ဝိုင်ပုလင်းတစ်ခုကို ရွေးချယ်ပြီး သင်ဘယ်လိုလူမျိုးလဲဆိုတာ ပြောပြမယ် ဝိုင်နီ ဝိုင်နီကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သင်ဟာ အရာရာကို အေးအေးဆေးဆေးလုပ်ဆောင်တတ်တဲ့သူမျိုးပါ။ ဆိုလိုတာ ဘယ်အရာ အရေးကြီးလဲ၊ အရေးမကြီးဘူးလဲဆိုတာ ကွဲကွဲပြားပြားသိတဲ့လူစားမျိုပေါ့။ ဒါပေမဲ့လည်း ပြဿနာကြီးကြီးတွေပေါ်လာတဲ့အခါမှာလည်း သင်ဟာ ခေါင်းအေးအေးထားစဉ်းစားကာ မှန်ကန်တဲ့ရွေးချယ်မှုမျိုးကို လုပ်ဆောင်တတ်ပါတယ်။ ပန်းတိုင်ကြီးကြီးမားမားမရှိပေမယ့်လည်း သင်ဟာ ယုံကြည်မှုကတော့ အပြည့်အဝရှိနေတာကြောင့် ဘယ်အလုပ်ကိုပဲလုပ်လုပ် အမြင့်တစ်နေရာမှာတော့ ခြေကုပ်ရယူနိုင်မှာပါ။ နောက် ဉာဏ်ပညာကလည်း နောက်ကနေ ပံ့ပိုးပေးဦးမှာမလို့ ကြိုးစားလေ၊ အောင်မြင်ပေါပဲ။ အချစ်ရေးနဲ့ပတ်သက်လာရင်လည်း အတွင်းသိအဆင်းသိဆိုတဲ့ သူကိုသာ ချစ်သူအဖြစ်ရွေးချယ်တတ်ကြပါတယ်။ နောက် ရည်ရှည်တည်တံ့မယ့်အချစ်ရေးမျိုးကို လိုလားတယ်၊ ချစ်သူအတွက် ကြိုးစားတဲ့အခါ ကြိုးစားရကျိုးနပ်စေမယ့် သူမျိုးကိုပဲ သင့်အချစ်တွေကို ပုံအောပြီး ပေးမှာပါ။ ဝိုင်ဖြူ သင်က သိပ်သံယောဇဉ်ကြီးတဲ့သူမျိုး ဒါကြောင့်လည်း အလုပ်ပြောင်းတာတို့၊ အိမ်ပြောင်းတာတို့ကို တော်ရုံမလုပ်တတ်ဘူး။ ဒါပေမဲ့ […]
ဗဟုသုတ
နူးနူးညံ့ညံ့မနေတတ်တဲ့မိန်းမသားတို့ရဲ့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းရင်းများ
နူးနူးညံ့ညံ့မနေတတ်တဲ့မိန်းမသားတို့ရဲ့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းရင်းများ မိန်းကလေးဆိုရင် နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နေရတယ်လို့ လူ့အသိုင်းအဝိုင်းကမှတ်ယူကြပါတယ်။ ဒါပေမယ့် တချို့မိန်းကလေးတွေက သူတို့ရဲ့ဘဝပေးအခြေအနေအရ နေရာတကာနူးညံ့သိမ်မွေ့နေလို့ မရကြပါဘူး။ စိတ်ကြမ်းကိုယ်ကြမ်းမိန်းကလေးတွေဆိုတာ သူတို့ဘဝမှာဒီအရာတွေတွေ့ကြုံခဲ့တဲ့သူတွေပါ။ (၁) ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက်ရတယ် မိန်းမတစ်ယောက်ကြမ်းကြမ်းတမ်းတမ်းနေတတ်တယ်ဆိုတာ အရှုံးတွေနဲ့ကြုံလာပြီး ပြိုလဲချင်ရင်လည်း မပြိုလဲအောင် ကြံ့ကြံ့ခံပြီး ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက်ရတာကြောင့်ဖြစ်တယ်။ ကိုယ့်ဘဝကိုတည်ဆောက်ဖို့အတွက် တခြားသူတွေရဲ့အကူအညီမယူဘဲ လောကဓံကို ကိုယ်တိုင်ရင်ဆိုင်ရခြင်းကြောင့်ဖြစ်ပါတယ်။ (၂) အတိုက်အခိုက်တွေကိုကြံ့ကြံ့ခံရင်ဆိုင်တယ် မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့အခါ ကြုံလာတဲ့အတိုက်အခိုက်တွေကို ကြံ့ကြံ့ခံပြီး ပတ်ဝန်းကျင်ရဲ့ဝေဖန်စကားတွေကို ဂရုမစိုက်ဘဲ နေတတ်ရပါတယ်။ ဒီလိုကြံ့ကြံ့ခံနိုင်ဖို့ စိတ်ကြမ်းကိုယ်ကြမ်းလို့နာမည်တပ်ခံရလည်း ဂရုမစိုက်တော့ပါဘူး။ (၃) သူမနောက်မှာအထောက်အပံ့ရယ်လို့မရှိဘူး ပတ်ဝန်းကျင်က ကြမ်းတမ်းတယ်လို့သတ်မှတ်ထားတဲ့မိန်းမသားတွေဟာ သူမရဲ့နောက်မှာ အထောက်အပံ့ရယ်လို့မရှိဘဲ အရာအားလုံးကို တစ်ယောက်တည်းရင်ဆိုင်ပြီး ကျော်လွှားနေရပါတယ်။ ဒါကြောင့်လည်း နဂိုကနူးညံ့ပေမယ့် ကိုယ့်ကိုယ်ကိုမာကျောအောင် ပြုမူနေထိုင်ကြတာပါ။ (၄) သူမအတွက်အရေးကြီးတဲ့အရာကိုသိတယ် စိတ်ကြမ်း၊ကိုယ်ကြမ်းတဲ့မိန်းမသားတွေဟာ ပတ်ဝန်းကျင်နဲ့၊လူတွေရဲ့ဝေဖန်မှုကို လုံးဝဂရုမစိုက်တဲ့သူတွေဖြစ်ပါတယ်။ ဝေဖန်တဲ့စကားတွေ၊ […]
အသက်ငယ်တဲ့ ကောင်လေးကိုချစ်မိတဲ့ “မမတွေ” ကြုံတွေ့ရမယ့်အရာ(7)ခု…
အသက်ငယ်တဲ့ ကောင်လေးကိုချစ်မိတဲ့ “မမတွေ” ကြုံတွေ့ရမယ့်အရာ(7)ခု… အချစ်ဆိုတာ ဘယ်လိုစံနှုန်းတွေထားပီး ဘယ်လိုကျမှပဲ ချစ်မယ်ဆိုပြီး သတ်မှတ်သတ်မှတ် အချစ်က သူသွားချင်တဲ့နေရာ သွားတတ်တာပါ အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။ “ငါ့နှလုံးသားရဲ့တခါးဝမှာ ဝင်ခွင့်မရှိလို့ စာတမ်းချိတ်ထားခဲ့တယ်။ အချစ်ကရောက်လာပီး ကြေငြာလိုက်တယ်။ ငါကတော့ နေရာတကာဝင်တာပဲ”တဲ့။ အင်း ခုလည်း ပြောပြချင်တာက ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်လေးတွေနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့မမတွေကို ကြုံ့တွေ့ခံစားရမယ့် အရာ 7 ခုအကြောင်းကိုပြောပြချင်တာပါ။ ကဲ…ဘာတွေလဲ ဖတ်ကြည့်လိုက်ရအောင်… (1) သူတို့ “မိခင်”လို့ ထင်မယ် ကိုယ့်ထက်အသက်ငယ်တဲ့ ကောင်လေးတွေကိုချစ်သူတော်တဲ့ မမတွေဖြစ်ဖြစ် အသက်အများကြီးကြီးတဲ့မမကြီးတွေဖြစ်ဖြစ် အများဆုံးကြုံတွေ့ရတာ သူတို့ကောင်လေးတွေက သူတို့ကို မိခင်လို ထင်ပီး ဆိုးတတ်ကြတာပါ ဒါက တစ်ခါတစ်ရံလည်းဖြစ်နိုင်သလို ခနခနလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခါတွေမှာ သူ့ကိုကလေးလို လိုက်လုပ်ပေးနေမယ့်အစား သူ့ကိုသူ လူကြီးဆန်အောင် […]
လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ်
လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ် စွန်းလွန်းဆရာတော်သည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်လေသည်။ ရဟန္တာဟူသော ပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာများကို သိမြင်နိုင်စွမ်း ရှိသလို ပညာဉာဏ် တန်ခိုးများလည်း ပြည်စုံ၏။ ဟုတ်တိုင်း မှန်ရာသာလျှင် မိန့်လေသည်။ ၁၉၄၈ မှ ၁၉၆၂ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဦးနုသည် ထိုအချိန်က ကျော်ကြားနေသော( မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည့် တဘောင် )အားဆရာတော်ထံ မေးလျှောက်လေသည်။ ဦးနု အမေး။ ။ အရှင်မြတ်ဘုရား ဒီတဘောင်ဟာမြန်မာပြည်မှာ မင်းလေးပါး ပေါ်မှာလား( ဒါမှမဟုတ် )အာဏာလုပွဲ ဖြစ်မှာလား ( ဒါမှမဟုတ် )တခြားတိုင်းပြည်ကမင်းလေးပါး လာဆုံမှာလားဘုရား။ ဆရာတော်အဖြေ။ ။ ဒကာတော်ကြီးဦးနု […]
ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်…
တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ ဘဝကိုလေးလေးနက်နက်မရှိဘူး၊ ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး။ ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ်။ (၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ် ပေါတောတောနေတတ်တဲ့သူတွေဟာ ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့်လည်း မဟုတ်ပါဘူး။ အသေးစိတ်ကအစ ကောင်းကောင်းဝေဖန်သုံးသပ်တတ်တဲ့ သူတွေပါ။ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။ မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊ ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူတွေပါ။ (၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ် ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်။ သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေလည်းရှိနေတတ်ပါတယ် (၃) လူတွေကိုပျော်ရွှင်စေနိုင်တယ် ပေါတောတောနေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး ပျော်အောင်လည်း တကယ်လုပ်နိုင်တဲ့သူတွေပါ။ လူတွေကိုပျော်ရွှင်စေချင်တဲ့အတွက် ကိုယ့်ရဲ့ ခံစားချက်တွေကို […]
ပေါ့ပေါ့လေးမနေကြပါနဲ့ တစ်ပါးသူအကြွေးတင်နေကြသူများ ပြန်ဆပ်တတ်ကြပါစေ…
ပေါ့ပေါ့လေးမနေကြပါနဲ့ တစ်ပါးသူအကြွေးတင်နေကြသူများ ပြန်ဆပ်တတ်ကြပါစေ အကြွေးဆိုတာလူတိုင်းနဲ့မကင်းပါဘူး။ တစ်ချို့ကတစ်ကယ်လိုအပ်လို့ခေတ္တယူသုံးတာ ….တစ်ချို့ကျသူများနားကရအောင်ယူနိုင်တာကို ကိုယ်ပိုင်အစွမ်းအစလို့ထင်မှတ်ကြတယ်။ တစ်ချို့ကရောင်းရင်းဝယ်ရင်းတစ်ကယ်ခက်ခဲလို့ မတတ်သာလို့ပြန်မပေးနိုင်ကြတာ။ ဘာဘဲဖြစ်ဖြစ် အကြွေးဆိုတာ အပိုင်ပေးတာမဟုတ်လို့ကိုယ့်အပေါ်မှာသူတစ်ပါးရဲ့ရွှေ ငွေ ရတနာ အိမ် ခြံ မြေ တစ်ခုခုသူ့ပိုင်ဆိုင်မှုအတွက် ရစရှိတာရသင့်ရထိုက်လို့မျှော်လင့်နေသမျှတော့ ကိုယ်ပေးစရာရှိတဲ့အကြွေးကိုမျှော်လင့်နေကြမှာပါဘဲ။ ကိုယ့်မှာလည်းအခက်အခဲရှိသလို … ကိုယ်ပေးစရာရှိတဲ့သူမှာလည်း အခက်အခဲရှိနိုင်တာပါဘဲ။ အကြွေးဆိုတာဘယ်လောက်များများ ဆပ်ချင်စိတ်ရှိသူ အကြွေးသံသရာကိုကြောတ်တတ်သူအဖို့တော့ဆပ်တတ်ရင်ကြေပါတယ်။ ..