ခပ်မြင့်မြင့်ကပန်းကလေးတစ်ပွင့် မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားရင် တခြားသူကတန်ဖိုးထားဖို့ဆိုတာမမျှော်လင့်ပါနဲ့တော့ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကရုပ်ဆိုးခြင်း,ရုပ်ချောခြင်း အပျိုဟုတ်ခြင်း,မဟုတ်ခြင်း ဆင်းရဲခြင်း,ချမ်းသာခြင်းတို့နဲ့မသက်ဆိုင်ပါဘူး။ မိန်းကလေးတိုင်းတန်ဖိုးကိုယ်စီရှိကြပေမယ့် ကိုယ့်ရဲ့လုပ်ရပ်,အပြုအမူ, အပြောအဆို,အနေအထိုင်တွေကပဲ တန်ဖိုးတွေကွာခြားကုန်ကြတာပါ။ မိန်းမသားတွေတန်ဖိုးတွေကွာခြားကုန်ကြတော့ ယောကျ်ားသားတွေတန်ဖိုးထားပုံခြင်းကွဲပြားကုန်ကြတာမဆန်းပါဘူး။ မိန်းကလေးဆိုတာကိုယ့်ရဲ့တန်ဖိုးကို အောက်ဆုံးအထိရောက်အောင်ကိုယ်ကိုယ်တိုင်ပဲဆွဲချနိုင်သလို အမြင့်ဆုံးထိရောက်အောင်လည်းကိုယ်ကိုယ်တိုင်ပဲဖန်တီးနိုင်ကြပါတယ်။ ကျွန်မ, မိန်းကလေးတိုင်းကိုခပ်မြင့်မြင့်ကပန်းကလေးတစ်ပွင့်လို ဘဝကိုတန်ဖိုးမြင့်မြင့်မားမားနဲ့လှလှပပရှင်သန်စေချင်ပါတယ်။ Nan Khin May Win Credit Unicode မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားရင် တခြားသူကတန်ဖိုးထားဖို့ဆိုတာမမျှော်လင့်ပါနဲ့တော့ ခပ်မြင့်မြင့်ကပန်းကလေးတစ်ပွင့် မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားရင် တခြားသူကတန်ဖိုးထားဖို့ဆိုတာမမျှော်လင့်ပါနဲ့တော့ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကရုပ်ဆိုးခြင်း,ရုပ်ချောခြင်း အပျိုဟုတ်ခြင်း,မဟုတ်ခြင်း ဆင်းရဲခြင်း,ချမ်းသာခြင်းတို့နဲ့မသက်ဆိုင်ပါဘူး။ မိန်းကလေးတိုင်းတန်ဖိုးကိုယ်စီရှိကြပေမယ့် ကိုယ့်ရဲ့လုပ်ရပ်,အပြုအမူ, အပြောအဆို,အနေအထိုင်တွေကပဲ တန်ဖိုးတွေကွာခြားကုန်ကြတာပါ။ မိန်းမသားတွေတန်ဖိုးတွေကွာခြားကုန်ကြတော့ ယောကျ်ားသားတွေတန်ဖိုးထားပုံခြင်းကွဲပြားကုန်ကြတာမဆန်းပါဘူး။ မိန်းကလေးဆိုတာကိုယ့်ရဲ့တန်ဖိုးကို အောက်ဆုံးအထိရောက်အောင်ကိုယ်ကိုယ်တိုင်ပဲဆွဲချနိုင်သလို အမြင့်ဆုံးထိရောက်အောင်လည်းကိုယ်ကိုယ်တိုင်ပဲဖန်တီးနိုင်ကြပါတယ်။ ကျွန်မ, မိန်းကလေးတိုင်းကိုခပ်မြင့်မြင့်ကပန်းကလေးတစ်ပွင့်လို ဘဝကိုတန်ဖိုးမြင့်မြင့်မားမားနဲ့လှလှပပရှင်သန်စေချင်ပါတယ်။ Nan Khin May Win Credit
အသိပညာ
ဂုဏ် သတင်းမွှေးတဲ့ မိန်းကလေး
