က်မၼာေရး ဗဟုသုတ
တန်ဖိုးကြီးလှတဲ့ ပယင်း ၏ အစွမ်းသတ္တိ နှင့် ကျန်းမာရေး အသုံးဝင်ပုံ အကြောင်း သိကောင်းစရာ
ပယင်းက သစ်ပင်ကဖြစ်တဲ့ကျောက်ဖြစ်ရုပ်ကြွင်း တစ်မျိုးပါ… သစ်ပင်ရဲ့ အဆီအနှစ်ဖြစ်တဲ့သစ်စေးကနေဖြစ်တည်သည့် အတွက် သဘာဝကပေးတဲ့ ထူးခြားဖြစ်စဉ်ထဲက တစ်ခု အပါဝင် ဖြစ်ပါတယ်။ တန်းဖိုးထားရာ ရတနာ ( ၉ )ပါး ထဲမှာလဲ တစ်ပါး အပါဝင်ဖြစ်ပါတယ် ။ ပယင်းမှာ အဖိုးတန် ရတနာများကဲ့သို့ ရှားပါးမှု ဖြစ်တည်မှု သန့်ရှင်းမှု အစရှိသည်များနှင့်ပြည့်စုံနေသောရတနာ တစ်ပါးလဲဖြစ်ပါတယ်။လွန်ခဲ့သော နှစ်သန်းပေါင်း ၁၂၀ ခန့်က အဖိုးတန် သက်ရှိများ သိုမှီးရာ ပြတိုက်တစ်ခုလဲဖြစ်ပါတယ်။ ကမ္ဘာကြီး၏ ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ် အများပြားကို သက်သေပြနိုင်တဲ့ တစ်ခုတည်းသော အဖိုးတန်ရတနာတစ်မျိုးဘဲဖြစ်ပါတယ်။ ထူးခြားဖြစ်စဉ်များနှင့် ဂမ္ဘီရဆန်သော အဖြစ်ပျက်များစွာ ယနေ့တိုင်ဖြစ်ပေါ်နေတဲ့ ရတနာ မျိုးလဲဖြစ်ပါ တယ်။ ထူးခြားဖြစ်စဉ်များမှာ သက်ရှိ တစ်ကောင်ကို… နှစ်ပေါင်းသန်း ၁၂၀ မပုပ်သိုးအောင် ထိန်းသိမ်းနိုင်တဲ့ […]
ကျမ္မာရေး ဗဟုသုတ
မြွေစိမ်းကိုက်ခံရလျှင် ရှေးပဝေသဏီထဲက တောင်ယာ”လုပ် သူတွေရဲ့နည်း
ကျမ္မာရေး ဗဟုသုတ
နှလုံးကိုတောင်ထိခိုက်နိုင်လို့ အိပ်ယာဝင်ခါနီး ရေမသောက်ပါနဲ့
နှလုံးကိုတောင်ထိခိုက်နိုင်လို့ အိပ်ယာဝင်ခါနီး ရေမသောက်ပါနဲ့ “ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်”လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။ မမှန်ဘူးခင်ဗျား… ။နှလုံးနာတဲ့ ဝေဒနာ… အဲ… (Heart Attack) နှင့် ရေဆိုတာ ဒွန်တွဲနေပါတယ်။ “ လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ” “နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။ဝပ်နေတယ်။ ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ… အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေကကျောက်ကပ် (Kidney)နှင့် တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် […]
က်မၼာေရး ဗဟုသုတ
အိမ်တိုင်းမှာ မုရိုးပင်တပင်တော့ စိုက်ထားသင့်ပါတယ်…?
