ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ နာမည်ကြီးနေတဲ့ ဘုန်းဘုန်းတစ်ပါး မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို တက်တော့မယ်ဆိုရင် ဘယ်သူမဆို ဒီအတိုင်း ခြေကျင်တက်နိုင်မှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ တေက်တက်ဖို့ တုတ်ချောင်းတစ်ချောင်းဖြစ်ဖြစ်၊ တောင်ထိပ်ပေါ်က ရှိတဲ့ ကြိုးတစ်ချောင်းဖြစ်ဖြစ် အဲဒါတွေပါမှ မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို လွယ်လွယ်ကူကူ တက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်တက်ဖိနပ်ကောင်းကောင်းတစ်ခုလိုပါတယ်။ မဟုတ်ရင်တော့ ခြေလှမ်းတစ်ချက်မှားတာနဲ့ တောင်ပေါ်ကနေ လိမ့်ကျပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ အခုလည်း ဘုန်းဘုန်းတစ်ပါးဟာ မတ်စောက်နေတဲ့ တောင်ကုန်းပေါ်ကို ဘာကိရိယာပစ္စည်းမှ မပါတဲ့အပြင် ဘာဖိနပ်မှမစီးထားပဲ ဒီအတိုင်းလေးတက်သွားတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Timesnonews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့ အမျိုးသားကတော့ Ya Motha လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်ပါပဲ။ […]
အထွေအထွေဗဟုသုတ
အိမ်ထော င်ရေး၊အလုပ်၊ငွေကြေးကိစ္စ၊စီးပွားရေးများအဆင်ပြေစေရန်ယတြာ
အိမ်ထောင်ရေး၊အလုပ်၊ငွေကြေးကိစ္စ၊စီးပွားရေးများအဆင်ပြေစေရန် အိမ်ထောင်မိသားစုတစ်ခုတွင် စီးပွားရေး၊ ငွေရေးကြေးရေးကိစ္စ အဆင်မပြေပါကလည်း စိတ်သောကဖြစ်စေရာ ကြုံတွေ့ရတက်သည်။ ယခုဖော်ပြပါ ယတြာသည် အိမ်ထောင်ရေးသာမက အလုပ်အကိုင်၊ စီးပွားရေးကိစ္စပါ အဆင်ပြေနိုင်သောယတြာဖြစ်ပါသည်။ ခုနှစ်ရက်သားသမီးများအတွက် မေတ္တာစေတနာအပြည့်ထားပြီး ဆရာမင်းသုခကိုယ်တိုင်ရေးသားတွက်ချက်၍ ထိရောက်သော ယတြာကောင်း တစ်ခုတင်ပေးလိုက်ပါပြီ်။ တနင်္ဂနွေသားသမီးများ မိမိမွေးနေ့ နံနက် ၉နာရီ ၄၅မိနစ်မှာ အုန်းညွန့် (6)ညွန့်၊ ရွက်လှ (၁၇)ညွန့်၊ မေမြို့ပန်း (၁၉)ပွင့် (သို့မဟုတ်) ပျဉ်းမ(၁၉)ရွက် ဘုရားတွင် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။ တနင်္လင်္ာသားသမီးများ မိမိမွေးနေ့ နံနက် ၉နာရီ ၁၅မိနစ်မှာ ကံ့ကော်(၁၅)ညွန့်၊ သပြေ(၂၁)ညွန့်၊ သင်္ဘောသီး(၁)လုံးအား အိမ်ဘုရားတွင် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။ အင်္ဂါသားသမီးများ မိမိမွေးနေ့ နံနက် ၉နာရီ ၂၀မိနစ်မှာ နှင်းဆီ(၁၀)ပွင့်၊ ဇီးညွန့် (သို့မဟုတ်) ဇော်စိမ်းညွန့် […]
မဲညစ်နေတဲ့ ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ…