ဂုဏ် သတင်းမွှေးတဲ့ မိန်းကလေး ညီမလေးရေ မိန်းကလေးဆိုတာ နူးညံ့ပျော့ပြောင်းပြီး အပြစ်ကင်းစင်တဲ့ ပန်းကလေးတစ်ပွင့်လို ယဉ်ကျေးသိမ်မွေ့ရမယ် …။ အိန္ဒြေသိက္ခာ ရှိရမယ် …။ စိတ်သဘောထားဖြုစင် သန့်ရှင်းရမယ် …။ ကိုယ်ကျင့်တရားလည်း ကောင်းမွန်ရပါမယ် …။ နေရာတကာ ယောကျ်ားတွေနဲ့ ရင်ဘောင်တန်းနေချင်လို့တော့ မရပါဘူး …။ မိန်းကလေးဆိုတာ အရာရာမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ကန့်သတ်မူတွေ ရှိ နိုင်ရပါမယ် …။ ညီမလေးရေ ပန်းကလေးတွေဟာ အဆင်းနဲ့ရနံ့ အမျိုးမျိုးရှိကြသလို မိန်းကလေးတွေကလည်း အသွင်အမျိုးမျိုးနဲ့ အကျင့်စရိုက်အမျိုးမျိုး ရှိတတ် ကြပါတယ် …။ မိန်းကလေးတွေရဲ့အဆင်းဟာ ပန်းကလေးတွေရဲ့ အလှဖြစ်ပြီး မိန်းကလေးတွေရဲ့ အချင်းကတော့ ပန်းကလေးတွေရဲ့ ရနံ့နဲ့ ဆင်တူပါတယ် …။ ညီမလေးရေ ပန်းကလေးတစ်ပွင့်ဟာ အဆင်းသဏ္ဌာန် မလှပပေမယ့် အများတစ်ကာကို […]
မိဘတွေ စိတ်ချမ်းသာအောင် ထားကြမယ်
ဒီနေ့ခေတ်ကို အလုပ်များတဲ့ခေတ်လို့ လူတွေတင်စားခေါ်ဝေါ်ကြတယ်။ ဒီလိုခေါ်ရတဲ့အကြောင်းအရင်းလည်း ရှိပါတယ်။ နေ့စဉ်စားသောက်နေထိုင်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားရတာကြောင့် မိဘတွေ နဲ့မိသားစုကို အချိန်မပေးနိုင်ကြဘူး။ တစ်အိမ်ထဲမှာ အတူတူနေကြပေမယ့် သားသမီးနဲ့မိဘ မတွေ့ဆုံဖြစ်ကြတဲ့ နေ့တွေတောင်ရှိနေပါသေးတယ်။ မိဘတွေဆိုတာကလည်း အသက်အရွယ်ရလာတာနဲ့အမျှ အထီးကျန်လာကြတယ်။ ဒါကဖြစ်ရိုးဖြစ်စဉ်လို့ ဖြစ်လာနေပါပြီ။ ဒီလိုမဖြစ်အောင် သားသမီးတွေအနေနဲ့ မိဘတွေကို စကားပြောပေးတာ အချိန်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒီနေ့တော့ မိဘတွေကို စိတ်ချမ်းသာအောင် ဘယ်လိုထားရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သူတို့ကို နားလည်ပေးပါ Positive elderly woman and her daughter chatting, laughing and holding hands. Mother and daughter sitting on couch with home interior in background. […]
“မိခင်စိတ်ထားပြီး အမုန်းခံချစ်နေရလို့ ပူညံပူညံလုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပေးပါ”
ပူညံပူညံ လုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူတို့က မိခင်စိတ်ထားပြီး အမုန်းခံချစ်နေရ လို့နှမျော တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူကသင့်ရဲ့ နောင်ရေး အတွက်တွေးပြီး ထိန်းသိမ်း ပေးနေရလို့ ဟင်းချက်ညံ့တဲ့ ဇနီးကို တန်ဖိုး ထားပါ အရသာရော့ပေမဲ့ အပြင်စာတွေ ထက်တော့ သင့်ကျမ်းမာရေး စိတ်ချရလို့ ရုပ်မလှတဲ့ ဇနီးကို တန်ဖိုးထားပါ လမ်းပေါ်က မိန်းမတွေလိုမလန်းပေမဲ့ သင့်ဘဝရဲ့ နေဝင်ချိန်တွေ မဂွမ်းဖို့တော့ စိတ်အေးရလို့ တကယ်တော့ မိန်းမတွေပူညံပူညံ လုပ်တယ်ဆိုတာ ကိုယ့်လင်သားကို အကောင်းဆုံးတွေပဲဖြစ်စေချင်လို့ နေရာတကာ လိုက်ပြောရင် အချစ်တွေရော့မယ် ဆိုတာ သိရက်နဲ့အမုန်း ခံပြောနေရတာ မေတ္တာစိတ်ကြောင့်ပါ လင်သားထက် ကိုယ့်ကိုကိုယ်ပဲ ပိုချစ်တဲ့ မိန်းမမျိုးကတော့ အမုန်းမခံဘူး။ အရက်သောက် ရုံမကလို့ အစိပ်ပဲ သောက်သောက် […]
