အိမ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါများနေတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားဖို့ ဓာတုပစ္စည်းတွေကို မသုံးချင်တဲ့အခါ သဘာဝပစ္စည်းတွေက ကူညီပေးနိုင်ပါတယ်။ ၁။ ငရုတ်သီးမှုန့် မီးဖိုခန်းနဲ့ အိမ်ပတ်ဝန်းကျင်တွေမှာ ပုရွက်ဆိတ်တွေ ပေါများနေရင် ဖယ်ရှားဖို့ ခေါင်းရှုပ်စရာမလိုတော့ပါဘူး။ ငရုတ်သီးမှုန့်က ပုရွက်ဆိတ်တွေကို မလာအောင် တားပေးနိုင်စွမ်းရှိပါတယ်။ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဖဇွန်း၊ ရေနွေးတစ်ခွက်၊ သံပုရာရည် ၁၀ စက်ကို ရောပြီး ပုရွက်ဆိတ်တွေ ရှိတတ်တဲ့နေရာတွေမှာ ဖျန်းပေးပါ။ ၂။ ကြက်သွန်ဖြူ ကြက်သွန်ဖြူရဲ့ရနံ့က အချို့အင်းဆက်ပိုးမွှားတွေကို ဝေးဝေးပြေးစေပါတယ်။ အထူးသဖြင့် ပျပိုးနဲ့ ပုရွက်ဆိတ်တွေကို ဖယ်ရှားချင်တဲ့အခါ ကြက်သွန်ဖြူက အရမ်းအသုံးဝင်ပါတယ်။ ကြက်သွန်ဖြူလေးတွေကို ရေတစ်လီတာထဲမှာ ၁၂ နာရီခန့် စိမ်ထားပါ။ အဲဒီနောက် အပူချိန်နည်းနည်းနဲ့ မိနစ် ၂၀ ခန့် […]
အသိပညာ
သားရှင်ဖြစ်ခဲ့မယ်ဆိုလျှင် ကိုယ်ချင်းစာပါ နေတတ်အောင်နေပါ…
သားရှင်ဖြစ်ခဲ့မယ်ဆိုလျှင် ကိုယ်ချင်းစာပါ နေတတ်အောင်နေပါ… ကိုယ့်သားကို မွေးထဲက ၂၀/၂၅ ထိ ကိုတယောက်ထဲ အပြည့်အဝ ပြုစုစောင့်ရှောက် ချစ်ခဲ့ပြီးပြီ…။ ချိန်တန်လို့ သားက ကိုယ့်ထက် ချစ်ရမဲ့ ၅၂၈ထက်ပိုတဲ့ ၁၅၀ဝပြည့် ချစ်ဇနီး တယောက်ကို ရွေးချယ်လို့ သူ့ဘဝ လမ်းကို လျှောက်နေ ချိန်မှာ မိဘအနေနဲ့ သားကို ဆိုင်သာဆိုင် မပိုင်တော့ပေ အဲ့ဒါကို သေချာနားလည်ဖို့ လိုလာပြီ ကို့ထက် ချစ်လို့ ဇနီးကိုရွေး ထားတယ် အကန့်လေးတွေ ကို ခွဲခြား တတ်ဖို့ပါ…။ ကျွန်မသာဆိုရင် သူရွေးချယ်ထားတဲ့ ၁၅၀၀တန် ဇနီးကို… ၁- အဆင်ပြေအောင်နေမယ် အဆင်ပြေအောင်နေ မယ်ဆိုတာ အောက်ကျ ခံမှု ကိုမဆို လိုပါ သူနဲ့အဆင်ပြေမှ ကျွန်မသားကို ချစ်ရာရမယ် ဘာလို့လဲ […]
အမေနဲ့အဖေ ပင်ပန်းနေပြီ နားပါတော့…တဖန် ပြန်လည်လုပ်ကျွေးပြုစုပါရစေ…။
