▪အေးချမ်းမယ်လို့ ထင်ထားတဲ့ အရာတွေက ပူလောင်မှုတွေနဲ့ ပြည်တည်နေတတ်တယ်။
▪️သာယာမယ်လို့ ထင်ထားတဲ့ အရာတွေက အောင့်သက်သက်နဲ့ အကြိတ်အခဲကို ဖြစ်စေ တယ်။
▪️ကြင်နာစရာလို့ ထင်ထားတဲ့ အရာတွေက နာကျင်စရာတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်နေ တယ်။
▪️မေတ္တာ ကရုဏာလို့ ပြောတဲ့အရာတွေက ကြိုးတစ်ချောင်းလို နေရာတိုင်းကိုချည်နှောင်ဖို့ ကြိုးစားနေတယ်။
▪️နားလည်မှု ခွင့်လွှတ်မှုလို့ ပြောတဲ့အရာ တွေက သံသယကြီးထွားမှုသို့ ဦးတည်နေ တယ်။
▪️ချစ်ပါတယ် ခင်ပါတယ် ဆိုတဲ့အရာတွေက အတ္တကိုယ်ရောင် ကိုယ်ဝါတွေနဲ့ ကိုယ်လိုရာ ဆွဲငင်ယူနေတယ်။
▪️တွေ့ရတာ ကံကောင်းတယ်လို့ ထင်ထားတဲ့ အရာတွေက မတွေ့ခဲ့ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးသို့ ပြောင်းလဲစေတယ်။
▪”ရေစက်ရှိလို့ပါ”လို့ ဆိုတဲ့အရာတွေက ဝဋ်ကြွေးတစ်ခုကို ပေးဆပ်နေရခြင်း ဆိုတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတယ်။
▪️ပျော်ရမယ်လို့ ထင်ထားတဲ့ အရာတွေက စိတ်ညစ်စရာတွေနဲ့ပဲ နိဂုံးချုပ်မှုတွေ ဖြစ်ဖြစ် သွားတယ်။
▪️”မပြောတော့ဘူး”လို့ ထိန်းထားတဲ့အရာ တွေက မခံစားနိုင်တဲ့အခါ ပြောဖြစ်အောင် ပြောထွက်သွားတယ်။

▪️ယုံကြည်ရမယ်လို့ သတ်မှတ်ထားတဲ့ သူတွေက နောက်ကျောမှာ ဓားကိုင်ပြီး စောင့်နေတယ်။
▪️စေတနာပါလို့ ပြောတဲ့သူတွေက ဝေဒနာတွေ ပိုပေးတဲ့သူတွေ ဖြစ်နေတယ်။
▪️”အေးချမ်းတယ်”လို့ ထင်ထားတဲ့သူတွေ ဆီက မအေးချမ်းမှုတွေ တွေ့နေရတယ်။
▪️ဂုဏ်သိက္ခာပါလို့ ပစပ်ကပြောပြော နေတဲ့သူတွေရှီမှာကိုပဲ သိက္ခာတရားတွေ ရှာမတွေ့ရပြန်ဘူး။
▪️သိပ်ချစ်တယ်လို့ ထင်တဲ့သူတွေက ကိုယ့် ကို သိပ်မုန်းတဲ့သူတွေ ဖြစ်သွားပြန်တယ်။
▪️ကြာကြာခိုင်မြဲမယ်လို့ ထင်ထားတဲ့ အရာတွေက ပျက်စီးမှုတွေ မြန်နေတယ်။
▪️မတည်မြဲဘူးဆိုတာ လက်ခံထားကြပေမယ့် တည်မြဲမှုကို မျှော်လင့်ရင်း စိတ်ဆင်းရဲခံနေကြ တယ်။
▪️အပြင်ပန်းမှာ အလှတရားတွေ စီကာ ထားပေမယ့် အတွင်းပိုင်းမှာ အလှတရားတွေ မတွေ့ရဘူး။
▪ပြုံးပြလို့ ခင်လှပါတယ်လို့ ထင်ရတဲ့ သူတွေက ဒဏ်ရာပေးမယ့် ရန်သူတွေ ဖြစ်နေတယ်။
ဒီလိုနဲ့ ဘဝဆိုတာ မာယာရင်ခွင်ကြီး ပါလားလို့ သဘောပေါက်လာတယ်။

မာယာရင်ခွင်ကြီးထဲမှာ စီးမျောရင်း ကိုယ့်ရဲ့ နေ့ရက်တွေကို ဘယ်လိုကုန်ဆုံးစေကြမလဲ။
ဘဝကတော့ သူ့မာယာနဲ့ သူရှိနေမှာပဲလေ။
အဲဒီမာယာကို သာယာမနေဖို့သည်သာ မိမိတို့တာဝန် ဖြစ်ပါတယ်။
Credit#
Unicode
ဘဝရဲ့ မာယာများ