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့
“တစ်နေ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်” ဆိုတဲ့အရာက လူငယ်တိုင်းရဲ့ အိမ်မက်တစ်ခု ဖြစ်ပါတယ်။ မိဘတွေကို မှီခိုစရာ မလိုဘဲ ကိုယ့်အရည်အချင်း၊ ကိုယ့်အားထုတ်မှုနဲ့ ပိုက်ဆံတွေရှာပြီး လွတ်လပ်တဲ့ ဘဝလေးတစ်ခုမှာ ရပ်တည်ရင်း မိသားစုကို ပြန်စောင့်ရှောက်နိုင်ဖို့က လူငယ်အများစုရဲ့ ဆန္ဒပါ။ ဒါပေမယ့် မှီခိုမှုတွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့တွေက တစ်ခုခုဆို ကိုယ့်ဘာသာ ရင်ဆိုင် ဖြေရှင်းဖို့ထက် သူများကို အားကိုးလိုက် မိတာပဲ များပါတယ်။ ပါးစပ်ကသာ ကြွေးကြော်နိုင်ပေမယ့် တကယ်အကောင်အထည် ဖော်ဖို့က အိမ်မက် သာသာပဲ ရှိတဲ့ဘဝ ဖြစ်နေရတာပေါ့။ ဆိုပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မားမားမတ်မတ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြသူတွေ အများကြီး ရှိပါတယ်။ သူတို့ကို ကြည့်ရတာ ယုံကြည်မှု ရှိတယ်၊ လွတ်လပ်တယ်၊ စမတ်ကျတယ်၊ ရင့်ကျက်တယ်၊ […]
ဘဝရဲ့ မာယာများ
▪အေးချမ်းမယ်လို့ ထင်ထားတဲ့ အရာတွေက ပူလောင်မှုတွေနဲ့ ပြည်တည်နေတတ်တယ်။ ▪️သာယာမယ်လို့ ထင်ထားတဲ့ အရာတွေက အောင့်သက်သက်နဲ့ အကြိတ်အခဲကို ဖြစ်စေ တယ်။ ▪️ကြင်နာစရာလို့ ထင်ထားတဲ့ အရာတွေက နာကျင်စရာတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်နေ တယ်။ ▪️မေတ္တာ ကရုဏာလို့ ပြောတဲ့အရာတွေက ကြိုးတစ်ချောင်းလို နေရာတိုင်းကိုချည်နှောင်ဖို့ ကြိုးစားနေတယ်။ ▪️နားလည်မှု ခွင့်လွှတ်မှုလို့ ပြောတဲ့အရာ တွေက သံသယကြီးထွားမှုသို့ ဦးတည်နေ တယ်။ ▪️ချစ်ပါတယ် ခင်ပါတယ် ဆိုတဲ့အရာတွေက အတ္တကိုယ်ရောင် ကိုယ်ဝါတွေနဲ့ ကိုယ်လိုရာ ဆွဲငင်ယူနေတယ်။ ▪️တွေ့ရတာ ကံကောင်းတယ်လို့ ထင်ထားတဲ့ အရာတွေက မတွေ့ခဲ့ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးသို့ ပြောင်းလဲစေတယ်။ ▪”ရေစက်ရှိလို့ပါ”လို့ ဆိုတဲ့အရာတွေက ဝဋ်ကြွေးတစ်ခုကို ပေးဆပ်နေရခြင်း ဆိုတဲ့ ဖြစ်စဉ်တစ်ခု […]
အားနာတယ်ဆိုတာ ရိုးသားခြင်းမဟုတ်