နဖူးကချွေး ခြေမထိကျလို့ နေပူထဲမှအလေးအပင်ထမ်းနေရတဲ့ အဖေ။သားသမီးတို့စားဖို့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့အကောင်းဆုံးချက်ကျွေးတတ်တဲ့အမေ။ အလုပ်မှာရတဲ့မုန့်ခွဲတမ်းကို မစားရက်ပဲသားသမီးတွေစားဖို့ အိမ်ထိပြန်သယ်လာတဲ့အဖေ…။ချွေးနံ့တွေစုံနေတဲ့ ကလေးတို့ရဲ့ အင်္ကျီအဝတ်အစားတွေကို နေပူထဲမှာ လျှော်ခဲ့ရတဲ့အမေ…။ သားသမီးတို့ရဲ့ဘဝတစ်လျောက် နှစ်(၂၀)ကျော် အလုပ်ကြမ်းတွေနဲ့ ပင်ပန်းနေပြီ…။အလုပ်ကအပြန် မုန့်ထုပ်လေး ဆွဲလာတတ်တဲ့ မွန်မြတ်တဲ့ လက်ကလေးတွေအခုဆို… သားတို့ သမီးတို့ ဝယ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ဂုဏ်ယူစွာ ပီတိအပြည့်နဲ့ စားပါတော့…။ လုပ်အားခရလို့ ကလေးတို့အတွက် အဝတ်အစားဝယ်လာတတ်တဲ့ ကြင်နာတတ်သော နှလုံးသားပိုင်ရှင်လေးတွေအခုဆို… ကောင်းမွန်သစ်လွင်ပြီး အကောင်းဆုံးသော အဝတ်အစားတွေကို ကျေနပ်စွာ ဝတ်ဆင်ပါတော့…။ ငယ်ငယ်က ပုံပြင်တွေ ပြောပြသီချင်းတွေဆိုပြပြီး ချော့သိပ်ခဲ့တဲ့အချိုသာဆုံးသောအသံပိုင်ရှင်… အခုဆို… သားတို့သမီးတို့ ပြန်ဖတ်ပြတဲ့ ဗဟုသုတစာပေတွေ တဝကြီး နားဆင်ပါတော့…။ အရင်က ပတ်ဝန်းကျင်မှာ ငွေမရှိလို့ မျက်နှာငယ်ခဲ့ရတဲ့ကာလတွေကို မေ့ဖျောက်ပြီးအခုဆို…သားတို့သမီးတို့ အပ်တဲ့ပိုက်ဆံတွေကို လက်ခံပြီးစိတ်ကြိုက်သာ […]
မိန်းမတစ်ယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ ဟာအသက်. ၃၀ ထိ လှနေရင်
#မိန်းမတစ်ယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ ဟာအသက်. ၃၀ ထိ လှနေရင်အရင်ဘဝရဲ့ အကျိုးဆက်တွေငယ်ရွယ်နုပျိုမှုတွေကြောင့် ပါတဲ့ #အသက် ၃၀ နောက်ပိုင်း မှာ တော့သူမရဲ့ဖြတ်သန်းခဲ့တဲ့ ဘဝ ပတ်ဝန်းကျင်နဲ့.သူမရဲ့ ခံယူချက်စိတ်ထားကြောင့်ထင်ဟပ်လာတဲ့ရုပ်ရည်ပါ #ဒါကြောင့် မိန်းမတစ်ယောက် ဟာအသက်. ၃၀ ကျော် ၃၅. နှစ်နောက်ပိုင်းမှာတောင် လှနေသေးရင် သူမရဲ့ အတွင်းစိတ်လေးကြောင့်ပါ #အသက် ၄၀ နှင့် ၅၀ ကြားအဲဒီချိန်မှာတောင် လှနေသေးတယ်ဆိုရင် တကယ် ကို လှပသူလေးပါ#ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေကြုံလာရတဲ့ အရာတွေအပေါ်သူမရဲ့ ဘယ်လို စိတ်နဲ့တုံ့ပြန်လက်ခံမယ်ဆိုတာသူမရဲ့ရွေးချယ်မှု့နဲ့ ရလဒ်ကြောင့်ထင်ဟပ်လာတဲ့ ရလဒ် ဟာ သူမရဲ့မျက်နှာမှာ ရှာဖွေတွေ့နိုင်လို့ပါပဲ #အခက်ခဲတွေ ရှုံးနှိမ့် နာကျင်စိန်ခေါ်မှုတွေ များစွာကြုံရတဲ့မိန်းမ တစ်ယောက် ဟာသူမမျက်နှာမှာ အပြုံးပန်းဆင်တာတွေ့မြင်နေ ရသေးတယ်ဆိုရင်တော့သူမ ရဲ့စိတ်ဓါတ်ကြောင့် ပါပဲ #အခက်ခဲတွေကို […]
