ၾကားသိရသမွ်

“ဘယ်တော့မှထားမသွားဘူးရန်ကုန် “ဆိုပြီး ရင်ထဲကခံစားချက်တွေကို သီကုံးရေးသားလာတဲ့ ကိုပေါက်

မင်္ဂလာပါ ပရိတ်သတ်ကြီးတို့ရေ ပြည်သူချစ် အနုပညာ ရှင် တစ်ယောက် ဖြစ် တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက် ဟာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတဲ့ အတွက်ကြောင့် ယခု လတ်တလောမှာတော့ တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ကိုပေါက်ဟာ အနုပညာ လောကထဲမှာ ဇာတ်ပို့ ဇာတ်ရံကောင်း တစ်ယောက် အနေနဲ့ စတင် လာခဲ့ ပြီးတော့ အခု နောက်ပိုင်း မှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ တစ် ယောက် ဖြစ်လို့ နေခဲ့ပါပြီ။ ကိုပေါက်ဟာ မြန်မာ နိုင်ငံမှာ အာဏာသိမ်းမှု စတင် ဖြစ်ပေါ်ကတည်းက ပြည်သူတွေ နဲ့ အတူ တစ်သားတည်း တစ်စိတ်တည်း ရပ်တည်ကာ CDM မှာလဲ ပါဝင် […]

ၾကားသိရသမွ်

တောင်ဒဂုံမှာကျဆုံးသွားတဲ့ အသက် (၁၅)နှစ်အရွယ် သူရဲကောင်းမလေးရေးခဲ့တဲ့စာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

တောင်ဒဂုံမှာကျဆုံးသွားတဲ့ အသက် (၁၅)နှစ်အရွယ် သူရဲကောင်းမလေးရေးခဲ့တဲ့စာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ ဖေဖော်ဝါရီလကတည်းကနေ အခုချိန်အထိ ကိုယ့်နိုင်ငံအကျိုးအတွက် ကြိုးစားပေးနေတဲ့ ပြည်သူတွေထဲမှာတော့ လူငယ်တွေက ထိပ်ဆုံးနေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်လေးတွေ ဖြစ်ကြပေမယ့်လည်း အန္တရာယ်ကိုတောင် မကြောက်ရွံ့ဘဲ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို အားလုံးကချီးကျူးနေရတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း အသက် (၁၅)နှစ်အရွယ်သာရှိသေးတဲ့ သူရဲကောင်း မိန်းကလေးတစ်ဦးက ပြီးခဲ့တဲ့ရက်ကပဲ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ သူမကတော့ တောင်ဒဂုံမြို့နယ် (၅၅)ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်ပြီး နာမည်ကတော့ “မဇူးဝင့်ဝါ” ပဲ ဖြစ်ပါတယ် ။ အသက်ငယ်သေးပေမယ့်လည်း မြင့်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ခဲ့တဲ့ မဇူးဝင့်ဝါက သူမအသက်ရှိနေတဲ့ အချိန်ကတည်းကပင် ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တာ ဖြစ်ပါတယ် […]

ၾကားသိရသမွ်

ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက်

ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက် ဒီကနေ့ ကျွန်တော်ဟာ စစ်အာဏာရှင်တွေက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကို သစ္စာဖောက်တယ် ဆိုတာက ကျွန်တော်ဟာ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ကျွန်တော့်ရဲ့အသက်ကို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နဲ့ တရားမျှတမှုအတွက် ပေးအပ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုကြီးနဲ့ စွတ်စွဲနေတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ကျွန်တော်တို့[တိုင်းရင်းသား]တွေကို နှိပ်စက်ညှင်းပန်းတာ၊ အဓမ္မလုပ်အားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာ၊ မုဒိန်းကျင့်တာနဲ့ သတ်ဖြတ်တာတွေကို ကျွန်တော် ဘဝမှာ မြင်တွေ့ခဲ့ပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ဒီကနေ့မှာ လက်နက်မဲ့ပြည်သူတွေကို တိုင်းပြည်နေရာအနှံ့အပြားက လမ်းတွေပေါ်မှာသတ်ဖြတ်ဖို့ စစ်တပ်ကို အမိန့်ပေးနေပါတယ်။ ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားမဝင်တဲ့ ဒီစစ်အာဏာရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာလည်း […]