အိမ်တိုင်းမှာ မုရိုးပင်တပင်တော့ စိုက်ထားသင့်ပါတယ်…? အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။ အသီးက စိမ်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။ ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ်… ကျွဲမရိုးလည်း ခေါ်တယ်… တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့ မရိုးပင်လို့ ခေါ်ပါတယ်။ ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။ “ဆေးနည်းများ” *ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို […]
က်မၼာေရး ဗဟုသုတ
“အသက်ရှည်လိုလျှင် (ဂျင်း) ကို မြိုပါ …” တိဗက်ဆရာတော်တစ်ပါး၏ နည်းလေးပါ
အသက်ရှည်လိုလျှင် (ဂျင်း) ကို မြိုပါ …” တိဗက်ဆရာတော်တစ်ပါး၏ နည်းလေးပါ မြန်မာနိုင်ငံမှ ဆရာဝန်တစ်ဦး တိဗက်နိုင်ငံကို အလည်အပတ် ရောက်သွားခဲ့ပါတယ်။ မိတ်ဆွေ တစ်ယောက်၏ ညွှန်ကြားမှုဖြင့် တောင်ပေါ်ရွာ လေးတစ်ရွာ၏ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ တည်းခိုခွင့် ရခဲ့ ပါတယ်။ ထိုဘုန်းကြီးတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် လက်ထောက် ဆရာတော်တို့မှာ အင်္ဂလိပ်စကားကို အတော်အသင့်ပြော နိုင်ကြရကား ယင်းဆရာဝန်အတွက်လွန်စွာ အဆင်ပြေချောမွေ့ လှပေသည်။ ဧည့်ခံလိုက်သည်မှာလည်း အားနာစရာပင် ကောင်းပေ တော့သည်။ ၂ ရက်မျှ တည်းခိုအပြီး ဆရာ ဝန်မှ မိမိတွေ့ခဲ့သည့် ထူးခြားမှု ကို ကျောင်းထိုင် မေးမြန်း လျှောက်ထားလိုက်သည်။ ” အရှင် ဘုရား..တပည့်တော် သိလို သမျှလေး မေးခွင့် ပြုပါဘုရား” […]
ကျမ္မာရေး ဗဟုသုတ
ယောက်ျားတို့အတွက် သင်္ဘောရွက်တဲ့နော်…(အသုံးချတတ်ကြပါစေ)
ယောက်ျားတို့အတွက် သင်္ဘောရွက် ( မေတ္တာဖြင့် တောင်ကြီးသား )ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကားရှိပါတယ်။ စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ကျောက်ကပ်ရောင်ခြင်းဖြစ်တတ်ပါတယ်။ ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်ကမကျဘူး ဖြစ်နေပါတယ်။ ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့်သက်သာပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။ စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု […]
ကျမ္မာရေး ဗဟုသုတ
