ဗဟုသုတ


ဖတ်လို့ပြီးသွားမှာ နှမြောရလောက်အောင်ကောင်းတဲ့ ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ပိုစ့်စာမူဖြစ်ပါတယ်။ ဖတ်စေချင်လို့ကော်ပီယူလာတာ စစ်သားတွေ ငိုသတဲ့ လယ်တွင်းသား စောချစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ခင်းပိုင်းတွင် ရွာလယ်ပိုင်းမှ လှရွှေ ကျွန်တော်တို့အိမ်ရှေ့မှ ညောင်ပင်ကြီးအောက်ရောက်လာသည်။ ” ဟေ့ကောင်တွေ… ရွာလယ်တိုက်ပျက်ကြီး ထဲမှာနေတဲ့စစ်သားတွေ…ငိုနေကြတယ်ကွ…” သတင်းထူး၊ သတင်းဦးကို အမောတကော ပြေးလာပြောခြင်း ဖြစ’ဘာဖြစ်လို့ငိုတာလဲကွ…”တအံံ့တသြ မေးမိကြသောစကား။ ” မသိဘူးကွ…၊ တချို့က တိုက်နံရံခေါင်းနဲ့ ဆောင့်ပြီး ငိုတာကွ…။ တချို့ကတော့ တိုက်နံရံ ကို လက်သီးနဲ့ထိုးပြီး ငိုတာကွ…””လာကွာ… သွားကြည့်ရအောင်…” လှရွှေပြောသည်မှာ စိတ်ဝင်စားစရာမို့ကျွန်တော်တို့သွားကြည့်ကြသည်။ ဟုတ်ပါ သည်။ တိုက်ပျက်ကြီးထဲမှာ စခန်းချနေကြသော စစ်သားတိုင်း ငိုနေကြသည်။ မငိုသူတစ်ယောက် မျှမရှိ။ ဘာကြောင့်ငိုသည်ကို ဘယ်သူမျှမသိ။ ဘယ်သူ့မှလည်းမေး၍မရ ကျွန်တော်အိမ်ပြန် […]

ဗဟုသုတ

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပြောပြတဲ့ ချမ်းသာချင်ရင်ဖင်မြဲမှ

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပြောပြတဲ့ ချမ်းသာချင်ရင်ဖင်မြဲမှ ချမ်းသာချင်ရင် ဖင်မြဲမှ (၁) ကျောက်သူဌေးတယောက်ကပြောဘူူးပါတယ် သူ ခုလိုချမ်းသာခဲ့တာ ဖင်မြဲလို့ပါတဲ့ ရှင်းပြအုန်းလို့ ဆိုတော့ ငါပွဲစားဘတုန်းကပေါ့… ငါကျောက်တူးတဲ့တွင်းသားကနေ ပွဲစား ပွဲစားကနေ ဝယ်ရောင်း နောက် ကုန်သည်ကျောက်သူဌေးဖြစ်အောင် ပန့်ပိုးခဲ့တာ ဖင်မြဲခဲ့လို့ဘဲကွ တွင်းတူးတုန်းက တွင်းထဲမှာငါဖင်မြဲတယ်အလုပ်ကြိုးစားတော့သဌေးကချစ်တယ်။ ဘောက်ဆူးပေးတယ် ကျောက်နဲနဲနားလည်လာတော့ ရတဲ့ပိုက်ဆံလေးနဲ့ ပွဲစားလုပ်တယ်ပွဲစားလုပ်တော့လည်း ငါပွဲစားတန်းမှာ အချိန်မှန်မှန် ထိုင်နေကျနေရာမှာ အမြဲအရောက်သွား မှန်မှန်ထိုင်တော့ ကျောက်ရောင်းချင်သူတွေက ငါထိုင်နေကျနေရာမှာမမြဲလာရှာတယ်။ အမြဲတွေ့တော့ ငါကိုဘဲအားကိုးကြ ရောင်းကြ ဝယ်ကြရင်နဲ့ အမြတ်ရပြီးလုပ်ငန်း အဆင်ပြေချမ်းသာလာတာဘဲအဲ အခုလို လုပ်ငန်းကြီးလာတော့ အိမ်မှာဖင်မြဲပြီး တယ်လီးဖုန်းဖွင့်ပြီး အမြဲစောင့်နေရတာပါဘဲလို့ရှင်းပြပါတယ်။ ဖင်မြဲတယ်ဆိုတာ ကိုယ့်အလုပ်ချိန်မှာဘယ်မှမသွားဘဲအလုပ်မှာအာရုံစိုက် အလေးထားတာကိုဆိုလိုတာပါဒီလိုဘဲ ကိုယ် နှုတ် စိတ် အားလုံးအလုပ်ထဲမှာစိတ်မြဲ ဖင်မြဲကြရင်တော့ အောင်မြင်သူတယောက်ဖြစ်မှာပါ […]

