ၾကားသိရသမွ်

စစ်ကောင်စီများ ဝင်ရောက်လာမှု‌ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရွာသားများ မြင်ကွင်း

ဧရာဝတီ-ခ်င္းတြင္းျမစ္ဆုံေဒသတြင္ စစ္ေကာင္စီမွ ႐ြာမ်ားအတြင္း အၾကမ္းဖက္ဝင္ေရာက္ ထြက္ေျပးသည့္ ႐ြာသားမ်ားအား လိုက္လံပစ္ခတ္၊ ႐ြာသား ၆၀၀၀ ခန႔္ ထြက္ေျပးတိမ္းေရွာင္ေနရ၊ တန္ဖိုးရွိပစၥည္းမ်ား ခိုးယူ (႐ုပ္/သံ)

ရန္ကုန္၊ စက္တင္ဘာ ၁၀

ဧရာဝတီႏွင့္ ခ်င္းတြင္းျမစ္ဆုံရာ ေရလယ္ကြၽန္းေပၚရွိ ေက်း႐ြာမ်ားအတြင္း ယေန႔ နံနက္ ၁၁ နာရီခန႔္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားဝင္ေရာက္လာေသာေၾကာင့္ ေက်း႐ြာေပါင္း ၆ ႐ြာခန႔္မွာ ႐ြာသား ၆၀၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး ထြက္ေျပးသည့္႐ြာသားမ်ားအား လိုက္လံပစ္ခတ္ခဲ့ၿပီး အဆိုပါ စစ္ေကာင္စီတပ္မ်ားသည္ လူမရွိေတာ့သည့္ ေနအိမ္မ်ားမွ တန္ဖိုးရွိပစၥည္းမ်ားအား ခိုးယူေနေၾကာင္းႏွင့္ ေက်း႐ြာမ်ားတြင္ သြယ္တန္းထားေသာ လွ်ပ္စစ္မီးႀကိဳးမ်ားကို ျဖတ္ေတာက္သြားေၾကာင္း သတင္းရရွိသည္။

“အခု စစ္ေကာင္စီတပ္ေတြက ေ႐ႊလံမွာ တစ္ဖြဲ႕၊ ျမစ္ဆုံမွာ တဖြဲ႕ စခန္းခ်ထားတယ္။ ေျပးတဲ့ ႐ြာေတြက ေ႐ႊလံွ၊ ျမစ္ဆုံ၊ သုခဒီပ၊ ေျမစြန္းေတာ္တို႔ အဲဒီတဝိုက္က ႐ြာေတြေျပးၾကတာ၊ ၆၀၀၀ ေလာက္ရွိတယ္၊ သူတို႔ဝင္လာရင္ ႐ြာသားေတြက ေျပးၾကတာ၊ သူတို႔ ျပန္ထြက္မွ ႐ြာထဲ ျပန္ေနၾကေပါ့၊ ႐ြာသားေတြ ေျပးတဲ့အခ်ိန္ေတာ့ ႐ြာထဲက ပစၥည္းေတြကို ကားေတြနဲ႔ တင္ၿပီး ယူတာ၊ ေသနတ္နဲ႔ဆိုေတာ့ ဘယ္လိုေျပာမလဲ အႏုၾကမ္းစီးတယ္ေခၚမလား” ဟု တိမ္းေရွာင္ေနေသာ ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ဧရာဝတီႏွင့္ ခ်င္းတြင္းျမစ္ဆုံရာေဒသသည္ မေကြး၊ စစ္ကိုင္း၊ မႏၲေလးတိုင္းမ်ားႏွင့္ ထိစပ္ေနၿပီး ယမန္ေန႔က ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတို႔ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေသာ နဘက္ေက်း႐ြာ၊ ေက်ာက္ရစ္ေက်း႐ြာမ်ား၏ ေတာင္ဘက္တြင္ တည္ရွိၿပီး ငါးမိုင္ခန႔္ကြာေဝးသည္။

” မေန႔က တိုက္ပြဲျဖစ္ေတာ့ သူတို႔က PDF ေတြကို ေျမလွန္ရွာတယ္လို႔ ထင္တယ္၊ ႐ြာေတြမွာ စခန္းခ်တယ္၊ ဒီမနက္က်ေတာ့ ႐ြာေတြမွာ သြယ္ထားတဲ့ မီးႀကိဳးေတြကို ျဖတ္သြားတယ္၊ မီးျဖတ္မယ့္ပုံပဲ” ဟု အဆိုပါ ေဒသခံမွ ဆက္ေျပာသည္။

