အထွေအထွေဗဟုသုတ
အေထြအေထြဗဟုသုတ
အိမ်မှာအထိအခိုက်တခုခု မရှိရအောင် ပဋ္ဌာန်းရွတ်မိတိုင်း ဒီလိုရွတ်ဖတ်ပူဇော်ပါ
အိမ်မှာအထိအခိုက်တခုခု မရှိရအောင် ပဋ္ဌာန်းရွတ်မိတိုင်း ဒီလိုရွတ်ဖတ်ပူဇော်ပါ ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊ အိမ်မှာ ရွတ်လို့မရဘူး အိမ်စောင့်နတ် မခံနိုင်ဘူး၊ ဘုရားမှာရွတ်တယ်၊ အသံတွေကြားရတယ်၊ အရိပ်တွေမြင်ရတယ်၊ ပြီးအောင်ရွတ်လို့မရဘူး အနှောက်အယှက်တွေများတယ်၊ စသည်ဖြင့် ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများအတွက် ဒီနည်းလေး မျှဝေပေးချင်ပါတယ်။ ပထမဆုံး နတ်ပင့်ရပါမယ်။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။(ဓမ္မဿဝနကာလော အယံ ဘဒန္တာ။) ၃ခေါက် ဒုတိယက မေတ္တာသုတ် ရွတ်ရပါမယ်။ တတိယက ခွင့်တောင်းရပါမယ်။ ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော် အနန္တ၊ […]
အထွေအထွေဗဟုသုတ
အကြပ်အတည်း အမျိုးမျိုးကို ( ၇ ) ရက် အတွင်း လွတ်မြောက်စေ နိုင်တဲ့ အဓိဌာန်….
အကြပ်အတည်း အမျိုးမျိုးကို ( ၇ ) ရက် အတွင်း လွတ်မြောက်စေ နိုင်တဲ့ အဓိဌာန် တနင်္ဂနွေနေ့ ကနေ စပြီး အဓိဌာန် ဝင်ပါ ။ တနင်္ဂနွေနေ့.. တနင်္ဂနွေ ထောင့် မေတ္တာသုတ်တော် ၆ ခေါက် ၊ တနင်္ဂနွေနေ့ ဖွားမြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့် အခါတနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှေဝေပါ ။ တနင်္လာနေ့ သောကြာထောင့် မေတ္တာသုတ်တော်၂၁ ခေါက် ၊ သောကြာနေ့ ဖွားမြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး […]
အထွေအထွေဗဟုသုတ
အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲ တုန်ရခြင်းရဲ့ အကြောင်းရင်
အိပ်နေစဉ်အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလိုမျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေးသွားပါ့မယ်။ တော်တော်များများက တစ်ခုခုနဲ့တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမဲ့ တချို့တလေကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ်။ သင်ဟာ ဒီလိုမျိုး မကြာခဏဖြစ်တတ်သူဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။ ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အိုခေ ဒီလိုဆိုရင် ဘာကြောင့်အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်ပါ။ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့ ဦးနှောက်ကတော့ တကယ်တမ်းမအိပ်စက်သေးပါဘူး။ ဒီအချိန်မျိုးမှာ ဦးနှောက်က အိပ်စက်နေတဲ့ခန္ဓာကိုယ်ကို နိုးထဖို့ အချက်ပြသတိပေးခြင်းပဲ […]
အထွေအထွေဗဟုသုတ
ဒီအထုပ်လေးတွေကိုတွေ့ရင် လွှင့်မပစ်ကြပါနဲ့
Silica Gel Packets ဆိုတာကတော့ ဖိနပ်၊သားရေအိတ်၊တစ်ချို့ အစားအသောက်အထုပ်တွေထဲမှာ တွေ့ရတဲ့ အထုပ် သေးသေးလေးတွေပါ။အစားအသောက်တွေအထုပ်တွေ မှာဆိုရင် အဲ့ဒီအထုပ်ငယ်လေးတွေကို စားမိမှာ စိုးလို့ အန္တရာယ်ရှိကြောင်းပြောတဲ့ အနေနဲ့ Do not Eat ဆိုတဲ့ စာတန်းလေးတွေ ရေးထား ပေးတာ ကို တွေ့ရပါတယ်။ဒီလို မျိုး Product တွေမှာ Silica gel packets လေးတွေ ထည့်ထားရတဲ့ အကြောင်းအရင်းကတော့ အဲ့ဒီ အထုပ် လေး တွေက အစိုဓါတ်ကို စုပ်ယူပေးနိုင်တာကြောင့် မှိုပေါက်ဖွားတာ၊ပျက်စီးတာတွေကို ကာကွယ် ပေးနိုင်ပါတယ်။ လျှပ် စစ် ပစ္စည်းတွေ မှာဆိုရင်တော့ ငွေရည်ဖွဲ့ပြီး ချွေးတွေ ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။လူအများစုကတော့ ကိုယ်ဝယ် လိုက်တဲ့ ပစ္စည်းတွေထဲမှာပါတဲ့ Silica Gel […]