သားအိမ်အားကောင်းပြီး သားသမီးရတနာ လိုချင်လျှင်
သားအိမ်အားကောင်းပြီး သားအိမ်အတွင်းမှာ ရှိသော အပုပ်အစပ်ကင်းစင်စေသော ဓါတ်စာလေးပြောပြချင်ပါတယ်။အဲ့ဒါကတော့ အမဲရိုးနဲ့လျှားစောင်း လက်ပက်ကိုချက်စားရမှာပါ။ ဓါတ်စာပြုလုပ်နည်း ၁။အရင်ဆုံးအမဲရိုး ကို ဂျင်းကြက်သွန်ဖြူထောင်းပြီး ပြုတ်ပါ ၂။ လျှားစောင်း လက်ပတ်( 5 )ပြားကိုဘေးက ဆူးတွေဖယ်ပြီးအတုံးသေးလေးတွေလှီးပါ။ပြီးရင် အချွဲကုန်တဲ့ထိရေဆေးပါ။အိုးသပ်သပ်နဲ့ (5) မိနစ်ပြုတ်ပါ။အဖတ်ကို ဆယ်ပါ။ ၃။ပြုတ်ထားသော အမဲသား အရိုးအသားနူးပါက ဆယ်ထားတဲ့လျှားစောင်းအတုံးတွေထည့်ပါ။ (5 )မိနစ်လောက်ဆက်တည်ပါ ပြီးရင်ပဲပိစပ်ထည့်ပါ။ ပဲပိစပ်မရပါကပုန်းရည်ကြီး အမုန့်တစ်ထုပ်ထည့်ပေးပါ။ပြီးရင်စားပေးပါ မမျိုးဥ မကြွေတဲ့အမျိုးသမီးများပိုပြီးစားပေးပါက ရင်သွေးလေးအမြန်ဆုံးပိုင်ဆိုင်မှာပါ။ Credit Unicode သားအိမျအားကောငျးပွီး သားအိမျအတှငျးမှာ ရှိသော အပုပျအစပျကငျးစငျစသေော ဓါတစြာလေးပှောပှခငွပြါတယြ။အဲ့ဒါကတော့ အမဲရိုးနဲ့လြှားစောငျး လကပြကကြိုခကွစြားရမှာပါ။ ဓါတျစာပွုလုပျနညျး ၁။အရငဆြုံးအမဲရိုး ကို ဂငွှးကှကသွှနဖွှူထောငွးပှီး ပှုတပြါ ၂။ လြှားစောငျး လကျပတျ( 5 )ပွားကိုဘေးက ဆူးတှဖေယျပွီးအတုံးသေးလေးတှလှေီးပါ။ပွီးရငျ အခြှဲကုနျတဲ့ထိရဆေေးပါ။အိုးသပျသပျနဲ့ […]
က်မၼာေရး ဗဟုသုတ
မြန်မာပြည်မှာ ရင်သားကြီးတာတွေ ဂုဏ်ယူနေကြတာတွေ့ရတော့ စိတ်တော့ မကောင်းဘူးဗျ ဘာလို့လဲဆိုတော့….
မြန်မာပြည်မှာ ရင်သားကြီးတာတွေ ဂုဏ်ယူနေကြတာတွေ့ရတော့ စိတ်တော့ မကောင်းဘူးဗျ ဘာလို့လဲဆိုတော့ အနောက်နိုင်ငံတွေမှာ ရင်သားကြီးတဲ့ မိန်းကလေးမျိုးဆိုမကြိုက်ကြပါဘူး ရောဂါများလို့ပါတဲ့ တစ်ခုသတိထားမိတာကတော့ အနောက်နိုင်ငံတွေမှာ model တွေ မင်းသမီးတွေ ရင်သာကြီးနေတာမျိုး‌ကများ‌သောအားဖြင့်မတွေ့ရသလို ရင်သားကြီးတဲ့ model တွေလည်းအများကြီးမရှိပါဘူး။ အများစုက သူတို့ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်ခန္ဓာရှိမှ ကြည့်ကောင်းတယ်လို့ သတ်မှတ်လို့ပါ။ ကျွန်တော်တို့ မြန်မာပြည်မှာ လူကောင်က ၅ ပေတောင်မရှိသေး‌ဘူး ရင်သားက ဘောလုံးလောက်ရှိ အဲ့တာကိုဂုဏ်ယူနေကြတာ စိတ်တော့မကောင်းဘူးဗျ …. ဘာလို့လဲဆိုတော့ နှာဘူးတဲ့မျက်စိနဲ့ကြည့်ရင်တော့ ကြည့်ကောင်းရင်ကောင်းလိမ့်မယ် ကျွန်တော်တို့ ဆရာဝန်မျက်စိနဲ့သာကြည်ရင် ရောဂါပိုး သယ်လာသလိုပါ ဘဲဗျ မှတ်ချက် = ရင်သားကြီးရင် ဟော်မုန်းဓာတ်များလို့ပါ။ ဂရုစိုက် ကုသပေးသင့်တဲ့ ရောဂါတစ်ခုပါဗျ ရင်သားကြီးတာ ဂုဏ်ယူစရာတော့မဟုတ်ပါဘူးဗျ…. Credit on the […]
