တစ်ခါက ချစ်သူနှစ်ဦးရှိတယ် သူတို့ နှစ်ဦးကအရမ်းချစ်ကြပြီး လိုက်ဖက်လွန်းတဲ့အတွဲလို့ လူတွေရဲ့အမြင်မှာ ထင်ကြေးပေးခံရသလောက်ကို လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ Couple လေးပါပဲ။ တစ်ကယ်တမ်းအပြင်ဘက်က အမြင်ထက်အတွင်းကျကျ သိလိုက်ရတဲ့အချိန်မှာတော့ ကောင်မလေးက အရမ်းသနားစရာကောင်းမှန်းသိရသလို အရမ်းချစ်တဲ့သူက ပိုပြီးအနစ်နာခံ၊နာကျင်ရပါလားဆိုတာသိလိုက်ရတယ်။ အချစ်ဆိုတာ နှစ်ဦးနှစ်ဖတ်မျှတနေမှ အချစ်ညီမျှခြင်း အချစ်ဖြစ်မှာပါ သို့ပေမယ့် ဒီအတွဲလေးမှာတော့ ကောင်မလေးဖက်ကပဲ တစ်ဖတ်သက်ကြီး လိုက်ချစ်နေရသလိုမျိုး ကောင်လေးကဘယ်တော့မှ ကောင်မလေးအပေါ် ဂရုစိုက်မှုကျင်နာမှုတွေ အလေးထားမှုတွေရှိမနေပါဘူး ဒါကိုဘာကြောင့် ချစ်နေရတာလဲလို့ကောင်မလေးကိုမေးတော့ သူသိပ်ချစ်လို့ပါတဲ့။ တစ်ခါတစ်လေ အချစ်ဆိုတာက တန်ဖိုးမသိတဲ့သူလက်ထဲမှာ စျေးပေါသွားတတ်ပြီး တန်ဖိုးသိတဲ့သူလက်ထဲမှာ စျေးကြီးပါတယ် စျေးဆိုလို့ အချစ်ကိုငွေနဲ့တိုင်းတာ တာမဟုတ်ပါဘူး တန်ဖိုးမထားတဲ့သူရဲ့လက်ထဲမှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ချစ်ခြင်းမေတ္တာတွေစျေးမပေါဖို့ လူမှားမပေးရအောင် နှလုံးသားကို ဦးစားမပေးမိစေဖို့ ညွှန်းလိုက်တာပါ။ တန်ဖိုးမသိရင် လှည့်ထွက်သွားလိမ်းမယ် လိုက်ဆွဲထားစရာမလိုဘူး ကိုယ်နဲ့ထိုက်တန်တဲ့သူကတော့ ကမ္ဘာမြေရဲ့ တစ်နေရာရာကနေ […]
အခ်စ္ေရး
တော်ကီဆန်းလေးတွေနဲ့ ချစ်သူကောင်လေးကို ချုပ်နည်း
တော်ကီဆန်းလေးတွေနဲ့ ချစ်သူကောင်လေးကို ချုပ်နည်း မိန်းကလေးတွေမှ မဟုတ်ပါဘူး။ယောက်ျားလေးတွေမှာလည်း ပါး စပ် က ဖွင့်မပြောပေမယ့် သူတို့ချစ်ရတဲ့ ကောင်မလေးဆီကနေ ကြား ချင် တဲ့ စကားလုံးလေးတွေရှိပါတယ်။ အပြောထက်၊နှုတ်ဖျားကနေ ထွက်တဲ့ စကားချိုချိုလေးတွေထက် လက်တွေ့က ပိုအရေးကြီးတယ်ဆိုပေမယ့် စကားချိုချိုလေးတွေလည်း လိုအပ်ပါတယ်။ကိုယ်ရဲ့ Crush ကိုပဲ (သို့) ကိုယ့်ရဲ့ ချစ်သူကောင်လေး လုံး၀ ကိုယ့်ကို ကြွေသွားစေမယ့် တော်ကီ ဆန်းလေးတွေကတော့… (၁)သူ့ကို ဘယ်လောက် ယုံကြည်ကိုးစားကြောင်း ပြောပါ ယောက်ျားအများစုဟာ သူတို့ကို ယုံကြည်အားကိုးတယ်ဆိုရင် အရမ်း ကို အကျေနပ်ကြီး ကျေနပ်နေတတ်ကြသူတွေပါ။”ယုံတယ်” ဆိုတဲ့ စကားလေးဟာ ဘာမှတော့ မဟုတ်ပေမယ့် သူတို့ရဲ့ နှလုံးသားကို လုံး၀ အရည်ပျော်ကျသွားစေပါတယ်။ ဒါကြောင့်လည်း အရာရာမှာ ကို ယ့်အားကိုယ်ကိုး […]
