ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားချောမင်းမော်ကွန်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှိထားတာပဲဖြစ်ပါတယ်နော်။ မင်းမော်ကွန်းက လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလှုထုနဲ့အတူ ထိပ်ဆုံးကနေပါဝင်ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာပါဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းမပေါ်ထွက်ထွက်ပြီး ပြည်သူလူနဲ့အတူ အမှန်တရားအတွက်တိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်နော်။အဲ့ဒီလိုပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့် ဝရမ်းထုတ်ခံထားရတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်း သူ့အနေနဲ့ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတာကြောင့် ခုဆို မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ ဒီလို တိမ်းရှောင်နေရတဲ့ အချိန်တွေမှာတောင် သူ့ရဲ့လူမှုကွန်ယက်ကနေပြီး သတင်းအချက်အလက်တွေနဲ့အတူ ပြည်သူတွေ ခွန်အားဖြစ်စေမယ့် စာလေးတွေကို ဝေမျှပေးနေဆဲပါ။ဒီကနေ့မှာဆိုရင်လည်း မင်းမော်ကွန်းရဲ့သားအငယ်ဆုံးလေးက အဖေဖြစ်သူနဲ့ခွဲခွါနေရတာကြာလာပြီဖြစ်တဲံအတွက် အဖေကိုအရမ်းလွမ်းတဲ့စိတ်နဲ့ အဖေရှိတဲ့နေရာကို လိုက်မယ်ဆိုပြီး ပြင်ဆင်နေတဲ့ သားလေးကိုကြည့်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ မင်းမော်ကွန်းက “အဖေဆီသွားချင်လို့သူ့ဟာသူပစ္စည်းတွေထည့်ထားတယ်တဲ့လေခဏစောင့်ပါဦးသားရယ်အဖေကိုယ်တိုင်တောင်ခုထိဟိုပြေးဒီလွှားနဲ့အတည်တကျမရှိသေးတာကျောပိုးအိပ်တစ်လုံးနဲ့ကျောတစ်ခင်းစာနေရာကလွဲပြီးတနင့်တပိုးမျှော်လင့်ချက်တွေကလွဲပြီးတစ်စစီလိုက်ပြန်ကောက်နေရတဲ့ယုံကြည်ချက်တချို့တလေကလွဲပြီးအရင်းအနှီးကြီးလွန်းတဲ့လိပ်ပြာသန့်သန့်တစ်စုံကလွဲပြီးချစ်ခြင်းမေတ္တာနဲ့သတိရခြင်းတွေကလွဲပြီးခုချိန်ထိလမ်းပျောက်နေရုံကလွဲပြီးအဖေ့ဆီမှာဘာမှမရှိလို့ငါ့သားအတွက်ဘာတစ်ခုမှမတတ်နိုင်သေးတာအဖေ့ကိုခွင့်လွှတ်ပါ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယင်စာမျက်နှာကနေတစ်တင့် […]
ၾကားသိရသမွ်
ထူးဆန်းတဲ့ သတို့သားလောင်းကြောင့် လက်ဝှေ့ပွဲအဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ မင်္ဂလာပွဲ
