အသိပညာ

အမေနဲ့အဖေ ‌ပင်ပန်းနေပြီ နားပါတော့…တဖန် ပြန်လည်လုပ်ကျွေးပြုစုပါရစေ…။

နဖူးက‌ချွေး ခြေမထိကျလို့ နေပူထဲမှအလေးအပင်ထမ်းနေရတဲ့ အဖေ။သားသမီးတို့စားဖို့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့အကောင်းဆုံးချက်ကျွေးတတ်တဲ့အမေ။

အလုပ်မှာရတဲ့မုန့်ခွဲတမ်းကို မစားရက်ပဲသားသမီးတွေစားဖို့ အိမ်ထိပြန်သယ်လာတဲ့အဖေ…။ချွေးနံ့တွေစုံနေတဲ့ ကလေးတို့ရဲ့ အင်္ကျီအဝတ်အစားတွေကို နေပူထဲမှာ လျှော်ခဲ့ရတဲ့အမေ…။

သားသမီးတို့ရဲ့ဘဝတစ်လျောက် နှစ်(၂၀)ကျော် အလုပ်ကြမ်းတွေနဲ့ ပင်ပန်းနေပြီ…။အလုပ်ကအပြန် မုန့်ထုပ်လေး ဆွဲလာတတ်တဲ့ မွန်မြတ်တဲ့ လက်ကလေးတွေအခုဆို… သားတို့ သမီးတို့ ဝယ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ဂုဏ်ယူစွာ ပီတိအပြည့်နဲ့ စားပါတော့…။

လုပ်အားခရလို့ ကလေးတို့အတွက် အဝတ်အစားဝယ်လာတတ်တဲ့ ကြင်နာတတ်သော နှလုံးသားပိုင်ရှင်လေးတွေအခုဆို… ကောင်းမွန်သစ်လွင်ပြီး အကောင်းဆုံးသော အဝတ်အစားတွေကို ကျေနပ်စွာ ဝတ်ဆင်ပါတော့…။

ငယ်ငယ်က ပုံပြင်တွေ ပြောပြသီချင်းတွေဆိုပြပြီး ချော့သိပ်ခဲ့တဲ့အချိုသာဆုံး‌သောအသံပိုင်ရှင်…
အခုဆို… သားတို့သမီးတို့ ပြန်ဖတ်ပြတဲ့ ဗဟုသုတစာပေတွေ တဝကြီး နားဆင်ပါတော့…။

အရင်က ပတ်ဝန်းကျင်မှာ ငွေမရှိလို့ မျက်နှာငယ်ခဲ့ရတဲ့ကာလတွေကို မေ့ဖျောက်ပြီးအခုဆို…သားတို့သမီးတို့ အပ်တဲ့ပိုက်ဆံတွေကို လက်ခံပြီးစိတ်ကြိုက်သာ သုံးပါတော့…။

မအားတဲ့ကြားကနေ ကစားကွင်းတွေ လိုက်ပို့ပေးခဲ့တဲ့ ဂရုစိုက်တတ်တဲ့ မိဘနှစ်ပါးအခုဆို… သားတို့ သမီးတို့ လိုက်ပို့တဲ့ အပန်းဖြေခရီးတွေ ကျေကျေနပ်နပ်ကြီး သွားပါတော့…။

အမေနဲ့အဖေ ‌ပင်ပန်းနေပြီ နားပါတော့…တဖန် ပြန်လည်လုပ်ကျွေးပြုစုပါရစေ…။

#သဟာဆွေလှိုင်း

နဖူးကေခြၽး ေျခမထိက်လိဳ႕ ေနပူထဲမွအေလးအပင္ထမ္းေနရတဲ့ အေဖ။သားသမီးတို႔စားဖို႔ ရွိစုမဲ့စုပိုက္ဆံေလးနဲ႕အေကာင္းဆုံးခ်က္ေကြၽးတတ္တဲ့အေမ။

အလုပ္မွာရတဲ့မုန႔္ခြဲတမ္းကို မစားရက္ပဲသားသမီးေတြစားဖို႔ အိမ္ထိျပန္သယ္လာတဲ့အေဖ…။ေခြၽးနံ႕ေတြစုံေနတဲ့ ကေလးတို႔ရဲ႕ အကၤ်ီအဝတ္အစားေတြကို ေနပူထဲမွာ ေလွ်ာ္ခဲ့ရတဲ့အေမ…။

သားသမီးတို႔ရဲ႕ဘဝတစ္ေလ်ာက္ ႏွစ္(၂၀)ေက်ာ္ အလုပ္ၾကမ္းေတြနဲ႕ ပင္ပန္းေနၿပီ…။အလုပ္ကအျပန္ မုန႔္ထုပ္ေလး ဆြဲလာတတ္တဲ့ မြန္ျမတ္တဲ့ လက္ကေလးေတြအခုဆို… သားတို႔ သမီးတို႔ ဝယ္လာတဲ့ သန႔္ရွင္းလတ္ဆတ္တဲ့ အစားအေသာက္ေတြကို ဂုဏ္ယူစြာ ပီတိအျပည့္နဲ႕ စားပါေတာ့…။

လုပ္အားခရလို႔ ကေလးတို႔အတြက္ အဝတ္အစားဝယ္လာတတ္တဲ့ ၾကင္နာတတ္ေသာ ႏွလုံးသားပိုင္ရွင္ေလးေတြအခုဆို… ေကာင္းမြန္သစ္လြင္ၿပီး အေကာင္းဆုံးေသာ အဝတ္အစားေတြကို ေက်နပ္စြာ ဝတ္ဆင္ပါေတာ့…။

ငယ္ငယ္က ပုံျပင္ေတြ ေျပာျပသီခ်င္းေတြဆိုျပၿပီး ေခ်ာ့သိပ္ခဲ့တဲ့အခ်ိဳသာဆုံးေသာအသံပိုင္ရွင္…
အခုဆို… သားတို႔သမီးတို႔ ျပန္ဖတ္ျပတဲ့ ဗဟုသုတစာေပေတြ တဝႀကီး နားဆင္ပါေတာ့…။

အရင္က ပတ္ဝန္းက်င္မွာ ေငြမရွိလို႔ မ်က္ႏွာငယ္ခဲ့ရတဲ့ကာလေတြကို ေမ့ေဖ်ာက္ၿပီးအခုဆို…သားတို႔သမီးတို႔ အပ္တဲ့ပိုက္ဆံေတြကို လက္ခံၿပီးစိတ္ႀကိဳက္သာ သုံးပါေတာ့…။

မအားတဲ့ၾကားကေန ကစားကြင္းေတြ လိုက္ပို႔ေပးခဲ့တဲ့ ဂ႐ုစိုက္တတ္တဲ့ မိဘႏွစ္ပါးအခုဆို… သားတို႔ သမီးတို႔ လိုက္ပို႔တဲ့ အပန္းေျဖခရီးေတြ ေက်ေက်နပ္နပ္ႀကီး သြားပါေတာ့…။

အေမနဲ႕အေဖ ပင္ပန္းေနၿပီ နားပါေတာ့…တဖန္ ျပန္လည္လုပ္ေကြၽးျပဳစုပါရေစ…။

#သဟာေဆြလွိုင္း