တစ်ကယ်ချစ်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူကို ဘယ်တော့မှ တစ်ယောက်ထဲ ပစ်မထားရဘူး…
တစ်ကယ်ချစ်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူကို ဘယ်တော့မှ တစ်ယောက်ထဲ ပစ်မထားရဘူးရယ်ဒါဟာ ကိုယ့်ချစ်သူအပေါ်ထားပေးရမဲ့ ethicပဲ။ ဘယ်လောက်ပဲ အလုပ်ပင်ပန်းနေပါစေ သူ့ဆီ ဖုန်းလေးတစ် call လောက်ဖြစ်ဖြစ်စာတိုလေး တစ်စောင်လောက်ဖြစ်ဖြစ်ပို့ထားပေးလိုက်သင့်တာပါပဲ။ ဘာလို့လဲဆိုတော့ မင်းဆီက အခုလိုအလေးအနက်ထားတာလေးတွေ သူလိုအပ်နေလို့ပါ။မင်းဆီက Reply ပြန်မလာရင်သူဘယ်လောက်ထိစိတ်မကောင်းဖြစ်နေမလဲမင်း မသိပါဘူး ။ အိမ်ကိုရော ပြန်ရောက်ရဲ့လား လမ်းမှာ တစ်ခုခု များ ဖြစ်နေလို့လား အဆင်မပြေတာတွေ ဖြစ်နေလို့လား အဲ့လို အတွေးတွေများစွာနဲ စိတ်ပူနေရတာမင်းကိုသာ ထုတ်မပြောချင် မပြောမယ် မင်း ပစ်ထားသလိုဖြစ်တဲ့ အချိန်တိုင်းသူ တစ်ယောက်ထဲ ဝမ်းနည်းနေရတာပါ။ သူ့ဘက်က စာတွေ ပို့ထားရင်လည်းသူ့ကိုကောင်းကောင်းမွန်မွန်လေးပြန်ပြောပေးလိုက်ဖို့ ဝန်လေးမနေပါနဲ့စိတ်တွေရှုပ်ပြီး စိတ်တွေတိုလာတိုင်းလည်းဒေါသတကြီးနဲ့ အော်ပြီး မပြောပါနဲ့မင်းဆီက သူလိုချင်တာ အခု အအော်ခံရတာမျိုး မဟုတ်ဘူး ။ မင်းရဲ့ ကြင်နာမှုလေးတွေကိုမျှော်လင့်တောင့်တနေတာပါ သူ […]
မင်း ထပ်ချစ်ရမှာကို ကြောက်နေတာမလား ငါ့ကို မညာပါနဲ့….
မင်းက အခု လူလွတ်တစ်ယောက်လားအင်း ဟုတ်တယ်မင်းကို မင်းချစ်တဲ့တစ်စုံတစ်ယောက်က ပစ်ပယ်သွားတာကို ခံရဖူးလားအင်း ပစ်ပယ်ခံရဖူးတယ် မင်း ဘာလို့ တစ်ယောက်တည်း နေနေတာလဲ တစ်စုံတစ်ယောက် ကို ရှာဖွေသင့်တယ် မဟုလားတစ်ယောက်တည်း နေရတာ အဆင်ပြေနေတာပဲ ဘာလို့ ကျွန်တော့်အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေရမှာလဲမင်း ထပ်ချစ်ဖို့ကို ကြောက်နေတာလားမဟုတ်ပါဘူးမင်း အထီးကျန် နေတယ်လို့ ခံစားရလားအင်း တစ်ခါတစ်လေပေါ့မင်း ထပ်ချစ်ရမှာကို ကြောက်နေတာမလား ငါ့ကို မညာပါနဲ့ မလိမ်တန်းဝင်ခံရရင်တော့ မှန်တယ် ကျွန်တော်တစ်စုံတစ်ယောက်ကို ထပ်ချစ်ရမှာ ကို ကြောက်တယ် သံယောဇဉ် တွေတွယ်ပြီးမှ ဖယ်ခွာ သွားခံရမှာကိုကြောက်တယ် သူစိမ်းကနေ သူစိမ်း ပြန်ဖြစ်သွားတာ မဆန်းပေမယ့် အမှတ်တရတွေရှိဖူးတော့ ရင်ထဲမှာ ဟာတာတာ နဲ့Morning ဒါမှမဟုတ် Goodnight ဆိုတဲ့စာလေးတွေ သူ့ဆီက မရောက်လာတော့မှာကို […]
မင်းကိုကောင်းကင်နဲ့ တင်စားတတ်တဲ့ ယောက်ျားမျိုးဆိုတာ….