ထူးဆန်းတဲ့ သတို့သားလောင်းကြောင့် လက်ဝှေ့ပွဲအဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ မင်္ဂလာပွဲ အိန္ဒိယနိုင်ငံ၊ ဆာရန်ပြည်နယ်က မင်္ဂလာပွဲတစ်ခုမှာ သတို့သားလောင်းဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ ကြောင့် မင်္ဂလာပွဲပျက်ခဲ့ရတဲ့ အပြင် နှစ်ဖက်မိသားစု ဝင်တွေကြား အကြီးကျယ်ပြသနာတက်ခဲ့ရမှု တစ်ခုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။သတို့သားလောင်းဖြစ်သူဟာ ထူးဆန်းစွာပဲ မိုးကြိုးပစ်ခံရမှာကို ကြောက်ရွံနေခဲ့တာ ဖြစ် ပြီး သတို့သားရဲ့အပြုအမူကြောင့် သတို့သမီးဘက်က စိတ်ပျက်လာကာ မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ မင်္ဂလာပွဲဖြစ်သိမ်းရန်တောင်ဆိုးချက်ကြောင့် နှစ်ဘက်မိသားစုဝင်တွေ ကြား ပြဿနာတွေ ကြီးထွားလာခဲ့ရတာပဲ ဖြစ်ပါတယ်။ သတို့သားလောင်းကတော့ သူရဲ့လယ်ကွင်းအနီးမှာ မိုးကြိုးပစ်မှုတခုဖြစ်ပွားပြီးတဲ့နောက်မှာ သူစိမ်း တယောက်လို ပြောင်းလဲသွားခဲ့ပြီး ထူးဆန်းတဲ့အမူအရာတွေကို စတင်လုပ်ဆောင်တာဖြစ်တယ်လို့ သတို့သမီးဘက်က မိသားစုဝင်တွေကရဲတပ်ဖွဲကိုပြောပါတယ်။ဒီလိုပြောင်းလဲမှုတွေကြောင့် သတို့သမီးက သူနဲ့စေ့စပ်ထားပြီးဖြစ်တဲ့ အမျိုးသားနဲ့ လက်ထပ်ဖို့ကို ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သတို့သမီးနဲ့ […]
တစ်ခါသုံးကိုယ်ဝန်တားဆေးနဲ့လမ်းဘေးကပင်လယ်စာကြောင့်အသက်ဆုံးရူံးခဲ့ရတဲ့မိန်းကလေး(ဖြစ်ရပ်မှန်)
တစ်ခါသုံးကိုယ်ဝန်တားဆေးနဲ့လမ်းဘေးကပင်လယ်စာကြောင့်အသက်ဆုံးရူံးခဲ့ရတဲ့မိန်းကလေး(ဖြစ်ရပ်မှန်) ကျနော်အဖြစ်အပျက်အမှန်တစ်ခုလေးကို အားလုံးသတိထားရအောင်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ခုတားဆေးနဲ့ပင်လယ်စာကြောင့်မို့အသက်ဆုံးရူံးခဲ့ရတာက ကျနော့်သူငယ်ချင်းအတွဲဖြစ်နေတာကြောင်မို့ပါကိုဗစ်တွေမဖြစ်ခင် 2019-12 လပိုင်းလောက်က ကျနော်အလုပ်လုပ်နေတဲ့မန်းလေးကို သူငယ်ချင်းတို့သမီးရည်းစားအလည်လာကြပါတယ်။လူငယ်စုံတွဲတွေဆိုတော့ တည်းခိုခန်းမှာတည်းကြတာပေါ့။သူတို့အတွဲက ပဲခူးဘက်က လူကြီးတွေသဘောတူထားပေမယ့်မယူဖြစ်ကြသေးပါဖူး။ သူတို့ရောက်နေကြောင်း ကျနော့်ဆီဖုန်းဆက်တော့ ညနေအလုပ်ဆင်းရင်လာခဲ့မယ်ဆိုပြီး သူတို့တည်းတဲ့နေရာနားလေးချိန်းလိုက်ပါတယ်။ ကျနော်နဲ့လဲအရမ်းခင်တော့ပွင့်ပွင့်လင်းလင်းပါပဲ။ဒီလိုနဲ့ညနေရောက်တော့ သူတို့နဲ့သွားတွေ့တယ်။ဆိုင်သွားထိုင်ရအောင်ဆိုတော့သူ့ကောင်မလေးက လမ်းဘေးကပင်လယ်စာကြော်စားချင်တယ်လို့ပူဆာတာနဲ့ တွေ့တဲ့ဆိုင်မှာထိုင်စားကြတယ် ကျနော်ကတော့ ယောက်ျားလေးဆိုတော့ ဒါတွေမကြိုက်တော့ ထမင်းဆီဆမ်းနဲ့ကြက်ဥကြော်ပဲမှာစားဖြစ်တယ်။စားနေတုန်း ကောင်မလေးက သူ့ကိုတိုးတိုးလေးကပ်ပြောတယ်။ပြီးတော့ ဆိုင်ရှင်ဆီကနေ ရေသန့်ဗူးရှိလားဆိုပြီး မေးပြီးမှာလိုက်တယ်။ ရေရောက်လာတော့ တစ်ခါသုံး