သားသမီးတွေအပေါ်ထားရှိတဲ့ မိခင်တစ်ယောက်ရဲ့ချစ်မေတ္တာက နှိုင်းယှဉ်စရာမရှိလောက်အောင် ကြီးမြတ်လွန်းလှပါတယ် ။ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံမှာနေထိုင်လျက်ရှိတဲ့အသက် 70 နှစ်အရွယ်အဘွားအိုဟာသူမရဲ့ အသက် 40 အရွယ် သမီးဖြစ်သူဆီအဝေးတစ်နေရာမှလာရောက်ကာနေ့စဉ်လာရောက်ကြည့်ရှု့လျက်ရှိကြောင်း သိရပါတယ် ။ မျက်မြင်အိမ်နီးနားချင်းတွေရဲ့ ပြောပြချက်အရ ညနေ 4 နာရီအချိန်ဆို အဘွားကြီးဟာသူမရဲ့သမီးဆီသို့ အမြဲလာရောက်လေ့ရှိပါတယ် ။
အိမ်ရှေ့မှာ တံခါးခေါက်ပြီး သမီးဖြစ်သူရဲ့ နာမည်ကို အော်ခေါ်နေခဲ့ရတာ 2 နာရီခန့်ကြာမြင့်ကြောင်း နှင့် နေ့စဉ် ညနေ 6 နာရီအချိန်မှလှည့်ပြန်သွားခဲ့ကြောင်း သိရပါတယ် ။ သမီးဖြစ်သူဟာ အိမ်တံခါးကိုမဖွင့်ပေးခဲ့ကြောင်း ၊ သို့ပေမဲ့လည်း အချို့သောမျက်မြင်တွေရဲ့ပြောပြချက်အရ သမီးဖြစ်သူဟာ အိမ်တံခါးတစ်ခါဖွင့်ပေးခဲ့ဖူးကြောင်း ၊ မိခင်ဖြစ်သူကိုတော့ အိမ်ထဲဝင်ခွင့်မပြုခဲ့ဘဲ မိခင်ဖြစ်သူယူဆောင်လာတဲ့ စားစရာကိုတော့ယူပြီ ထိုင်းစားနေခဲ့တာပါ။မိခင်ဖြစ်သူကတော့ သမီးဖြစ်သူရဲ့ ရင့်သီးစွာဆက်ဆံနေမှုကို မည်သို့မျှမမူဘဲ ဝမ်းသာစွာဖြင့် သမီးဖြစ်သူ စားသောက်နေတာကို ရပ်ကြည့်ခဲ့ကြောင်း သိရပါတယ် ။
ဘာကြောင့် သမီးဖြစ်သူက ရင့်သီးစွာဆက်ဆံနေတာလဲဆိုပြီး အဘွားအိုကိုမေးကြည့်ခဲ့ချိန်မှာတော့ ၊ သမီးဖြစ်သူဟာသူမရဲ့ခင်ပွန်းဖြစ်သူသေဆုံးသွားခဲ့ပြီးနောက်မှာတော့ အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ စိတ်ဒဏ်ရာ ကြီးကြီးမားမားရရှိသွားခဲ့တာပါ ။ ဒါ့ကြောင့် အဘွားအိုကသူမမှ စားစရာတွေလာမပို့ရင် သမီးဖြစ်သူက အပြင်ထွက်မှာမဟုတ်ဘဲ ၊ ဒုက္ခတွေ့နေမှာ ဆိုးလို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။
သမီးဖြစ်သူအနေနဲ့ မိခင်ရဲ့ ချစ်မေတ္တာကို လျင်မြန်စွာသဘောပေါက်သင့်နေပြီး ၊ သူမတစ်ယောက်တည်းအထီးကျန်နေတာမဟုတ်ဘဲ ၊ သူမအနားမှာ မိခင်ဖြစ်သူ အမြဲအတူရှိပြီး ဖေးမနေခဲ့တာကို သတိပြုမိသင့်ပါပြီ ။ အဘွားအိုကတော့ နေ့စဉ်မပျက်ကွက်ဘဲ သမီးဖြစ်သူထံလာရောက်လည်ပတ်ပြီး အစားအသောက်တွေပို့ပေးနေခဲ့တာ 3 နှစ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ် ။
Zawgyi
