မြန်မာနိုင်ငံ၌ 5 Plus ရုပ်သံလိုင်းတွင်ပြသခဲ့သည့် “ဘုန်းမီးနေလမဟာအသောက” ဇာတ်လမ်းမှသရုပ်ဆောင်မင်းသမီး တူနီရှာရှာမာသည် ဒီဇင်ဘာလ ၂၄ ရက်နေ့က မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းသိရှိရသည်။

သူသည်အဆုံးစီရင်သွားချိန်တွင် အသက် ၂၀ အရွယ်သာရှိသေးပြီး လက်ရှိတွင် အလီဘာဘာဇာတ်လမ်းတွဲအား မင်းသား ရှီဇန်မိုဟာမဒ်ခန်းနှင့်အတူရိုက်ကူးနေပြီး ဇာတ်ကားရိုက်ကူးနေစဉ် မိတ်ကပ်အခန်းအတွင်း ကြိုးဆွဲချအဆုံးစီရင်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။
သိသိချင်းပင်သူ့အားဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း အသက်မမီတော့ကြောင်း ဆရာဝန်များကဆေးရုံသို့ရောက်ချိန်၌ပြောကြားခဲ့သည်။သူ့ကိုယ်သူအဆုံးစီရင်သွားချိန်တွင် သူနှင့်တွဲဖက်သရုပ်ဆောင်နေသည့် မင်းသားရှီဇန်မိုဟာမဒ်ခန်း၏ အဝတ်လဲခန်းအတွင်း အဆုံးစီရင်သွားခြင်းဖြစ်သည်ဟုသိရှိရသည်။

သူ၏ခန္ဓာကိုယ်အား ရင်ခွဲဆေးစစ်ရန်အတွက် ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရှိရသည်။မင်းသမီး တူနီရှာနှင့်ယခင်ကအလုပ်တွဲလုပ်ခဲ့ဖူးသည့် မင်းသမီး ဆိုင်မရန်ဘဒ်ဟာရပ်ပ်ကလည်း တူနီရှာ၌ စိတ်လှုပ်ရှားလွယ်ပြီး စိတ်ကျရောဂါမျိုးရှိသည်ဟုပြောကြားခဲ့သည်။ယင်းအပြင်သူ၏ မိသားစုဘဝသည်လည်း အကောင်းဆုံးမဟုတ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
တူနီရှာ၏သေဆုံးမှုနှင့်ပတ်သက်၍ သူ၏မိခင်က မင်းသားရှီဇန်အား သတ်သေရန်အားပေးမှုဖြင့်ပြစ်တင်ဝေဖန်ခဲ့သည်။အတည်မပြုနိုင်သေးသောသတင်းများအရ မင်းသားနှင့်မင်းသမီးတို့သည် ချစ်သူများဖြစ်ခဲ့ကြပြီး ကွဲသွားခြင်းဖြစ်သည်ဟုလည်းဆိုသဖြင့် မင်းသမီးသေဆုံးမှုနှင့်ပတ်သက်၍ မင်းသားအား ရဲများကဖမ်းခေါ်သွားကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းအရမင်းသမီး၌ ကိုယ်ဝန်ရှိနေသည်ဟုလည်းသတင်းထွက်လာသဖြင့် အမှန်ဟုတ်မဟုတ်ရဲများအားမေးမြန်းရာ ရင်ခွဲစစ်ဆေးမှုပြုလုပ်နေဆဲဖြစ်သဖြင့် အတည်မပြုနိုင်သေးကြောင်းပြောကြားခဲ့ပြီး သူ၏သေဆုံးမှုအား လူသတ်မှုနှင့်အဆုံးစီရင်မှုရှုထောင့်နှစ်မျိုးလုံးမှ စစ်ဆေးသွားမည်ဟုလည်းပြောကြားခဲ့သည်။
Source – India Today
Credit popular
Zawgyi
ျမန္မာႏိုင္ငံ၌ 5 Plus ႐ုပ္သံလိုင္းတြင္ျပသခဲ့သည့္ “ဘုန္းမီးေနလမဟာအေသာက” ဇာတ္လမ္းမွသ႐ုပ္ေဆာင္မင္းသမီး တူနီ႐ွာ႐ွာမာသည္ ဒီဇင္ဘာလ ၂၄ ရက္ေန႔က မိမိကိုယ္ကိုအဆုံးစီရင္သြားေၾကာင္းသိ႐ွိရသည္။
သူသည္အဆုံးစီရင္သြားခ်ိန္တြင္ အသက္ ၂၀ အ႐ြယ္သာ႐ွိေသးၿပီး လက္႐ွိတြင္ အလီဘာဘာဇာတ္လမ္းတြဲအား မင္းသား ႐ွီဇန္မိုဟာမဒ္ခန္းႏွင့္အတူ႐ိုက္ကူးေနၿပီး ဇာတ္ကား႐ိုက္ကူးေနစဥ္ မိတ္ကပ္အခန္းအတြင္း ႀကိဳးဆြဲခ်အဆုံးစီရင္သြားျခင္းျဖစ္ေၾကာင္းသိ႐ွိရသည္။