ၾကားသိရသမွ်

အသည်း မကွဲ စေချင်လို့ဆိုပြီး ချစ် သူနှစ်ယောက်လုံးကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့တဲ့ အမျိုးသား

တစ်ချို့ လူတွေများ ကတော့ ရည်းစား မရှိလို့ fa single ဘဝကနေ မကျွတ်မလွတ် နိုင်ဖြစ်ပေမဲ့ ဒီအမျိုးသာ ကတော့ပုံမှန် လူတွေထက် ပိုလွန်သွား ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ West Kalimantan ပြည်နယ်မှာ နေထိုင်လျက်ရှိတဲ့ အမျိုးသား တစ်ဦးဟာ သူ၏ ချစ်သူကောင် မလေးနှစ် ယောက်စလုံး နာကျင်ခံစား သွားရမှာ ဆိုး၍ ချစ်သူကောင် မလေး နှစ်ယောက်လုံ နဲ့ မကြာခင် က မှ လက်ထပ် မင်္ဂလာပွဲကို တစ်ပြိုင် တည်း ကျင်းပသွားခဲ့ ပါတယ်။ မင်္ဂ လာ ပွဲ ကို တော့ West Kalimantan ပြည် နယ် က Dusan Pangkalan Padan […]

ကြားသိရသမျှ

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်လိုက်တဲ့အခါ

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်မိတယ်။ လှည်းကို တွန်းပြီး သွားနေတဲ့ ဒီညီလေး ကိုတွေ့တယ်။ တစ် ခွက် ဘယ်လောက်လဲ။ ၅၀၀ ပါ အစ်ကို။ ခွက် ၃၀ ပေးကွာ။ ဟာ — ဟုတ်ကဲ့အစ်ကို။ ငါ ပြန်လာယူမယ် ဟုပြောပြီး လုပ်စရာရှိတာ သွားလုပ်။ ပြန်လာတော့ ခွက် ၃၀ ပြင်ဆင်ပြီးနှင့်ပြီ။ ပြီးပြီ အစ်ကို …တကယ်တော့ ငါက တစ်ခွက်ပဲ သောက်မှာဗျာ — ငိုင်ကျသွားပြီး မျက်နှာ တချက်ညိုးသွားသည်။ ပြီးတော့ ချက်ချင်းပြုံးပြီး ရပါတယ် အစ်ကို ဟု ပြုံးလျှက် ထုပ်ပြီးသား ရွှေရင်အေးတစ်ခွက် ကမ်းပေးသည်။ ညီလေး — ကိုယ်က တစ်ခွက်ပဲ […]

ၾကားသိရသမွ်

အခုလိုအချိန်မှာ အင်တာနက်ကို ကိုယ့်အတွက် ဘေးကင်းလုံခြုံအောင် ဘယ်လိုသုံးကြမလဲ

အခုလိုအချိန်မှာ အင်တာနက်ကို ကိုယ့်အတွက် ဘေးကင်းလုံခြုံအောင် ဘယ်လိုသုံးကြမလဲ အခုလိုအချိန်မှာ အင်တာနက်ကို ကိုယ့်အတွက် ဘေးကင်းလုံခြုံအောင် ဘယ်လိုသုံးကြမလဲ (How to use internet safely NOW) ခုချိန်လုပ်သင့်တာတွေ.. မလုပ်တတ်ရင် Youtube မှာ How to ဆိုပြီး ရှာကြည့်ပါ။ အကုန်ရှိပါတယ်။ ၁။ အင်တာနက် စဖွင့်ကတည်းက VPN သုံးပါ။ VPN ကို ဖွင့်လိုက်ပိတ်လိုက်မလုပ်ပါနဲ့။ Free ထက် Paid ကို ပိုအားပေးပါတယ်။ ဘယ်လောက်မှ မပေးရပါဘူး။ Nord တို့၊ Tor တို့ သုံးပါ။ ၂။ ဖုန်းရဲ့ Browsing Data Clear လုပ်ပါ။ Browsing ကို Private Mode […]