သားသမီးတွေအပေါ်ထားရှိတဲ့ မိခင်တစ်ယောက်ရဲ့ချစ်မေတ္တာက နှိုင်းယှဉ်စရာမရှိလောက်အောင် ကြီးမြတ်လွန်းလှပါတယ် ။ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ အသက် 70 နှစ်အရွယ်အဘွားအိုဟာ သူမရဲ့ အသက် 40 အရွယ် သမီးဖြစ်သူဆီ အဝေးတစ်နေရာမှလာရောက်ကာ နေ့စဉ်လာရောက်ကြည့်ရှု့လျက်ရှိကြောင်း သိရပါတယ် ။ မျက်မြင်အိမ်နီးနားချင်းတွေရဲ့ ပြောပြချက်အရ ညနေ 4 နာရီအချိန်ဆို အဘွားကြီးဟာ သူမရဲ့သမီးဆီသို့ အမြဲလာရောက်လေ့ရှိပါတယ် ။
အိမ်ရှေ့မှာ တံခါးခေါက်ပြီး သမီးဖြစ်သူရဲ့ နာမည်ကို အော်ခေါ်နေခဲ့ရတာ2 နာရီခန့်ကြာမြင့်ကြောင်း နှင့် နေ့စဉ် ညနေ 6 နာရီအချိန်မှလှည့်ပြန်သွားခဲ့ကြောင်း သိရပါတယ် ။ သမီးဖြစ်သူဟာ အိမ်တံခါးကိုမဖွင့်ပေးခဲ့ကြောင်း ၊ သို့ပေမဲ့လည်း အချို့သောမျက်မြင်တွေရဲ့ပြောပြချက်အရ သမီးဖြစ်သူဟာ အိမ်တံခါးတစ်ခါဖွင့်ပေးခဲ့ဖူးကြောင်း ၊ မိခင်ဖြစ်သူကိုတော့ အိမ်ထဲဝင်ခွင့်မပြုခဲ့ဘဲ မိခင်ဖြစ်သူယူဆောင်လာတဲ့ စားစရာကိုတော့ယူပြီ ထိုင်းစားနေခဲ့တာပါ ။ မိခင်ဖြစ်သူကတော့ သမီးဖြစ်သူရဲ့ ရင့်သီးစွာဆက်ဆံနေမှုကို မည်သို့မျှမမူဘဲ ဝမ်းသာစွာဖြင့် သမီးဖြစ်သူ စားသောက်နေတာကို ရပ်ကြည့်ခဲ့ကြောင်း သိရပါတယ် ။
ဘာကြောင့် သမီးဖြစ်သူက ရင့်သီးစွာဆက်ဆံနေတာလဲဆိုပြီး အဘွားအိုကိုမေးကြည့်ခဲ့ချိန်မှာတော့ ၊ သမီးဖြစ်သူဟာသူမရဲ့ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက်မှာတော့ အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ စိတ်ဒဏ်ရာ ကြီးကြီးမားမားရရှိသွားခဲ့တာပါ ။ ဒါ့ကြောင့် အဘွားအိုက သူမမှ စားစရာတွေလာမပို့ရင် သမီးဖြစ်သူက အပြင်ထွက်မှာမဟုတ်ဘဲ ၊ ဒုက္ခတွေ့နေမှာ ဆိုးလို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။
သမီးဖြစ်သူအနေနဲ့ မိခင်ရဲ့ ချစ်မေတ္တာကို လျင်မြန်စွာသဘောပေါက်သင့်နေပြီး ၊ သူမတစ်ယောက်တည်းအထီးကျန်နေတာမဟုတ်ဘဲ ၊ သူမအနားမှာ မိခင်ဖြစ်သူ အမြဲအတူရှိပြီး ဖေးမနေခဲ့တာကို သတိပြုမိသင့်ပါပြီ ။ အဘွားအိုကတော့ နေ့စဉ်မပျက်ကွက်ဘဲ သမီးဖြစ်သူထံ လာရောက်လည်ပတ်ပြီး အစားအသောက်တွေပို့ပေးနေခဲ့တာ 3 နှစ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ် ။
crd