အထွေအထွေဗဟုသုတ
“ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ အပြေးပို မြန်ပါတယ်”
ထီးမပါတဲ့ကလေး ဟုတ်ပါတယ် “ထီးမပါတဲ့ကလေးဟာ မိုးထဲလေထဲမှာ ပိုအပြေးမြန်တတ်ပါတယ်”ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲ ထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့နေဖို့အတွက် ၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာနားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက်မပိုနိုင်တော့ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။“ ဖေဖေ စိတ်ချပါ။ ကျနော့မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ဝမ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ […]
အထွေအထွေဗဟုသုတ
သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်တို့ ရရှိနိုင်သောအကျိုးတရားများ
မိမိ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။ ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။ ၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည် ၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။ ၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။ ၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။ ၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။ ၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ […]
အထွေအထွေဗဟုသုတ
မိမိတို့ နေအိမ်ကို လာဘ်ပိတ်စေတတ်သော အချက်များ ဖတ်ထားသင့်တယ်နော်
၁။ မီးဖို အား စလောင်းဖုံးအုပ်ခြင်း ၂။ အိမ် ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း ၃။ မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း ၄။ စားသောက်သော အိုးခွက်ပန်းကန်များအား လွှင့်ပြစ်ခြင်း ၅။ ထမင်း ဟင်း ချက်ရင်း သီချင်း ဆိုခြင်း ၆။ နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း ၇။ နေဝင် မိုးချုပ် လေချွန်ခြင်း ၈။ နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း ၉။ နေဝင် နေထွက်ချိန် သန်းရှာခြင်း ၁၀။ နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း ၁၁။ နေမွန်းတည့်ချိန် တိရိစ္ဆာန်များ အား သတ်ဖြတ်ခြင်း ၁၂။ နေဝင် […]
အထွေအထွေဗဟုသုတ
သေပြီးသား လူတစ်ယောက်က သင့်ကို အိမ်မက်ထဲကနေ ဆက်သွယ်ဖို့ ကြိုးစားတဲ့ပုံစံ (၇)မျိုး
သေပြီးသား လူတစ်ယောက်က သင့်ကို အိမ်မက်ထဲကနေ ဆက်သွယ်ဖို့ ကြိုးစားတဲ့ပုံစံ (၇)မျိုး ကိုယ့်ဆွေ မျိုးသားချင်းတွေ ထဲက၊ အသိ မိတ်ဆွေတွေ ထဲက တစ်ယောက်ယောက် သေဆုံး သွားပြီးတဲ့အခါ သူတို့ကို သတိရတဲ့ စိတ်ကတော်တော်နဲ့ မလျော့သွား ပါဘူး။ ပြီးတော့ သေဆုံးပြီးတဲ့ သူက အသက်ရှင် ကျန်ရစ်တဲ့ သူတွေကို အိပ်မက်ပေးပြီး ဆက်သွယ်ဖို့ကြိုးစားတတ်ကြတယ် လို့လည်း ယူဆတတ် ပါတယ်။ တကယ်ရော အဲ့ဒီလို အဖြစ်မျိုး ရှိပါ့မလား ဆိုတာ ကတော့ စဉ်းစားစရာ ပါပဲ။ ဘာပဲပြောပြော ဆုံးပါးသွားတဲ့ တစ်စုံတစ်ယောက်က သင့်ကိုအိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားလာရင် ဒီအချက်လေးတွေ ကြုံရတတ်ပါတယ်ပါတယ် (၁) အိပ်မက်ကနိုးလာချိန်မှာတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတယ် ကိုယ်ချစ်ခင်ရတဲ့ သူတွေ ဆုံးပါးသွား ခဲ့ပေမယ့် သူတို့တွေကိုယ့် အနားမှာ ရှိနေတုန်းပဲ […]
အထွေအထွေဗဟုသုတ
အသားလှုပ်​နိမိတ်​ကျမ်း ….