စစ္ေကာင္စီတပ္မ်ား စခန္းခ်ေသာ ေက်း႐ြာမ်ားမွ ႐ြာသားမ်ားသည္ ထြက္ေျပးတိမ္းေရွာင္ေနရသည္မွာ ၂ ရက္နီးပါးၾကာျမင့္ေနၿပီး ႐ြာအျပင္ လယ္ကြင္းမ်ားရွိ အပင္ႀကီးမ်ားေအာက္တြင္ ညအိပ္ေနရေၾကာင္း သိရသည္။

ဗီဒီယို – စစ္ေကာင္စီမ်ား ဝင္ေရာက္လာမႈ‌ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ ႐ြာသားမ်ား ျမင္ကြင္း

unicode

ဧရာဝတီ-ချင်းတွင်းမြစ်ဆုံဒေသတွင် စစ်ကောင်စီမှ ရွာများအတွင်း အကြမ်းဖက်ဝင်ရောက် ထွက်ပြေးသည့် ရွာသားများအား လိုက်လံပစ်ခတ်၊ ရွာသား ၆၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ၊ တန်ဖိုးရှိပစ္စည်းများ ခိုးယူ (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၁၀

ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းပေါ်ရှိ ကျေးရွာများအတွင်း ယနေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်လာသောကြောင့် ကျေးရွာပေါင်း ၆ ရွာခန့်မှာ ရွာသား ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးသည့်ရွာသားများအား လိုက်လံပစ်ခတ်ခဲ့ပြီး အဆိုပါ စစ်ကောင်စီတပ်များသည် လူမရှိတော့သည့် နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများအား ခိုးယူနေကြောင်းနှင့် ကျေးရွာများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများကို ဖြတ်တောက်သွားကြောင်း သတင်းရရှိသည်။

“အခု စစ်ကောင်စီတပ်တွေက ရွှေလံမှာ တစ်ဖွဲ့၊ မြစ်ဆုံမှာ တဖွဲ့ စခန်းချထားတယ်။ ပြေးတဲ့ ရွာတွေက ရွှေလံှ၊ မြစ်ဆုံ၊ သုခဒီပ၊ မြေစွန်းတော်တို့ အဲဒီတဝိုက်က ရွာတွေပြေးကြတာ၊ ၆၀၀၀ လောက်ရှိတယ်၊ သူတို့ဝင်လာရင် ရွာသားတွေက ပြေးကြတာ၊ သူတို့ ပြန်ထွက်မှ ရွာထဲ ပြန်နေကြပေါ့၊ ရွာသားတွေ ပြေးတဲ့အချိန်တော့ ရွာထဲက ပစ္စည်းတွေကို ကားတွေနဲ့ တင်ပြီး ယူတာ၊ သေနတ်နဲ့ဆိုတော့ ဘယ်လိုပြောမလဲ အနုကြမ်းစီးတယ်ခေါ်မလား” ဟု တိမ်းရှောင်နေသော ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာဒေသသည် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းများနှင့် ထိစပ်နေပြီး ယမန်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားခဲ့သော နဘက်ကျေးရွာ၊ ကျောက်ရစ်ကျေးရွာများ၏ တောင်ဘက်တွင် တည်ရှိပြီး ငါးမိုင်ခန့်ကွာဝေးသည်။

” မနေ့က တိုက်ပွဲဖြစ်တော့ သူတို့က PDF တွေကို မြေလှန်ရှာတယ်လို့ ထင်တယ်၊ ရွာတွေမှာ စခန်းချတယ်၊ ဒီမနက်ကျတော့ ရွာတွေမှာ သွယ်ထားတဲ့ မီးကြိုးတွေကို ဖြတ်သွားတယ်၊ မီးဖြတ်မယ့်ပုံပဲ” ဟု အဆိုပါ ဒေသခံမှ ဆက်ပြောသည်။

စစ်ကောင်စီတပ်များ စခန်းချသော ကျေးရွာများမှ ရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၂ ရက်နီးပါးကြာမြင့်နေပြီး ရွာအပြင် လယ်ကွင်းများရှိ အပင်ကြီးများအောက်တွင် ညအိပ်နေရကြောင်း သိရသည်။

ဗီဒီယို – စစ်ကောင်စီများ ဝင်ရောက်လာမှု‌ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရွာသားများ မြင်ကွင်း