ဗဟုသုတ

ညားတယ် ဆိုတဲ့ မြန်မာစကားရဲ့ မူရင်း အဓိပ္ပါယ်

ညားတယ်” ဆိုတဲ့ မြန်မာစကားရဲ့ မူရင်း အဓိပ္ပါယ် “တော့်နှယ် ဒီလောက် ကပ်မနေစမ်းပါနဲ့။ တော်နဲ့ ကျုပ်နဲ့ညားလိုက်ကြရအောင်ပါ။” တော်နဲ့ ကျုပ်နဲ့ ညားကြမလား “တော့်နှယ် ဒီလောက် ကပ်မနေစမ်းပါနဲ့။ တော်နဲ့ ကျုပ်နဲ့ညားလိုက်ကြရအောင်ပါ။” “ဟာ ဒါတော့မဖြစ်လို့ပါ အစ်မကြီးရာ။ သောင်းရှစ်ထောင်နဲ့တော့ ဘယ်လိုမှ မညားနိုင်ပါဘူး။” “တော်ဟာလေ။ ကိုယ့်ဖောက်သည်ကိုတောင်မှ သက်သက်ကပ်နေပြန်ပါပြီ။ ကိုင်း ဒါဆိုလည်း သောင်းကိုးထောင်နဲ့ ညားမလား။” “ကဲဗျာ။ ညားမယ်။ ညားမယ်။ သောင်းကိုးထောင်နဲ့ဆို ညားလိုက်တော့မယ်။ တကယ်တော့ စရိတ်စခနဲ့ သိပ်တွက်ခြေကိုက်လှတာ မဟုတ်ဘူးဗျ။” ဘာတွေများပြောနေကြပါလိမ့်လို့မျက်မှောင်ကုတ်မသွားလိုက်ပါနဲ့။ မုံရွာအနောက်ဘက်လက်က လူတွေ ဈေးဆစ်နေကြတာပါ။ တခြားနယ်ကလူတွေ အတွက်တော့ အထူးအဆန်းဖြစ်နေမှာပါ။ တော်တော်များများကတော့ ဒီလိုစကားမျိုးကို ကြားရရင် ရယ်တတ်ကြပါတယ်။ ကိုယ့်အဓိပ္ပာယ်နဲ့တွေးကြည့်ရင် ရယ်စရာကောင်းတာတော့ အမှန်ပါ။ ဒါပေမယ့် […]

ဗဟုသုတ

သတိ မထား မိကြတဲ့ “အိမ် နိမိတ်” (၁၂) ချက်

သတိ မထား မိကြတဲ့ “အိမ် နိမိတ်” (၁၂) ချက် (၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်တယ် (၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့။ ရုတ်တရက်မြည် လျှင် သေနိမိတ်ပါ။ (၃) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ နှစ်မျိုးထည့်တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မူဖြစ်တတ်တယ်။ (၄) နံရံကို ဆေးအစိမ်းရောင်မသုတ်ပါနဲ့။ ရုတ်တရက်အဆိပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ (၅) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး၊ စတာတွေမထားပါနဲ့။ အိမ်သားတွေမကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ် (၆) အိမ်ထဲမှာ လုပ်ကုလားထိုင်မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။ (၇) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာမစိုက်ပါနဲ့။ အလုပ်အကိုင်အဆင်မပြေဖြစ်တတ်ပါတယ်။ (၈) အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာဘေး မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ […]