မဲညစ်နေတဲ့ ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ… ပျိုမေတို့အနေနဲအတိုတွေ၊ လက်ပြတ်တွေဝတ်တဲ့အခါ ချိုင်းသားတွေ၊ ပေါင်ခြံတွေမဲနေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ လျော့နည်းနေတတ်ပါတယ်။ tခုဖော်ပြပေးမှာကတော့ ငွေကုန်ကြေးကျလည်း သက်သာတဲ့အပြင် လွယ်ကူရိုးရှင်းပြီး အိမ်မှာတင်ကိုယ်တိုင် လုပ်လို့ရတဲ့ နည်းလမ်;လေးတွေဖြစ်တာကြောင့် အားလုံးနဲ့လည်း အဆင်ပြေမှာပါနော် …။ (၁) ရှားစောင်းလက်ပပ်” လတ်ဆတ်တဲ့ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီး မည်းနေတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်ခြံတွေအပြင် တခြားမဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကို လိမ်းပေးနိုင်ပါတယ်။ လိမ်းပေးပြီးတဲ့အခါမှာတော့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲ။ ထူးခြားတဲ့ အာနိသင်ကို ချက်ချင်းတွေ့မြင်ရမှာပါ …။ (၂) ဒိန်ချဉ်” ဒိန်ချဉ်အသန့်ကိုယူပြီး မည်းနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးလိုက် ရုံပါပဲ …။ […]
”ခြင်မလာအောင်ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ် သိတာတောင်နောက်ကျနေတာ”
ခြင်မလာအောင်ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ် သိတာတောင်နောက်ကျနေတာ စပါးလင်ကို ဒီလိုလေးထားလိုက်တာ ခြင်တစ်ကောင်မှ မရှိတော့ပါ သိတာတောင်နောက်ကျနေတာ မီကာဇာ (မာကျူရီ)ဟိုတယ် ရေကူးကန်ဘေးမှာ စိုက်ထားတာတွေ့လို့မေးကြည့်တာခြင်မလာအောင်လို့ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ် ကျွန်တော်ဆေးဆရာ တယောက် မဟုတ်ပါဘူးခင်ဗျာ ..အားလုံးကို ကျန်းမာစေချင်တဲ့ စေတနာနဲ့ တွေ့သမျှဆေးနည်းတွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ -တစ်ခြား ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်းနည်းလမ်းများ နွေရာသီရောက်လာနဲ့အမျှ ညနေခင်းတွေဆို အပြင်မှာ လေညှင်းလေး ထွက်ခံရင်းနဲ့ အေးအေးဆေးဆေး အနားယူချင်ကြမှာပါ။ဒါပေမယ့် ခြင်ကိုက်တဲ့ဒဏ်ကို မခံနိုင်လို့ အိမ်ထဲမှာပဲနေနေရကြပါတယ် ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကြက်သွန်ဖြူစားပါ ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအင်းဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့် သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက […]
တက္ကစီ ငှားစီးမိတဲ့ အမျိုးသမီးတစ်ယောက် ရဲ့ ကိုယ်တွေ့ ဖြစ်ရပ် …..