ကိုယ်ဝန်တားဆေးကို ဖောက်ပြီး ကောင်မလေးလက်ထဲကို မသိမသာထည့်ပေးလိုက်တာမြင်လိုက်တယ်။ ကျနော်ကတော့မသိချင်ယောင်ဆောင်နေလိုက်တာပေါ့။စားပြီးသောက်ပြီး ပိုက်ဆံရှင်းတဲ့အချိန်ရောက်တော့ ကောင်မလေးက လက်မှာ အနီစက်တွေ ပေါင်မှာတွေကော အစက်အပြောက်တွေထလာတာနဲ့ မြန်မြန်ပြန်မယ်ဆိုပြီး ထသွားကြတယ်။ ကျနော်လဲနောက်မှတွေ့မယ်ဆိုပြီး ပြန်ခဲ့လိုက်တယ်။အိမ်မရောက်ခင်မှာ သူငယ်ချင်းကိုဖုန်းတွေဆက်တိုက်ခေါ် လို့ကိုင်လိုက်တော့ သူငယ်ချင်း ငါ့ကောင်မလေးဗိုက်တွေအရမ်းနာနေလို့ ဘယ်ဆေးခန်းသွားရမလဲလို့ လှမ်းမေးတယ်။ ဆေးခန်းသွားတော့ ဆေးရုံသွားခိုင်းတယ်။ဒါကြောင့်မို့ နီးစပ်ရာဆေးရုံသွားကြတယ်။ဆေးရုံမရောက်ခင်မှာပဲကောင်မလေးက […]
ဇန်နဝါရီလ မှ မေလ အထိ သုံးစွဲပြီး ယူနစ်များကို သုံးကြိမ်ခွဲ ကောက်ခံသွားမည်
ဇန်နဝါရီလ မှ မေလ အထိ သုံးစွဲပြီး ယူနစ်များကို သုံးကြိမ်ခွဲ ကောက်ခံသွားမည် နိုင်ငံရေး အပြောင်းအလဲများကြောင့် ကောက်ခံမှု ရပ်ဆိုင်းထားသည့် ဇန်နဝါရီလ မှ မေလ အတွင်း သုံးစွဲထားသည့် လျှပ်စစ်မီတာခများကို သုံးစွဲပြီး ယူနစ်များ ကို အချိုးကျ တွက်ချက်ပြီး သုံးကြိမ်ခွဲ ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်မီတာများကို မေလ အတွင်းလိုက် ဖက်နေပြီး ဇန်နဝါရီလ မှ လက်ရှိမေ လ အတွင်း သုံးစွဲယူနစ်များကို ဘေလ် သုံးစောင်ခွဲပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း ၊ထိုသို့ပြန် လည် ကောက်ခံရာတွင် ယခင်ကအိမ်သုံးလျှပ်စစ် မီတာခ များကို ယူနစ် ၁၅၀(ကျပ် ၁၁၀၀၀) ကို ဇန်နဝါရီလ မှ မတ်လ အထိ ကွင်းလွတ်ခွင့်ပြုထားပြီး […]
A T M ကတ်ထဲက ငွေထုတ်ဖို့ခက်နေသူတွေအတွက် လွယ်ကူအဆင်ပြေတဲ့ နည်းလမ်း (မျှဝေပေးကြပါ)
ATM ကတ်ထဲကငွေထုတ်ဖို့ကိုမနက်၆နာရီလောက်ထဲကထပြီးသွားတန်းစီရတယ်…. လူတွေအရမ်းများတော့တနေကုန်နီးပါးတန်းစီ…. နေ့ခင်း၃လေးနာရီလောက်မှတရက်စာအတွက်ထုတ်ပေးတဲ့၃သိန်းလေးပဲရတာ ဒါတောင်တခါတလေကိုယ့်အလှည့်ရောက်လို့ATM စက်ရှေ့ရောက်ပြီဆိုမှပိုက်ဆံကုန်သွားပြီဆိုပင်ပန်းလွန်းခဲ့သမျှသေပါလေရောပဲ…. အဲ့လိုလုပ်မဲ့အစားAYA Pay အကောင့်တခုဖွင့်လိုက်ပြီးAYA Pay Agent ( သို့) Max ဆီဆိုင်ကနေပဲငွေထုတ်ခFees နဲနဲလောက်ပေးပြီးထုတ်လိုက်ကြပါ…… တနေကုန်အိပ်ရေးပျက်အပင်ပန်းခံတန်းစီနေမဲ့အစား ပိုက်ဆံ၃သိန်းကိုထုတ်ခ2500 လောက်ပေးလိုက်ရတာကပဲပိုအဆင်ပြေကြမှာပါ….( ခုချိန်မှာတော့agent တွေလဲငွေထုတ်ပေးဖို့အဆင်မပြေလောက်တော့ ကျွန်တော်က တော့Max ဆီဆိုင်ကနေပဲ သွားထုတ်ခဲ့တယ်…) တနေ့ကို၃သိန်းထုတ်ပေးပါတယ်…… ( AYA Pay Acc ကLevel 2 ဖြစ်ရပါမယ်) 1…. အရင္ဆုံးPlay store ကေနၿပီးAYA Pay App ကိုdownload ဆြဲပါ…. 2…. ပြီးရင်Acc ဖွင့်လိုက်ပါ..Acc ဖွင့်တာလွယ်လွယ်လေးပါ.. Ph no ၁ခုပဲလိုတာပါ…( အကောင့်နာမည်ကိုမှတ်ပုံတင်ထဲကနာမည်အတိုင်းထားပါဗျ… acc name Eng လိုရေးပါ) ဖုန်းထဲကိုပြန်ချပေးတဲ့Otp 3 […]