ဗဟုသုတ

ခြင်ဆေးခွေအစား လက်ဖက်ခြောက် ဒီလိုသုံးလို့ရတယ်ဆိုတာ သင်သိပါသလား

အကြမ်းအိုးထဲ က လက်ဖက်ခြောက်ဖတ် တွေ မလွှင့်ပစ် ဘဲ သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ ပြောပြချင်ပါတယ် ဈေးက ဝယ်လာတဲ့ ငါးက တော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့ အတူ ညှီနေတဲ့ငါးကို အိုးတစ်ခုတည်းထည့်ပြုပ်လိုက်ပါ။ ငါးညှီနံ လုံးဝ ပျောက်သွား စေပါလိမ့်မယ်။ လက်ဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ ရောပြီး မှန်ပြတင်းပေါက် အိမ်သုံး ပစည်းနဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေ ကိုဆေးကြော ပွတ်တိုက်လိုက်ပါ။ ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတော့ တောက်ပြောင် သွားပါလိမ့်မယ် လဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည် အဖြစ် အပင်တွေ ကိုလောင်းပေးနိုင်ရင် သဘာဝ မြေသြဇာ ကို ရရှိစေပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေမှာပါ။ […]

ဗဟုသုတ

အလုပ်ခဏခဏကူးပြောင်းခြင်းရဲ့ အားနည်းချက် (၃)ခု

အလုပ်ခဏခဏပြောင်းတာကအားသာချက်တွေရှိသလို၊ တစ်ဖက်မှာလည်း အားနည်းချက်တွေရှိနေပြန်ပါတယ်။ အရင်ကတော့ အလုပ်တည်မြဲတာက ကိုယ့်အတွက်ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်တွေပြောင်းလဲလာတဲ့အခါမှာ ဒီအယူအဆကို လက်မခံကြတော့ပါဘူး။ အလုပ်ခဏခဏခုန်ပြီး ကူးပြောင်းတာရဲ့ အားနည်းချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်ရှာဖွေရန်ခက်ခဲခြင်း အလုပ်ခဏခဏကူးပြောင်းတာရဲ့ အားနည်းချက်တစ်ခုကတော့ အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲတာပါပဲ။ HR မန်နေဂျာတွေက ကိုယ့်ရဲ့အလုပ်အကိုင်ရာဇဝင်ကိုကြည့်ပြီး ကိုယ့်ကိုအလုပ်ခန့်ထားဖို့ စိုးရွံ့ကြပါတယ်။ သူတို့အလုပ်မှာလည်း ခဏပဲလုပ်ပြီးထွက်မလားဆိုတဲ့ အတွေးမျိုးတွေးပြီး အလုပ်ခန့်ထားဖို့အခက်အခဲရှိကြပါတယ်။ ပြဿနာပေါ်တိုင်း အလုပ်ပြောင်းဖို့စိတ်ကူးတာ နောက်ထပ် အားနည်းချက်တစ်ခုကတော့ လုပ်ငန်းခွင်ပြဿနာကြုံတိုင်း အလုပ်ပြောင်းဖို့ စိတ်ကူးကြတာပါပဲ။ စိတ်ရှည်သည်းခံပြီး သင်ယူတတ်ဖို့၊ စိန်ခေါ်မှုတွေကိုကျွမ်းကျင်စွာကိုင်တွယ်တတ်ဖို့ ဘယ်တော့မှသင်ယူနိုင်မှာမဟုတ်တော့ပါဘူး။ အကျိုးအမြတ်ဆုံးရှုံးခြင်း အလုပ်ခဏခဏ ကူးပြောင်းခြင်းကြောင့် အလုပ်ကနေရနိုင်တဲ့ အကျိုးအမြတ်တွေကိုဆုံးရှုံးစေနိုင်ပါတယ်။ အာမခံအကျုံးဝင်မှုတွေ၊ လုပ်သက်ခွင့်တွေ၊ ရပိုင်ခွင့်တွေက အလုပ်ခဏခဏခုန်ကူးနေတဲ့အခါ မရနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။ credit – အခွင့်အလမ်းဂျာနယ် Zawgyi ဖြင့်ဖတ်ပါ အလုပျခဏခဏကူးပွောငျးခွငျးရဲ့ […]