တစ်ခါတလေ သူညာနေမှန်းသိပေမယ့်အားနာလို့ ကိုယ့်ပြောချင်တာမပြောလိုက်သောအခါ သူ့ကိုလိမ်ဖို့ညာဖို့နောက်ထပ် အခွင့်အရေးပေးလိုက်သလိုပါပဲ။ ကိုယ်အားနာတာ သူတန်ဖိုး မထားရင်နောက်ထပ်အားနာနေစရာ မလိုပါဘူး၊ ကိုယ့်ကိုလိမ်နေ၊ညာနေသောလူကိုတစ်ကြိမ်မက အကြိမ်ကြိမ်ဘာလို့အားနာနေရမှာလဲ။ လောကမှာ လိုက်ကြည့် အားနာတတ်သောသူတိုင်းအလိမ်ခံနေရတာပဲလေ၊ တကယ်တော့အားနာတယ်ဆိုတာ ရိုးသားတာလည်းမဟုတ်အားနာလိုက်လို့ ကိုယ့်စိတ်အေးချမ်းရတာမှမဟုတ်တာလေ။ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနာမှုကသူ့ကို လိမ်ရသောဒုက္ခမဖြစ်ပါစေနဲ့။ ကိုယ်လည်း အလိမ်မခံရဖို့ သူလည်းသူများတွေအပေါ်မှာ လိမ်တာတွေရပ်ဖို့ သူ့မှာလိမ်ရသောဒုက္ခကင်းဖို့၊ကိုယ့်မှာအားနာရလို့စိတ်ပင်ပန်းရခြင်းကင်းဖို့ ကိုယ့်ရဲ့အားနာတတ်သောစိတ်ကို သတိထားရပါမယ်။ နားလည်မှုမလွယ်ပါနဲ့။ အားနာတယ်ဆိုတာရိုးသားမှုမဟုတ်ပါဘူး။လူတစ်ယောက်ကိုအားနာလိုက်တဲ့အခါ ကိုယ့်စိတ်ကိုပြန်ကြည့်ပါ၊ရိုးသားမှုရှိလား၊မရှိလားဆိုတာ၊ ရိုးသားရင် စိတ်ကသိကအောက်မဖြစ်ဘူး၊မရိုးသားရင် စိတ်ကသိကအောက်ဖြစ်တယ်။ မေတ္တာဖြင့် အရှင်ဇနက(မန္တလေးစာသင်သား) Unicode အားနာတယ်ဆိုတာ ရိုးသားခြင်းမဟုတ် တစ်ခါတလေ သူညာနေမှန်းသိပေမယ့်အားနာလို့ ကိုယ့်ပြောချင်တာမပြောလိုက်သောအခါ သူ့ကိုလိမ်ဖို့ညာဖို့နောက်ထပ် အခွင့်အရေးပေးလိုက်သလိုပါပဲ။ ကိုယ်အားနာတာ သူတန်ဖိုး မထားရင်နောက်ထပ်အားနာနေစရာ မလိုပါဘူး၊ ကိုယ့်ကိုလိမ်နေ၊ညာနေသောလူကိုတစ်ကြိမ်မက အကြိမ်ကြိမ်ဘာလို့အားနာနေရမှာလဲ။ လောကမှာ လိုက်ကြည့် အားနာတတ်သောသူတိုင်းအလိမ်ခံနေရတာပဲလေ၊ တကယ်တော့အားနာတယ်ဆိုတာ ရိုးသားတာလည်းမဟုတ်အားနာလိုက်လို့ ကိုယ့်စိတ်အေးချမ်းရတာမှမဟုတ်တာလေ။ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနာမှုကသူ့ကို လိမ်ရသောဒုက္ခမဖြစ်ပါစေနဲ့။ ကိုယ်လည်း […]
ဆင်းရဲချင်သလောက်ဆင်းရဲလို့ရတယ် ဒါပေမယ့် …သိက္ခာတော့ မဆင်းရဲစေနဲ့
ဆင်းရဲချင်သလောက်ဆင်းရဲလို့ရတယ် ဒါပေမယ့် …သိက္ခာတော့ မဆင်းရဲစေနဲ့ သိက္ခာတော့ မဆင်းရဲစေနဲ့ ဆိုးချင်သလောက် ဆိုးလို့ရတယ် ဒါပေမယ့် .. အကျင့်တော့မဆိုးနဲ့ ။ သွားချင်သလောက် သွားလို့ရတယ် ဒါပေမယ့် .. လမ်းမှားတော့မရောက်စေနဲ့ ။ ပျော်ချင်သလောက်ပျော်လို့ရတယ် ဒါပေမယ့် .. ပျက်တော့မပျက်စေနဲ့ ။ ငိုချင်သလောက်ငိုလို့ရတယ် ဒါပေမယ့် … လဲတော့မကျစေနဲ့ ။ ဆင်းရဲချင်သလောက်ဆင်းရဲလို့ရတယ် ဒါပေမယ့် …သိက္ခာတော့ မဆင်းရဲစေနဲ့ ။ သက်တန့်ချို Credit Unicode ဆင်းရဲချင်သလောက်ဆင်းရဲလို့ရတယ် ဒါပေမယ့် …သိက္ခာတော့ မဆင်းရဲစေနဲ့ သိက္ခာတော့ မဆင်းရဲစေနဲ့ ဆိုးချင်သလောက် ဆိုးလို့ရတယ် ဒါပေမယ့် .. အကျင့်တော့မဆိုးနဲ့ ။ သွားချင်သလောက် သွားလို့ရတယ် ဒါပေမယ့် .. လမ်းမှားတော့မရောက်စေနဲ့ ။ ပျော်ချင်သလောက်ပျော်လို့ရတယ် […]
