ဘဏ်ထဲကပိုက်ဆံတွေအလိုလိုနေရင်း စက္ကူစုတ်နီးပါးတန်ဖိုးဖြစ်တော့မည်
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စက်တင် ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီစျေးကွက်ပေါက်စျေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၈၄၅၀၀၀ စျေးပေါက်နေပြီး ရွှေဝယ်ယူသူများ ပြားလွန်း၍ ရက်ချိန်း ပေးဝယ်ယူနေရကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အလားတူ အမေရိကန်ဒေါ်လာစျေးနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၁၉၇၀ နှင့် ၂၀၀၀ ကျပ်အကြား စျေးပေါက်နေပြီး ကြိုက်ရောင်း ကြိုက်ဝယ်စနစ်သို့ ကူးပြောင်းနေပြီဖြစ်ကြောင်း သိရှိရသည်။
“ဒေါ်လာက စျေးကွက်ဆိုတာမျိုးတော့မရှိတော့ဘူး။ စျေးကွက်စျေးနှုန်းက တစ်ဒေါ်လာ ၁၉၇၀ ပေမယ့်လည်း ကိုယ်က လိုချင်ရင် ပိုပေးဝယ်ရတယ်။ တစ်ဒေါ်လာ ၂၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ကိုယ့်အချင်းချင်းပဲ ဝယ်ရောင်း လုပ်ကြတယ်။ အဆက်အသွယ်ရှိတဲ့ သူအချင်းချင်းပဲ။ တစိမ်းကို ဘလိုင်းကြီး ရောင်းတာ ဝယ်တာမျိုးမရှိတော့ဘူး။ တရားဝင်ငွေလဲကောင်တာတွေလည်း စျေးပဲ ဖွင့်တာ ဘာမှ အရောင်းအဝယ်မလုပ်တော့ဘူး” ဟု မဂိုလမ်းမှ ဒေါ်လာဝယ်ရောင်း လက်ကြီး တစ်ဦးက ပြောဆိုထားကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၆လအကြာတွင် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုး ဇောက်ထိုးကျဆင်းကာ ကမ္ဘာ့ပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံး ၁၀နိုင်ငံ စာရင်းသို့ ဝင်ရောက်သွားသည်။
ဩဂုတ်လ နောက်ဆုံးသီတင်းပတ်က ထုတ်ပြန်သည့် ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် Hanke ငွေကြေးဖောင်းပွမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်းနှုန်းရှိကာ အီရန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၉သို့ ရောက်ရှိသွားသည်။
ပြည်သူ့အစိုးရ နောက်ဆုံးအုပ်ချုပ်ခဲ့သည့် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းမှာ ၂ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိရာမှ ၃၁ရာခိုင်းနှုန်းသို့ တဟုတ်ထိုး ထိုးတက်သွားခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်၁၃၀၀ ကျော်မှ ကျပ် ၁၈၀၀ ကျော်သို့ ထိုးတက်သွားသည်။
ငွေတန်ဖို့ထိုးကျခြင်းနမူနာကိုကြည့်ချင်ရင် ဗဲနီဇွဲလားနိုင်ငံငွေကြေး ဘိုလီဗားကိုကြည့်ပါ။ ယနေ့ပေါက်ဈေးအရ အမေရိကန် 1 dollar ကို ဗဲနီဇွဲလားနိုင်ငံငွေကြေး ဘိုလီဗား (407,972,000,000) ပေါက်တယ်လို့ဆိုပါတယ်။