ဗဟုသုတ

သူကြွယ်ကြီးနဲ့ မယားလေးယောက်…

(အရမ်းကောင်းတဲ့ စာစုလေးပါ။ အချိန်လေးခနပေးလို့ အကျိုးမယုတ်ပါဘူး ) သူကြွယ်ကြီးနဲ့ မယားလေးယောက် တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ် ၄ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ၀တ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ် သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ် အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလဲ တစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့ပါသွားမှာကို အရမ်းစိုးရိမ်တယ် ၂ ယောက်မြောက်မိန်းမကိုလဲ အလွန်ချစ်တယ်။သူက အတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ် ပထမမိန်းမကိုတော့ […]

ဗဟုသုတ

ရန်ကုန်မြို့မှာ မော်တော် ဆိုင်ကယ် မောင်းနှင်ခွင့် ပိတ်ပင်ခဲ့ရသည့် သမိုင်းကြောင်း

လွန်ခဲ့တဲ့ရက် အနည်းငယ်ကဒီဗွီဘီသတင်းမှာလာသွားခဲ့တဲ့ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပြန်လည်ပြုဖို့ တောင်းဆိုတဲ့အကြောင်း ကြည့်လိုက်ရတယ်။ ကမ္ဘာ့နိုင်ငံ အတော်များများ စီးခွင့်ရှိပြီ ရန်ကုန်မှာ စီးခွင့်မရှိလို့ ဝန်ကြီးချုပ်ရဲ့ဆီမှာတောင်းဆိုမယ်လို့သိရပါတယ် ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာ ဘာအကြောင်း ကြောင့် ပိတ်တယ်ဆိုတာ တရားဝင်ကြော်ငြာခဲ့တာမရှိခဲ့ဘူး.. ဒါပေမယ့် ကျွန်တော်တို့ သိထားတာတော့ရှိပါတယ်။ ကျွန်တော်လည်း ငယ်စဉ် ကတော့ motor cycle crazy တစ်ယောက်ပါပဲ 1984/85 လောက်မှာ ၆ မိုင်ခွဲ မြေနီကုန်း သမိုင်း တို့ကဆိုင်၊ကယ်သူရဲ တွေဟာ ကျွန်တော်ရဲ့ဘော်ဒါလည်းဟုတ် ဆရာလည်း ဟုတ်ပါတယ်.. ကျွန်တော်ကအားလုံးထဲမှာ အသကျအငယ်ဆုံးပါသူတို့ကကျွန်တော့်ထက် ၄ နှစ် ၅ နှစ်ကြီးကြ ပါတယ် ကျွ န် တော်က ၁၇/၁၈ အရွယ်ပေါ့ ၆ မိုင်ခွဲက ဘော်ဒါ က၊လူကလည်းသန်တော့ Kawasaki-750 (အင်ဂျင်ပါဝါ ၇ […]

