မလိုက်ဖက်ဘူးလို့ ထင်တဲ့အတွဲတွေက ပိုမိုခိုင်မြဲရတဲ့ အကြောင်းအရင်း
ပတ်ဝန်းကျင်ရဲ့ အမြင်မှာ မလိုက်ဖက်ဘူး လို့ ထင်ရတဲ့ အတွဲတွေက အချစ်ရေးမှာ ပိုသာယာလေ့ ရှိပါတယ်။
တစ်ယောက်က အသားဖြူ တစ်ယောက်က သပိတ်နုရောင် ဖြစ်နေရင် သေချာတယ် ၊ သိပ်အကဲပိုတဲ့ ချစ်သူတွေ ဖြစ်လိမ့်မယ် ။
ကောင်လေးက ဝါးခြမ်းပြား ကောင်မလေးက ကောက်ညှင်းထုပ်လေး ဖြစ်နေရင် အဲ့အတွဲ ဒီတစ်သက် သေတောင် မပြတ်နိုင်ဘူး ။
ယောကျ်ားလေး အရပ်မြင့်မြင့် မိန်းခလေးက မြေကြီးထဲ ကျွံဝင်တဲ့ အရပ်မျိုး ဖြစ်နေရင် အဲ့ဒါမှ Romantic ဆန်တဲ့ စုံတွဲလို့ ခေါ်တာ ။
ဘဲကြီး ရုပ်က ဂါနေမယ် ၊ သူ့ကောင်မလေးက နတ်သမီးရှုံးတဲ့အထိ နုထွတ်နေရင် အနည်းဆုံးတော့ ပတ္တမြားရတုလောက် ဖြတ်ရပြီပဲ ။
တစ်ယောက်က 24 နှစ် တစ်ယောက်က 18 နှစ် 6 နှစ်လောက် ကွာနေရင် နှစ်တွေမနည်း အတူရှိကြတဲ့ အတွဲတွေ ဖြစ်ရလိမ့်မယ် ။ကောင်လေးက ဝဇီပိတ်ကျင့် စကားနည်းမယ်
ကောင်မလေးက သာလိကာထက် စကားများမယ်ဆိုရင် ၊ လုပ်မနေနဲ့ ဖိတ်စာတစ်ခြမ်း ပြေးရိုက်ထားပေတော့ ။
BF က အထာကျ ဂျလန်းကြီး ဖြစ်ပြီး ၊ GF က ပုံတုံး Antique ကြီး ဖြစ်နေခဲ့ရင် ဖိုးဖိုး ဖွားဖွားတွေ ဖြစ်တဲ့အထိ ပေါင်းဖက်ရတတ်တယ် ။
ကြော်ငြာဝင်ရဦးမယ်..
ကျနော့် ကောင်မလေးက လူပုစိတ်တိုလေး ၊ အရပ်ကသာ မြေကြီးထဲက မထွက်တာ ၊ သူပြောတဲ့ စကားလုံးတွေက ပဲရစ် မျှော်စင်ထက် မြင့်တယ် ။
လူကသာ ခွေးပစ်တဲ့တုတ်လောက် ရှိတာ ၊ စားလိုက်တဲ့အစား ဆိုတာ စူဇကာပုဏ္ဏား ရှုံးတယ် ။
သူမက ကျနော့်ရဲ့ ဒုတိယအသက်ပဲ ။ သူမ ပုတာလေးကိုမှ တုန်နေအောင် ချစ်နေရတာ ။
ဒီတစ်သက် သေတောင် ထွက်မသွားဘူး ဒါပဲပြောမယ်။
Crd
Zawgyi
ယောက်ျားလေး အရပ်မြင့်မြင့် မိန်းခလေးက မြေကြီးထဲ ကျွံဝင်တဲ့ အရပ်မျိုး ဖြစ်နေရင် အဲ့ဒါမှ Romantic ဆန်တဲ့ စုံတွဲလို့ ခေါ်တာ ။
ကြော်ငြာဝင်ရဦးမယ်..
Crd