ၾကားသိရသမွ်

TELENOR SIM ဖြင့် မြန်မာနက် ကွန်ရက်နေရာတိုင်းမှာ အင်တာနက် အသုံးပြု နည်း

Telenor Sim အသုံးပြုသူများအနေဖြင့် *979*18 ကို နှိပ်၍ မြန်မာနက် + တယ်လီနော အစီအစဥ်များကို ရွေးချယ်ဝယ်ယူပြီး မြန်မာနက် ကွန်ရက်နေရာတိုင်းမှာ အင်တာနက် အသုံးပြုနိုင်ပါတယ်။ မြန်မာနက် + တယ်လီနော အဝသုံးအစီအစဥ်များ ၁။ 300 MB တယ်လီနောဒေတာ + အဝသုံး မြန်မာနက် (၃ရက်) = ၉၉၀ ကျပ် ဝယ်ယူရန် (*979*18*1#) (၉၀ ကျပ် လက်ဆောင်) ၂။ 500 MB တယ်လီနောဒေတာ + အဝသုံး မြန်မာနက် (၇ရက်) = ၁၄၉၀ ကျပ် ဝယ်ယူရန် (*979*18*2#) (၁၉၀ ကျပ် လက်ဆောင်) Android ချိတ်ဆက်ပုံ ၁။ တယ်လီနော […]

ၾကားသိရသမွ်

One Stop Market ရဲ့မှန်တွေကိုရိုက်ခွဲသွားပေမဲ့ လူထုက ဆိုင်ထဲက ပစ္စည်းယူဖို့ နေနေသာ ဝိုင်းပြီးတောင်စောင့်ရှောက်ထား

One Stop Market ရဲ့မှန်တွေကိုရိုက်ခွဲသွားပေမဲ့ လူထုက ဆိုင်ထဲက ပစ္စည်းယူဖို့ နေနေသာ ဝိုင်းပြီးတောင်စောင့်ရှောက်ထား ညက One Stop Market ရဲ့မှန်တွေကိုရိုက်ခွဲသွားပေမဲ့ လူထုက စည်းကမ်းရှိတော့ဆိုင်ထဲက ပစ္စည်းယူဖို့ နေနေသာ ဝိုင်းပြီးတောင်စောင့်ရှောက်ထားကြပါတယ်။ ဒီလို ဖျက်ဆီးတဲ့အပြုအမူတွေကို ရပ်ကွက်နေလူထုက ပြုလုပ်တာ မဟုတ်ဘူးဆိုတာလည်းသိသာအောင် ပြနိုင်ခဲ့ပါတယ်။ဒါဟာ ဖက်ဆစ်ကောင်တွေရဲ့ မသမာတဲ့လုပ်ရပ်ဆိုတာ မှန်းကြည့်ရုံနဲ့ လူတိုင်းသိတယ်။ One Stop Market နဲ့ မလှမ်းမကမ်းပန်းဆိုးတန်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာRuby Mart ဆိုတာ ရှိပါတယ်။စစ်တပ်နဲ့ နှီးနွှယ်တဲ့ ကုန်တိုက်ဖြစ်တော့အခုနောက်ပိုင်း အဲဒီမှာ ဈေးဝယ်သူကမရှိသလောက် ဖြစ်လာခဲ့ပါတယ်။ လူအများစုက Ruby Market မှာဝယ်တော့မယ့်အစား ဗိုလ်ချုပ်လမ်းပေါ်ပဲ၊၃၉ လမ်းထိမ်မှာ ရှိတဲ့ One StopMarket မှာသာ အဝယ်အခြမ်း များကြပါတယ်။ […]