(၁) ငယ်​ထိပ်​လှုပ်​မူ မင်းပူ​ဇော်​ခံရအံ့၊ ချစ်​ခင်​​သော မိတ်​​ဆွေများနှင့်​​​ ​ ​တွေ့ရအံ့။ (၂) လက်​ဝဲဦးကင်​လှုပ်​မူ သတင်း​ကောင်းကြားရအံ့၊အကြံအစည်​ အထ​မြောက်​အံ့။ (၃) လက်​ယာဦးကင်းလှုပ်မူလာဘ်​ရအံ့။ (၄) လက်​ယာအထက်​မျက်​ခုံးလှုပ်​မူ လာဘ်​ရအံ့။ အ​ဆွေခင်​ပွန်း ​ကောင်းနှင့်​​တွေ့ကြုံရအံ့။ (၅) လက်​ဝဲအထက်​မျက်​ခုံးလှုပ်​မူ အကြံအစည်​​အောင်​အံ့။ (၆) လက်​ယာ​အောက်​မျက်​​ရေခံလှုပ်​မူ သူတစ်​ပါးတို့နှင့်​ ခိုက်​ရန်​ ညအမျက်​​ဒေါသရှိအံ့။ ချစ်​သူနှင့်​​တွေ့ရအံ့။မယားရအံ့။ (၇) လက်​ဝဲ​အောင်​မျက်​​ရေခံလှုပ်​မူ ငိုရအံ့။ဆင်းရဲအံ့။ (၈) လက်​ယာနားလှုပ်​မူ ချမ်းသာအံ့၊သုခရအံ။ (၉) လက်​ဝဲနားလှုပ်​မူ သူတပါးနှင့်​ခိုက်​ရန်​​ဒေါသဖြစ်​ပွားရအံ့။ ဥစ္စာပစ္စည်းရအံ့။ (၁၀) လက်​ယာဘက်နှာ​​ခေါင်း​လှုပ်​မူချစ်​ခင်​သူများပြီး မိတ်​​ဆွေ​ကောင်းရအံ့။ (၁၁) လက်​ဝဲဘက်​နှာ​ခေါင်းလှုပ်​မူချမ်းသာသုခကိုရအံဖ။ (၁၂) ဦး​ခေါင်းလှုပ်​မူ ငယ်​သူမှာကြင်​ယာရအံ့။ကြီးသူမှာဥစ္စာရအံ့။ (၁၃) လက်​ယာ​အောက်​နူတ်​ခမ်းလှုပ်​မူမ​ကောင်းစကားဆိုရအံ့။ ခိုက်​ရန်​ဖြစ်​ အံ့။ (၁၄)လက်​ဝဲ​အောက်​နူတ်​ခမ်းလှုပ်​မူအ​ဝေးမှသတင်းစကားကြားရအံ။ (၁၅) လက်​ယာအထက်​နူတ်​ခမ်းလှုပ်​မူချစ်​​သောသူနှင့်​စကားဆိုရအံ့။ (၁၆) လက်​ဝဲအထက်​နူတ်​ခမ်းလှုပ်​မူသူတစ်​ပါးနှင့်​ခိုက်​ရန်​ဖြစ်​ရအံ့။ (၁၇)​မေးလှုပ်​မူ […]