ဗဟုသုတ

ဘဏ်အကောင့်ဖွင့်ခြင်း ငွေထုတ် ငွေသွင်းခြင်းများ အကြောင်း

ဘဏ်အကောင့်ဖွင့်ခြင်း ငွေထုတ် ငွေသွင်းခြင်းများ အကြောင်း ဥပမာ သိန်းတစ်ထောင်ထည့်ရင်ဆိုပါစို့၊ အကောင့်ထဲ အကုန်ထုတ်မရပါ။ တစ်သိန်းကျပ်တိတိ စာအုပ်ထဲချန်ထားရပါ့မယ်။ လိုသလို ထုတ်ရဖို့ ထုတ်မရဖို့က ဘဏ်တစ်ဘဏ်နှင့်ဘဏ်တစ်ဘဏ်မတူသလို မြို့တစ်မြို့မှာ ဘဏ်ခွဲတစ်ခွဲတည်းရှိရင် သိပ်ပြီးအဆင်မပြေပါ။ တစ်ရက်တည်း သိန်း ရာဂဏန်းအထက် ထုတ်လိုလျှင် ဘဏ်ကိုတစ်ရက်ကြိုတင်ပြီး နောက်နေ့ကိုယ်ထုတ်မယ့်အကြောင့် နာမည်ပြောထားရမည် booking သဘောပါ။ ကိုယ်အရင်ကဖွင့်ထားသော ဘဏ်စာအုပ်အ ဟေ ာင်းထဲကနေလဲ စပါယ်ရှယ် အကောင့်ထဲ လွှဲလို့မရပါ။ တစ်ခြားတယောက်ယောက်က ကိုယ့်ဆီလွဲပေးချိန် Special အကောက့်နံပတ်လွဲခိုင်းရင်တော့ လွဲတဲ့ amount တိုင်းထုတ်ရပါတယ် ဒါဟာလဲ ကိုယ်ထုတ်မဲ့ဘဏ်မှာ ငွေရှိထားမရှိထားကမသေချာပါ။တစ် ခါတလေ လွဲပေးသူက လွဲပေးချိန်တုန်းက no6 bank မှာ ငွေ သားရှိတယ်ပြောပြီး ကိုယ်သွားထုတ်ချိန်မှာ မရှိဘူးဆိုပြီး အကုန်ထုတ်မရတတ်တာလဲ ကြုံရတတ်ပါတယ်။ […]

ဗဟုသုတ

ကားအသစ် ဝယ်တော့ မှာလား တိတ်တိတ်နေပါ ရာထူးတိုးတော့မှာလား တိတ်တိတ်နေပါ ( ကောင်းလွန်းလို့ဖတ်ကြည့်ပါ )

Unicode ကားအသစ် ဝယ်တော့ မှာလား တိတ်တိတ်နေပါ ရာထူးတိုးတော့မှာလား တိတ်တိတ်နေပါ ( ကောင်းလွန်းလို့ဖတ်ကြည့်ပါ ) အိမ်ဝယ်တော့ မှာလား တိတ်တိတ်နေပါ။ ကားအသစ် ဝယ်တော့ မှာလား တိတ်တိတ်နေပါ။ အိမ်ထောင်ပြုတော့ မှာလား တိတ်တိတ်နေပါ။ အပန်းဖြေခရီးထွက်တော့ မှာလား၊ တိတ်တိတ်နေပါ။ ကျောင်းတက်တော့ မှာလား တိတ်တိတ်နေပါ။ ရာထူးတိုးတော့ မှာလားတိတ်တိတ်နေပါ။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ အကောင်အထည် ပေါ်လုပေါ်ခင် အချိန်မျိုးမှာ ကိုယ့်အကျိုး မလိုလားတဲ့ မိတ်ဆွေတုတွေကို သွားပြောမိတဲ့အတွက် မျှော်လင့်ထားတာတွေ ပျက်စီးတတ်ပါတယ်။ ‘မိတ်ဆွေပါ’ ဆိုတဲ့ ကိုယ့်ထက်သာ မနာလိုသူတွေရဲ့ ကွက်ကျော်ရိုက်မှု၊ ကုလားဖန်ထိုးမှုကြောင့် ရည်မှန်းချက် အိပ်မက်တွေကို လက်တစ်ကမ်း အလိုလောက်မှာ လက်လွှတ် ဆုံးရှုံးရတတ်ပါတယ်။ ဒါ့ကြောင့် …. ဆိတ်ဆိတ်နေခြင်းသည်သာ […]