ၾကားသိရသမွ်

သားလေးကိုဆုံးရှုံးလိုက်ရပြီ ကျွန်မ ကမ္ဘာလုံး၀မကျေဘူး” ခန့်ညားဟိန်း၏ မိခင်

တချို့ဘဝတွေက အသက်ရှင်ရတာမတန်ဘူး။ ခန့်ညားဟိန်းအမေကို ကြည့်ပြီးတွေးမိတယ်။ ငယ်စဉ်ကထဲက ရှမ်းပြည်အစပ်မှာနေ တိုက်ပွဲကြားမှာ ကျည်ဆန်ရှောင်ရင်း စာမသင်ခဲ့ရလို့ ပညာမတတ်ခဲ့သူ။ စာတော်တဲ့ ထူးချွန်တဲ့သားကလေး ဖြစ်လာအောင် ပညာမတတ်တဲ့မေမေက အစစအရာရာ ပံ့ပိုးပေးခဲ့ရှာပါလိမ့်မယ်။ သားလေး ဘာစာတွေကျက်နေတယ် သူမသိလောက်ဘူး။ သူသိတာ ဆရာကောင်းကောင်းဆီပို့မယ် သားလေးစာလုပ်ဖို့အားရှိတာတွေ ချက်ကျွေးမယ်ပေါ့။ ဆယ်တန်းမှာ အမှတ် ငါးရာကျော်နဲ့ လေးဘာသာဂုဏ်ထူးရှင်သားလေးအတွက် ပညာမတတ်တဲ့ အမျိုးသမီးကြီး ဂုဏ်ယူနေပါလိမ့်မယ်။ ငါ့သားလေး ဆေး (၁) မှာ ကျောင်းတက်နေတယ် ဆရာဝန်ကြီး ဖြစ်တော့မယ်ဆိုတဲ့ ပီတိလေးနဲ့ ပျော် ရွှင် နေပါလိမ့်မယ်။ မတ်လ ၁၄ရက်နေ့မှာတော့ အဲဒီအိပ်မက်တွေအစား (၁၈) နှစ် မပြည့်သေးတဲ့သားလေးရဲ့ ကျည်သုံးချက်သင့် ခန္ဓာကိုယ်ပဲ ပြန်ရခဲ့တယ်။ လောကကြီးမှာ သူ့အတွက် တရားမျှတမှုက ဘယ်မှာလဲ။ သားသမီးမွေးပြီး […]

ၾကားသိရသမွ်

သူမ ဝတ်နေကျ စိန်နားကပ်လေး ရောင်းပြီး လှူဒါန်းနေတာ ဖြစ်တဲ့အကြောင်းကို ပြောပြလာတဲ့ ဘေဘီမောင်

  သူမ ဝတ်နေကျ စိန်နားကပ်လေး ရောင်းပြီး လှူဒါန်းနေတာ ဖြစ်တဲ့အကြောင်းကို ပြောပြလာတဲ့ ဘေဘီမောင်     သရုပ်ဆောင်မင်းသမီး ဘေဘီမောင် ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ် ကားတွေ အများအပြားကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး နောက်ပိုင်း တွင်လည်း အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။ လတ်တ လောမှာ ဆိုရင်တော့ ဘေဘီမောင် က ပြည်သူ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ တိုင်းပြည်နဲ့လူမျိုးရဲ့ ရှေ့ဆက် မယ့် အနာဂတ်အတွက် လူထုလှုပ်ရှားမှု တွေမှာတစ် စိတ် တစ်ပိုင်း ဝင်ရောက် အားဖြည့်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေဘီမောင်က လမ်းမပေါ်တွင် အေးချမ်း စွာ ရင်ထဲက ဆန္ဒအမှန်တွေ ကို ရဲရဲဝင့်ဝင့် […]