အချိန်ကြာလာတာနဲ့အမျှ အသက်တွေ ကြီးရင့်လာတာကြောင့် အချိန်က အမျိုးသမီးများရဲ့ အဓိကရန်သူ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဒီအခုဖော်ပြမဲ့တရုတ်မိခင်က သူ့ရဲ့သမီးလေးကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ခဲ့ပေမဲ့ သူမရဲ့ နုပျိုလှပတဲ့ အသွင်အပြင်က ပျောက်ကွယ်သွားခြင်း မရှိခဲ့ပါဘူး ။ လက်တလောမှာတော့ လူမှုကွန်ရက်မှာ ဒီတရုတ်မိခင်နဲ့သမီးလေးတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေက ပျံ့နှံ့နေပါတယ် ။ လှပတဲ့ အလှတရားနဲ့ ကောင်းကင်ရဲ့ ဆွဲဆောင်မှုတို့အပြင် လူများရဲ့ အာရုံစူးစိုက်မှုကိုလည်း ခံရကာ အဓိကကတော့ မိခင်ရဲ့အသွင်အပြင်ဖြစ်ပါတယ် ။
ဓာတ်ပုံထဲမှာတော့ နှစ်ယောက်သားက အဖြူရောင် သတို့သမီးဝတ်စုံကို ၀တ်ထားပြီး အလွန်စွဲမက်ဖွယ်ကောင်းတဲ့ ရုပ်ကလေးတွေနဲ့ဖြစ်ပါတယ် ။ သမီးလေးရဲ့ ဆံပင်တွေက တွန့်လိမ်ပြီးချထားချိန်မှာ သူ့အမေက ပိုမြင့်တဲ့ ဆံထုံးလေးနဲ့ ပိုရဲရင့်ပြီး ချစ်စဖွယ် လေးကို ပြင်ဆင်ထားပါတယ် ။ ဒီပုံကို မြင်ပြီး လူတော်တော်များများက အမေနဲ့သမီးလို့ မထင်ဘဲ သူငယ်ချင်း သို့မဟုတ် ညီအစ်မလို့ မှားထင်နေကြတာပါ ။ အင်တာနက်အသုံးပြုသူတွေဟာ ချီးကျူးစကားတွေ ထွက်လာခဲ့ကြပါတယ် ။ အချို့လူတွေက ယနေ့ခေတ် အမျိုးသမီးများဟာ မိမိတို့ကိုယ်ကို ဂရုစိုက်ရကောင်းမှန်း သိတာကြောင့် ၎င်းတို့က ငယ်ရွယ်နုပျိုတာကို နားလည်နိုင်ပါတယ် ။
JRose (KB Chimmy One)
Reference : bestie
Zawgyi
JRose (KB Chimmy One)