ကြီးရင်မှီ ငယ်ရင်ချီ” ဆိုတာရှိပေမယ့် အိမ်ထောင်တစ်ခုမှာ အသက်ရွယ်ကွာလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ
ကြီးရင်မှီ ငယ်ရင်ချီ” ဆိုတာရှိပေမယ့် အိမ်ထောင်တစ်ခုမှာ အသက်ရွယ်ကွာလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ အချစ်မှာ အသက်အရွယ်ဆိုတာမရှိဘူး နှစ်ဦးနှစ်ဘက် ချစ်ရင်ပြီးတာပဲလို့ ဆိုကြတယ် တကယ်တမ်း ချစ်လို့ တွဲပြီဆိုတော့မှ ပြဿနာကစတာ ။ တစ်ခုပြီးတစ်ခုနဲ့ မဆုံးနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အသက်ခြင်း တအားကွာနေပြီဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ပါဘူး ။ အမြင်နဲ့ခံယူချက်တွေကလည်းကွာကြတယ် ။ ဒီဒုက္ခတွေကတော့ အသက်ကွာလွန်းသူကို ချစ်မိသူတိုင်း ကြုံရတဲ့ဒုက္ခတွေပဲဖြစ်ပါတယ် ။ လွှမ်းမိုးခြင်း အသက်ကြီးတဲ့သူကလည်း သူကအကြီးမို့ သူပြောတာနားထောင်စေချင်တယ် ။ အနိုင်လိုချင်တယ် ။ ငယ်တဲ့သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီးအနိုင်ရချင်တယ် ။ အလျှော့ပေးစေချင်တယ် ။ အကြိုက်မတူခြင်း ဒါကလည်းသိပ်မဆန်းတဲ့ အရာတစ်ခုပဲ ။ အသက်ကြီးတဲ့ လူကတည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေချင်တယ် ။ ဆိုင်ကောင်းကောင်းလေးမှာထိုင်ပြီးစကားပြောချင်တယ် ။ ငယ်တဲ့လူကတော့ […]
အရမ်းကောင်းလို့.(ဖတ်စေချင်)
အရမ်းကောင်းလို့.(ဖတ်စေချင်) မျက်ရည်လွယ်တဲ့ သူတွေဟာ နှလုံးသား နုတယ်လို့ကျွန်တော် စာတစ်စောင် မွာ ဖတ်ဖူးတယ်။ တစ်ချိန်က ကျွန်တော်လည်း မျက်ရည် လွယ်ခဲ့ပါတယ်။ဝမ်းနည်း စရာ အဖြစ်အပျက် တွေ ကြုံတွေ့ လာတဲ့အခါ စိတ်ရှုပ်စရာ အတွေးတွေ ဝင်လာတဲ့ အခါဝမ်းနည်းစေတဲ့ ရုပ်ရှင်တွေ ကြည့်မိတဲ့ အခါ တွေမှာဆိုရင် မျက်ရည်ဟာ Automatic က်လာတာပါပဲ။ ကျွန်တော် ဖတ္ဖူးတဲ့ စာတစ်အုပ်ထဲမှာမျက်ရည် လွယ်တဲ့ သူတွေက အရမ်း ကိုယ်ချင်းစာ တတ်တယ်အရမ်လည်း သနားတတ်တယ်အရမ်းလည်း ခံစားလွယ်တယ် နောက်ပြီးအရမ်းလည်း အတွေးလွန်တတ်ပါသတဲ့ဗျာဒါကြောင့် မျက်ရည်လွယ်တတ်တဲ့ သူတွေကိုကျွန်တော် ပြောချင်တာကတော့ ဒီလိုသာ စိတ်ထားပျော့ညံ့နေမယ် ဆိုရင်ခက်ခဲ နက်နဲတဲ့ ဒုက္ခ သုက္ခနဲ့ တွေ့ ကြုံလာတဲ့ အခါရင်ဆိုင်နိုင်စွမ်း ရှိမှာမဟုတ်တော့ပါဘူး။ ထစ်ခနဲ့ ရွိ […]