ဖုန်းကိုင်ခွင့်မရှိ အပြင်ထွက်ခွင့်မရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး သီလရှင် စာသင်တိုက်
စစ်ကိုင်း သကျ ဓီတာ(ဗုဒ္ဓသမီးတော်များ)စာသင်တိုက်ဖြစ်ပါတယ်၊ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။ စာသင်သူသီလရှင်(သိက္ခာရှင်)ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး…။ တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်းရှိတယ် ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။ မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲနက်နဲတဲ့ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြ မိပါတယ်။ (အောက်က ကဗျာလေးဖတ်ပြီး မျက်ရည်ဝဲမိပါတယ်) *************** “မိန်းကလေးပဲလေ…..” မိန်းကလေးပဲလေ…လှချင်ရက် စက်စက်ယို၊ ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊ ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့။ မိန်းကလေးပဲလေ…ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလိုလန်းချင်ပေမယ့်၊ စိန်နားကပ်ကြီး နားမှာပန်၊ရွှေငွေကားအခြံအရံတွေနဲ့ မမော်ဘဲ၊ ဣနြေ္ဒတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့။ […]
မိန်းမမရတော့ဘူးလို့ ထင်ထားပြီး တစ်ကယ်လည်း လက်ထပ်ရရော အရူးတစ်ပိုင်းဖြစ် (ရုပ်သံ)
သူငယ်ချင်းတွေ့ရဲ့ မင်္ဂလာပွဲတွေကို (၇)ကြိမ်မြောက် သတို့သားအရံအဖြစ် ကူညီခဲ့ပြီးနောက် မိန်းမ ရမှာမဟုတ်တော့ပါဘူးလို့ ထင်ထားတဲ့ သူ့အဖြစ်ကို တွေးမိပြီး စိတ်မထိန်းနိုင်ပဲ သူ့ရဲ့မင်္ဂလာပွဲအခမ်းအနားမှာ ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင်ငင်ငိုချလိုက်တဲ့ သတို့သားရဲ့ ရုပ်သံဟာ အွန်လိုင်းပေါ်မှာ လျှပ်စီးလက်သလို တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါတယ်။ “ကျွန်တော် စိတ်မထိန်းနိုင်တော့လို့ပါ” လို့ ငိုသံပါကြီးနဲ့ ကလေးတစ်ယောက်လို ပြောနေတာကိုတွေ့ရပါတယ်။ “ကျွန်တော့်အတွက် မင်္ဂလာဆောင်ဖို့ဆိုတာ အရမ်းကို ခက်ခဲခဲ့တာပါ” လို့ ငိုကြွေးရင်းကနေ ပြောနေပါတယ်။ သူ့ရဲ့ဘေးနားမှာ ထိုင်နေတဲ့ သတို့သမီးကတော့ သူ့ကို ပြုံးကြည်နေ့ကာ မျက်ရည်တွေကို ပုဝါနဲ့ သုတ်ပေးနေတာကိုလည်း တွေ့ရပါတယ်။ “ကျွန်တော်က သူငယ်ချင်းတွေ မင်္ဂလာဆောင်တိုင်း သတို့သားအရံအနေနဲ့ ၇ ခါတောင်လုပ်ခဲ့ရတာ။ အခုတော့ ကျွန်တော်တစ်ကယ် လက်ထပ်ရပြီပေါ့၊ ကျွန်တော့်သူငယ်ချင်းတွေလိုပဲ နောက်ဆုံးတော့ ကျွန်တော် တစ်ကယ်မိန်းမရပြီပေါ့” […]