မင်းကိုကောင်းကင်နဲ့ တင်စားတတ်တဲ့ ယောက်ျားမျိုးဆိုတာ…. မင်းကိုကောင်းကင်နဲ့ တင်စားတတ်တဲ့ ယောက်ျားမျိုးကိုရှာပါ။ သူဘာလုပ်လုပ် မင်းကိုအလေးထားပြီး အသိပေးတတ်တဲ့သူ ဖြစ်သလို မင်း ရှိနေတယ် ဆိုတဲ့ စိတ်နဲ့ မင်းနဲ့မသင့်လျော်မဲ့အရာတွေကို သိက္ခာ လေးနဲ့ ထိန်းတတ်လိုက်တာမျိုး ပါ။ မင်းမျက်နှာကိုအမြဲ ထောက်ပြီး မင်း ကိုဦးစားပေးတတ်တာမျိုးတွေပါ။ တစ်ခုခုဆို မင်း ကိုတမ်းတ တဲ့စိတ် နဲ့ မင်းကိုချစ်တဲ့စိတ်နဲ့ မင်း နဲ့ဝေးကွာသွားမှာ ကိုကြောက်တဲ့ စိတ်နဲ့ မင်းနားမှာပဲ ဝဲ နေတဲ့ လူမျိုးကိုရှာပါ ။ မင်း ရဲ့ စိတ်ကူးထဲက အရာတွေကို ဖမ်းယူ ပေးဖို့အမြဲကြိုးစားနေတဲ့ သူ ကိုရှာပါ ။ မင်း ကို အနည်းအကျဉ်းသော စိတ်ဝမ်းနည်းမှုတွေပေးပြီး စိတ်ချမ်းသာမှုတွေ အတော်များများပေးတတ်တဲ့ သူမျိုးကိုရှာပါ ။ […]
“အသည်းကွဲပြီးမှ မိန်းကလေးတွေ ပိုလှလာတယ်ဆိုတာ သင်သိပါသလား?”
“အသည်းကွဲပြီးမှ မိန်းကလေးတွေ ပိုလှလာတယ်ဆိုတာ သင်သိပါသလား?” အသည်းကွဲသွားတဲ့ မိန်းကလေးတစ်ယောက်က ပိုပြီးလှလာတတ်တယ်တဲ့ တကယ်တော့ ပိုပြီးလှလာတာမဟုတ်ဘူး အရင်ကတည်းလှပြီးသားကို အခုမှ ရုပ်ထွက်လာတာပါ သူနဲ့ လမ်းမခွဲခင်တုန်းက ဆံပင်အရှည်လေးထားပါဆိုတဲ့ စကားလုံးလှလှလေးတွေကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်အတိုလေးတွေနဲ့ မညှပ်ဖြစ်ခဲ့ဘူး ဆံပင်ရှည်ကြီးနဲ့ အသက်ကလေး ငယ်ငယ်နဲ့ ရုပ်ရင့်သွားသလိုလို ဖြစ်နေတာပါ ။ သူနဲ့ လမ်းမခွဲခင်တုန်းက ဟိုလိုမဝတ်ပါနဲ့လား ဒီလိုမဝတ်ပါနဲ့ ဆိုတဲ့ ကန့်သတ်ချက်တွေကြားမှာ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားလေးတွေ ရွေးပြီး မဝယ်ဖြစ်ခဲ့ဘူး သူနဲ့ စိတ်တိုင်းကျမယ်လို့ ထင်တဲ့အရာတွေပဲ ကျွန်မ ဝတ်ခဲ့တာနဲ့ လမ်းမခွဲခင်တုန်းက အလှတွေ အရမ်းမပြင်ပါနဲ့လားဆိုတဲ့ စိုးရိမ်သံလို့ ထင်ခဲ့တဲ့ ချုပ်ခြယ်မှုတွေအောက်မှာ ကျွန်မ အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ဖြစ်ခဲ့ဘူး ။သူသဘောကျသလို ရှိုးမများပဲ နေခဲ့မိတာ အခု . […]
