တစ်ကယ်ချစ်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူကို ဘယ်တော့မှ တစ်ယောက်ထဲ ပစ်မထားရဘူးရယ်ဒါဟာ ကိုယ့်ချစ်သူအပေါ်ထားပေးရမဲ့ ethicပဲ။![]()
ဘယ်လောက်ပဲ အလုပ်ပင်ပန်းနေပါစေ သူ့ဆီ ဖုန်းလေးတစ် call လောက်ဖြစ်ဖြစ်စာတိုလေး တစ်စောင်လောက်ဖြစ်ဖြစ်ပို့ထားပေးလိုက်သင့်တာပါပဲ။![]()
ဘာလို့လဲဆိုတော့ မင်းဆီက အခုလိုအလေးအနက်ထားတာလေးတွေ သူလိုအပ်နေလို့ပါ။မင်းဆီက Reply ပြန်မလာရင်သူဘယ်လောက်ထိစိတ်မကောင်းဖြစ်နေမလဲမင်း မသိပါဘူး ။![]()
အိမ်ကိုရော ပြန်ရောက်ရဲ့လား လမ်းမှာ တစ်ခုခု များ ဖြစ်နေလို့လား အဆင်မပြေတာတွေ ဖြစ်နေလို့လား အဲ့လို အတွေးတွေများစွာနဲ စိတ်ပူနေရတာမင်းကိုသာ ထုတ်မပြောချင် မပြောမယ် မင်း ပစ်ထားသလိုဖြစ်တဲ့ အချိန်တိုင်းသူ တစ်ယောက်ထဲ ဝမ်းနည်းနေရတာပါ။![]()
သူ့ဘက်က စာတွေ ပို့ထားရင်လည်းသူ့ကိုကောင်းကောင်းမွန်မွန်လေးပြန်ပြောပေးလိုက်ဖို့ ဝန်လေးမနေပါနဲ့စိတ်တွေရှုပ်ပြီး စိတ်တွေတိုလာတိုင်းလည်းဒေါသတကြီးနဲ့ အော်ပြီး မပြောပါနဲ့မင်းဆီက သူလိုချင်တာ အခု အအော်ခံရတာမျိုး မဟုတ်ဘူး ။![]()
မင်းရဲ့ ကြင်နာမှုလေးတွေကိုမျှော်လင့်တောင့်တနေတာပါ သူ စိတ်ထဲမှာ ဘဝင်မကျ ဖြစ်နေတဲ့ case လေးတွေကို မင်းဘက်က သေသေချာချာ ချော့ချော့မော့မော့ရှင်းပြပေးတာကို လိုချင်နေတာပါ မိန်းကလေးတွေရဲ့ စိတ်က sensitive ဖြစ်လွယ်တယ် သူတို့ ချစ်ရတဲ့သူနဲ့ ပတ်သပ်လာရင် စိတ်က အမြဲတမ်းလိုလို overthinking ဖြစ်နေတတ်တယ် ။
ဒါကို မင်းဘက်က နားလည်ပေးလိုက်ပါဂရုစိုက်ပေးလိုက်ပါ ဂရုအစိုက်မခံချင်တဲ့ မိန်းကလေး မရှိပါဘူးသူလဲ ဂရုအစိုက်ခံချင်မှာပဲလေ မင်းအလေးအနက်ထားပေးတာကို လိုချင်မှာပေါ့ ပြောချင်တာက တစ်ခုထဲပါပဲကိုယ်တစ်ကယ်ချစ်တဲ့ လက်တွဲဖော်ကိုဘယ်တော့မှ တစ်ယောက်ထဲ ပစ်မထားပါနဲ့။
မိန်းကလေးဆိုတာမျိုးက အချိန်အကြာကြီး ပစ်ထား ခံရရင် ဘယ်လောက်ပဲချစ်ချစ် မင်းကို စိတ်နာသွားတတ်ပါတယ်။အဲ့ဒီ့ အချိန်ကျမှ မင်းဘက်မှာ နောင်တတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဖြစ်နေလိမ့်မယ် ပစ်ထားခံရတာတွေများလာလို့ မင်းဘေးနားမှာမနေချင်တော့တဲ့အခါကျရင်မင်း အရမ်းလိုချင်ရင်တောင် သူ ပြန်မလာတော့ဘူး။
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပစ်ထားတယ် လစ်လျူရှုထားတယ်ဆိုတာ တစ်ဖက်သူအတွက် အရမ်းနာကျင်ရဆုံး ဖြစ်ရပ်တစ်ခုပါပဲအဲ့ဒါကြောင့် ကိုယ့်ချစ်သူကောင်မလေးကိုချစ်တဲ့ကြောင်းတွေကို ဖော်ပြဖို့ မမေ့ပါနဲ့။သူ့အပေါ်အလေးနက်ထားပေးပါ အကောင်းဆုံး ဂရုစိုက်ပေးပါ ကြင်နာပေးပါ ။
အလေးနက်ထားတယ်ဆိုတာမျိုးကလည်းကြီးကြီးမားမား suprise ကြီးတွေ လုပ်ပေးမှ ကြည့်မဟုတ်ပဲမနက်ခင်း မိုးလင်းတာနဲ့ နွေးထွေးတဲ့ စာလေးတစ်စောင်ပို့တာပဲဖြစ်ဖြစ် ၊သူနေမကောင်းရင် ဂရုစိုက်ပေးတာပဲဖြစ်ဖြစ်၊အသေးအဖွဲလေးတွေကအစ သတိတရနဲ့ကြင်နာပေးတာပဲဖြစ်ဖြစ် လုပ်ပေးလိုက်ပါ ။
မင်းတစ်ကယ်ချစ်တဲ့သူကို တစ်ယောက်ထဲ ပစ်ထားပြီးတော့လည်း မနေပါနဲ့လူချင်းမတွေ့ရရင်တောင် ဖုန်းဆက်တာ၊ စာပို့တာလောက်တော့ အချိန်မှန်မှန်လုပ်ပေးလိုက်ပါ ါဟာ သူ့ကို အလေးအနက်ထားကြောင်းပြတာပါပဲ။
အမြဲတမ်း game ပဲဆော့နေရင်းနဲ့လည်းပစ်ထားသလို ဖြစ်မသွားပါစေနဲ့ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် မင်းချစ်တဲ့သူအတွက် ဖုန်းလေးခဏဆက်ဖို့လောက်တော့ စာလေး တစ်ကြောင်း နှစ်ကြောင်း ပို့ဖို့လောက်တော့ သတိရပေးလိုက်ပါ ။
Credit