ဒီလောက်တောင်အခြေအနေဆိုးတဲ့ငွေကြေးဟာ ၂၀၀၅ ခုနှစ်လောက်က အမေရိကန် (၁) ဒေါ်လာဟာ ဗဲနီဇွဲလား (၂) ဘိုလီးဗားပဲရှိခဲ့တယ်လို့ ဂရပ်မျဉ်းတွေအရသိရပါတယ်။ ၂ ဆ ၁ ဆရှိခဲ့တာနော်။
ဘယ်လောက်တောင် ကွာသွားသလဲဆိုတာ တွေးသာကြည့်ပါတော့။ အခုများရေတွက်ရတာတောင်ခက်တဲ့ ဂဏန်းဖြစ်နေပါပြီ။
ငွေတန်ဖိုးကျဆင်းရခြင်းဟာ အာဏာရယူထားတဲ့အစိုးရအဖွဲ့ရဲ့အရည်အချင်းနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့အနာဂတ်ကိုဘယ်သူမှမယုံကြည်တော့တဲ့အချိန်မှာ ငွေတန်ဖိုးထိုးကျပါတယ်။
ငွေတန်ဖိုးထိုးကျရခြင်းဟာ ငွေစက္ကူတွေကိုတန်ဖိုးမညှိပဲ လွယ်ကူစွာရိုက်ထုတ်တာကြောင့်လည်းပါပါတယ်။ လွယ်ပါတယ်၊ လစာပေးစရာမရှိရင် ငွေစက္ကူရိုက်ထုတ်လိုက်လုပ်နေလို့ကတော့ ငွေတန်ဖိုးဟာအဝီစိကို ဘီးတပ်ပေးသလို အရှိန်နဲ့ ထိုးဆင်းသွားပါလိမ့်မယ်။
ငွေတန်ဖိုးကျရင်ဘာဖြစ်မလဲ ဘဏ်ထဲကပိုက်ဆံတွေအလိုလိုနေရင်း စက္ကူစုတ်နီးပါးတန်ဖိုးဖြစ်ကုန်တာပေါ့။ ဗဲနီဇွဲလားကိုပဲကြည့်ပါ။
တိုင်းပြည်စီးပွားပျက်ရတဲ့အကြောင်းတရားကိုအဓိကမဖယ်ရှားသ၍ လူတစ်ယောက်ရှာသမျှငွေဟာ ဘယ်လောက်ပဲကြိုးစားရှာရှာ အချိန်မရွေးစက္ကူစုတ်ဖြစ်သွားနိုင်ပါတယ်ခင်ဗျား။
အမြင်လေးတွေလည်း ရေးပြခဲ့ကြပါဦး…။
Ref: Richard Myo Thant
zawgyi
ဘဏ္ထဲကပိုက္ဆံေတြအလိုလိုေနရင္း စကၠဴစုတ္နီးပါးတန္ဖိုးျဖစ္ေတာ့မည္
ျပည္တြင္းစီးပြားေရးေစ်းကြက္တြင္ စက္တင္ ဘာလ ၁၀ ရက္ေန႔ မြန္းလြဲ ၁ နာရီေစ်းကြက္ေပါက္ေစ်းအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၁၈၄၅၀၀၀ ေစ်းေပါက္ေနၿပီး ေ႐ႊဝယ္ယူသူမ်ား ျပားလြန္း၍ ရက္ခ်ိန္း ေပးဝယ္ယူေနရေၾကာင္း ေစ်းကြက္အတြင္းမွ စုံစမ္းသိရွိရသည္။
အလားတူ အေမရိကန္ေဒၚလာေစ်းႏႈန္းမွာလည္း တစ္ေဒၚလာလွ်င္ ၁၉၇၀ ႏွင့္ ၂၀၀၀ က်ပ္အၾကား ေစ်းေပါက္ေနၿပီး ႀကိဳက္ေရာင္း ႀကိဳက္ဝယ္စနစ္သို႔ ကူးေျပာင္းေနၿပီျဖစ္ေၾကာင္း သိရွိရသည္။
“ေဒၚလာက ေစ်းကြက္ဆိုတာမ်ိဳးေတာ့မရွိေတာ့ဘူး။ ေစ်းကြက္ေစ်းႏႈန္းက တစ္ေဒၚလာ ၁၉၇၀ ေပမယ့္လည္း ကိုယ္က လိုခ်င္ရင္ ပိုေပးဝယ္ရတယ္။ တစ္ေဒၚလာ ၂၀၀၀ ေရာက္သြားၿပီလို႔ ေျပာလို႔ရတယ္။ ကိုယ့္အခ်င္းခ်င္းပဲ ဝယ္ေရာင္း လုပ္ၾကတယ္။ အဆက္အသြယ္ရွိတဲ့ သူအခ်င္းခ်င္းပဲ။ တစိမ္းကို ဘလိုင္းႀကီး ေရာင္းတာ ဝယ္တာမ်ိဳးမရွိေတာ့ဘူး။ တရားဝင္ေငြလဲေကာင္တာေတြလည္း ေစ်းပဲ ဖြင့္တာ ဘာမွ အေရာင္းအဝယ္မလုပ္ေတာ့ဘူး” ဟု မဂိုလမ္းမွ ေဒၚလာဝယ္ေရာင္း လက္ႀကီး တစ္ဦးက ေျပာဆိုထားေၾကာင္း သတင္းေတြမွာေဖာ္ျပထားပါတယ္။