ချစ်ဖို့ အရမ်းကောင်းတဲ့ ကောင်မလေးတွေရဲ့ စိတ် (၆) ခု
ချစ်ဖို့ အရမ်းကောင်းတဲ့ ကောင်မလေးတွေရဲ့ စိတ် (၆) ခု ၁ ။ ချော့မယ့်သူသာ ရှိရင် ပိုပြီး ငိုချင်တတ်တာ လေးရယ် ၂ ။ တစ်ချက် တစ်ချက် ကိုယ့်အတွေးနဲ့ကိုယ် ပြန်ပြန် နှိပ်စက် နေတဲ့ သဝန်တိုမှုလေးရယ် ၃ ။ စကားချင်း စစ်ခင်းလို့ နိုင်ရင်နိုင် မနိုင်ရင် ရှက်ရမ်း ရမ်းပြီး ကိုက်တတ်တာလေးရယ် ၄ ။ တစ်ခါတစ်လေ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ စကားတွေနဲ့ ဆိုဆုံးမလေ့ ရှိတတ်တာလေးရယ် ၅ ။ ပျော်နေတဲ့အချိန် ” သာလိကာ ” လေးလို စကားများပေမယ့် စိတ်မကြည်ရင် စူပုတ်ပုတ် မျက်နှာနဲ့ ဟန်ဆောင်မှု ကင်းတဲ့ ရိုးသားမှုလေးရယ် ၆ ။ […]
သဝန်တိုတာ အချစ်လား ? မိမိအတ္တအတွက် တစ်ဖက်သားကို ချုပ်ချယ်ခြင်းလား ?
သဝန်တိိုခြင်းနဲ့အချစ် သဝန်တိုတယ်ဆိုတာ ချစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ်တော့ မိမိအတ္တအတွက် တစ်ဖက်သားကို ချုပ်ချယ်ခြင်းတစ်မျိုးပါ…။ မိမိချစ်သူရဲ့အချစ်တွေအကုန်လုံး မိိမိတစ်ယောက်ထဲ သိိမ်းပိုက်ချင်တယ် ဆိုပေမယ့် အကြောင်းအကျိုးဆင်ခြင်မှု့မရှိပဲ နေရတကာ လိုက်ပြီး သဝန်တိုနေမယ်ဆိုရင် ချစ်သူကိို မွန်းကြပ်နေစေပါလိမ့်မယ်။ တကယ်က ကိိုယ်ချစ်သူသူများနောက်မပါသွားစေချင်ရင် ကိုယ်ပိုချစ်ပေးပါ။ပိုပြီးတန်ဖိုးထား ဆက်ဆံပေးပါ။ ကိိုယ်ချစ်သူသူများနောက်ပါသွားမှာစိုးလို့ စိတ်ပူတယ်ဆိုတိုင်း ရေရာသေချာတဲ့အကြောင်းအကျိုး ခိုင်လုံမှု့မရှိပဲ နေရာတကာ သဝန်တိုနေမယ်ဆိုရင် တဖက်သားကိို အနေခက်နေစေပါလိမ့်မယ်…။ သိိပ်ချစ်လိို့ုဆိုပေမယ့် ခဏခဏဟိုလူနဲ့သဝန်တို ဒီလူနဲ့သဝန်တိုနေခြင်းက တဖက်သားအတွက် အရှင်လတ်လတ်သတ်စားခံနေရသလိုပါပဲ။မွန်းကြပ်စေသလိို အချုပ်နှောင်ချနေတာမျိုး ဖြစ်နေတယ်ဆိုတာလည်း သတိပြုသင့်ပါတယ်…။ ကိုယ်ကိိုတိုင်ကလည်း ချစ်သူအပေါ်မှာထားတဲ့ မိမိရဲ့အထင်နဲ့အမြင်ကို သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ သဝန်တိိုပါ…။ မိိမိရဲ့ မမှန်မကန် အမြင်တစ်ခုကြောင့် တဖက်သားကို စွတ်စွဲမိသွားမယ်ဆိုရင် .. ကိိုယ်အပေါ် သူတကယ်ချစ်ခင်မြတ်နိုးသူဆိုပါရင်.. မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုအတွက်နဲ့ ကိုယ်ချစ်ရသူနှလုံးသားလေး […]
မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း
မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း ပတ်ဝန်းကျင်ရဲ့ အမြင်မှာ မလိုက်ဖက်ဘူး လို့ ထင်ရတဲ့ အတွဲတွေက အချစ်ရေးမှာ ပိုသာယာလေ့ ရှိပါတယ်။ တစ်ယောက်က အသားဖြူ တစ်ယောက်က သပိတ်နုရောင် ဖြစ်နေရင် သေချာတယ် ၊ သိပ်အကဲပိုတဲ့ ချစ်သူတွေ ဖြစ်လိမ့်မယ် ။ ကောင်လေးက ဝါးခြမ်းပြား ကောင်မလေးက ကောက်ညှင်းထုပ်လေး ဖြစ်နေရင် အဲ့အတွဲ ဒီတစ်သက် သေတောင် မပြတ်နိုင်ဘူး ။ ယောကျ်ားလေး အရပ်မြင့်မြင့် မိန်းခလေးက မြေကြီးထဲ ကျွံဝင်တဲ့ အရပ်မျိုး ဖြစ်နေရင် အဲ့ဒါမှ Romantic ဆန်တဲ့ စုံတွဲလို့ ခေါ်တာ ။ ဘဲကြီး ရုပ်က ဂါနေမယ် ၊ သူ့ကောင်မလေးက နတ်သမီးရှုံးတဲ့အထိ နုထွတ်နေရင် အနည်းဆုံးတော့ […]
မိန်းမရှိရက်သားနဲ့ Facebook ပေါ်တက် ရည်းစားထားနေကြတဲ့ ချီးထုတ်များကို ဒဲ့ ပြောချင်တယ်
သားကြီးမယားကြီး ရှိရက်သားနဲ့ Facebook ပေါ်တတ် ရည်းစားထားနေကြသော ချီးထုတ်များကို ဒဲ့ ပြောပါမယ်။ မနက်မိုးလင်းတာနဲ့ ဖုန်းကောက်ကိုင် မေားနင်း……ချစ် မောနင်း……သဲလေး ဘာလုပ်နေလဲ?? အိမ်ကမိန်းမကိုတော့ ချက်စရာ ဆန်ရှိရဲလားကျ မမေးဘူး။ ညည ကိုယ့်ကို အိမ်မက်ထဲ ထည့်မက်ရဲ့လားမေး။ အိမ်ကမိန်းမ ညက ခလေးဂျီကျလို့ တစ်ညလုံးမအိပ်လိုက်ရတာ ကျတော့ မသနားဘူး။ ချစ်ခလေး….နေမကောင်းဘူးလား ဘာစားသေးလည်း? ဆေးသောက်ပြီးပြီးလား? မသက်သာရင် ဆေးခန်းလိုက်ပြပေးမယ်နော် ဘာမှမပူနဲ့….ကိုကိုရှိတယ်လုပ်။ အိမ်ကမိန်းမ နေမကောင်းဖြစ်လို့ ဆေးသောက်ပြီးပြီးလား မေးဖော်မရဘူး။ သက်သာလားတောင် နည်းနည်းမမေးဖော်မရဘူး။ အားတာနဲ့ ဖုန်းကောက်ကိုင် Screen ကြီးကြည့် မျက်ခွက်က စပ်ဖြီးဖြီး ပြီးတီတီနဲ့။ အားဘွားမွမွ ပလွတ်ပလွတ် ပလပ်ပလပ်တွေ အရမ်းချစ်တယ် မခွဲချင်ဘူး တွေ့ချင်တယ် ရူးတော့မှာပဲ လုပ်။ ဒင်တို့ […]