မဆပ်ချင်သူ သံသရာမကြောက်သူအဖို့ကတော့ ဘာသိဘာသာနေနိုင်ပါတယ်။ အကြွေးဆိုတာကတော့လူတိုင်းနဲမကင်းကြပါဘူ။း ကျွန်တော်တို့မှာလည်းရှိပါတယ်လူတိုင်းလည်းရှိကြပါတယ်။ ဒါပေမယ့်လူဆိုတာကတော့အကြွေးရဲအကျိုး အပြစ်ကိုနားလည်ရပါမယ် ကြောက်တတ်ရပါ့မယ်။ မကြောက်တတ်သူနားမလည်သူအဖို့လည်း ဘာမှမဖြစ်ပါဘူးတစ်ချို့လူတွေပြောတတ်တဲ့စကားလေးရှိပါတယ်။ အကြွေးကင်းတာ တိရိစ္ဆာန်ဘဲရှိတယ်။ လူဆိုတာကတော့အကြွေးရှိမှာပေါ့ဆိုတဲ့စကားလေးပါ။ တစ်ကယ်တော့တရိစ္ဆာန်တွေမှာလည်း အကြွေးရှိပါတယ်။ ပြောရရင်တော့ ကံကြွေးပေါ့တိရိစ္ဆာန်တို့သဘာဝအရကတော့ အကြွေးဆိုတာနားလည်းမလည်ဘူး။ သိလည်းမသိဘူး။လူတို့နင်ဘဲငဆ မညှာမတာခိုင်းရင်လည်းလုပ်နေရမှာပါဘဲမလုပ်ရင်အရိုက်အနှက်ခံနေရမှာကိုး သူတို့ပခုံးမှာအနာဖြစ်နေလို့ ညောင်းညာနေလို့ နေထိုင်မကောင်းဖြစ်လို့ဆင်ခြေပေးလို့မရပါဘူး။ ရှင်းပြခွင့်နိုင်ခွင့် အသနားခံနိုင်ခွင့်လည်းမရတဲ့ဘဝတွေပါ။ ၃၁ဘုံမှာကျင်လည်နေသမျှကိုယ်လည်း တိရိစ္ဆာန်ဘဝမရောက်ဘူးလို့ မပြောနိုင်ပါဘူး။ […]
လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား
လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား ဓာတ်ဆား ဆိုတာ ဘာလဲ…ဘာအတွက်သုံးတာလဲ)…ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ…ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ… ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုံ့ပေါ့…(ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ)မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်… အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး… (ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်ရမလဲ)…ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…ဓာတ်ပျယ်သွားတတ်လို့ပါ… ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူး…ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမသောက်ရဘူးလဲပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်… (ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို […]
သန်းကြွယ်သူဌေးဖြစ်ဖို့ ဒီအဆင့်(6)ဆင့်ပဲ လိုပါတယ်
ဘယ်သူမဆို ငွေကြေးအပူအပင်ကင်းအောင် ချမ်းသာကြွယ်ဝမှုကို လိုလားတောင့်တလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုချမ်းသာကြွယ်ဝလာဖို့က လူအများစုအတွက် အိပ်မက်တစ်ခုသာဖြစ်ပြီး လက်တွေ့ဖြစ်မလာကြပါဘူး။ ဘာကြောင့်ဖြစ်မလဲ။ ချမ်းသာကြွယ်ဝချင်ပေမယ့် လက်တွေ့ဖြစ်မလာရတဲ့အကြောင်းရင်း ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မရှိလို့ပါပဲ။ လူအများစုက လက်ရှိအခြေအနေမှာ မပျော်ကြပေမယ့် သက်တောင့်သက်သာရှိနေတာကို အသားကျနေတတ်ကြပါတယ်။ ဒီလို သက်တောင့်သက်သာဖြစ်နေတာကိုက တိုးတက်အောင်မြင်မှုရဲ့ ရန်သူဖြစ်ပါတယ်။ သင့်အနေနဲ့ လက်ရှိအခြေအနေထက် ကြီးပွားတိုးတက်ချင်တယ်ဆိုရင် အရာအားလုံးအသားကျပြီးသား သက်တောင့်သက်သာအခြေအနေကနေ ရုန်းထွက်ပြီး မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်လိုချင်သာချင်ရင် သန်းကြွယ်သူဌေးစိတ်ဓာတ်ရှိဖို့ လိုပါတယ်။ သန်းကြွယ်သူဌေးစိတ်ဓာတ်ကို မွေးမြူနိုင်ဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ အဆင့် (၆)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ ဘာလိုချင်လဲဆိုတာ အာရုံစိုက်ပြီး ရအောင်ယူပါ။ ဘဝမှာ လိုချင်တာ ဘာလဲဆိုတာ သေချာစဉ်းစားဆုံးဖြတ်ပါ။ ချမ်းသာကြွယ်ဝမှုကို လိုချင်တာလား၊ အောင်မြင်မှုကို လိုချင်တာလား၊ နှစ်ခုစလုံးလား ဘာပဲဖြစ်ဖြစ် […]
စိတ်မော၊ လူမောနဲ့ မင်္ဂလာဦးည က ဖြစ်ရပ်အကြောင်းစုံ
စိတ်မော၊ လူမောနဲ့ မင်္ဂလာဦးည က ဖြစ်ရပ် နှစ်ဖက်မိဘ သဘောတူညီမှုနဲ့ အိမ်ထောင်ပြု ကြတယ် မင်္ဂလာဆောင်တယ် ထုံးစံအတိုင်းပါပဲ လာသမျှလူတွေကို ပြုံးပြရတယ်သိသိမသိသိ နှုတ်ဆက်ရတယ် ဒီလိုနဲ့ မင်္ဂလာဆောင်ပွဲကြီး ပြီးသွားတယ် စိတ်မော၊ လူမောနဲ့ ငယ်သူငယ်ချင်း ယောကျာ်းတွေက ‘ခဲဖိုး’ တောင်းတယ်၊ငယ်သူငယ်ချင်း မိန်းကလေးတွေကတော့ ‘ရွှေကြိုး’ တားကြ တယ် ကျွန်တော်ကလည်း မငြင်းဘူး။ ပေးစရာရှိတာ ပေးလိုက် တယ်။ ဒါမှ မင်္ဂလာဦးရဲ့ညဦးမှာ လူရှင်းတော့မှာပေါ့။ ဒီလိုနဲ့ ညရောက်လာတယ်။ ဒီနေ့ညက အရမ်း တန်ဖိုး ရှိတယ်။ သူ ရင်ထဲမှာ ဘယ်လိုရှိနေမယ် တော့ ကျွန်တော် မသိဘူး။ ကျွန်တော် ရင်တွေ အရမ်း ခုန်နေတယ်။ တစ်မျိုးကြီးပဲ မင်္ဂလာဦးညဆိုတော့ ရင်ထဲမှာ ရေဆာသလိုလို၊ […]
ပုံလေးသုံးပုံကနေ ပြောပြပေးမယ့် သင့်ရဲ့ရှေ့တစ်ပတ်အတွက် ကြိုတင်ဟောကိန်း
ပုံလေးသုံးပုံကနေ ပြောပြပေးမယ့် သင့်ရဲ့ရှေ့တစ်ပတ်အတွက် ကြိုတင်ဟောကိန်း (၁) ရှေ့တစ်ပတ်ထဲမှာတော့ သင့်ကိုသတိပေးချင်တာ စိတ်ခံစားချက်တွေကို လွှတ်မပေးဖို့ပါပဲ။ စိတ်ထင်တိုင်းမကြဲဖို့၊ ဘာလုပ်လုပ် ဘာကိုင်ကိုင် အချိန်ယူစဉ်းစားပြီးကာမှ ပြောဆိုလုပ်ကိုင်ဖို့ ပြောချင်ပါတယ်။ လာမယ့်ရသတ္တပတ်မှာ သင့်ရဲ့စိတ်အခြအနေဟာ တော်တော်လေးကို ပျော့နေပါလိမ့်မယ်။ ဒါကြောင့် ဘာမဟုတ်တာလေးနဲ့ ဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ်၊ စိတ်ဓာတ်ကျလွယ်နေမှာပါ။ နောက်ထပ် သတိထားစ/ရရာအချက်ကတော့ လူတွေကို အဲဒီအပတ်ထဲ ဂရုသိပ်မစိုက်ပါနဲ့လို့။ (၂) သင့်အနေနဲ့ ရှေ့တစ်ပတ်မှာတော့ လက်ရှိခံစားနေရတဲ့ စိတ်ညစ်ထွေးမှုတွေကို နောက်တစ်ပတ်မှာ ကျော်လွန်နိုင်မှာပါ။ နောက် ကြိုးစားထားခဲ့သမျှတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သင့်အနေဲ့ အံ့အားသင့်ပျော်ရွှင်မှုမြင်တွေ့ရမှာပါ။ ဒါကြောင့်အချိန်ခဏလေးပဲစောင့်ပေးပါ။ ကောင်းခြင်းတွေပဲ လာတော့မှာဖြစ်ပါတယ်။ (၃) လာမယ့်တစ်ပတ်မှာတော့ သင့်အနေနဲ့ ဆုံးဖြတ်ချက်ချလို့ ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို အပြီးသတ်ဆုံးဖြတ်ချက်ချလိုက်ပါတော့လို့အကြံပေးချင်ပါတယ်။ ဆုံးဖြတ်ချက်တွေမချခင်မှာ စိတ်ကိုရှင်းရှင်းထားပါ။ […]