စစ္တပ္က အာဏာသိမ္းၿပီး ၆လအၾကာတြင္ ျမန္မာႏိုင္ငံ၏ ေငြေၾကးတန္ဖိုး ေဇာက္ထိုးက်ဆင္းကာ ကမာၻ႔ေပၚတြင္ ေငြေၾကးေဖာင္းပြမႈအမ်ားဆုံး ၁၀ႏိုင္ငံ စာရင္းသို႔ ဝင္ေရာက္သြားသည္။
ဩဂုတ္လ ေနာက္ဆုံးသီတင္းပတ္က ထုတ္ျပန္သည့္ ဂြၽန္စ္ေဟာ့ပ္ကင္းတကၠသိုလ္ Hanke ေငြေၾကးေဖာင္းပြမႈအစီရင္ခံစာတြင္ ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ ၃၁ ရာခိုင္းႏႈန္းရွိကာ အီရန္ကို ေက်ာ္လြန္ၿပီး ကမာၻ႔အဆင့္ ၉သို႔ ေရာက္ရွိသြားသည္။
ျပည္သူ႔အစိုးရ ေနာက္ဆုံးအုပ္ခ်ဳပ္ခဲ့သည့္ ဇန္နဝါရီလကုန္ ေဖေဖာ္ဝါရီလဆန္းတြင္ ေငြေၾကးေဖာင္းပြမႈ ရာခိုင္ႏႈန္းမွာ ၂ ဒႆမ ၆၁ ရာခိုင္ႏႈန္းသာ ရွိရာမွ ၃၁ရာခိုင္းႏႈန္းသို႔ တဟုတ္ထိုး ထိုးတက္သြားျခင္းျဖစ္ၿပီး ျပင္ပေဈးကြက္တြင္ အေမရိကန္ေဒၚလာ လဲလွယ္ႏႈန္းမွာ တစ္ေဒၚလာလွ်င္ က်ပ္၁၃၀၀ ေက်ာ္မွ က်ပ္ ၁၈၀၀ ေက်ာ္သို႔ ထိုးတက္သြားသည္။
ေငြတန္ဖို႔ထိုးက်ျခင္းနမူနာကိုၾကည့္ခ်င္ရင္ ဗဲနီဇြဲလားႏိုင္ငံေငြေၾကး ဘိုလီဗားကိုၾကည့္ပါ။ ယေန႔ေပါက္ေဈးအရ အေမရိကန္ 1 dollar ကို ဗဲနီဇြဲလားႏိုင္ငံေငြေၾကး ဘိုလီဗား (407,972,000,000) ေပါက္တယ္လို႔ဆိုပါတယ္။
ဒီေလာက္ေတာင္အေျခအေနဆိုးတဲ့ေငြေၾကးဟာ ၂၀၀၅ ခုႏွစ္ေလာက္က အေမရိကန္ (၁) ေဒၚလာဟာ ဗဲနီဇြဲလား (၂) ဘိုလီးဗားပဲရွိခဲ့တယ္လို႔ ဂရပ္မ်ဥ္းေတြအရသိရပါတယ္။ ၂ ဆ ၁ ဆရွိခဲ့တာေနာ္။
ဘယ္ေလာက္ေတာင္ ကြာသြားသလဲဆိုတာ ေတြးသာၾကည့္ပါေတာ့။ အခုမ်ားေရတြက္ရတာေတာင္ခက္တဲ့ ဂဏန္းျဖစ္ေနပါၿပီ။
ေငြတန္ဖိုးက်ဆင္းရျခင္းဟာ အာဏာရယူထားတဲ့အစိုးရအဖြဲ႕ရဲ႕အရည္အခ်င္းနဲ႔တိုက္႐ိုက္သက္ဆိုင္ပါတယ္။ တိုင္းျပည္တစ္ျပည္ရဲ႕အနာဂတ္ကိုဘယ္သူမွမယုံၾကည္ေတာ့တဲ့အခ်ိန္မွာ ေငြတန္ဖိုးထိုးက်ပါတယ္။
ေငြတန္ဖိုးထိုးက်ရျခင္းဟာ ေငြစကၠဴေတြကိုတန္ဖိုးမညႇိပဲ လြယ္ကူစြာ႐ိုက္ထုတ္တာေၾကာင့္လည္းပါပါတယ္။ လြယ္ပါတယ္၊ လစာေပးစရာမရွိရင္ ေငြစကၠဴ႐ိုက္ထုတ္လိုက္လုပ္ေနလို႔ကေတာ့ ေငြတန္ဖိုးဟာအဝီစိကို ဘီးတပ္ေပးသလို အရွိန္နဲ႔ ထိုးဆင္းသြားပါလိမ့္မယ္။
ေငြတန္ဖိုးက်ရင္ဘာျဖစ္မလဲ ဘဏ္ထဲကပိုက္ဆံေတြအလိုလိုေနရင္း စကၠဴစုတ္နီးပါးတန္ဖိုးျဖစ္ကုန္တာေပါ့။ ဗဲနီဇြဲလားကိုပဲၾကည့္ပါ။
တိုင္းျပည္စီးပြားပ်က္ရတဲ့အေၾကာင္းတရားကိုအဓိကမဖယ္ရွားသ၍ လူတစ္ေယာက္ရွာသမွ်ေငြဟာ ဘယ္ေလာက္ပဲႀကိဳးစားရွာရွာ အခ်ိန္မေ႐ြးစကၠဴစုတ္ျဖစ္သြားႏိုင္ပါတယ္ခင္ဗ်ား။
အျမင္ေလးေတြလည္း ေရးျပခဲ့ၾကပါဦး…။
Ref: Richard Myo Thant