သိသိခ်င္းပင္သူ႕အားေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေသာ္လည္း အသက္မမီေတာ့ေၾကာင္း ဆရာဝန္မ်ားကေဆး႐ုံသို႔ေရာက္ခ်ိန္၌ေျပာၾကားခဲ့သည္။သူ႕ကိုယ္သူအဆုံးစီရင္သြားခ်ိန္တြင္ သူႏွင့္တြဲဖက္သ႐ုပ္ေဆာင္ေနသည့္ မင္းသား႐ွီဇန္မိုဟာမဒ္ခန္း၏ အဝတ္လဲခန္းအတြင္း အဆုံးစီရင္သြားျခင္းျဖစ္သည္ဟုသိ႐ွိရသည္။ ။
သူ၏ခႏၶာကိုယ္အား ရင္ခြဲေဆးစစ္ရန္အတြက္ ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္းသိ႐ွိရသည္။မင္းသမီး တူနီ႐ွာႏွင့္ယခင္ကအလုပ္တြဲလုပ္ခဲ့ဖူးသည့္ မင္းသမီး ဆိုင္မရန္ဘဒ္ဟာရပ္ပ္ကလည္း တူနီ႐ွာ၌ စိတ္လႈပ္႐ွားလြယ္ၿပီး စိတ္က်ေရာဂါမ်ိဳး႐ွိသည္ဟုေျပာၾကားခဲ့သည္။ယင္းအျပင္သူ၏ မိသားစုဘဝသည္လည္..း အေကာင္းဆုံးမဟုတ္ခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

တူနီ႐ွာ၏ေသဆုံးမႈႏွင့္ပတ္သက္၍ သူ၏မိခင္က မင္းသား႐ွီဇန္အား သတ္ေသရန္အားေပးမႈျဖင့္ျပစ္တင္ေဝဖန္ခဲ့သည္။အတည္မျပဳႏိုင္ေသးေသာသတင္းမ်ားအရ မင္းသားႏွင့္မင္းသမီးတို႔သည္ ခ်စ္သူမ်ားျဖစ္ခဲ့ၾကၿပီး ကြဲသြားျခင္းျဖစ္သည္ဟုလည္းဆိုသျဖင့္ မင္းသမီးေသဆုံးမႈႏွင့္ပတ္သက္၍ မင္းသားအား ရဲမ်ားကဖမ္းေခၚသြားေၾကာင္းသိ႐ွိရသည္။
ေနာက္ဆုံးရသတင္းအရမင္းသမီး၌ ကိုယ္ဝန္႐ွိေနသည္ဟုလည္းသတင္းထြက္လာသျဖင့္ အမွန္ဟုတ္မဟုတ္ရဲမ်ားအားေမးျမန္းရာ ရင္ခြဲစစ္ေဆးမႈျပဳလုပ္ေနဆဲျဖစ္သျဖင့္ အတည္မျပဳႏိုင္ေသးေၾကာင္းေျပာၾကားခဲ့ၿပီး သူ၏ေသဆုံးမႈအား လူသတ္မႈႏွင့္အဆုံးစီရင္မႈ႐ႈေထာင့္ႏွစ္မ်ိဳးလုံးမွ စစ္ေဆးသြားမည္ဟုလည္းေျပာၾကားခဲ့သည္။
Source – India Today
Credit popular