ယနေ့ခေတ် လူငယ်လေးတွေ ကျား/မ မရွေး ပြီးဆုံးအောင်ဖတ်ပေးကြစေလိုပါတယ်
” ဟျောင့် ငါ့စော်ဆီကအဖြေရပြီကွ ” …. ဟုတ်လား ”Congrats သားကြီး တစ်ဝိုင်းတော့လုပ်လိုက်တော့ လအနည်းငယ်အကြာ……။ ဟျောင့် မင်းစော်နဲ့ ဘယ်အခြေအနေ ရောက်နေပြီလဲ ” ပြောစမ်းပါဦး ” …. ဒီလိုပါပဲကွာ ” အဆင်ပြေပါတယ် ” ငါမေးတာက ဟိုဟာဒီဟာလုပ်ပြီးပြီလား ….. ” ဟာ ” မဖြစ်ရသေးပါဘူးကွာ ဒီတိုင်း ရိုးရိုးသားသားပဲချစ်ကြတာပါကွ..။ မင်းကလဲ ညံ့လိုက်တာကွာ ဒီခေတ်က ကိုယ်မစားရင် ” သူများစားတဲ့ခေတ်ကွ ” …. ” ဟင် ” ဟျောင့် ဘာဆိုင် လို့လဲကွ… ” အေးမှတ်ထား ဒီခေတ်က အပျိုရှားသွားပီ ကိုယ်မလုပ်လဲ ကိုယ်နဲ့ပြတ်ရင်လဲ နောက်တစ်ကောင်နဲ့ဖြစ်မှာပဲ,,, ငါဆို ငါ့စော်နဲ့ဖြစ်ပီးလို့,,, ပြတ်ပါပြတ်သွားပီ […]
မျက်နှာကြီးရာ ဟင်းဖတ်ပါ
“ကောင်လေး ကြက်ဥ ဘယ်လို ရောင်းလဲ””၁လုံး ၁၅၀ ပါ” “၅လုံး ၆၀၀ ထားလိုက်။””ဟာ.. မလုပ်ပါနဲ့ အန်တီရယ်။ ကျွန်တော့် အရင်းနား ရောက်နေပြီ””အို.. ၆၀၀ ထားရင် ယူမယ်။ မထားရင် မယူဘူး။ သွားမယ်””နေ နေပါဦး.. ယူသွားပါဗျာ။ ဈေးဦးပေါက်မို့ ရောင်းလိုက်ပါ့မယ်။ “ကောင်လေး ထုပ်ပေးတဲ့ ကြက်ဥ ၅ လုံးကို ယူ.. ၅၀၀ ရာတန် ၁ ရွက်နဲ့၊ ၁၀၀ တန် ၁ ရွက် ။ ဖတ်ကနဲ ပစ်ပေးပြီး အဒေါ်ကြီး ခေါင်းမော့လို့ အောင်နိုင်သူဟန်အပြည့်နဲ့ ဈေးထဲ ဆက်ဝင်သွားပါတယ်။ညနေ အဒေါ်ကြီးဟာ သူ့ယောက်ျားနဲ့ မြို့ထဲက စားသောက်ဆိုင်ကောင်းတစ်ခုမှာ ထွက်စားကြတယ်။ဖြစ်ချင်တော့ ကြက်ဥသည်ကောင်လေးဟာ ဒီ စားသောက်ဆိုင်မှာ အချိန်ပိုင်းစားပွဲထိုး […]
အိမ်မှာအသက်၆၀ ကျော်တဲ့မိဘတွေရှိသေးရင်ဒီပိုစ့်တွေကိုဖတ်ပေးပါ စာနာ နားလည်ပေးပါ အသက် ၆၀ ကျော်လာတဲ့အခါ လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ်.. အသက် ၆၀ကျော်မိဘတွေ ရှိလာတဲ့အခါကျမ တို့ အများကြီးနားလည်ပေးရမယ်စိတ်ရှည်ပေးရမယ်.. အာရုံကြော အားလုံးကျုံ့လာတဲ့အခါထိန်းချုပ်ခြင်းတွေနည်းလာပြီ စကားပွစိ ပွစိ ပြောလာကြမယ်ကိုယ့် မသန်စွမ်းဘူးထင်မှာစိုးလို့အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ်။ အဲ့ခါ နောက်ကပြန်လိုက်လုပ်တဲ့ သားသမီးတွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလိုပြန်ဖြစ်လာပြီး ဝမ်းနည်းလာမယ်။ အထီးကနှလွာမယွ မပှောရဲမဆိုရဲဖှဈလာကှတယြ။တဈကယတြော့ အဲ့ခွိနလြူကှီးလိုလညြး လေးစားပှီးကလးလြို သဘောထားပေးရမှာပါ တစ်ခုခု ဝယ်ပေးတဲ့ အခါတိုင်းအဖေ တို့ အမေ တို့မှာရှိတယ်မလိုဘူးအမြဲ ငြင်းတတ်လာမယ် ဒါဟာ အပို မကုန်စေချင်လို့ပါတစ်ကယ်တော့ ကျေနပ် ဝမ်းသာနေတာ..အသက်ကြီးပြီ ဘုရားတရားပဲ လုပ်ပါလားလို့ တိုက်တွန်းလို့မရပါဘူး အသက်ကြီးလာလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့အကြောင်းအရာတစ်ခုကို ကြာကြာစိတ်ဝင်စားတာမျိုးမရှိတော့ပါဘူး ကျမတို့ လူကြီးမိဘတွေကို […]
ဖခင်က အားနည်းပြီး မူးလဲနေပေမယ့် သားသမီးကို လက်က လွှတ်မချရက်တဲ့ ဖခင်တစ်ယောက်ရဲ့ အနှိုင်းမဲ့မေတ္တာ ဒီပုံလေးကိုကြည့်ပီးမိဘတိုင်းဟာသားသမီးအပေါ်ထားတဲ့မေတ္တာတွေစေတနာတွေကိုနားလည်နိုင်ကြပါစေ။ လောကမှာမိခင်မေတ္တာတင်ကြီးမှားလှတာမဟုက်ပါဘူဗျာ။ဖခင်မေတ္တာဆိုတာလည်းတုနိုင်းမဲ့မေတ္တာရှင်ဂန္တဝင်ဖေဖေပါ။ အဖေဆိုတာ ပါးစပ်က ခပ်ကြမ်းကြမ်း ပြောချင်ပြောလိမ့်မယ်ရင်ထဲမှာတော့ သားသမီးတွေအပေါ် ချစ်တဲ့စိတ် အပြည့်ရှိတယ်။ အဖေဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ်ဒါပေမယ့် သူရှာကြွေးတဲ့ ငွေကြေးနဲ့ မိသားစုကို ထမင်း နပ်မှန်အောင် ကျွေးမယ့်လူမျိုးပါ။ အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ်ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ အဖေဆိုတာ အသောက်အစား ရှိချင် ရှိလိမ့်မယ်ဒါပေမယ့် သားသမီးတွေကိုတော့ လိမ္မာစေချင်တယ်။ အဖေတွေဟာ တစ်ခါတစ်ရံမှာ ရင်ထဲမှာ ရှိတာတွေကို ထုတ်ပြီး ဟန်လုပ်ကာ မပြောတတ်ဘူး။ နာကျင်စရာ ရှိရင်လည်း မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်၊ ပျော်စရာရှိရင် ရင်ထဲကပဲ ပျော်နေလိုက်တယ်။ […]
