One Stop Market ရဲ့မှန်တွေကိုရိုက်ခွဲသွားပေမဲ့ လူထုက ဆိုင်ထဲက ပစ္စည်းယူဖို့ နေနေသာ ဝိုင်းပြီးတောင်စောင့်ရှောက်ထား
ညက One Stop Market ရဲ့မှန်တွေကိုရိုက်ခွဲသွားပေမဲ့ လူထုက စည်းကမ်းရှိတော့ဆိုင်ထဲက ပစ္စည်းယူဖို့ နေနေသာ ဝိုင်းပြီးတောင်စောင့်ရှောက်ထားကြပါတယ်။
ဒီလို ဖျက်ဆီးတဲ့အပြုအမူတွေကို ရပ်ကွက်နေလူထုက ပြုလုပ်တာ မဟုတ်ဘူးဆိုတာလည်းသိသာအောင် ပြနိုင်ခဲ့ပါတယ်။ဒါဟာ ဖက်ဆစ်ကောင်တွေရဲ့ မသမာတဲ့လုပ်ရပ်ဆိုတာ မှန်းကြည့်ရုံနဲ့ လူတိုင်းသိတယ်။
One Stop Market နဲ့ မလှမ်းမကမ်းပန်းဆိုးတန်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာRuby Mart ဆိုတာ ရှိပါတယ်။စစ်တပ်နဲ့ နှီးနွှယ်တဲ့ ကုန်တိုက်ဖြစ်တော့အခုနောက်ပိုင်း အဲဒီမှာ ဈေးဝယ်သူကမရှိသလောက် ဖြစ်လာခဲ့ပါတယ်။
လူအများစုက Ruby Market မှာဝယ်တော့မယ့်အစား ဗိုလ်ချုပ်လမ်းပေါ်ပဲ၊၃၉ လမ်းထိမ်မှာ ရှိတဲ့ One StopMarket မှာသာ အဝယ်အခြမ်း များကြပါတယ်။
ဒီအတွက် One Stop Market ကိုမကျေမချမ်းဖြစ်တာ ပါနိုင်သလိုလူထုရဲ့ ညသပိတ်တွေကိုလည်းပုံဖျက်ချင်တဲ့အတွက် အခုလို အကြမ်းဖက်ဖျက်ဆီးပြပြီး ရပ်ကွက်လူထုကိုပါအဖျက်ဆီးခံရတဲ့ ဆိုင်ရှင်တွေ အထင်လွှဲအောင်နှစ်ကျပ်ကွက် နင်းလိုက်တယ်လို့သာညက ဖြစ်ရပ်ကို သုံးသပ်ကြည့်မိပါတယ်။
စည်းကမ်းရှိရှိ တုံ့ပြန်တဲ့ ၊ ဖက်ဆစ်ကောင်တွေရဲ့ထောင်ချောက်ကို လှလှပပ ရှောင်နိုင်တဲ့ လူထုကိုကျေးဇူးတင်ပါတယ်။
“အရေးတော်ပုံအောင်ရမည်”
၁၃ မတ် ၂၀၂၁
ဓာတ်ပုံအတွက်- မူလရိုက်ကူးသူကို အသိအမှတ် ပြုပါသည် ။
Zawgyi
One Stop Market ရဲ႕မွန္ေတြကို႐ိုက္ခြဲသြားေပမဲ့ လူထုက ဆိုင္ထဲက ပစၥည္းယူဖို႔ ေနေနသာ ဝိုင္းၿပီးေတာင္ေစာင့္ေရွာက္ထား
ညက One Stop Market ရဲ႕မွန္ေတြကို႐ိုက္ခြဲသြားေပမဲ့ လူထုက စည္းကမ္းရွိေတာ့ဆိုင္ထဲက ပစၥည္းယူဖို႔ ေနေနသာ ဝိုင္းၿပီးေတာင္ေစာင့္ေရွာက္ထားၾကပါတယ္။
ဒီလို ဖ်က္ဆီးတဲ့အျပဳအမူေတြကို ရပ္ကြက္ေနလူထုက ျပဳလုပ္တာ မဟုတ္ဘူးဆိုတာလည္းသိသာေအာင္ ျပႏိုင္ခဲ့ပါတယ္။ဒါဟာ ဖက္ဆစ္ေကာင္ေတြရဲ႕ မသမာတဲ့လုပ္ရပ္ဆိုတာ မွန္းၾကည့္႐ုံနဲ႔ လူတိုင္းသိတယ္။
One Stop Market နဲ႔ မလွမ္းမကမ္းပန္းဆိုးတန္းနဲ႔ ဗိုလ္ခ်ဳပ္လမ္းေထာင့္မွာRuby Mart ဆိုတာ ရွိပါတယ္။စစ္တပ္နဲ႔ ႏွီးႏႊယ္တဲ့ ကုန္တိုက္ျဖစ္ေတာ့အခုေနာက္ပိုင္း အဲဒီမွာ ေစ်းဝယ္သူကမရွိသေလာက္ ျဖစ္လာခဲ့ပါတယ္။
လူအမ်ားစုက Ruby Market မွာဝယ္ေတာ့မယ့္အစား ဗိုလ္ခ်ဳပ္လမ္းေပၚပဲ၊၃၉ လမ္းထိမ္မွာ ရွိတဲ့ One StopMarket မွာသာ အဝယ္အျခမ္း မ်ားၾကပါတယ္။
ဒီအတြက္ One Stop Market ကိုမေက်မခ်မ္းျဖစ္တာ ပါႏိုင္သလိုလူထုရဲ႕ ညသပိတ္ေတြကိုလည္းပုံဖ်က္ခ်င္တဲ့အတြက္ အခုလို အၾကမ္းဖက္ဖ်က္ဆီးျပၿပီး ရပ္ကြက္လူထုကိုပါအဖ်က္ဆီးခံရတဲ့ ဆိုင္ရွင္ေတြ အထင္လႊဲေအာင္ႏွစ္က်ပ္ကြက္ နင္းလိုက္တယ္လို႔သာညက ျဖစ္ရပ္ကို သုံးသပ္ၾကည့္မိပါတယ္။
စည္းကမ္းရွိရွိ တုံ႔ျပန္တဲ့ ၊ ဖက္ဆစ္ေကာင္ေတြရဲ႕ေထာင္ေခ်ာက္ကို လွလွပပ ေရွာင္ႏိုင္တဲ့ လူထုကိုေက်းဇူးတင္ပါတယ္။
“အေရးေတာ္ပုံေအာင္ရမည္”
၁၃ မတ္ ၂၀၂၁
ဓာတ္ပုံအတြက္- မူလ႐ိုက္ကူးသူကို အသိအမွတ္ ျပဳပါသည္ ။