]
အိမ်မပိုင်တဲ့ မိန်းကလေးကို ချစ်သူရွေးမယ်ဆိုရင်
အိမ်မပိုင်တဲ့ မိန်းကလေးကို ချစ်သူရွေးမယ်ဆိုရင် မင်း ဒါလေး ခနလောက် နားထောင်ကြည့်လိုက်ပါအုးံ …၊ချစ်သူဖြစ်ပီး 1 လလောက်က အရမ်းကို အေးတိအေးဆက် နိုင်လွန်းတဲ့ ဂျိုသားမလေးတွေပေါ့အဲ့ ဒဏ်လေးကို မင်းခံနိုင်ပီလား …?တိုင်ပင်ရိုက်နေရင်းနဲ့ အဖေသို့မဟုတ် အမေခေါ်လို့ နုတ်မဆက်ပဲ လိုင်းပေါ်က ဆင်းသွာရင် မင်းစိတ်ထဲ ပေါက်ကွဲသံစဉ်တွေ ထွက်လာမှာ အသေချာပဲ အဲ့ဒါလေးရော သည်းခံနိုင်ပီလား …? အရမ်းလွမ်းလို့ ကိုက ဖုန်းခေါ်ရင်တောင် အဖေမေ ရှိလို့ မကိုင်ရဲတဲ့ အခိုက်တန့် အိမ်မပိုင်တဲ့ ဂျိုသားမလေးတိုင်းမှာ ရှိတယ် ။ ဖုန်းပြော ရပြီဆိုလဲ မဟုတ်တာ လုပ်ထားသလို ခိုးပြောရတာ မင်းချစ် နိုင်တာ သေချာတယ်ပေါ့ ။ သူများ အတွဲတွေ လူသိရှင်ကြား Anniversary တွေလုပ်လို့ […]
အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာများ..
အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာများ.. အသက် ၂၀ အရွယ်ဆိုတာ မတည်ငြိမ်သေးတဲ့အရွယ်ပါပဲ။ ဒီလိုအချိန်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အမှားအယွင်းမဖြစ်အောင် သတိထားဖို့လိုပါတယ် ဒါကြောင့် ပျိုမေတို့အတွက် အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။ ( ၁ ) လက်မထပ်ပါနဲ့ အသက် ၂၀ အရွယ်က အရမ်းငယ်လွန်းပါတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားလို့ကောင်းတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ ရူးမိုက်ပြီးလက်ထပ်တာမျိုး မလုပ်ပါနဲ့။ ဒီအရွယ်က မတည်ငြိမ်သေးတဲ့အရွယ်မို့ လက်မထပ်သင့်ပါဘူး။ ( ၂ )ပုံအောပြီးမချစ်ပါနဲ့ တစ်စုံတစ်ယောက်ကို ပုံအောချစ်ထားပြီးမှ ကွဲသွားခဲ့ရင် ကိုယ်ပဲအလူးအလဲခံစားရမှာပါ။ ဒီအရွယ်မှာ မတည်မြဲနိုင်သေးတဲ့အတွက် တစ်ခုခုဆို အရမ်း Serious မဖြစ်ပါနဲ့။ ကိုယ့်အတွက် ရှေ့ဆက်ရမယ့်အချိန်တွေ၊ တွေ့ရမယ့်လူတွေက အများကြီးရှိပါသေးတယ်။ ဘယ်သူ့ကိုမှလည်း […]
ရည်းစားဟောင်း ကို အိပ်မက်မက်တဲ့အခါ အဓိပ္ပါယ်ကောက်နည်း
ရည်းစားဟောင်း ကို အိပ်မက်မက်တဲ့အခါ အဓိပ္ပါယ်ကောက်နည်း ရည်းစားဟောင်း က အိပ်မက်ထဲမှာ ပါလာတိုင်း သိချင် ခဲ့ တယ် အိပ်မက်တွေရဲ့ သွယ်ဝှိုက် နေတဲ့ အဓိပ္ပါယ် လုံးဝ မိုက် တယ် (1) အေးစက်နေတဲ့ ဆက်ဆံရေးကို မက်တဲ့ အိပ်မက် ရည်စားဟောင်းနဲ့ လမ်းခွဲခြင်းကို လက်ခံလိုက်ပြီ ဆိုတဲ့အခြေအနေပါ ပြီးပြီးသား အချစ်ရေးကို လုံးဝအဆုံးသတ်ပြီး အချစ်သစ် တွေ့တဲ့ အိပ်မက်ပါ (2) ရည်စားဟောင်းနဲ့ ပြန်တွဲတဲ့ အိပ်မက် အိပ်မက်ကနိုးတဲ့အခါ “ငါက ဘာလို့ ” ဆိုပြီး တွေးနေမိ ပါလိမ့် မယ် ။ ပြောင်းပြန် အဓိပ္ပါယ် ယူပြီး လက်ရှိချစ်သူနဲ့ပဲ ဆက်ပြီးချစ် ချင်တယ် ဆိုတဲ့ အဓိပ္ပါယ် ပါ […]
စစ်မှန်တဲ့ မေတ္တာတရား ဆိုတာ ဒီလိုမျိုးပါနော်…
စစ်မှန်တဲ့ မေတ္တာတရား ဆိုတာ ဒီလိုမျိုးပါနော်… “စစ်မှန်တဲ့ မေတ္တာတရား” တစ်ခါက လူတစ်ယောက်ဟာ မိန်းမလှ တစ်ယောက်နဲ့ လက်ထပ်လိုက်တယ် …။ ရုပ်လှတဲ့အပြင်စိတ်ထားကလည်း အရမ်းကောင်းတော့ အမျိုးသမီးကို အရမ်းချစ်ရှာတယ် …။ တစ်နေ့မှာ အမျိုးသမီးဟာ အရေပြားရောဂါ စတင်ခံစားလာရတယ် …။ အကြောင်း တိုက်ဆိုင်ချင်တော့ တစ်ရက်မှာ အမျိုးသားကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ် …။ ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး မျက်စိနှစ်လုံးစလုံး ကွယ်သွားခဲ့တယ် …။ ဒီနေရာမှာ ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ရအောင်.. အရေပြားရောဂါသည်နဲ့ မျက်မမြင်တယောက် ရဲ့ အိမ် ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံခရီးဆက်ကျမလဲ? ဘာတွေဆက်ဖြစ်မယ်လို့ ထင်ပါသလဲ …? တကယ်တော့ သူတို့ ၂ ယောက်ကြားမှာ ဘာပြောင်းလဲမှု့မှမရှိခဲ့ပါဘူး။ […]
နေတတ်အောင်ထားခဲ့ပြီးမှ တစိမ်းဆန်တယ်လို့မပြောပါနဲ့