အချိန်မရလဲ (၁)မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ် (ရင်နင့်စရာ အမေအိုကြီးတစ်ယောက်ရဲ့ အဖြစ်)
သနားစရာ အမေအိုကြီးတယောက်ရဲ့ ရင်နာစရာအဖြစ် အချိန်မရလဲ (၁)မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ်။ မနက် ၁၁ : ၃၀ အချိန်လောက် ရှိနေပြီ လမ်းဘေးက ကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ်၊ အမေအို တစ်ယောက်နဲ့ တွေ့တော့ စကားမစပ် မေးမိပါတယ် “အမေ” ဒီမှာ ဘာထိုင် လုပ်နေတာလဲ လို့ပေါ့ ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ကတုန်ကယင် အသံလေးတွေနဲ့ အမအို ပြောပုံက “သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံ လာထုပ်တာပါ ဘဏ်ရုံး မဖွင့်သေးလို့ ခန ထိုင်စောင့် နေတာပါတဲ့” အမေ ဘာစားပြီးပြီလဲ မေးတော့ “ဘာမှ မစားရ သေးပါဘူး သားရယ် […]
သားလေး မွေးနေ့အတွက် အမေ့ရဲ့လက်ဆောင်ထုပ်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါ
ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာပြောပြပေးသွားမှာကတော့ ကိုရွှေတို့ သားအမိ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီနေ့လစာထုတ်ရက် ကိုရွှေ တက်တက်ကြွကြွနှင့်အိမ်ပြန်လာခဲ့သည်။ မိန်းမဖို့ သားဖို့ သမီးဖို့က ဘာလေး စိတ်ထဲမှာ ခွဲတမ်းလေးချရင်း ပီတိလေးနဲ့အိမ်ပေါ်လှမ်းတက်နေတုန်း “ထွီ” သလိပ်တွေ အခဲလိုက်နဲ့စီးထွေးခံလိုက်ရတော့ ကိုရွှေ အပျော်စိတ်တွေ ဘယ်ရောက်မှန်း မသိတော့။ ပုဆိုးကိုဖြည်ဝတ် ခါချရင်း “အမေကတော့ လုပ်ချလိုက်ပြန်ပြီ အိမ်ပေါက်ဝလေးလည်း ကြည့်ပါအုန်း။ ကျွန်တော့ပုဆိုးပေကုန်ပြီ ညစ်ပတ်လိုက်တာ တကယ်ပဲ” အမေအိုက ကဗျာကရာ “အမေမမြင်လိုက်လို့ပါသားရယ် ချောင်းတအားဆိုးနေတာ သလိပ်ဟက်လို့ရတုန်းလေး အမြန်ထွေးချလိုက်တာ အမေပြန်သုတ်ပေးမယ် လာ လာ သား အပေါ်တက်ခဲ့” “နေပါအမေရာ ကိုယ်ဘာသာကိုယ် မိန်းမရေ မောတယ်ကွာ ရေခပ်ခဲ့အုန်း” ကိုရွှေ အမေ့ရဲ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က ပက်လက်ကုလားထိုင်ပေါ် လှဲချလိုက်ရင်း သူ့မိန်းမနဲ့ […]