က်မၼာေရး ဗဟုသုတ
ခွေးလှေးယားပင်၏ အမြစ်၊အစေ့၊အသီး၊အရွက်တို့ရဲ့ဆေးဖက်ဝင်ပုံများအကြောင်း
ပုံသဏ္ဌာန် အပင် တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်၍ သေးသွယ်သော အကိုင်းအခက်များတွင် အမွေးများ ရှိသည်။ အပင်ကြီးရင့်လာသောအခါ ပြောင်ချော၏ အရွက် ရွက်လွှဲထွက်သည်။ သုံးရွက်မြွှာပေါင်းဖြစ်၍ အောက်နှစ်ရွက်သည် လိပ်ပြာတောင်ပုံသဏ္ဌာန်ရှိပြီး ရွက်ရင်း ရွဲ့စောင်းနေသည်။ ထိပ်ရွက်မြွှာသည် ဘေးရွက်မြွှာ နှစ်ခုထက်သေးငယ်ပြီး ရွက်ထိပ်ရွက်ရက်းသွယ်၍ အလယ်ပိုင်း ကျယ်သည်။ အရွက်ထက်အောက် မျက်နှာပြင်နှင့်ရွက်ညှာတွင် အမွေးများရှိသည်။ ရွက်မြွှာများ၏ ရွက်ညှာရင်းတွင် ရွက်စွယ်၂ ခုရှိ၏။ အပွင့် ပဲပုစွန်ပွင့်နှင့်တူ၏ ။ ပွင့်ညှာတို၍ ပန်းခိုင်အောက်ဘက်သို့ ငိုက်ကျနေသည်။ အပွင့် ခရမ်းရောင်ဖြစ်သည်။ ပွင့်ချပ် အညိုရောင်ပေါ်တွင် အနက်စက်ကလေးများ ရှိ၍ မီးခိုးရောင် အမွေးကလေးများ ရှိ၏။ အသီး ညိုဝါရောင်ရှိ၏ ။ အသီးတောင့်မှာ ၂ လက်မ ၃ လက်မ ရှည်၍ ထိပ်ဘက်တွင် ကောက်နေ၏ […]
က်မၼာေရး ဗဟုသုတ
“ကျောက်ကပ်ကို ပျက်စီးစေတဲ့ ခဲဆိပ်ပါသော တရုတ်ပြည်လုပ် ဟင်းကြော်အိုးများ”
“ကျောက်ကပ်ကို ပျက်စီးစေတဲ့ ခဲဆိပ်ပါသော တရုတ်ပြည်လုပ် ဟင်းကြော်အိုးများ” ( တရုတ်အစိုးရ ကိုယ်တိုင်က အဆိပ်ပါတယ်လို့ ပြောထားတာပါ ) ဓာတုသုံး ပီပါ သံပြားများဖြင့် “အဆိပ်ပါ” အကြော်အိုး များ ပြုလုပ်နေကြောင်း တရုတ်အစိုးရပိုင် CCTV-13 မှ ဖော်ပြခဲ့သည်။ ဈေးကွက်ထဲရှိ ဈေးပေါသော သံပြား ဟင်းကြော်အိုးများအား CCTV-13 မှ သတင်းထောက်များက လျှို့ဝှက် လေ့လာရာမှ အဆိုပါ ပြဿနာကြီး တရပ်အား ၎င်းတို့က လူသိရှင်ကြား ဖော်ထုတ်နိုင်ခဲ့သည်။ အဓိက ကျောက်ကပ်များကို ထိခိုက်စေမည့် ခဲဆိပ်တက်တတ်သော အဆိုပါ ဟင်းကြော်အိုးများသည် ဈေးပေါသည်ဆိုသည့် နောက်ကွယ်တွင် သံပြားအသစ်များထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာ သက်သာစေနိုင်မည့် ဓါတုဗေဒအရည်များ ထည့်သွင်း သိုလှောင်ရာ၌ သုံးသော ပီပါများ အသုံးပြုကြသည်ဟု […]