အင်းစိန်ထောင် မှာရှိတဲ့ အနုပညာရှင် တွေ အားလုံးရဲ့ အခုလက်ရှိ အခြေအနေများ
ပရိတ်သတ်တွေ အကုန် စိုးရိမ် စိတ်ပူနေကျလို့ ကျနော် သိသမျှ အကြောင်း အားလုံး သိရအောင်လို့ တင်ပေးလိုက်ပါတယ် အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ အနုပညာရှင်များ ဘယ်ကိုရောက်ရှိနေတယ်ဆိုတာကို Delta News Agencyက စုံစမ်းသိရှိရသမျှကို တင်ပြလိုက်ပါတယ်။ သရုပ်ဆောင်ပြေတီဦးဟာ အင်းစိန်သီးသန့်ထောင် အဆောင် ၂ အခန်း၆ မှာ ရောက်ရှိနေပြီး သုံးရက်လောက် ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန် တို့နဲ့ အတူတူထားရှိထားတာလို့ သိရပါတယ်။ သရုပ်ဆောင်လူမင်း နိုင်ငံရေးပညာရှင် ဦးမြအေး တို့ကို တော့ အင်းစိန် ထောင်မကြီးရဲ့ အဆောင် ၂မှာထားထားတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် အိန္ဒြာကျော်ဇင် ၊မေတိုးခိုင် ၊အဆိုတော် ပိုပို ၊ beauty blogger ၀င်းမင်းသန်း တို့ကိုတော့ အမျိုးသမီးစာသင်ဆောင်မှာထား […]
ရည်းစားလိုချင်သူများအနေဖြင့် ဘတ်စ်ကားသွားစီးသင့်သည့် အတွဲ၂၃တွဲကို ရည်စားရှာဖွေပေးထားသည့် ဘတ်စ်ကားတစ်စီး
ယခုအကြောင်းအရာလေးဟာ ရည်စားမရှိသေးသူများနှင့် ရည်စားရှာမရဖြစ်နေသူများကို အားတတ်ဖွယ်ဖြစ်စေမှာ အမှန်ပင်ဖြစ်ပါတယ်။တရုပ်နိုင်ငံမှ ဘတ်စ်ကားတစ်စီးဟာ အမှန်တကယ်ပင် ချစ်သူရည်းစားမရှိသူများကို ရည်းစားရှာဖွေပေးနေပြီဖြစ်ပါတယ်။ ထိုဘတ်စ်ကားကြောင့် ရည်းစားဖြစ်သွားသည့် စုံတွဲပေါင်းဟာ ၂၃တွဲအထိပင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ဘတ်စ်ကားဒရိုင်ဘာဟာ ကားပေါ်တွင် ရည်စားရှာဖွေရေးအတွက် ကိုယ်ရေးရာဇဝင်ရေးသားနိုင်ရန် ပြုလုပ်ပေးထားခဲ့ပါတယ်။ ဘတ်စ်ကားလာစီးသူများဟာ အချက်အလတ်များကို ပြည့်စုံစွာရေးထည့်ရပြီး ဝါသနာတူ အကြိုက်တူသူများကို ရှာဖွေဆက်သွယ်နိုင်ရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် လူပေါင်းများစွာဟာ ရည်စားများရသွားကြပြီး ဒရိုက်ဘာကို ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပစ္စည်းများကို အမြဲတမ်း လာရောက် ပေးဆောင်တတ်ကြပါတယ်။ Credit to original writing
“ခရီးသည်မေ့ကျန်ခဲ့တဲ့ သိန်းတစ်ရာကို သွားရောက်ပြန်ပေးခဲ့တဲ့ တက်စီယာဉ်မောင်းကိုအောင်ကြီး”