ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားဝေဠုကျော်ကတော့ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသလို ပရဟိတအလုပ်တွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်တာတွေကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါ..။ အလှူတွေပြုလုပ်ပြီး ပြည်သူတွေ အတွက် အမြဲရပ်တည်နေတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း ကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်အားဖြည့်ပါဝင်နေတာ တွေ့ရပါတယ်..။ အဖက်ဖက်ကနေ ပြည်သူတွေအတွက် ပါဝင် အားဖြည့်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း အလှူငွေတွေ ဖေးမကူညီ လှူဒါန်းခဲ့ပြန်ပါတယ်..။ မတ်လ(၁၄)ရက်နေ့က ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီကို သွားရောက်ကာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။ “မတ် ၁၄ရက်နေ့က သဃ်န်းကျွန်းသပိတ်မှာ ကျဆုံးသွားသူ တူဝရီး ၂ယောက်ပါ မိသားစု အတွက်တော့ တော်တော် သောကဖြစ်ရမှာပါ။ တစ်တိုက်ထဲနေပါတယ် […]
ကြားသိရသမျှ
သူထိသွားတဲ့အချိန်မှာ သူငယ်ချင်းတွေကို ငါမရတော့ဘူး မင်းတို့ပြေး ဆိုပြီး မဆုံးခင်မှာလိုက်သေးတဲ့သူရဲကောင်း ကိုသက်ပိုင်စိုး
လူထုလှုပ်ရှားမှုတွေကိုတော့ ယနေ့ထိတိုင်ပြုလုပ်နေကြဆဲဖြစ်ပြီး လူငယ်တွေကလည်း ရှေ့ဆုံးကနေ စွမ်းစွမ်းတမံပါဝင်နေကြတာဖြစ်ပါတယ်။လူငယ်တွေက မိမိတို့ရဲ့အနာဂတ်အတွက် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အမှန်တရားဘက်ကနေ ရပ်တည်နေကြတာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့သူတွေထဲမှာ လူငယ်တွေလည်း အများအပြားပါဝင်တာကြောင့် သူတို့ရဲ့မိဘတွေကတော့ အရမ်းရင်ကျိုးနေကြရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း မိဘတွေက သားသမီးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာဖြစ်ပါတယ်။ (၂၀.၃.၂၀၂၁)မနေ့ကဆိုရင်လည်း ကျောက်မြောင်းက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း လူငယ်လေးတစ်ယောက်ကဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့ရပါတယ်။နိုင်ငံအတွက် အားကိုးအားထားပြုရမယ့် လူငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေကြတာကြောင့် အရမ်းနှမျောဖို့ကောင်းပါတယ်။ ကျောက်မြောင်း၊မြို့သစ်(၂)လမ်း အထက(၂)ကျောင်းရှေ့မှာ ကျဆုံးသွားတဲ့ လူငယ်လေးဆိုရင် သူ့ရဲ့သူငယ်ချင်းတွေကို”ငါမရတော့ဘူးမင်းတို့ပြေး”ဆိုပြီး မဆုံးခင်လေးတောင် မှာသွားသေးတာဖြစ်ပါတယ်။ အခုလိုမျိုး သူငယ်ချင်းတွေအန္တရာယ်ဖြစ်မှာစိုးလို့ သူ့ကိုထားခဲ့ခိုင်းပြီး ပြေးခိုင်းလိုက်တဲ့ လူငယ်လေးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းပါတယ်။အဲ့ဒီလူငယ်လေးကျဆုံးသွားတဲ့ နေရာလေးမှာ သွေးတွေကလည်း မြင်မကောင်းအောင်ရှိနေပြီး ပြည်သူလူထုက ပန်းစည်းလေးတွေ၊ဖယောင်းတိုင်လေးတွေနဲ့ သေချာပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတဲ့အဲ့ဒီလူငယ်လေးကို ပြည်သူလူထုကလည်း လေးစားစွာနဲ့ ဦးညွှတ်ဂါရဝပြုပြီး အရမ်းဝမ်းနည်းနေကြကြောင်းကို […]
လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေကို နိုင်ငံတကာမှသိစေရန် အွန်လိုင်းကနေတစ်ဆင့် တိုင်းကြားနေရတဲ့ သူမရဲ့အဖြစ်ကိုပြောပြလာတဲ့ ပိုင်ဖြိုးသု
သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေ ချစ်ခင်အားပေးနေရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအစကတည်းမှစပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်နေသူ တစ်ဦး ဖြစ်တာကြောင့်လည်း အားလုံးက ချီးကျူးနေကြတာပါ။ ပိုင်ဖြိုးသုကတော့ လက်ရှိ အခြေအနေတွေကြောင့် တိမ်းရှောင် နေရပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် speak out လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Twitter ကနေလည်း နိုင်ငံတကာ မှ မြန်မာနိုင်ငံတွင် နေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို သိရှိနိုင်အောင် တင်ပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ပိုင်ဖြိုးသုရဲ့Facebook အကောင့်တွင် လက်ရှိအခြေအနေတွေကြောင့် အတိုင်အတောထူနေရတဲ့ သူမ ရဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” […]
သူမဆီကို ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် ပြန်လည်ဝေမျှလာတဲ့ ပိုးမမှီသာ
သရုပ်ဆောင် ပိုးမမှီသာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေသူဖြစ်တာကြောင့် ပရိသတ်တွေက လေးစားနေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ပိုးမမှီသာရဲ့ Facebook အကောင့် တွင် သူမဆီကို ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” မနက်က မသိတဲ့ဖုန်းနံပါတ်တစ်ခုဝင်လာတယ် ပုံမှန်ဆိုရင်တော့အကြောင်းအမျိုးမျိုးကြောင့်မသိတဲ့နံပါတ်ဆိုသိပ်မကိုင်ဖြစ်ပေမယ့်ဒီနေ့တော့ကိုင်လိုက်မိကြောင်း သူမကိုင်မိလိုက်တဲ့အခါမှာ ” ပဲခူးကကျွန်တော့သူငယ်ချင်းဖုန်းလားလို့ဆက်ကြည့်တာပါခင်ဗျာ ဖုန်းနံပါတ်သေချာမမှတ်ထားမိလို့မှတ်မိသလောက်နှိပ်ပြီးဆက်ကြည့်တာပါတဲ့ ဘယ်ရောက်သွားလဲ” ဆိုပြီး တစ်ဖက်မှပြောလာတာကို ပိုးမမှီသာအနေနဲ့ ဘယ်ရောက်လဲမပြောလိုတာကြောင့် “ဖုန်းမှားနေတယ်”လို့ဆိုပြီးချဖို့လုပ်ခဲ့ပါတယ် ဒါပေမယ့်လည်းသူ့ရဲ့ယဉ်ယဉ်ကျေးကျေးနဲ့အကူအညီမဲ့နေတဲ့လေသံကြောင့်ချက်ချင်းမချလိုက်ပဲဆက်နားထောင်မိလျက်သားဖြစ်သွားရာက သူဆက်ပြောလာတာတော့“တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်တို့နယ်မှာအင်တာနက်လည်းမရှိတော့အကုန်လုံးဘာမှမသိဖြစ်နေတာနဲ့ ဆက်မိတာပါတဲ့”စိတ်ထဲတော်တော်လေးမကောင်းဖြစ်တာနဲ့ “ဘယ်နယ်ကလဲ” လို့ဆက်မေးမိတယ် “ မြိတ်” နားကပါတဲ့ […]
အမှတ်မထင် ရိုက်မိထားတဲ့ ဝိဉာဉ်ဖြူလိုလို သဏ္ဍန်တစ်ခု ဂိမ်းဆော့ကစားနေတဲ့ ကလေးတွေအနားရောက်အလာ
ထိုင်းမှာ တောင်သူမိသားစုစပါးရိတ်သိမ်းပြီးညအိပ်စောင့်နေချိန် ကလေးတွေ ထော်လောဂျီပေါ်မှာအိပ်ပြီးဖုန်းဆောကစားနေတာကို ဦးလေးဖြစ်သူမှ အဝေးကနေအမှတ်မထင် ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီးမှပြန်ကြည့်တဲ့အခါ ညောင်ပင်အောက် အဝတ်ဖြူဝထားတဲ့ခန္ဓာကိုယ် အရိပ်အကြီးကြီးသဏ္ဌန်တစ်ခု ကလေးတွေဖုန်းဆော့နေတာကိုငုံ့ကြည့်နေပုံကိုတွေ့မြင်ခဲ့ရတဲ့လို့ဆိုပါတယ် ။ ဖြစ်ပုံက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ညက ထိုင်းနိုင်ငံ ကာလဆင်ခရိုင် ကုချိနာရိုင်မြို့နယ် နောင်ဟန့်ကျေးရွာအုပ်စု နောင်စရဖန်ရွာအနီး လယ်ကွင်းထဲတွင် အသက် ၄၃ နှစ်အရွယ် နိုင်စူဖကစ်ထိတိ မှာစပါးရိပ်သိမ်းပြီး ဆွေမျိုးများနှင့်အတူ ညအိပ်စောင့်နေတဲ့အခါ ညအမှောင် တူကလေး နှစ်ယောက်ဟာ ခပ်လှမ်းလှမ်း ညောင်ပင်ငယ်အနီးမှာရပ်ထားတဲ့ ထော်လာဂျီပေါ်မှာ ဝမ်းလျားမှောက် ဖုန်းဆော့ကစားနေတဲ့အချိန် ဦးလေးဖြစ်သူက အဝေးကနေဖုန်းလှမ်းရိုက်မိရင်း အခုလို ဝိဉာဉ်လိုလို ကွင်းစောင့်လိုလိုရုပ်ပုံကလာပေါ်နေတာလို့ ၎င်းကပြောသည် ။ ဖုန်းကလည်းအကောင်းစားမဟုတ်သလို ဘာ APP မှလည်းမသုံးတတ်ဘူးလို့ဆိုပါတယ် ။ သူတို့ရဲ့ယုံကြည်မှုအတိုင်း ဒါဟာမကောင်းဆိုးဝါးမဟုတ်သလိုကလေးတွေကိုစောင့်ရှောက်မှုပေးတာလည်းဖြစ်နိုင်ကြောင်းပြောပြကာ နောက်နေ့မနက်မှာတော့ ပူဇော်ပသမှုတွေပြုလုပ်ခဲ့ကြကြောင်းသိရပါတယ် […]
အသက် 20 အရွယ် နာမည်ကြီးပြိုင်ဘီးဆိုင်ကယ်မောင်းနေတဲ့ကောင်မလေးက FaceApp သုံးထားတဲ့ အသက်50အရွယ်အမျိုးသားဖြစ်နေ
မကြာသးခင်က ဂျပန်နိုင်ငံမှာ lady biker ဆိုပြီး နာမည်ကြီးနေခဲ့တဲ့ မိန်းမချောလေးဟာ အမှန်တကယ်မှာတော့ အသက် 50 အရွယ်အမျိုးသားတစ်ဦးဖြစ်နေခဲ့ပါတယ် ။ @azusagakuyuki အမည်ရှိတဲ့ Twitter အသုံးပြုသူမိန်းကလေးဟာ follower 17,000 ရှိသူဖြစ်ပြီး ဆိုင်ကယ်အမျိုးမျိုးကိုစီးပြီး မကြာခဏ pose တင်နေသူပါ ။ တစ်ရက်မှာတော့ မျက်စိလျင်လွန်းတဲ့သူတစ်ဦးက ဓာတ်ပုံထဲက Azusa ရဲ့ မှန်ပေါ်မှာရောင်ပြန်နေတဲ့ပုံစံကို သတိထားမိသွားခဲ့ချိန်မှာတော့ အသက် 20 အရွယ်ကောင်မလေးမဟုတ်နေဘဲ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်နေခဲ့တာပါ ။ ဂျပန်နိုင်ငံရဲ့ variety show တစ်ခုမှ producer တစ်ဦးဟာလည်း Azusa ရဲ့နောက်ကို နောက်ယောင်ခံလိုက်ခဲ့ပါတယ် ။ နောက်ဆုံး Azusa ဆိုင်ကယ်ဦးထုပ်ချွတ်ခဲ့ချိန်မှာတော့ အသက် 50 အရွယ်အမျိုးသားတစ်ဦးဖြစ်နေမှန်း ထုတ်ဖော်နိုင်ခဲ့ပြီး ၊ […]
The Lady မင်းသမီးကြီး Michelle Yeohက မြန်မာ ပြည် အတွက် အားပေးစကားပြော
The Lady မင်းသမီးကြီး Michelle Yeohက မြန်မာ ပြည် အတွက် အားပေးစကားပြော Crazy Rich Asian, Crouching Tiger; Hidden Dragon, The Lady – မင်းသမီးကြီး Michelle Yeoh က တော့ မြန်မြာ ပ ည် အတွ က် လက်သုံးချောင်းထောင် ဂုဏ်ပြုလိုက်ပါတယ်။အောက်ကတော့ သူတင်ထားတဲ့ status ဘာသာပြန်ချက်ပါ “Suu Foundation (suufoundation.org) ရဲ့ ဘုတ်အဖွဲ့ဝင်တယောက်ဖြစ်သူလို မြန်မာပြည်ရဲ့ သူငယ်ချင်းဟောင်းတယော က်ြ ဖစ်တဲ့ အ လျောက်, မြန်မာပြည်ကြီးအခုလို ဝရုန်းသုန်းကားအခြေအနေရောက်နေတာကို မြင်ရတာ ရင်ကွဲအောင် ခံစားရ ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ရှေ့ရေးကိုဆုံးဖြတ်တဲ့အလုပ်ဟာ အလွန်အရေးကြီးတဲ့အလုပ်တခုဖြစ်လို့ ငြိမ်းချမ်းသောနည်းနဲ့သာပြုလု ပ်သင့်ပါတယ်။ […]
ရွှေတိဂုံဘုရား လက်ရှိအခြေအနေကို မျှဝေလာတဲ့ ပြည်သူတစ်ဦး
ရွှေတိဂုံဘုရား လက်ရှိအခြေအနေကို မျှဝေလာတဲ့ ပြည်သူတစ်ဦး ရွှေတိဂုံစေတီတော်အကြောင်းမြန်မာနိုင်ငံကိုလာရောက်လည်ပတ်သူတိုင်း ရွှေတိဂုံစေတီတော်သို့ အလည်တစ်ခေါက် မရောက် ခဲ့ပါလျှင် လည်ပတ်ရကျိုးမနပ်ဟု ပြောနိုင်ပေသည်။ ရွှေတိဂုံစေတီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က မြတ်စွာဘုရား၏ ဆံတော်နှင့် အခြားဓါတ်တော်များကိုဌာပနာ၍ တည်ထားကိုးကွယ်တော်မူခြင်းခဲ့ဖြစ်သည်။ ကန်တော်ကြီးပန်းခြံ၏ အနောက်ဘက် အကျယ် ၁၁၄ ဧက ရှိသော သိင်္ဂုတရကုန်းတော်ပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ စေတီတစ်ဆူဖြစ်သည်။ စေတီတော်မှာ အစပိုင်းတွင် ၈.၂ မီတာအမြင့်သာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ၁၁၀ မီတာအမြင့်ထိ တည်ထားကိုးကွယ် တော်မူခဲ့သည်။ စေတီတော်ကိုရွှေပြားများဖြင့် ရွှေချထားပြီးအပေါ်ဆုံးပိုင်း စိန်ဖူးတော်တွင် စိန်အလုံးပေါင်း ၄၅၃၁ လုံးဖြင့် မြုှပ်သွင်းစီခြယ်ကာပူဇော်ထားသည်။ အကြီးဆုံးစိန်မှာ ၇၂ ကာရတ် အလေးချိန်ရှိသည်။ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ […]
ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်းလှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-Fatt
ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တော်တော်တော်များများကလည်း လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ပြီး အားလုံးနဲ့အတူ ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်..။ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အစစအရာရာ ပံ့ပိုးကူညီမှုတွေနဲ့ အားဖြည့်နေကြသလို ဂီအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် G-Fatt ကလည်း လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတာ တွေ့ရပါတယ်..။ လှုပ်ရှားမှုတွေအပြင်လှူဒါန်းမှုတွေမှာလည်း အားတက်သရောပါဝင်နေတဲ့ G-Fatt ကတော့ ဒီကနေ့ရဲ့မနက်ခင်းလေးကို ကောင်းမှုကုသိုလ်အလှူတွေနဲ့စတင်လိုက်ပြီး အသက်စွန့်သွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်.. ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက် တစ်သက်တာလစဉ်ထောက်ပံ့ကြေးဖြင့် ဂုဏ်ပြုလှူဒါန်းသွားမယ့် Fallen Heroes Fund Myanmar ရဲ့ အစီအစဉ်လေးမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး အမြဲတမ်းအဖွဲ့ဝင်အဖြစ် G-Fatt က ပါဝင်လှူဒါန်းမှာ ဖြစ်ပါတယ်..။ “ဒီနေ့မနက်ကို အလှူလေးနဲ့စပါမယ် အမြဲတမ်းအဖွဲ့ဝင်အဖြစ် လှူဒါန်းသွားပါမယ် အာဇာနည်များ ကောင်းရာသုဂတိလားပါစေ ။..” ဆိုပြီး […]
မိမိကိုယ်ခုခံပိုင်ခွင့် ဒေါက်တာဆာဆာနှင့် မေးမြန်းခန်း
မိမိကိုယ်ခုခံပိုင်ခွင့် ဒေါက်တာဆာဆာနှင့် မေးမြန်းခန်း မြန်မာပြည်သူတွေရဲ့သွေးတစက်ကျတိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူရေး ပိုမို ခိုင်မာလာစေတယ်လို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာကပြောပါတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွဲမှုတွေအတွက် ပြည်သူတွေဘက်က ကိုယ်ကိုကိုယ် ခုခံပိုင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ CRPH အနေနဲ့ လူထုအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ခုခံကာကွယ်ဖို့ ပြင်ဆင်ထားသလဲ။ စစ်အာဏာသိမ်းတဲ့ နေ့ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ နေပြည်တော်မှာ ရှိနေတဲ့ ဒေါက်တာဆာဆာအနေနဲ့ ဘယ်လိုလွတ်မြောက်လာသလဲ။ မအင်ကြင်းနိုင်က ဒေါက်တာဆာဆာကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ Credit Zawgyi မိမိကိုယ်ခုခံပိုင်ခွင့် ဒေါက်တာဆာဆာနှင့် မေးမြန်းခန်း မြန်မာပြည်သူတွေရဲ့သွေးတစက်ကျတိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် စစ်ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူရေး ပိုမို ခိုင်မာလာစေတယ်လို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကုလသမဂ္ဂဆိုင်ရာ […]