တက္ကစီ ငှားစီးမိတဲ့ အမျိုးသမီးတစ်ယောက် ရဲ့ ကိုယ်တွေ့ ဖြစ်ရပ် ….. ကျမ ဒီနေ့ နေ့ခင်း မြောက်ဥက္ကလာ ကနေ လှည်းတန်းသွားတော့ တက္ကစီ ငှားစီးသွားတယ်။ ကျမက ဖေ့စဖုတ် ကြည့်နေကျလူဆိုတော့ တက္ကစီကို သေချာရွေးပြီး ငှားရတယ်။ ကားထဲမှာလူပိုပါသလား။ အဲကွန်းဖွင့်ထားသလားကြည့်ရတယ်။ ဆေးခပ် မှာကြောက်လို့။ အဲဒါနဲ့ ကားငှားတာ တော်တော် ကြာသွားတယ်။ နောက်ဆုံး တက္ကစီတစ်စီးကျတော့မှ ကားသမားပုံစံကလည်း ရိုးသားတဲ့ ပုံပေါ်တယ်။ အဲကွန်းလည်းဖွင့်မထားဘူး။ လူပိုလည်းမပါဘူး။ ပိုစိတ်ချရအောင် ထပ်မေးလိုက်သေးတယ်။ လူထပ်တင်မှာလား။ လမ်းမှာ အဲကွန်းဖွင့်မှာလား ဆိုတော့ လူထပ် မတင်ပါဘူး တဲ့။ အဲကွန်းကလည်း ပျက်နေတာ တဲ့။ ဖွင့်ချင်ရင်တောင် ဖွင့်လို့မရဘူးတဲ့။ အဲဒီ့အချိန်မှာပဲ သတိရလို့ ထပ်မေးကြည့်လိုက်တယ်။ ကားမောင်းနေတုန်း ဖုန်းမကိုင်ရဘူး။( […]
အနုပညာကို ချစ်မြတ်နိုးတတ်တဲ့ သူတွေဟာ အသက်ပိုရှည်ကြောင်း တွေ့ရှိရ…
သင်ဟာ သီချင်းနားထောင် ရတာ၊ ရုပ်ရှင်ကြည့်ရတာ၊ စာအုပ်ဖတ် တာနဲ့ တစ်ခြားသော အနုပညာဆိုင်ရာ တစ်ခုခုကို စိတ်ဝင်စား သူဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့် သင့်ပါ ပြီနော်။ အနုပညာကို ချစ်မြတ်နိုး တတ်တဲ့ သူတွေဟာ လူနေမှုဘဝမှာ အသက်ပို ရှည်ရှည် နေရတတ်ကြ ပါတဲ့။ ဘယ်လိုအချက်တွေကြောင့် အနုပညာက အသက်ကို ပိုရှည်စေတာ လဲ ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ချပေးတယ် အနုပညာကို ခံစားတတ်တဲ့ သူတွေ၊ အနုပညာကို ချစ်တတ်တဲ့ သူတွေဟာ တစ်ခြားသူတွေ ထက် စိတ်ဖိစီးမှု ခံစားရမှု နည်းတတ် ကြပါ တယ်။ ဥပမာ- စိတ်ပင်ပန်းနေ ချိန်မှာ ကိုယ်နှစ်သက်တဲ့ ဂီတသံ ချိုချိုလေးကို နားထောင်လိုက် ရတဲ့ […]
နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်…
#Zawgyiဖြင့်ဖတ်ရန် နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက် တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါကံလို့ပဲပြောရမလား၊ ထူးခြားချက်လို့ပဲပြောရမလား (အကြောင်းအမျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို အမြဲတမ်းခံရပါတယ်။ သင့်ကိုနတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်ရှိပါတယ်။ တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲလိုလို ကြုံတွေ့နေရတယ်ဆိုရင်တော့ သင်ဟာ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရသူပါ (၁) ငှက်မွှေးလေးကျလာတယ် တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ်၊ ဒါမှမဟုတ် သင့်အပေါ်လေးကိုကျလာတယ်ဆိုရင်တော့ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတဖြစ်ပါတယ်။ သင့်ဘေးမှာ သူတို့အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာသင့်ကို ချစ်ခင်တယ်၊ မစတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် သမရိုးကျနေရာတွေမဟုတ်တဲ့ ဧည့်ခန်း၊ အိပ်ခန်းလိုနေရာမျိုးလေးတွေမှာ တွေ့ရင်တော့ ပိုလို့တောင်သေချာပါတယ်။ (၂) ၁၁း၁၁ နာရီ ၁၁း၁၁ […]
သွေးအမျိုးအစားကနေ ပြောပြနေတဲ့ သင့်ရဲ့စိတ်နေသဘောထားများ
လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားအတိုင်း ဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားတွေ တူနိုင်ကြမှာ မဟုတ်ပါဘူး။ သို့ပေမယ့် တူညီတဲ့အချက်တစ်ချို့ကို ဘုံထုတ်ပြီး သွေးအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာထားတဲ့ စစ်တမ်းတစ်ရပ်ကို စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ “A” သွေး ပိုင်ရှင်များ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးဆယ်ရာခိုင်နှုန်းလောက်က “A”သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေး အမျိုးအစားပိုင်ရှင်တွေဟာ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်ပေးတတ်ပြီး နားလည်ပေးနိုင်စွမ်းရှိသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း အေးအေးဆေးဆေး တည်ငြိမ်လေ့ရှိသူတွေပါ။ ဒါပေမယ့် သူတို့ဟာ ဘဝကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးချယ်တည်ဆောက်လေ့ရှိပြီး စိတ်ခံစားမှုတွေကို ဦးစားပေးတတ်သူတွေ မဟုတ်ပါဘူး။ ရင်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပေမယ့် ဘာအရာမှာမဆို ပြီးပြည့်စုံလုနီးပါးဖြစ်မှ ကြိုက်တတ်တဲ့ အကျင့် ကြောင့် […]
မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ မိန်းကလေး များ ဖတ်သင့်ပါတယ်
မန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ ( မိန်းကလေး များ ဖတ်သင့်ပါတယ်) Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်…. Q သောသူ – ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။ ချစ်သောသူ – သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။ Q သောသူ – သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။ ချစ်သောသူ – သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။ Q သောသူ – မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။ ချစ်သောသူ – မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။ Q သောသူ – သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှု့ကိုရယူဖို့ […]
ဖြူဖြူထွေးနဲ့ ဂျက်မားတို့ရဲ့ ဘဝသင်ခန်းစာ
ဖူဖြူထွေးနဲ့ဂျက်မားတို့ရဲ့ဘဝသင်ခန်းစာ ဖြူဖြူထွေးဟာ ခုဆိုရင် အတော်ကို လူသိများရေပန်းစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါပြီ။ လူတွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးရင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လက်မလည်အောင် ကြော်ငြာပေးနေရပါပြီ။ ဂျက်မားကတော့ လူတိုင်းနီးပါးသိပြီးသား အလီဘာဘာရဲ့ မဟာသူဌေးကြီးပါ။ သူတို့ နှစ်ယောက် ဘယ်လိုဆက်စပ်လဲဆိုတော့ ဘယ်လိုမှ မဆက်စပ်ပါဘူး။ ဒါပေမဲ့ ဘဝသင်ခန်းစာတစ်ခုကတော့ သွားတူနေပါတယ်။ ဟိုတစ်နေ့က ညီမငယ်လေး ဖြူဖြူထွေးရဲ့ အင်တာဗျူး အတိုလေးတစ်ခု ကြည့်လိုက်ရပါတယ်။ သူမဟာ သတင်းထောက် လုပ်ခဲ့ဖူးတဲ့အကြောင်း၊ အနုပညာရှင်တွေကို အင်တာလိုက်ဗျူးခဲ့ဖူးတဲ့အကြောင်းပါ။ ဒီလို အင်တာဗျူးလုပ်ပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်ခံလိုက်ရပါလေရောတဲ့။ ဘာလို့ အထုတ်ခံရလဲဆိုတော့ အင်တာဗျူးတွေမှာ အသံပါမလာလို့ပါတဲ့။ အသံသွင်းဖို့ မိုက်ခလုတ်ကို ဖွင့်ဖို့ မေ့ခဲ့တယ်ထင်ပါရဲ့။ ခုချိန်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေး ပြန်ပြောပြသွားနိုင်ပေမဲ့ အဲဒီလို အလုပ်ထုတ်ခံရတဲ့အချိန်မှာတော့ […]









